အိမ္ရွင္မတို႕ အတြက္ မွ်င္ငါးပိအစစ္ ဟုတ္ မဟုတ္ကို ဘယ္လို ခြဲျခားမလဲ

အိမ္ရွင္မတို႕ အတြက္ မွ်င္ငါးပိအစစ္ ဟုတ္ မဟုတ္ကို ဘယ္လို ခြဲျခားမလဲ
အိမ္ရွင္မတို႕ အတြက္ မွ်င္ငါးပိအစစ္ ဟုတ္ မဟုတ္ကို ဘယ္လို ခြဲျခားမလဲ

အိမ္ရွင္မတို႕ အတြက္ မွ်င္ငါးပိအစစ္ ဟုတ္ မဟုတ္ကို ဘယ္လို ခြဲျခားမလဲ

‏‏‎ကြၽန္မတို႔ ျမန္မာလူမ်ိဳးေတြရဲ႕ထုံးစံအရ ေန႔စဥ္ စားေသာက္တဲ့ အခ်ိန္မွာ ငါးပိက မပါမျဖစ္ အေရးပါပါတယ္။

ငါးပိနဲ႔ တို႔စရာ အစုံအလင္နဲ႔ ဆို ထမင္းဝိုင္းက သာမန္ထက္ ပို စိုျပည္ၿပီး ထမင္းစားလို႔ေကာင္းတတ္ ၾကပါတယ္။
‏‏‎ ‎
ဒါေၾကာင့္ ကိုယ္က ငါးပိ ေဆာင္ထားခ်င္ေပမယ့္လည္း ငါးပိ မစစ္မွာ၊ ဓာတု ေဆးေတြ၊ ဆိုးေဆးေတြ ပါမွာ၊ ဝယ္ၿပီးေတာ့မွ စားမေကာင္းတာေတြ ႀကဳံေနရတာလည္း စိတ္ညစ္ဖို႔ ေကာင္းလွ ပါတယ္။

ၿပီးေတာ့ အဲ့လို ေဆးေတြပါဝင္ၿပီး မသန႔္ရွင္းတဲ့ ငါးပိကို ၾကာရွည္ စားမိရင္ က်န္းမာေရး ကို ထိခိုက္ႏိုင္ ေစပါတယ္။
‏‏‎ ‎
ဒါေၾကာင့္ ဒီေန႔မွာေတာ့ အိမ္ရွင္မေတြ အတြက္ ငါးပိ စစ္မစစ္ ခြဲျခားနည္းေလး ကို ေျပာျပေပးမွာပါ။
‏‏‎ ‎
မွ်င္ငါးပိ ထဲမွာ အရည္အေသြး အေကာင္းဆုံးနဲ႔ အရသာ အရွိဆုံးက လက္ေထာင္းမွ်င္ငါးပိပါ။ ဒါေၾကာင့္ မွ်င္ငါးပိ စစ္စစ္ကို လိုခ်င္ရင္ လက္ေထာင္း မွ်င္ငါးပိကို ေ႐ြးဝယ္ပါေနာ္။

မွ်င္ ငါးပိ အရသာကို ျမည္းၾကည့္ပါ။ မွ်င္ငါးပိ အစစ္ အရသာမွာ ဆားေပါ့ ပါတယ္။ ခ်ိဳပါတယ္၊ မခါးပါ။

မွ်င္ငါးပိ အစစ္မွာ ၾကာလာ ရင္လည္း အနံ႔ဆိုး ထြက္ျခင္း မရွိပါ။ ၾကာေလ ေမႊးေလ ျဖစ္ပါတယ္။

မွ်င္ ငါးပိ အေရာင္ လွေစဖို႔အတြက္ အခ်ိဳ႕က ေဆးဆိုးေလ့ ရွိပါတယ္။ ဒါေၾကာင့္ေဆးဆိုးထားတာ ဟုတ္မဟုတ္ သိခ်င္ရင္ မွ်င္ငါးပိ အနည္းငယ္ကို ေရမွာ စိမ္လိုက္ပါ။

ေဆးဆိုးထားလွ်င္ ဆိုးထားတဲ့ အေရာင္ တက္လာမွာျဖစ္ၿပီး သဘာဝ မွ်င္ငါးပိ ျဖစ္ရင္ မူလ အေရာင္အတိုင္းသာ ရွိေန ပါလိမ္မယ္။

မွ်င္ငါးပိ အေလးခ်ိန္ တက္ေစဖို႔အတြက္ အခ်ိဳ႕က ဖြဲႏုတို႔ ဂ်ဳံတို႔ ထည့္ေလ့ ရွိပါတယ္။ အဲ့လို ထည့္ထားရင္ ငါးပိကို ခ်က္လိုက္တဲ့အခါ ငါးပိက ပြလာမွာ ျဖစ္ပါတယ္။
‏‏‎ ‎
ဒါဆို ေကာင္းမြန္တဲ့မွ်င္ငါးပိဟုတ္မဟုတ္ကိုေ႐ြးဝယ္ႏိုင္ၾကၿပီေပါ့ေနာ္။ ျပန္လည္မွ်ေဝေပးပါသည္။ မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

အိမ်ရှင်မတို့ အတွက် မျှင်ငါးပိအစစ် ဟုတ် မဟုတ်ကို ဘယ်လို ခွဲခြားမလဲ
‏‏

ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ထုံးစံအရ နေ့စဉ် စားသောက်တဲ့ အချိန်မှာ ငါးပိက မပါမဖြစ် အရေးပါပါတယ်။

ငါးပိနဲ့ တို့စရာ အစုံအလင်နဲ့ ဆို ထမင်းဝိုင်းက သာမန်ထက် ပို စိုပြည်ပြီး ထမင်းစားလို့ကောင်းတတ် ကြပါတယ်။
‏‏‎ ‎
ဒါကြောင့် ကိုယ်က ငါးပိ ဆောင်ထားချင်ပေမယ့်လည်း ငါးပိ မစစ်မှာ၊ ဓာတု ဆေးတွေ၊ ဆိုးဆေးတွေ ပါမှာ၊ ဝယ်ပြီးတော့မှ စားမကောင်းတာတွေ ကြုံနေရတာလည်း စိတ်ညစ်ဖို့ ကောင်းလှ ပါတယ်။

ပြီးတော့ အဲ့လို ဆေးတွေပါဝင်ပြီး မသန့်ရှင်းတဲ့ ငါးပိကို ကြာရှည် စားမိရင် ကျန်းမာရေး ကို ထိခိုက်နိုင် စေပါတယ်။
‏‏‎ ‎
ဒါကြောင့် ဒီနေ့မှာတော့ အိမ်ရှင်မတွေ အတွက် ငါးပိ စစ်မစစ် ခွဲခြားနည်းလေး ကို ပြောပြပေးမှာပါ။
‏‏‎ ‎
မျှင်ငါးပိ ထဲမှာ အရည်အသွေး အကောင်းဆုံးနဲ့ အရသာ အရှိဆုံးက လက်ထောင်းမျှင်ငါးပိပါ။ ဒါကြောင့် မျှင်ငါးပိ စစ်စစ်ကို လိုချင်ရင် လက်ထောင်း မျှင်ငါးပိကို ရွေးဝယ်ပါနော်။

မျှင် ငါးပိ အရသာကို မြည်းကြည့်ပါ။ မျှင်ငါးပိ အစစ် အရသာမှာ ဆားပေါ့ ပါတယ်။ ချိုပါတယ်၊ မခါးပါ။

မျှင်ငါးပိ အစစ်မှာ ကြာလာ ရင်လည်း အနံ့ဆိုး ထွက်ခြင်း မရှိပါ။ ကြာလေ မွှေးလေ ဖြစ်ပါတယ်။

မျှင် ငါးပိ အရောင် လှစေဖို့အတွက် အချို့က ဆေးဆိုးလေ့ ရှိပါတယ်။ ဒါကြောင့်ဆေးဆိုးထားတာ ဟုတ်မဟုတ် သိချင်ရင် မျှင်ငါးပိ အနည်းငယ်ကို ရေမှာ စိမ်လိုက်ပါ။

ဆေးဆိုးထားလျှင် ဆိုးထားတဲ့ အရောင် တက်လာမှာဖြစ်ပြီး သဘာဝ မျှင်ငါးပိ ဖြစ်ရင် မူလ အရောင်အတိုင်းသာ ရှိနေ ပါလိမ်မယ်။

မျှင်ငါးပိ အလေးချိန် တက်စေဖို့အတွက် အချို့က ဖွဲနုတို့ ဂျုံတို့ ထည့်လေ့ ရှိပါတယ်။ အဲ့လို ထည့်ထားရင် ငါးပိကို ချက်လိုက်တဲ့အခါ ငါးပိက ပွလာမှာ ဖြစ်ပါတယ်။
‏‏‎ ‎
ဒါဆို ကောင်းမွန်တဲ့မျှင်ငါးပိဟုတ်မဟုတ်ကိုရွေးဝယ်နိုင်ကြပြီပေါ့နော်။ ပြန်လည်မျှဝေပေးပါသည်။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*