ေတာင္သူဦးႀကီးမ်ား အတြက္ ” ႏြားေခ်း ႏြားေသး ကို အသုံးျပဳၿပီး ေျမၾသဇာျပဳလုပ္ျခင္း “

ေတာင္သူဦးႀကီးမ်ား အတြက္ " ႏြားေခ်း ႏြားေသး ကို အသုံးျပဳၿပီး ေျမၾသဇာျပဳလုပ္ျခင္း "
ေတာင္သူဦးႀကီးမ်ား အတြက္ " ႏြားေခ်း ႏြားေသး ကို အသုံးျပဳၿပီး ေျမၾသဇာျပဳလုပ္ျခင္း "

ေတာင္သူဦးႀကီးမ်ား အတြက္ ” ႏြားေခ်း ႏြားေသး ကို အသုံးျပဳၿပီး ေျမၾသဇာျပဳလုပ္ျခင္း “

တစ္ဧကစာ အတြက္ (1) ႏြားေခ်း (5) တင္း၊ (2) ႏြားေသး (5) လီတာ၊ (3) ထန္းလ်က္ (15)က်ပ္သား၊ (4) ေရ (25)ဂါလံ။

အထက္ပါ ပစၥည္းမ်ား ေရာစပ္ၿပီး (3)ရက္ၾကာ ထားပါ။ ထို (3) ရက္အတြင္း တစ္ေန႔လွ်င္ အထက္ေအာက္ (6) ႀကိမ္ျဖင့္ စုစုေပါင္း (18)ႀကိမ္ လွန္ေပး ရမည္။

(4) ရက္ေျမာက္ေန႔ တြင္ မိမိ စိုက္ခင္း လယ္ေျမမ်ား အတြင္း ထည့္သြင္း ႏိုင္ပါၿပီ။

၎ ေျမၾသဇာကို မိမိစိုက္ခင္း လယ္ယာေျမ အတြင္းသုံးစြဲရန္မွာ…

(1) ပထမ ႏွစ္တြင္ တစ္ပါတ္ တစ္ႀကိမ္
(2) ဒုတိယ ႏွစ္တြင္ တစ္လ ႏွစ္ႀကိမ္
(3) တတိယ ႏွစ္တြင္ တစ္လ တစ္ႀကိမ္
(4) စတုတၱႏွစ္မွ စ၍ သုံးလ တစ္ႀကိမ္

မွတ္ခ်က္။ ဤနည္းကို ေဆာင္႐ြက္ရာတြင္ သုံးရက္ ႏွပ္ၿပီး ေလးရက္ေျမာက္ ေန႔တြင္ စတင္ သုံးစြဲရမည္ ျဖစ္ပါသည္။

(ေလးရက္ေျမာက္ေန႔ တြင္ ႏြားေခ်းအတြင္းရွိ အႏုဇီဝပိုးမ်ား စြမ္းေဆာင္ေရ အျမင့္မားဆုံး အခ်ိန္ ေရာက္ရွိၿပီး စိုက္ခင္းလယ္ယာ အတြက္ အာဟာရဓာတ္မ်ား ေပးစြမ္းႏိုင္ေသာ ကာလျဖစ္) ။

ႏြားေခ်းတြင္ (N,P,K,Ca,Mg,S,Carbon) မ်ား ပါဝင္ၾကၿပီး ကာဗြန္ ႏွင့္ ႏိုက္ထ႐ိုဂ်င္ အခ်ိဳးမွာ 24:1 ရွိပါမည္။

ႏြားေသးတြင္ (N,S) အမိုနီယမ္၊ အမိုးနီးယား၊ မဂၢနစ္၊ ဆိုဒီယမ္၊ ေကာ့ပါး၊ ကယ္စီယမ္၊ ေရ၊ ေဖာ့စဖိတ္၊ ကာဗြန္နစ္အက္စစ္၊ ကလို႐ိုဒ္၊ ဆာလဖိတ္၊ ေအာ္ဂဲနစ္အက္စစ္မ်ား၊ ဗိုက္တာမင္(A,B,C,E)တို႔ ပါဝင္ပါမည္။

ႏြားေခ်း ႏွင့္ ႏြားေသး တို႔မွ ပါဝင္ေသာ ဓာတ္မ်ားႏွင့္ ထန္းလွ်က္ အခ်ိဳဓာတ္တို႔ ေပါင္းစပ္ကာ အဏုဇီဝပိုးမ်ား ေပါက္ဖြားေစၿပီး အပင္ အာဟာရဓာတ္ႏွင့္ အပြင့္အသီးတို႔ ေကာင္းမြန္ ေစပါမည္။

ေျမၾသဇာအရည္ ျပဳလုပ္နည္း

(1) ႏြားေခ်း (1)ျပည္
(2) ႏြားေသး (1) လီတာ
(3) ထန္းလ်က္ (3) က်ပ္သား
(4) ေရ (10)လီတာ

အထက္ပါ ပစၥည္းမ်ားကို ေရာစပ္ၿပီး တစ္ရက္လွ်င္ ၂ ႀကိမ္ ၃ ႀကိမ္ေမႊေပးပါ။ (3) ရက္အထိ ။

(4) ရက္ေျမာက္ေန႔တြင္ စတင္ သုံးစြဲပါ။ ဘိုကာရွီ ျပဳလုပ္ျခင္းတြင္ ေဆြးေျမ့မႈ ျမန္ဆန္ေစရန္ အတြက္ အေထာက္အကူ ျပဳေသာ ေဆးရည္ ျဖစ္ပါသည္။ Credit – Lu Gyan Gyi

Credit Photo

Unicode

တောင်သူဦးကြီးများ အတွက် ” နွားချေး နွားသေး ကို အသုံးပြုပြီး မြေသြဇာပြုလုပ်ခြင်း “

တစ်ဧကစာ အတွက် (1) နွားချေး (5) တင်း၊ (2) နွားသေး (5) လီတာ၊ (3) ထန်းလျက် (15)ကျပ်သား၊ (4) ရေ (25)ဂါလံ။

အထက်ပါ ပစ္စည်းများ ရောစပ်ပြီး (3)ရက်ကြာ ထားပါ။ ထို (3) ရက်အတွင်း တစ်နေ့လျှင် အထက်အောက် (6) ကြိမ်ဖြင့် စုစုပေါင်း (18)ကြိမ် လှန်ပေး ရမည်။

(4) ရက်မြောက်နေ့ တွင် မိမိ စိုက်ခင်း လယ်မြေများ အတွင်း ထည့်သွင်း နိုင်ပါပြီ။

၎င်း မြေသြဇာကို မိမိစိုက်ခင်း လယ်ယာမြေ အတွင်းသုံးစွဲရန်မှာ…

(1) ပထမ နှစ်တွင် တစ်ပါတ် တစ်ကြိမ်
(2) ဒုတိယ နှစ်တွင် တစ်လ နှစ်ကြိမ်
(3) တတိယ နှစ်တွင် တစ်လ တစ်ကြိမ်
(4) စတုတ္တနှစ်မှ စ၍ သုံးလ တစ်ကြိမ်

မှတ်ချက်။ ဤနည်းကို ဆောင်ရွက်ရာတွင် သုံးရက် နှပ်ပြီး လေးရက်မြောက် နေ့တွင် စတင် သုံးစွဲရမည် ဖြစ်ပါသည်။

(လေးရက်မြောက်နေ့ တွင် နွားချေးအတွင်းရှိ အနုဇီဝပိုးများ စွမ်းဆောင်ရေ အမြင့်မားဆုံး အချိန် ရောက်ရှိပြီး စိုက်ခင်းလယ်ယာ အတွက် အာဟာရဓာတ်များ ပေးစွမ်းနိုင်သော ကာလဖြစ်) ။

နွားချေးတွင် (N,P,K,Ca,Mg,S,Carbon) များ ပါဝင်ကြပြီး ကာဗွန် နှင့် နိုက်ထရိုဂျင် အချိုးမှာ 24:1 ရှိပါမည်။

နွားသေးတွင် (N,S) အမိုနီယမ်၊ အမိုးနီးယား၊ မဂ္ဂနစ်၊ ဆိုဒီယမ်၊ ကော့ပါး၊ ကယ်စီယမ်၊ ရေ၊ ဖော့စဖိတ်၊ ကာဗွန်နစ်အက်စစ်၊ ကလိုရိုဒ်၊ ဆာလဖိတ်၊ အော်ဂဲနစ်အက်စစ်များ၊ ဗိုက်တာမင်(A,B,C,E)တို့ ပါဝင်ပါမည်။

နွားချေး နှင့် နွားသေး တို့မှ ပါဝင်သော ဓာတ်များနှင့် ထန်းလျှက် အချိုဓာတ်တို့ ပေါင်းစပ်ကာ အဏုဇီဝပိုးများ ပေါက်ဖွားစေပြီး အပင် အာဟာရဓာတ်နှင့် အပွင့်အသီးတို့ ကောင်းမွန် စေပါမည်။

မြေသြဇာအရည် ပြုလုပ်နည်း

(1) နွားချေး (1)ပြည်
(2) နွားသေး (1) လီတာ
(3) ထန်းလျက် (3) ကျပ်သား
(4) ရေ (10)လီတာ

အထက်ပါ ပစ္စည်းများကို ရောစပ်ပြီး တစ်ရက်လျှင် ၂ ကြိမ် ၃ ကြိမ်မွှေပေးပါ။ (3) ရက်အထိ ။

(4) ရက်မြောက်နေ့တွင် စတင် သုံးစွဲပါ။ ဘိုကာရှီ ပြုလုပ်ခြင်းတွင် ဆွေးမြေ့မှု မြန်ဆန်စေရန် အတွက် အထောက်အကူ ပြုသော ဆေးရည် ဖြစ်ပါသည်။ Credit – Lu Gyan Gyi

Credit Photo

Be the first to comment

Leave a Reply

Your email address will not be published.


*