စက္ေရတြင္းတူးမယ္ဆိုရင္ မွတ္ထားၾကပါ…ေရ ရွိ/မရွိ၊ ေရခ်ိဳ/ေရငန္ ေရတိမ္/ ေရနက္လား ဒီလို ခန႔္မွန္းႏိုင္ပါတယ္

စက္ေရတြင္းတူးမယ္ဆိုရင္ မွတ္ထားၾကပါ...ေရ ရိွ/မရိွ၊ ေရခ်ိဳ/ေရငန္ ေရတိမ္/ ေရနက္လား ဒီလို ခန္႕မွန္းႏိုင္ပါတယ္
စက္ေရတြင္းတူးမယ္ဆိုရင္ မွတ္ထားၾကပါ...ေရ ရိွ/မရိွ၊ ေရခ်ိဳ/ေရငန္ ေရတိမ္/ ေရနက္လား ဒီလို ခန္႕မွန္းႏိုင္ပါတယ္

စက္ေရတြင္းတူးမယ္ဆိုရင္ မွတ္ထားၾကပါ…ေရ ရွိ/မရွိ၊ ေရခ်ိဳ/ေရငန္ ေရတိမ္/ ေရနက္လား ဒီလို ခန႔္မွန္းႏိုင္ပါတယ္

စက္ေရတြင္း တူးရာ၌ ေရ-ရွိ,မရွိ၊ ေရ-နည္း,ေရမ်ား ခန႔္မွန္သိရွိႏိုင္ပုံေလးကိုဗဟုသုတအေနျဖင့္ မွ်ေဝေပးပါမည္။

ေရ-ရွိ/မရွိ

အ႐ြက္အၿမဲတမ္း ရွိေနတတ္ေသာ အုန္းႏွဲပင္၊ မယ္ဇလီပင္၊ ျမက္ စသည့္ အပင္မ်ား စိုစိုေျပေျပ လန္းလန္းဆန္းရွိေနပါက ထိုေနရာတြင္ ေရရွိသည္ဟု မွတ္ယူႏိုင္၍ ေဖာ္ျပပါ လကၡဏာမ်ားႏွင့္ ဆန႔္က်င္ေနပါက ေရ မရွိဟု ခန႔္မွန္း သိႏိုင္ပါသည္။

ေရခ်ိဳ/ေရငန္

အနီးအနားတြင္ ရွိေသာ သစ္ပင္တို႔သည္ အပင္အမ်ိဳးအစားျခင္း တူပါလ်က္ အျခားေနရာရွိ သစ္ပင္မွ အ႐ြက္တို႔ထက္ အနာအဆာမ်ား၍ အစိုဓာတ္ ေျခာက္ခန္းလ်င္ ေရငန္ဟု ခန႔္မွန္းႏိုင္ၿပီး သစ္ပင္မွ သစ္႐ြက္မ်ား စိုေျပစိန္းလန္းေနပါက ေရခ်ိဳဟု ခန႔္မွန္း သိရွိႏိုင္ပါသည္။

ေရတိမ္/ေရနက္

အနီးအနားတြင္ ရွိေသာ သစ္ပင္တို႔သည္ အပင္ခ်င္း တူပါလ်က္ အဆစ္ တိုေနသည္ကိုေတြ႕ရပါက ေရတိမ္ ေရနည္းသည္ဟု ခန႔္မွန္း သိရွိႏိုင္ပါသည္။ သစ္ပင္မွ အဆစ္ ရွည္ေနပါက ေရနက္ ေရေဝးေသာ သေဘာဟု ခန႔္မွန္း သိရွိႏိုင္၏။

ေက်ာက္ေဆာင္ ရွိ/မရွိ

အနီးအနားတဝိုက္ရွိ သစ္ပင္ႀကီး၊ သစ္ပင္ငယ္ တို႔သည္ ႀကဳံလွီ ပုက်စ္၍ တြန႔္လိမ္ ေကြ႕ေကာက္ေနပါက ေအာက္၌ ေက်ာက္ေဆာင္ ရွိေၾကာင္း ခန႔္မွန္း သိရွိ ႏိုင္ပါသည္။

သစ္ပင္ႀကီး,သစ္ပင္ငယ္မ်ား ေျဖာင့္တန္း အေနထားေတြ႕ရပါက ေက်ာက္ေဆာင္မရွိဟု ခန႔္မွန္းသိရွိႏိုင္ပါသည္။

ေရခ်ိဳ/ေရငန္

ေရတြင္းတူးမည့္ ေနရာရွိ သစ္ပင္တို႔သည္ တစ္ျခမ္းက အနာဆာ ကင္း၍ တစ္ျခမ္းက ေခ်ာေမြ႕ေနလ်င္ ေရငန္ ေရခ်ိဳ တစ္ျခမ္းစီ ေရာစပ္ေနေသာ ေနရာဟု ခန႔္မွန္း သိရွိႏိုင္သည္။

တနည္စမ္းသပ္ပုံမွာ

ခ်ိဳး(ဂ်ိဳး)ကပ္ေနေသာ ထမင္းအိုးကို စေလာင္းဖုံးဖြင့္လ်က္ ေျမႀကီးကို တြင္းတူးၿပီး ေျမတြင္းထဲတြင္ အိုးကို တစ္ညသိပ္ပါ။ ေနာက္တစ္ေန႔ အိုးကို ေဖာ္ၾကည့္ေသာအခါ ထမင္းအိုးဖင္မွ ခ်ိဳး(ဂ်ိဳး)သည္ ေရႏူး၍ ကြာက်ေနလ်င္ ေရတိမ္ ေရနည္းသည္ ဟု ခန႔္မွန္းသိရွိႏိုင္ၿပီး

အနည္းငယ္သာ စို၍ ခ်ိဳး(ဂ်ိဳး) ကြာမက်လ်င္က ေရေဝး ေရနက္သည္ဟု ခန႔္မွန္သိႏိုင္ပါသည္။ ထမင္းခ်ိဳး(ဂ်ိဳး)ကို စားၾကည့္ပါက ငန္ေနလ်င္ ေရငန္ဟု ခန႔္မွန္း သိရွိႏိုင္ၿပီး ခ်ိဳေနပါက ေရခ်ိဳဟု ခန႔္မွန္းသိရွိႏိုင္ပါ။Credit

Unicode

စက်ရေတွင်းတူးမယ်ဆိုရင် မှတ်ထားကြပါ…ရေ ရှိ/မရှိ၊ ရေချို/ရေငန် ရေတိမ်/ ရေနက်လား ဒီလို ခန့်မှန်းနိုင်ပါတယ်

စက်ရေတွင်း တူးရာ၌ ရေ-ရှိ,မရှိ၊ ရေ-နည်း,ရေများ ခန့်မှန်သိရှိနိုင်ပုံလေးကိုဗဟုသုတအနေဖြင့် မျှဝေပေးပါမည်။

ရေ-ရှိ/မရှိ

အရွက်အမြဲတမ်း ရှိနေတတ်သော အုန်းနှဲပင်၊ မယ်ဇလီပင်၊ မြက် စသည့် အပင်များ စိုစိုပြေပြေ လန်းလန်းဆန်းရှိနေပါက ထိုနေရာတွင် ရေရှိသည်ဟု မှတ်ယူနိုင်၍ ဖော်ပြပါ လက္ခဏာများနှင့် ဆန့်ကျင်နေပါက ရေ မရှိဟု ခန့်မှန်း သိနိုင်ပါသည်။

ရေချို/ရေငန်

အနီးအနားတွင် ရှိသော သစ်ပင်တို့သည် အပင်အမျိုးအစားခြင်း တူပါလျက် အခြားနေရာရှိ သစ်ပင်မှ အရွက်တို့ထက် အနာအဆာများ၍ အစိုဓာတ် ခြောက်ခန်းလျင် ရေငန်ဟု ခန့်မှန်းနိုင်ပြီး သစ်ပင်မှ သစ်ရွက်များ စိုပြေစိန်းလန်းနေပါက ရေချိုဟု ခန့်မှန်း သိရှိနိုင်ပါသည်။

ရေတိမ်/ရေနက်

အနီးအနားတွင် ရှိသော သစ်ပင်တို့သည် အပင်ချင်း တူပါလျက် အဆစ် တိုနေသည်ကိုတွေ့ရပါက ရေတိမ် ရေနည်းသည်ဟု ခန့်မှန်း သိရှိနိုင်ပါသည်။ သစ်ပင်မှ အဆစ် ရှည်နေပါက ရေနက် ရေဝေးသော သဘောဟု ခန့်မှန်း သိရှိနိုင်၏။

ကျောက်ဆောင် ရှိ/မရှိ

အနီးအနားတဝိုက်ရှိ သစ်ပင်ကြီး၊ သစ်ပင်ငယ် တို့သည် ကြုံလှီ ပုကျစ်၍ တွန့်လိမ် ကွေ့ကောက်နေပါက အောက်၌ ကျောက်ဆောင် ရှိကြောင်း ခန့်မှန်း သိရှိ နိုင်ပါသည်။

သစ်ပင်ကြီး,သစ်ပင်ငယ်များ ဖြောင့်တန်း အနေထားတွေ့ရပါက ကျောက်ဆောင်မရှိဟု ခန့်မှန်းသိရှိနိုင်ပါသည်။

ရေချို/ရေငန်

ရေတွင်းတူးမည့် နေရာရှိ သစ်ပင်တို့သည် တစ်ခြမ်းက အနာဆာ ကင်း၍ တစ်ခြမ်းက ချောမွေ့နေလျင် ရေငန် ရေချို တစ်ခြမ်းစီ ရောစပ်နေသော နေရာဟု ခန့်မှန်း သိရှိနိုင်သည်။

တနည်စမ်းသပ်ပုံမှာ

ချိုး(ဂျိုး)ကပ်နေသော ထမင်းအိုးကို စလောင်းဖုံးဖွင့်လျက် မြေကြီးကို တွင်းတူးပြီး မြေတွင်းထဲတွင် အိုးကို တစ်ညသိပ်ပါ။ နောက်တစ်နေ့ အိုးကို ဖော်ကြည့်သောအခါ ထမင်းအိုးဖင်မှ ချိုး(ဂျိုး)သည် ရေနူး၍ ကွာကျနေလျင် ရေတိမ် ရေနည်းသည် ဟု ခန့်မှန်းသိရှိနိုင်ပြီး

အနည်းငယ်သာ စို၍ ချိုး(ဂျိုး) ကွာမကျလျင်က ရေဝေး ရေနက်သည်ဟု ခန့်မှန်သိနိုင်ပါသည်။ ထမင်းချိုး(ဂျိုး)ကို စားကြည့်ပါက ငန်နေလျင် ရေငန်ဟု ခန့်မှန်း သိရှိနိုင်ပြီး ချိုနေပါက ရေချိုဟု ခန့်မှန်းသိရှိနိုင်ပါ။Credit

Be the first to comment

Leave a Reply

Your email address will not be published.


*