ခါးပတ္ပတ္မွ ေလအိတ္ ပြင့္မွာလား…

ခါးပတ္ပတ္မွ ေလအိတ္ ပြင့္မွာလား...
ခါးပတ္ပတ္မွ ေလအိတ္ ပြင့္မွာလား...

ခါးပတ္ပတ္မွ ေလအိတ္ ပြင့္မွာလား…

ကားမ်ားတြင္ လိုက္ပါစီးနင္းသူမ်ား အသက္အႏၲရာယ္ကင္းရွင္းေစရန္ ေလအိတ္စနစ္ကို ၁၉၈၀ ျပည့္ႏွစ္မ်ားအတြင္း တပ္ဆင္အသုံးျပဳခဲ့ပါတယ္။

အသက္ေပါင္းမ်ားစြာကို ကယ္တင္ေပးခဲ့ေပမဲ့ တခါတေလ ကေလးငယ္မ်ား ၊ ခါးပတ္မပတ္ထားသူမ်ားကို ထိခိုက္ဒဏ္ရာ ရေစခဲ့ပီး အသက္ဆုံးရႈံးမႈ အခ်ိဳ႕လည္း ျဖစ္ေစခဲ့ေၾကာင္းသိရပါတယ္။

ဒါ့ေၾကာင့္ ပညာရွင္မ်ားက အားနည္းခ်က္မ်ားကိုျပင္ဆင္ပီး ၂၀၀၄ ခုနစ္ေလာက္ကစပီး ပိုမိုစိတ္ခ်ရတဲ့ ေလအိတ္စနစ္ကို တပ္ဆင္အသုံးျပဳခဲ့ၾကပါတယ္။

ရႈပ္ေထြးလွတဲ့ ဆင္ဆာစနစ္မ်ား အသုံးျပဳပီး တိုက္ခိုက္မိတဲ့အေပၚမူတည္ပီး ေလအိတ္ပြင့္ ရမဲ့ အေနအထားကိုဆန္းစစ္ကာ ေလအိတ္ကိုပြင့္ေစမွာျဖစ္ပါတယ္။

ေလအိတ္ပြင့္ေစရန္ အဓိက ထိန္းခ်ဳပ္ေပးမည့္ အရာမွာ ကားကြန္ပ်ဴတာစနစ္ ACU Airbag Control Unit ပါပဲ။ အာ႐ုံ႔ခံစနစ္မ်ားက ေပးပို႔တဲ့ ဆစ္ဂနယ္မ်ားကို တြက္ခ်က္ပီး ေလအိတ္ပြင့္သင့္/မသင့္ ဆုံးျဖတ္မွာျဖစ္ပါတယ္။

တိုက္ခိုက္မႈျပင္းအား၊ ထိုင္ခုံေပၚရွိ လူ၏အေလးခ်ိန္၊ ထိုင္ခုံအေနအထား၊ ခါးပတ္ ပတ္/မပတ္ အေပၚ မူတည္ပီး ေလအိတ္ပြင့္ သင့္ တဲ့ အေကာင္းဆုံးပုံစံ ကိုပြင့္ေစမွာျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ အေတာ္မ်ားမ်ား ထင္ေနၾကတာကေတာ့ ကားထိခိုက္မႈျဖစ္ပါက ေလအိတ္ပြင့္မွာပဲလို႔ ယူဆၾကတယ္။

အမွန္ေတာ့ ေရွ႕တည့္တည့္က တိုက္ရင္ေတာက္ ခါးပတ္ ပတ္ထားလို႔ စိတ္ခ်ရတဲ့ အေနအထား ဆိုရင္ ေလအိတ္မပြင့္တတ္ပါဘူး။

ခါးပတ္က အဓိက အသက္ကယ္စနစ္ျဖစ္ပီး ေလအိတ္က အရံအသက္ကယ္စနစ္(SRS- Supplemntal Restraint System) လို႔ ေခၚျခင္းျဖစ္ပါတယ္။

ေလအိတ္နဲ႔ ပါတ္သက္ပီး ဒြိဟ ျဖစ္ေနၾကတာကေတာ့ ခါးပတ္ပတ္မွ ပြင့္မွာလားေပါ့။ စာေတာ္ေတာ္မ်ားမ်ားရွာဖတ္လိုက္ေတာ့ မွားပါတယ္တဲ့။

ခါးပတ္မပတ္လည္း ေလအိတ္ပြင့္ပါတယ္တဲ့။ ကားမွာတပ္ဆင္ထားတဲ့ Impact Sensor ကို လုံေလာက္တဲ့ တိုက္ခိုက္မႈအား နဲ႔ တိုက္လိုက္ရင္ ေလအိတ္ပြင့္ပါတယ္တဲ့။

အထက္ကေျပာခဲ့တဲ့ ဆင္ဆာေတြက ဆစ္ကနယ္ေတြေပၚမူတည္ပီး ပြင့္သင့္တဲ့ ေလအိတ္ေတြပြင့္မွာျဖစ္ပါတယ္။

အခုေနာက္ပိုင္းကားေတြမွာ ေလအိတ္ေတြက ေနရာအမ်ိဳးမ်ိဳး မွာတပ္ဆင္ ထားပီး အေခၚအေဝၚကလည္းကြဲျပားပါတယ္။

ေလအိတ္အမ်ိဳးအစားေတြကေတာ့…

(1) Driver AB၊ (2) Passenger AB၊ (3) Side AB၊ (4) Knee AB၊ (5) Curtains Shield AB၊ (6) Seatbelt AB တို႔ျဖစ္ပါတယ္။

ေလအိတ္ေတြဘယ္ေလာက္ပဲမ်ားေအာင္ တပ္ထာပါေစ၊ အဓိက ကေတာ့ ခါးပတ္ပါပဲ။ ခါးပတ္ မပတ္ထားပါက ေလအိတ္ေၾကာင့္ အသက္ပင္ ဆုံးရႈံးႏိုင္ေခ်ရွိပါတယ္။

အခုေနာက္ပိုင္းကြၽန္ေတာ္တို႔ႏိုင္ငံကိုလညိး ကားေကာင္းေတြဝင္ေရာက္စီးနင္းေနၾကပီျဖစ္တဲ့အတြက္ ခါးပတ္၊ ေလအိတ္ စနစ္ေတြကလည္း ေကာင္းမြန္ေနပါပီ။

ေအာက္ပါအခ်က္ေလးေတြ လိုက္နာၾကရင္ျဖင့္ အသက္အႏၲရာယ္ ထိခိုက္မႈ ေလ်ာ့နည္းပေပ်ာက္မွာျဖစ္ပါတယ္ခင္ဗ်ာ…

၁။ ကားေမာင္း/စီးရင္ အၿမဲတမ္းခါးပတ္ပတ္ပါ။

၂။ လူႀကီးမ်ားအတြက္ ေလအိတ္ကာဗာနဲ႔ ရင္ဘတ္ဟာ အနည္းဆုံး ၁၀ လက္မ အကြာမွာရွိသင့္ပါတယ္။

၃။ ၁၂ေအာက္ ကေလးမ်ားကို ေနာက္ခန္းထိုင္ခုံမွားတြင္သာထိုင္ေစသင့္ပီး ကေလးထိုင္ခုံမ်ားတပ္ဆင္ေပးပါက ပိုေကာင္းပါတယ္။

၄။ ဒိုင္ခြက္ မွာရွိတဲ့ ေလအိတ္ႏွင့္ ခါးပတ္ အခ်က္ျပစနစ္မ်ားေကာင္းမေကာင္းစစ္ေဆးပါ။ (မီး မွိတ္တုပ္မွိတ္တုပ္ျဖစ္ေနပါက မေကာင္းပါ။ ကြၽမ္းက်င္တဲ့အလုပ္႐ုံျပပီး ျပဳျပင္ပါ)။

အားလုံးယာဥ္အႏၲရာယ္ကင္းေဝးပါေစ။မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

ခါးပတ်ပတ်မှ လေအိတ် ပွင့်မှာလား…

ကားများတွင် လိုက်ပါစီးနင်းသူများ အသက်အန္တရာယ်ကင်းရှင်းစေရန် လေအိတ်စနစ်ကို ၁၉၈၀ ပြည့်နှစ်များအတွင်း တပ်ဆင်အသုံးပြုခဲ့ပါတယ်။

အသက်ပေါင်းများစွာကို ကယ်တင်ပေးခဲ့ပေမဲ့ တခါတလေ ကလေးငယ်များ ၊ ခါးပတ်မပတ်ထားသူများကို ထိခိုက်ဒဏ်ရာ ရစေခဲ့ပီး အသက်ဆုံးရှုံးမှု အချို့လည်း ဖြစ်စေခဲ့ကြောင်းသိရပါတယ်။

ဒါ့ကြောင့် ပညာရှင်များက အားနည်းချက်များကိုပြင်ဆင်ပီး ၂၀၀၄ ခုနစ်လောက်ကစပီး ပိုမိုစိတ်ချရတဲ့ လေအိတ်စနစ်ကို တပ်ဆင်အသုံးပြုခဲ့ကြပါတယ်။

ရှုပ်ထွေးလှတဲ့ ဆင်ဆာစနစ်များ အသုံးပြုပီး တိုက်ခိုက်မိတဲ့အပေါ်မူတည်ပီး လေအိတ်ပွင့် ရမဲ့ အနေအထားကိုဆန်းစစ်ကာ လေအိတ်ကိုပွင့်စေမှာဖြစ်ပါတယ်။

လေအိတ်ပွင့်စေရန် အဓိက ထိန်းချုပ်ပေးမည့် အရာမှာ ကားကွန်ပျူတာစနစ် ACU Airbag Control Unit ပါပဲ။ အာရုံ့ခံစနစ်များက ပေးပို့တဲ့ ဆစ်ဂနယ်များကို တွက်ချက်ပီး လေအိတ်ပွင့်သင့်/မသင့် ဆုံးဖြတ်မှာဖြစ်ပါတယ်။

တိုက်ခိုက်မှုပြင်းအား၊ ထိုင်ခုံပေါ်ရှိ လူ၏အလေးချိန်၊ ထိုင်ခုံအနေအထား၊ ခါးပတ် ပတ်/မပတ် အပေါ် မူတည်ပီး လေအိတ်ပွင့် သင့် တဲ့ အကောင်းဆုံးပုံစံ ကိုပွင့်စေမှာဖြစ်ပါတယ်။

ကျွန်တော်တို့ အတော်များများ ထင်နေကြတာကတော့ ကားထိခိုက်မှုဖြစ်ပါက လေအိတ်ပွင့်မှာပဲလို့ ယူဆကြတယ်။

အမှန်တော့ ရှေ့တည့်တည့်က တိုက်ရင်တောက် ခါးပတ် ပတ်ထားလို့ စိတ်ချရတဲ့ အနေအထား ဆိုရင် လေအိတ်မပွင့်တတ်ပါဘူး။

ခါးပတ်က အဓိက အသက်ကယ်စနစ်ဖြစ်ပီး လေအိတ်က အရံအသက်ကယ်စနစ်(SRS- Supplemntal Restraint System) လို့ ခေါ်ခြင်းဖြစ်ပါတယ်။

လေအိတ်နဲ့ ပါတ်သက်ပီး ဒွိဟ ဖြစ်နေကြတာကတော့ ခါးပတ်ပတ်မှ ပွင့်မှာလားပေါ့။ စာတော်တော်များများရှာဖတ်လိုက်တော့ မှားပါတယ်တဲ့။

ခါးပတ်မပတ်လည်း လေအိတ်ပွင့်ပါတယ်တဲ့။ ကားမှာတပ်ဆင်ထားတဲ့ Impact Sensor ကို လုံလောက်တဲ့ တိုက်ခိုက်မှုအား နဲ့ တိုက်လိုက်ရင် လေအိတ်ပွင့်ပါတယ်တဲ့။

အထက်ကပြောခဲ့တဲ့ ဆင်ဆာတွေက ဆစ်ကနယ်တွေပေါ်မူတည်ပီး ပွင့်သင့်တဲ့ လေအိတ်တွေပွင့်မှာဖြစ်ပါတယ်။

အခုနောက်ပိုင်းကားတွေမှာ လေအိတ်တွေက နေရာအမျိုးမျိုး မှာတပ်ဆင် ထားပီး အခေါ်အဝေါ်ကလည်းကွဲပြားပါတယ်။

လေအိတ်အမျိုးအစားတွေကတော့…

(1) Driver AB၊ (2) Passenger AB၊ (3) Side AB၊ (4) Knee AB၊ (5) Curtains Shield AB၊ (6) Seatbelt AB တို့ဖြစ်ပါတယ်။

လေအိတ်တွေဘယ်လောက်ပဲများအောင် တပ်ထာပါစေ၊ အဓိက ကတော့ ခါးပတ်ပါပဲ။ ခါးပတ် မပတ်ထားပါက လေအိတ်ကြောင့် အသက်ပင် ဆုံးရှုံးနိုင်ချေရှိပါတယ်။

အခုနောက်ပိုင်းကျွန်တော်တို့နိုင်ငံကိုလညိး ကားကောင်းတွေဝင်ရောက်စီးနင်းနေကြပီဖြစ်တဲ့အတွက် ခါးပတ်၊ လေအိတ် စနစ်တွေကလည်း ကောင်းမွန်နေပါပီ။

အောက်ပါအချက်လေးတွေ လိုက်နာကြရင်ဖြင့် အသက်အန္တရာယ် ထိခိုက်မှု လျော့နည်းပပျောက်မှာဖြစ်ပါတယ်ခင်ဗျာ…

၁။ ကားမောင်း/စီးရင် အမြဲတမ်းခါးပတ်ပတ်ပါ။

၂။ လူကြီးများအတွက် လေအိတ်ကာဗာနဲ့ ရင်ဘတ်ဟာ အနည်းဆုံး ၁၀ လက်မ အကွာမှာရှိသင့်ပါတယ်။

၃။ ၁၂အောက် ကလေးများကို နောက်ခန်းထိုင်ခုံမှားတွင်သာထိုင်စေသင့်ပီး ကလေးထိုင်ခုံများတပ်ဆင်ပေးပါက ပိုကောင်းပါတယ်။

၄။ ဒိုင်ခွက် မှာရှိတဲ့ လေအိတ်နှင့် ခါးပတ် အချက်ပြစနစ်များကောင်းမကောင်းစစ်ဆေးပါ။ (မီး မှိတ်တုပ်မှိတ်တုပ်ဖြစ်နေပါက မကောင်းပါ။ ကျွမ်းကျင်တဲ့အလုပ်ရုံပြပီး ပြုပြင်ပါ)။

အားလုံးယာဉ်အန္တရာယ်ကင်းဝေးပါစေ။မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*