“ဧည့္သည္လာရင္ ဆန္မကုန္ေစနဲ႔ …” ဆိုတဲ့ စကားရဲ႕ ဆိုလိုရင္း

"ဧည့္သည္လာရင္ ဆန္မကုန္ေစနဲ႔ ..." ဆိုတဲ့ စကားရဲ႕ ဆိုလိုရင္း
"ဧည့္သည္လာရင္ ဆန္မကုန္ေစနဲ႔ ..." ဆိုတဲ့ စကားရဲ႕ ဆိုလိုရင္း

“ဧည့္သည္လာရင္ ဆန္မကုန္ေစနဲ႔ …” ဆိုတဲ့ စကားရဲ႕ ဆိုလိုရင္း

တခါတုန္းက ႐ြာတစ္႐ြာမွာ သားအဖ ႏွစ္ေယာက္ ရွိတယ္။ ဖေအတစ္ခု သမီးတစ္ခုေပါ့။ တစ္ေန႔ေတာ့ အေဖျဖစ္သူက ခရီး သြားခါနီး သမီးျဖစ္သူ ကို မွာခဲ့တယ္။

‘‘ သမီးေရ တကယ္လို႔မ်ား အေဖ မရွိခင္ ဧည့္သည္ လာခဲ့လို႔ရွိရင္ ထမင္းေလးေတာ့ ခ်က္ေကြၽး လိုက္ပါ။ တစ္ခုေတာ့ ရွိတယ္ သမီးေရ ဆန္ေတာ့ မကုန္ ပါေစနဲ႔ ေနာ္’’။

ဒီေတာ့ သမီးက ဖခင္ႀကီး ကို ျပန္ေျပာတယ္။ ‘‘ေဖေဖကလည္း ထမင္းခ်က္ေကြၽးမွေတာ့ ဆန္ကုန္မွာေပါ့၊ မကုန္လို႔ ဘယ္ျဖစ္မလဲ’’။ ‘‘သမီးရယ္ ခက္လိုက္တာ၊ ထမင္းခ်က္ေကြၽးမွေတာ့ ဆန္ကုန္မယ္ ဆိုတာ ေဖေဖလည္း သိတာေပါ့။

ဒါေပမဲ့သမီး ေစတနာနဲ႔ ခ်က္ေကြၽးရင္ ဆန္ကုန္ေပမဲ့ ကုသိုလ္ေတြ ျပန္ရ တယ္ေလ။ ဒါေၾကာင့္ ေစတနာနဲ႔ လႉတဲ့ အလႉကို ‘ဆန္မကုန္တဲ့ အလႉ’ လို႔ ေခၚတယ္ သမီး’’။

‘‘ ေစတနာ မပါပဲ ခ်က္ေကြၽးေတာ့ ကုသိုလ္ မရဘူး၊ ဒါေၾကာင့္ အဲဒီ အလႉကို ဆန္ကုန္တဲ့အလႉ လို႔ ေခၚတယ္ သမီး’’။ အဲ့ဒီလို ဖခင္ ျဖစ္သူက ရွင္းျပ လိုက္မွ သမီးျဖစ္သူလည္း သေဘာေပါက္ သြားတယ္။

ဆိုလိုတာက ဘာပဲ ေပးေပး၊ ေပးမည့္အတူတူေတာ့ ေစတနာေလး ထည့္လိုက္ပါ။ တခါတရံ လူမႈေရး အရ ေပးရတာ ရွိတယ္။

တခါတရံ လာအလႉခံလို႔ ေပးရတာ ရွိတယ္။ ဘယ္လိုေနရာမွာ ေပးေပး၊ အဲ့ဒီလို ေပးတဲ့အခါမွာ ေစတနာ မပါရင္ “ေပးကားေပး၏… မရ” ဆိုတာလို ျဖစ္သြားတယ္။

ဒါေၾကာင့္ ေပးမည့္အတူတူေတာ့ ေပးရက်ိဳးနပ္ေအာင္ ေစတနာေလး ထည့္လိုက္ပါ။ ဒါဆိုရင္ ကိုယ့္အတြက္ ကုသိုလ္ ရသြားတယ္။ ” ေပးလဲေပး၏… ရလဲရ၏” ျဖစ္သြားတယ္။ Credit – သီတဂူ အရွင္ေဒဝိႏၵာဘိဝံသ

Unicode

“ဧည့်သည်လာရင် ဆန်မကုန်စေနဲ့ …” ဆိုတဲ့ စကားရဲ့ ဆိုလိုရင်း

တခါတုန်းက ရွာတစ်ရွာမှာ သားအဖ နှစ်ယောက် ရှိတယ်။ ဖအေတစ်ခု သမီးတစ်ခုပေါ့။ တစ်နေ့တော့ အဖေဖြစ်သူက ခရီး သွားခါနီး သမီးဖြစ်သူ ကို မှာခဲ့တယ်။

‘‘ သမီးရေ တကယ်လို့များ အဖေ မရှိခင် ဧည့်သည် လာခဲ့လို့ရှိရင် ထမင်းလေးတော့ ချက်ကျွေး လိုက်ပါ။ တစ်ခုတော့ ရှိတယ် သမီးရေ ဆန်တော့ မကုန် ပါစေနဲ့ နော်’’။

ဒီတော့ သမီးက ဖခင်ကြီး ကို ပြန်ပြောတယ်။ ‘‘ဖေဖေကလည်း ထမင်းချက်ကျွေးမှတော့ ဆန်ကုန်မှာပေါ့၊ မကုန်လို့ ဘယ်ဖြစ်မလဲ’’။ ‘‘သမီးရယ် ခက်လိုက်တာ၊ ထမင်းချက်ကျွေးမှတော့ ဆန်ကုန်မယ် ဆိုတာ ဖေဖေလည်း သိတာပေါ့။

ဒါပေမဲ့သမီး စေတနာနဲ့ ချက်ကျွေးရင် ဆန်ကုန်ပေမဲ့ ကုသိုလ်တွေ ပြန်ရ တယ်လေ။ ဒါကြောင့် စေတနာနဲ့ လှူတဲ့ အလှူကို ‘ဆန်မကုန်တဲ့ အလှူ’ လို့ ခေါ်တယ် သမီး’’။

‘‘ စေတနာ မပါပဲ ချက်ကျွေးတော့ ကုသိုလ် မရဘူး၊ ဒါကြောင့် အဲဒီ အလှူကို ဆန်ကုန်တဲ့အလှူ လို့ ခေါ်တယ် သမီး’’။ အဲ့ဒီလို ဖခင် ဖြစ်သူက ရှင်းပြ လိုက်မှ သမီးဖြစ်သူလည်း သဘောပေါက် သွားတယ်။

ဆိုလိုတာက ဘာပဲ ပေးပေး၊ ပေးမည့်အတူတူတော့ စေတနာလေး ထည့်လိုက်ပါ။ တခါတရံ လူမှုရေး အရ ပေးရတာ ရှိတယ်။

တခါတရံ လာအလှူခံလို့ ပေးရတာ ရှိတယ်။ ဘယ်လိုနေရာမှာ ပေးပေး၊ အဲ့ဒီလို ပေးတဲ့အခါမှာ စေတနာ မပါရင် “ပေးကားပေး၏… မရ” ဆိုတာလို ဖြစ်သွားတယ်။

ဒါကြောင့် ပေးမည့်အတူတူတော့ ပေးရကျိုးနပ်အောင် စေတနာလေး ထည့်လိုက်ပါ။ ဒါဆိုရင် ကိုယ့်အတွက် ကုသိုလ် ရသွားတယ်။ ” ပေးလဲပေး၏… ရလဲရ၏” ဖြစ်သွားတယ်။ Credit – သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

Be the first to comment

Leave a Reply

Your email address will not be published.


*