လူငယ္ေတြ ေျခဆန္႕မယ္ဆို သတိထား

လူငယ္ေတြ ေျခဆန္႕မယ္ဆို သတိထား
လူငယ္ေတြ ေျခဆန္႕မယ္ဆို သတိထား

လူငယ္ေတြ ေျခဆန္႕မယ္ဆို သတိထား

လူငယ္ဆိုတာ သြက္လက္တယ္၊ စူးစမ္းတယ္၊ စြန္႕စားခ်င္ၾကတယ္၊ (ေယဘုယ်အားျဖင့္ေပါ့) စာသင္ရင္ အျမဲ ေျပာတယ္… အိပ္မက္မက္တတ္ဖို႕လည္း လိုတယ္။ အိပ္မက္ ကိုအေကာင္ထည္ေဖာ္ တတ္ဖုိ႕လည္းလိုတယ္။

(၁) Confident ရွိပါေစ

ကုိယ့္ကုိကုိယ္မွ Confident မရွိတဲ့သူကို ဘယ္သူမွ လာၿပီး Confident ရွိမွာမဟုတ္ပါဘူး။

(၂) သိုက္တူးမဲ့သူေတြကို သတိထားပါ

လူငယ္ေတြကို ေျမ ေတာင္ ေျမွာက္ေပးမလုိလို နဲ႕ သူ႕စီးပြား အက်ိဳးသာ ၾကည့္ၿပီး ခုိင္းစားခ်င္တဲ့ ကမ္းလွမ္းမႈ ေတြကို သတိထားပါ။ ကုိယ့္အခ်င္းခ်င္း ပဲ ဆိုၿပီး ေျပာလာရင္ ပိုေတာင္ သတိထားေပ ေတာ့။ ခုတံုး လုပ္မယ္ ေအာင္ျမင္လာမွ စီးပြား တြက္ၿပီး ကန္ထုတ္လိမ့္မယ္။ ပိုရွိေလ ပိုေလာဘ ႀကီးေလပဲ။ ကုိယ့္အား ကုိယ္ကိုးတတ္ပါေစ။

(၃) မိဘ၊ ဆရာ အျခားေက်းဇူးရွင္ေတြကို မေမ့ပါနဲ႕

ဒါက က်င့္ဝတ္၊ နီတိပါ။ သူတို႕ေတြ က ရယူလိုမႈ နဲ႕ ေပးဆပ္ခဲ့တာမဟုတ္ဘူး။ အဲ့လို လူေတြကို မေမ့နဲ႕ ၊ ကုိယ့္ဆီက ဘာမွ ျပန္ မ ေမွ်ာ္လင့္ထားတဲ့သူေတြ ေပါ့။

(၄) မွားမွာ မေၾကာက္နဲ႕၊ အမွန္ျပင္ဖို႕ မေမ့နဲ႕

မမွားဘူးတဲ့ သူမရွိဘူး။ အမွန္ျပင္ဖို႕ ေၾကာင့္ၾကတာကမွ အႀကီးဆံုး အမွားပါ။ ဒါေၾကာင့္ မွားေနရင္ ျပင္ပါ။

(၅) မဟုတ္တဲ့ အရာေတြကို မ မက္ပါနဲ႕

လန္ေဘာ္ဂီ နီ စီးမွ၊ Rolex ပတ္မွ လူရာဝင္တာမဟုတ္ဘူး။ ေသရင္ ထားခဲ့ရမဲ့ အေဆာင္ေယာင္ေတြကို ခင္တြယ္တာေလာက္ သနားစရာမရွိဘူး။ ဟန္ ကုိယ္ဖို႕ ဆိုတဲ့ စိတ္ကို ေဖ်ာက္ပါ။ အဲ့ဒါေတြ ခၽြတ္လိုက္လို႕တန္ဖိုး မဲ့ ရင္ ဒါဟာ ဥစၥာရဲ႕ တန္ဖိုးပဲ၊ ကုိယ့္တန္ဖိုး မွ မဟုတ္တာ။ မ မက္နဲ႕။

(၆) အသံုးခ် ပညာျဖစ္ပါေစ

စာရြက္ထဲက ပညာလား၊ အလြတ္က်က္တဲ့ ပညာလား၊ အမ်ားကို အသံုးခ်တဲ့ ပညာလား ျပန္ဆန္းစစ္ပါ။ အမ်ားကို အက်ိဳး မျပဳနုိင္ရင္ ပညာမမည္ပါ။

(၇) စကား တည္ပါေစ၊ လုပ္ရပ္မွန္ပါေစ

ဘယ္ေလာက္ပင္ ေသးငယ္တဲ့ ကိစၥ ျဖစ္ပါေစ၊ ေျပာထားတဲ့ စကားကို တည္ပါေစ၊ လုပ္တဲ့ လုပ္ရပ္မွန္ပါေစ၊ အဲ့ဒါ မရွိရင္ သိကၡာပါမဲ့လိမ့္မယ္။

(၈) သူမ်ားကို မနင္းနဲ႕၊ မ ေက်ာ္ မ ခြ နဲ႕

သူမ်ားကို နင္းမွ သူတပါး စိတ္ဆင္းရဲမွ ဂတံုးေပၚ ထိပ္ကြက္တာ ဘယ္သူမွ မသိရင္ေတာင္မွ ကုိယ္တိုင္သိမွာပါပဲ။ ကုိယ့္လိပ္ျပာ ကုိယ္လံုပါေစ။

(၉) ဘယ္အရာမွ အစြန္း မေရာက္ေစနဲ႕

ဘာသာေရး လူမႈ ေရး၊ ဘာအေရးမွာမွ အစြန္းမ ေရာက္ေစနဲ႕၊ လူတိုင္းကို လူလို႕ပဲျမင္ပါ။ တန္ဖိုးထားပါ။ ကုိယ္နဲ႕ တန္းတူ လူ႕သိကၡာ လူ႕အခြင့္အေရး သူမွာလည္း ရွိတယ္ဆိုတာ မေမ့ပါနဲ႕၊Crd-Aung Zaw Myint

Unicode

လူငယ်တွေ ခြေဆန့်မယ်ဆို သတိထား

လူငယ်ဆိုတာ သွက်လက်တယ်၊ စူးစမ်းတယ်၊ စွန့်စားချင်ကြတယ်၊ (ယေဘုယျအားဖြင့်ပေါ့) စာသင်ရင် အမြဲ ပြောတယ်… အိပ်မက်မက်တတ်ဖို့လည်း လိုတယ်။ အိပ်မက် ကိုအကောင်ထည်ဖော် တတ်ဖို့လည်းလိုတယ်။

(၁) Confident ရှိပါစေ

ကိုယ့်ကိုကိုယ်မှ Confident မရှိတဲ့သူကို ဘယ်သူမှ လာပြီး Confident ရှိမှာမဟုတ်ပါဘူး။

(၂) သိုက်တူးမဲ့သူတွေကို သတိထားပါ

လူငယ်တွေကို မြေ တောင် မြှောက်ပေးမလိုလို နဲ့ သူ့စီးပွား အကျိုးသာ ကြည့်ပြီး ခိုင်းစားချင်တဲ့ ကမ်းလှမ်းမှု တွေကို သတိထားပါ။ ကိုယ့်အချင်းချင်း ပဲ ဆိုပြီး ပြောလာရင် ပိုတောင် သတိထားပေ တော့။ ခုတုံး လုပ်မယ် အောင်မြင်လာမှ စီးပွား တွက်ပြီး ကန်ထုတ်လိမ့်မယ်။ ပိုရှိလေ ပိုလောဘ ကြီးလေပဲ။ ကိုယ့်အား ကိုယ်ကိုးတတ်ပါစေ။

(၃) မိဘ၊ ဆရာ အခြားကျေးဇူးရှင်တွေကို မမေ့ပါနဲ့

ဒါက ကျင့်ဝတ်၊ နီတိပါ။ သူတို့တွေ က ရယူလိုမှု နဲ့ ပေးဆပ်ခဲ့တာမဟုတ်ဘူး။ အဲ့လို လူတွေကို မမေ့နဲ့ ၊ ကိုယ့်ဆီက ဘာမှ ပြန် မ မျှော်လင့်ထားတဲ့သူတွေ ပေါ့။

(၄) မှားမှာ မကြောက်နဲ့၊ အမှန်ပြင်ဖို့ မမေ့နဲ့

မမှားဘူးတဲ့ သူမရှိဘူး။ အမှန်ပြင်ဖို့ ကြောင့်ကြတာကမှ အကြီးဆုံး အမှားပါ။ ဒါကြောင့် မှားနေရင် ပြင်ပါ။

(၅) မဟုတ်တဲ့ အရာတွေကို မ မက်ပါနဲ့

လန်ဘော်ဂီ နီ စီးမှ၊ Rolex ပတ်မှ လူရာဝင်တာမဟုတ်ဘူး။ သေရင် ထားခဲ့ရမဲ့ အဆောင်ယောင်တွေကို ခင်တွယ်တာလောက် သနားစရာမရှိဘူး။ ဟန် ကိုယ်ဖို့ ဆိုတဲ့ စိတ်ကို ဖျောက်ပါ။ အဲ့ဒါတွေ ချွတ်လိုက်လို့တန်ဖိုး မဲ့ ရင် ဒါဟာ ဥစ္စာရဲ့ တန်ဖိုးပဲ၊ ကိုယ့်တန်ဖိုး မှ မဟုတ်တာ။ မ မက်နဲ့။

(၆) အသုံးချ ပညာဖြစ်ပါစေ

စာရွက်ထဲက ပညာလား၊ အလွတ်ကျက်တဲ့ ပညာလား၊ အများကို အသုံးချတဲ့ ပညာလား ပြန်ဆန်းစစ်ပါ။ အများကို အကျိုး မပြုနိုင်ရင် ပညာမမည်ပါ။

(၇) စကား တည်ပါစေ၊ လုပ်ရပ်မှန်ပါစေ

ဘယ်လောက်ပင် သေးငယ်တဲ့ ကိစ္စ ဖြစ်ပါစေ၊ ပြောထားတဲ့ စကားကို တည်ပါစေ၊ လုပ်တဲ့ လုပ်ရပ်မှန်ပါစေ၊ အဲ့ဒါ မရှိရင် သိက္ခာပါမဲ့လိမ့်မယ်။

(၈) သူများကို မနင်းနဲ့၊ မ ကျော် မ ခွ နဲ့

သူများကို နင်းမှ သူတပါး စိတ်ဆင်းရဲမှ ဂတုံးပေါ် ထိပ်ကွက်တာ ဘယ်သူမှ မသိရင်တောင်မှ ကိုယ်တိုင်သိမှာပါပဲ။ ကိုယ့်လိပ်ပြာ ကိုယ်လုံပါစေ။

(၉) ဘယ်အရာမှ အစွန်း မရောက်စေနဲ့

ဘာသာရေး လူမှု ရေး၊ ဘာအရေးမှာမှ အစွန်းမ ရောက်စေနဲ့၊ လူတိုင်းကို လူလို့ပဲမြင်ပါ။ တန်ဖိုးထားပါ။ ကိုယ်နဲ့ တန်းတူ လူ့သိက္ခာ လူ့အခွင့်အရေး သူမှာလည်း ရှိတယ်ဆိုတာ မမေ့ပါနဲ့၊Crd-Aung Zaw Myint

Be the first to comment

Leave a Reply

Your email address will not be published.


*