အမ်ားနဲ႕ေနတဲ့အခါ အေျပာေတြကို ဂရုစိုက္ပါ… တေယာက္တည္းေနတဲ့အခါ အေတြးေတြကို ဂရုစိုက္ပါ

အမ်ားနဲ႕ေနတဲ့အခါ အေျပာေတြကို ဂရုစိုက္ပါ... တေယာက္တည္းေနတဲ့အခါ အေတြးေတြကို ဂရုစိုက္ပါ
အမ်ားနဲ႕ေနတဲ့အခါ အေျပာေတြကို ဂရုစိုက္ပါ... တေယာက္တည္းေနတဲ့အခါ အေတြးေတြကို ဂရုစိုက္ပါ

အမ်ားနဲ႕ေနတဲ့အခါ အေျပာေတြကို ဂရုစိုက္ပါ… တေယာက္တည္းေနတဲ့အခါ အေတြးေတြကို ဂရုစိုက္ပါ

တစ္ခါတုန္းက အဖိုးအုိတစ္ေယာက္ဟာ သူ႔ရဲ ႔ အိမ္နီးခ်င္း ေကာင္ကေလးတစ္ေယာက္နဲ႔ ပတ္သက္၍ အဲဒီေကာင္ကေလးဟာ သူခိုးေလးတစ္ေယာက္ ၿဖစ္ပါတယ္ဆုိၿပီး ေကာလဟာလ ၿဖန္႔လိုက္ပါတယ္။

အဲဒီရလဒ္အေနနဲ႔ ေကာင္ကေလးကို သူခိုးဆုိၿပီး ဖမ္းဆီး လုိ္က္ၾကတယ္။ ရက္အတန္ၾကာ စစ္ေဆးၿပီးတဲ့ အခါမွာေတာ့ အဲဒီေကာင္ေလးမွာ အၿပစ္မရွိဘဲ အၿပစ္ကင္းစင္သူ တစ္ေယာက္သာ ၿဖစ္တယ္ဆုိတာ သိရၿပီး တရားေသ လႊတ္ေပးလုိ္က္ၾကပါတယ္။

ေနာက္ေတာ့ ေကာင္းေလးက အဖုိးၾကီးကို မွားယြင္းစြာ စြပ္စြဲေၿပာဆုိခဲ့မႈ၊ အသေရဖ်က္မႈ အတြက္ တရားစြဲ ပါေတာ့တယ္။

တရားရုံးမွာ တရားရင္ဆုိင္ရတဲ့ အခါ အဖိုးၾကီးက တရားသူၾကီးကို ေအာက္ပါအတိုင္း ေလွ်ာက္လဲွပါတယ္။

“အဲဒါက ထင္ၿမင္ခ်က္ေလးပဲ ေပးခဲ့ မိတာပါ။ ဘယ္သူ႔ကိုမွ နာက်င္ ထိခုိက္ေစဖုိ႔ မရည္ရြယ္ခဲ့ပါဘူး” လုိ႔ ေလွ်ာက္လဲွေတာ့တာေပ့ါ။

တရားသူၾကီးမွ အဖိုးၾကီကို ၿပစ္ဒဏ္ မခ်မွတ္မီွ ေအာက္ပါအတုိင္း ေၿပာလုိက္ပါတယ္။

“ခင္ဗ်ား…. ဒီေကာင္ကေလးနဲ႔ ပတ္သတ္ၿပီး ေၿပာၿဖစ္ခဲ့တာေတြကို စာရြက္ တစ္ရြက္ေပၚမွာ ခ်ေရးပါ။ ၿပီးရင္ တစ္စဆီ စုတ္ၿဖဲၿပစ္လုိက္ၿပီး အိမ္အၿပန္လမ္းမွာ လႊင့္ပစ္ခဲ့လုိက္ပါ။ မနက္ၿဖန္မွာ ရုံးေတာ္ကို ၿပန္လာၿပီး အမႈဆက္လက္ ၾကားနာစစ္ေဆးပါ့မယ္။”

ေနာက္တစ္ေန႔ေရာက္ေတာ့.. တရားသူၾကီးက အဖိုးအုိကို ေအာက္ပါအတုိင္းေၿပာပါတယ္။

“ၿပစ္ဒဏ္ မခ်မွတ္မီွ.. ခင္ဗ်ား အၿပင္ထြက္ၿပီး မေန႔က တစ္စစီ စုတ္ၿဖဲလႊတ္ပစ္ခဲ့တဲ့ စာရြက္အပိုင္းအစေတြ ၿပန္ေကာက္ယူခဲ့ပါ”

“အဲဒါကေတာ့ ဘယ္လုိမွ မၿဖစ္နိုင္ေတာ့ပါဘူး။ ေလတုိက္လုိ႔ ေလနဲ႔အတူ ဘယ္ေတြလြင့္ကုန္မွန္းမသိလို႔ ဘယ္ေတာင္ လုိက္ရွာရမယ္ မသိပါဘူး” လုိ႔ အဖိုးၾကီးက ျပန္ေျပာပါတယ္။

“အဲဒါက ယခုၿဖစ္စဥ္နဲ႔ အတူတူပါပဲ။ ရုိးရွင္းပါတယ္ဆုိတဲ့ ထင္ၿမင္ခ်က္ေလးတစ္ခုကေတာင္ လူတစ္ေယာက္ရဲ ႔ ရုိးသားမႈဂုဏ္ကို ထိခုိက္ႏိုင္ပါေသးတယ္။

အဲဒီေလာက္ အတုိင္းအတာ စာရြက္ေလးတစ္ခုကေတာင္ ၿပန္ၿပီး စုစည္းလုိ႔ မရႏို္င္ဘူူးဆုိရင္ ခင္ဗ်ားေၿပာလုိက္မိတဲ့ ထင္ၿမင္ခ်က္ေလးက ပတ္၀န္းက်င္ကို ဘယ္ေလာက္ေတာင္ ၿပန္႔သြားၿပီလဲဆုိတာ ဒီစာရြက္ေလးေတြ ကိစၥနဲ႔အတူတူပါပဲ” လုိ႔ တရားသူၾကီးက ေျပာၿပျပီး အမႈစီရင္လိုက္ပါတယ္။

ကၽြန္ေတာ္တုိ႔အားလုံး လူတစ္ေယာက္ရဲ ႔ ေကာင္းတဲ့အေၾကာင္းကို မေၿပာႏိုင္ရင္ သူနဲ႔ပတ္သက္တာ ဘာအေၾကာင္းမွ မေၿပာတာ အေကာင္းဆုံးပဲ ဆုိတာ ဒီဇာတ္လမ္းက သက္ေသပါပဲ။

ကုိယ္ႏႈတ္အမူအရာကို စည္းေစာင့္ၿခင္းၿဖင့္ မိမိပါးစပ္က မိမိကို ဒဏ္ခတ္ၿခင္းမွ ကာကြယ္ၿပီးသားၿဖစ္ပါလိမ့္မယ္။

ဖတ္မိတဲ့ ႏိုင္ငံၿခားစာေပေလးကို ဆီေလ်ာ္ေအာင္ ဘာသာၿပန္ဆုိထားပါသည္။မူရင္းေရးသားသူအား ေလးစားစြာ ခရက္ဒစ္ေပးပါသည္။

Unicode

အများနဲ့နေတဲ့အခါ အပြောတွေကို ဂရုစိုက်ပါ… တယောက်တည်းနေတဲ့အခါ အတွေးတွေကို ဂရုစိုက်ပါ

တစ်ခါတုန်းက အဖိုးအိုတစ်ယောက်ဟာ သူ့ရဲ့ အိမ်နီးချင်း ကောင်ကလေးတစ်ယောက်နဲ့ ပတ်သက်၍ အဲဒီကောင်ကလေးဟာ သူခိုးလေးတစ်ယောက် ဖြစ်ပါတယ်ဆိုပြီး ကောလဟာလ ဖြန့်လိုက်ပါတယ်။

အဲဒီရလဒ်အနေနဲ့ ကောင်ကလေးကို သူခိုးဆိုပြီး ဖမ်းဆီး လိုက်ကြတယ်။ ရက်အတန်ကြာ စစ်ဆေးပြီးတဲ့ အခါမှာတော့ အဲဒီကောင်လေးမှာ အပြစ်မရှိဘဲ အပြစ်ကင်းစင်သူ တစ်ယောက်သာ ဖြစ်တယ်ဆိုတာ သိရပြီး တရားသေ လွှတ်ပေးလိုက်ကြပါတယ်။

နောက်တော့ ကောင်းလေးက အဖိုးကြီးကို မှားယွင်းစွာ စွပ်စွဲပြောဆိုခဲ့မှု၊ အသရေဖျက်မှု အတွက် တရားစွဲ ပါတော့တယ်။

တရားရုံးမှာ တရားရင်ဆိုင်ရတဲ့ အခါ အဖိုးကြီးက တရားသူကြီးကို အောက်ပါအတိုင်း လျှောက်လဲှပါတယ်။

“အဲဒါက ထင်မြင်ချက်လေးပဲ ပေးခဲ့ မိတာပါ။ ဘယ်သူ့ကိုမှ နာကျင် ထိခိုက်စေဖို့ မရည်ရွယ်ခဲ့ပါဘူး” လို့ လျှောက်လဲှတော့တာပေ့ါ။

တရားသူကြီးမှ အဖိုးကြီကို ပြစ်ဒဏ် မချမှတ်မှီ အောက်ပါအတိုင်း ပြောလိုက်ပါတယ်။

“ခင်ဗျား…. ဒီကောင်ကလေးနဲ့ ပတ်သတ်ပြီး ပြောဖြစ်ခဲ့တာတွေကို စာရွက် တစ်ရွက်ပေါ်မှာ ချရေးပါ။ ပြီးရင် တစ်စဆီ စုတ်ဖြဲပြစ်လိုက်ပြီး အိမ်အပြန်လမ်းမှာ လွှင့်ပစ်ခဲ့လိုက်ပါ။ မနက်ဖြန်မှာ ရုံးတော်ကို ပြန်လာပြီး အမှုဆက်လက် ကြားနာစစ်ဆေးပါ့မယ်။”

နောက်တစ်နေ့ရောက်တော့.. တရားသူကြီးက အဖိုးအိုကို အောက်ပါအတိုင်းပြောပါတယ်။

“ပြစ်ဒဏ် မချမှတ်မှီ.. ခင်ဗျား အပြင်ထွက်ပြီး မနေ့က တစ်စစီ စုတ်ဖြဲလွှတ်ပစ်ခဲ့တဲ့ စာရွက်အပိုင်းအစတွေ ပြန်ကောက်ယူခဲ့ပါ”

“အဲဒါကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ လေတိုက်လို့ လေနဲ့အတူ ဘယ်တွေလွင့်ကုန်မှန်းမသိလို့ ဘယ်တောင် လိုက်ရှာရမယ် မသိပါဘူး” လို့ အဖိုးကြီးက ပြန်ပြောပါတယ်။

“အဲဒါက ယခုဖြစ်စဉ်နဲ့ အတူတူပါပဲ။ ရိုးရှင်းပါတယ်ဆိုတဲ့ ထင်မြင်ချက်လေးတစ်ခုကတောင် လူတစ်ယောက်ရဲ့ ရိုးသားမှုဂုဏ်ကို ထိခိုက်နိုင်ပါသေးတယ်။

အဲဒီလောက် အတိုင်းအတာ စာရွက်လေးတစ်ခုကတောင် ပြန်ပြီး စုစည်းလို့ မရနိုင်ဘူူးဆိုရင် ခင်ဗျားပြောလိုက်မိတဲ့ ထင်မြင်ချက်လေးက ပတ်ဝန်းကျင်ကို ဘယ်လောက်တောင် ပြန့်သွားပြီလဲဆိုတာ ဒီစာရွက်လေးတွေ ကိစ္စနဲ့အတူတူပါပဲ” လို့ တရားသူကြီးက ပြောပြပြီး အမှုစီရင်လိုက်ပါတယ်။

ကျွန်တော်တို့အားလုံး လူတစ်ယောက်ရဲ့ ကောင်းတဲ့အကြောင်းကို မပြောနိုင်ရင် သူနဲ့ပတ်သက်တာ ဘာအကြောင်းမှ မပြောတာ အကောင်းဆုံးပဲ ဆိုတာ ဒီဇာတ်လမ်းက သက်သေပါပဲ။

ကိုယ်နှုတ်အမူအရာကို စည်းစောင့်ခြင်းဖြင့် မိမိပါးစပ်က မိမိကို ဒဏ်ခတ်ခြင်းမှ ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။

ဖတ်မိတဲ့ နိုင်ငံခြားစာပေလေးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*