အလွန် စပ်စပ်စုစုနိုင်သော အိမ်နီးပါးချင်း ၊ ငွေ အချေးအငှား အလွန်ပက်စက်၍ ပြန်ဆပ်လျှင် လက်အလွန်ခက်သော သူတို့နှင့် နေထိုင်ရပါက မရှိပါဟူသောစကားကို
Unicode
အိမ်တွေရဲ့ အကြောင်း သိကောင်းစရာများ
အိမ်၏ ခေါင်းရင်းနေအိမ်သည် မိမိ အိမ်ထက် မြင့်မည်၊ ခြေရင်းအိမ်သည်လည်း မိမိ အိမ် ထက် မြင့်ပါက ကိုယ်နေသော အိမ်သည် အမိုးနိမ့် နေလျှင် အိမ်ပုခက်ဟု ခေါ်သည်။ နေသော မိသားစုသည် စီးပွားတက်၏ ။
ကိုယ့်အိမ်ရဲ့ ခေါင်းရင်းအိမ်က အမိုးနိမ့်မည် ၊ ကိုယ့်အိမ် ခြေရင်းအိမ်ကလဲ အမိုးနိမ့်မည် ကိုယ့်အိမ်က အလယ်မှ အမိုး မြင့်မားနေပါက အိမ်မြင့်မိုရ်ဟု ခေါ်သည်။ လူကြီး မိဘတို့ကိုခေါင်းရင်းဘက် ထား၍ ပြုစုလုပ်ကျွေးကာ သဒ္ဓါ ပြည့်က အထူး ကောင်းမွန်၏ ။
ကိုယ့်အိမ်၏ ခေါင်းရင်းအိမ်က မြင့်မည် ၊ ကိုယ့်အိမ်၏ ခြေရင်းအိမ်က ကိုယ့်အိမ်ထက် နိမ့် နေပါက အိမ်တောင်တန်းဟု ခေါ်သည် ။ တစ်စိမ့်စိမ့် စီးပွား ဖြစ်၏ ။
ကိုယ့်အိမ်၏ခေါင်းရင်း က နိမ့်၍ ကိုယ့်အိမ်၏ ခြေရင်းအိမ်က မြင့်နေပါက စီးပွား အသည်းအသန် ရှာရတတ်သည် ။ ရေဆန်အိမ်ဟု ခေါ်သည် ။ ရှေးလူကြီး များက မဝယ်သင့် ဟုဆိုကြ၏ ။
ကိုယ့်အိမ်၏ ခေါင်းရင်းနားတွင် မီးဖို အကြီးကြီးဖြင့် စီးပွားရှာသောအိမ် ရှိနေပါက ထိုအိမ် ကို ဘုရားဆောင် ရွှေ့ခြင်းသို့မဟုတ် အိမ်အမိုး ထပ်မြှင့်ခြင်း ပြုအပ်၏ ။ မကျန်းမမာ ဖြစ် တတ်၏။ ဦးခေါင်းအပူတိုက်ဟု ခေါ်ကြသည်။ သတိထားအပ်၏ ။
ကိုယ့်အိမ်၏ ဘေးဘယ်ညာ အိမ်တို့မှ ဆူညံစကား ပြင်းသောအသံချဲ့စက် ဆောင်းဘောက်စ်အသံ၊ အဆဲအဆိုနူတ်ကြမ်းတမ်းခြင်း ပြုလုပ်နေပါက ထိုအိမ်သည် နတ်ဆိုးလည်းအိမ်ဟုခေါ်သည်။ အမင်္ဂလာအသံ ကြားတွင် ညပ်နေ၍ဖြစ်၏ ။ မေတ္တသုတ် မပြတ်သရဇ္ဈယ်အပ်၏ ။
အလွန် စပ်စပ်စုစုနိူင်သော အိမ်နီးပါးချင်း ၊ ငွေ အချေးအငှား အလွန်ပက်စက်၍ ပြန်ဆပ်လျှင် လက်အလွန်ခက်သော သူတို့နှင့် နေထိုင်ရပါက မရှိပါဟူသောစကားကို
လိမ်ညာ ပြောတတ်ရ၍ သီလမလုံသောကံကို စီရင်ဖန်တီး မိနေတတ်၍ အလိမ္မာဖြင့် ဝစီကံ ထိမ်းထိမ်းသိမ်းသိမ်း သတိထားပြောရတတ်၏ ။
ဝစီ ဗေဒ ထိတိုင်းရှ ဟူသည်နှင့်အညီ ကိုယ်ပါ ဆင်းရဲနွမ်းပါး လာတတ်၏ ။credit
Be the first to comment
Leave a Reply
Your email address will not be published.
*