ဖုန္းပြတ္တာလည္း ပြတ္ေပါ့… ေဘးထြက္ဆုိးက်ဳိးကုိေတာ့ သတိထားပါ

ဖုန္းပြတ္တာလည္း ပြတ္ေပါ့... ေဘးထြက္ဆုိးက်ဳိးကုိေတာ့ သတိထားပါ
ဖုန္းပြတ္တာလည္း ပြတ္ေပါ့... ေဘးထြက္ဆုိးက်ဳိးကုိေတာ့ သတိထားပါ

ဖုန္းပြတ္တာလည္း ပြတ္ေပါ့… ေဘးထြက္ဆုိးက်ဳိးကုိေတာ့ သတိထားပါ

“သား “သားရယ္ ဖုန္းပြတ္တာလည္း ပြတ္ေပါ့ကြာ… သား အင္တာနက္ကုိ ဘာအတြက္ သုံးတာလဲ….? သား တုိ႔လူငယ္ေတြ ဟုိလူ႔ႀကည့္လည္း ဖုန္းပြတ္ေနတယ္…ဒီလူ႔ၾကည့္လည္း ဖုန္းပြတ္ေနတယ္။

အင္တာနက္သုံးတာကုိ အေဖ အျပစ္မေျပာဘူး။ နည္းပညာတုိးတက္လာသလုိ လူေတြရဲ႕ အသိဥာဏ္ပြင့္လင္းလာရမယ္ဆုိတာ ေဖေဖ လက္ခံပါတယ္။

“Fb တီထြင္သူရဲ႕ ရည္ရြယ္ခ်က္က ေ၀းကြာေနေသာ သူငယ္ခ်င္း ၊ ေဆြမ်ဳိးေတြကုိ နီးကပ္ေစခ်င္တယ္။ လူမုွဆက္ဆံေရးကုိ က်ယ္၀န္းေစခ်င္တယ္။ စိးပြားေရးလုပ္ငန္း ေတြကုိလ်ွင္ျမန္စြာတုိးတက္ေစခ်င္တယ္။

မိတ္ေဆြေကာင္းေတြ ေပါမ်ားလာ၍ လူသားအခ်င္းခ်င္း ရဲ႕ႏွလုံးသားရင္ခုန္သံေတြကုိ နီးကပ္ေႏြးေထြးေစၿပီး စာနာနားလည္ေစခ်င္တယ္။ သတင္းအခ်က္အလက္ႏွင့္ ဗဟုသုတ
မ်ဳိးစုံကုိ လူသားမ်ားအား အခ်ိန္တုိအတြင္းမွာ သိ႐ွိေစၿပီး လူသားအရင္းအျမစ္ တုိးတက္ေစခ်င္တယ္လုိ႔ ေဖေဖ ထင္တယ္။”

ဖခင္ျဖစ္သူသည္ ဆရာ၀န္တစ္ေယာက္ျဖစ္ၿပီး ၾကင္နာတတ္ေသာ ႏွလုံးသားပုိင္႐ွင္တစ္ေယာက္ျဖစ္သည္။ ဖခင္ သည္ စကားဆုံးသြားအခါ သား ျဖစ္သူကုိ ေဆးမ်ဳိးစုံ ယူခုိင္းေလသည္။

သား ျဖစ္သူသည္ သိသမ်ွေဆး အမ်ဳိး (၂၀ )ေလာက္ယူလာၿပီး ဖခင္ ၏ ေ႐ွ႕ေမွာက္႐ွိ စားပြဲခုံေပၚသုိ႔တင္ေပးေလသည္။ ဖခင္ သည္ “သား”သားယူလာတဲ့ ေဆးေတြက သက္ဆုိင္ရာေ ရာဂါေတြကုိ သက္သာေပ်ာက္ကင္းတယ္ဆုိတာ သား သိတယ္ေနာ္။

ဒါေပမယ့္ ေဆးတုိင္းမွာ သတ္မွတ္ထားတဲ့ေဆးၫႊန္း႐ွိသလုိ မသိဘဲနဲ႔ စိတ္ထင္ရာေသာက္ရင္ေဘးထြက္ဆုိးက်ဳိး႐ွိတယ္။ လုိအပ္လုိ႔ အျမဲစြဲေသာက္ေနရင္လည္း ေဆးရဲ႕ ေဘးထြက္ဆုိးက်ဳိးကုိ လူနာက ခံစားရၿပီးအနၱရာယ္ျဖစ္ေစျပန္တယ္။

အင္တာနက္ဆုိတာ ေဖေဖတုိ့အသုံးျပဳေနတဲ့ အေနာက္တုိင္းေဆးေတြလုိပဲ ဆုိးက်ဳိးေကာင္းက်ဳိးက ဒြန္တြဲေနတယ္။ “သုံးတတ္ရင္ ေဆး မသုံးတတ္ရင္ ေဘး”ျဖစ္တတ္တယ္။

အေကာင္းအဆုိး ဒြန္တြဲေနတဲ့ ေလာကႀကီးမွာ အေကာင္းနဲ႔ အဆုိးကုိ ခြဲျခားၿပီး အေကာင္းကုိအမိအရ ဆုပ္ယူတတ္ကာ အဆုိးကုိ ဖယ္႐ွားတတ္ဖုိ႔လုိတယ္။

ဟုတ္ ေဖေဖ သား နားလည္ပါတယ္။ ဘယ္လုိ သုံးရင္အင္တာနက္က ေဘး ျဖစ္ႏူိင္သလဲ ေဖေဖ…?

ေဖေဖျဖစ္သူက သား ကုိ အေဖ ေျပာျပမယ္။ ဥပမာ…. အခ်ိန္အလြန္အကြၽံသုံးရင္ မ်က္လုံးထိခုိက္မယ္။ အညာင္းမိမယ္။ အလုပ္၊ စာ ကုိစိတ္၀င္စားမူွ ေလ်ာ့နည္းလာၿပီး အလုပ္ပ်က္၍ ၀င္ေငြေလ်ာ့နည္းလာမယ္ ၊ေက်ာင္းစာထိခုိက္လာမယ္။

မိသားစုအတြင္း ဆက္ဆံေရးေတြ ေအးစက္လာမယ္။ ပုံေတြခဏခဏတင္တဲ့ မိန္းကလးေတြ သား ေကာင္ျဖစ္လာမယ္။

လုိင္းေပၚမွာ ခင္မင္လာၿပီး Q ရင္းနဲ႔ ရည္းစားေတြျဖစ္လာ၍ လူမူွေရးျပသနာမ်ားတုိးပြာ လာမယ္။ အသုံးမ်ားလာေလေလ ဖုန္းေဘ ပုိကုန္လာၿပီး အက်ဳိး႐ွိတဲ့ေနရာ မွာ ေငြကုိ မသုံးႏူိင္ေတာ့ဘဲ ဘ၀တုိးတက္ေရးကုိပါ ထိခုိက္လာမယ္။

အိမ္ေထာင္သည္ေတြမွာ ရင္ခုန္သံေတြ ေ၀းကြာလာၿပီး အိမ္ေထာင္ေရးေဖာက္ျပန္မူွေတြ ျဖစ္လာတတ္တယ္။ အနီးနားက မိတ္ေဆြေတြနဲ႔ ဆက္ဆံေရးျပဳိကြဲလာတတ္ၿပီး ငယ္သူငယ္ခ်င္းေတြကုိ ဆုံး႐ူံးလာတတ္တယ္။

ဟုတ္ေဖေဖ သားနားလည္ပါၿပီ။ အက်ဳိး႐ွိေအာင္ ဘယ္လုိ အသုံးျပဳသင့္သလဲ ေဖေဖ….?
ေဖေဖျဖစ္သူက ဆက္၍႐ွင္းျပပါတယ္။ အခ်ိန္ကုိ ကန္႔သတ္ၿပီးသုံးသင့္တယ္။

သတင္းေတြ နဲ႔ အက်ဳိး႐ွိတဲ့စာေတြဖတ္ရမယ္။ သုတ ရသ ဒသန ဟာသ အကုန္ဖတ္သင့္တယ္။ အလွပုံေတြတင္တာထက္ အမွတ္တရ အုပ္စုပုံေတြတင္သင့့္တယ္။

မိမိသိတဲ့ သတင္း ႏွင့္ ဗဟုသုတျဖစ္ေစမည့္ စာေတြ တရားဓမၼ အေၾကာင္းအရာေတြကုိ အျခားသူေတြသိေအာင္မ်ွေ၀သင့္တယ္။

လုိင္းေပၚမွာ မိမိနဲ႔စိတ္ခ်င္း အေတြးအေခၚခ်င္းတူသူေတြကုိ မိတ္ေဆြဖြဲ႔ၿပီး အသိပညာေတြ ဖလွယ္သင့္တယ္။ လမ္းေၾကာင္းမွားေနၿပီး ဒုကၡေရာက္ေနသူေတြကုိ အတတ္ႏူိင္ဆုံး ကူညီအၾကံေပး ႏွစ္သိမ့္ေပးသင့္တယ္။

တတ္ႏူိင္သမ်ွ လူသားအက်ဳိးျပဳ ပရဟိတ လုပ္ငန္းေတြလုပ္သင့့္တယ္။ Onlineေပၚမွာ ရည္းစား႐ွာတာထက္ မိတ္ေဆြ႐ွာတာက ပုိၿပီး အက်ဳိး႐ွိမယ္လုိ႔ ေဖေဖ ထင္တယ္။

“တကယ္ေတာ့ onlineဆုိတာ ဗဟုသုတ ဟင္းေပါင္းအုိးႀကီးျဖစ္သလုိ မသုံးတတ္ရင္ “ဒုကၡခ်ီးအုိးႀကီး” ထမ္းရတတ္တယ္။”

သား နားလည္ပါၿပီ ေဖေဖ “Onlineသုံးျခင္းျဖင့္ ေငြႏွင့္ အခ်ိန္ကုိ အက်ဳိးမဲ့ မကုန္ဆုံးေစဘဲ အက်ဳိး႐ွိတဲ့ ဗဟုသုတေတြ႐ွာေဖြ၍ မိတ္ေဆြစစ္ေတြကုိ ေပါမ်ားေစၿပီး “ေဆး ဘက္၀င္ ေအာင္” ႏွင့္ “ဒုကၡခ်ီးအုိးႀကီး” မထမ္းရေအာင္ သတိျပဳ အသုံးျပဳပါ့မယ္လုိ႔ သား ကတိေပးပါတယ္။

ေမတၱာျဖင့္ ျပန္လည္ မွ်ေ၀ပါသည္။ မူရင္းေရးသားသူ ဇင္းနစ္ မေကြးအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

ဖုန်းပွတ်တာလည်း ပွတ်ပေါ့… ဘေးထွက်ဆိုးကျိုးကိုတော့ သတိထားပါ

“သား “သားရယ် ဖုန်းပွတ်တာလည်း ပွတ်ပေါ့ကွာ… သား အင်တာနက်ကို ဘာအတွက် သုံးတာလဲ….? သား တို့လူငယ်တွေ ဟိုလူ့ကြည့်လည်း ဖုန်းပွတ်နေတယ်…ဒီလူ့ကြည့်လည်း ဖုန်းပွတ်နေတယ်။

အင်တာနက်သုံးတာကို အဖေ အပြစ်မပြောဘူး။ နည်းပညာတိုးတက်လာသလို လူတွေရဲ့ အသိဉာဏ်ပွင့်လင်းလာရမယ်ဆိုတာ ဖေဖေ လက်ခံပါတယ်။

“Fb တီထွင်သူရဲ့ ရည်ရွယ်ချက်က ဝေးကွာနေသော သူငယ်ချင်း ၊ ဆွေမျိုးတွေကို နီးကပ်စေချင်တယ်။ လူမုှဆက်ဆံရေးကို ကျယ်ဝန်းစေချင်တယ်။ စိးပွားရေးလုပ်ငန်း တွေကိုလျှင်မြန်စွာတိုးတက်စေချင်တယ်။

မိတ်ဆွေကောင်းတွေ ပေါများလာ၍ လူသားအချင်းချင်း ရဲ့နှလုံးသားရင်ခုန်သံတွေကို နီးကပ်နွေးထွေးစေပြီး စာနာနားလည်စေချင်တယ်။ သတင်းအချက်အလက်နှင့် ဗဟုသုတ
မျိုးစုံကို လူသားများအား အချိန်တိုအတွင်းမှာ သိရှိစေပြီး လူသားအရင်းအမြစ် တိုးတက်စေချင်တယ်လို့ ဖေဖေ ထင်တယ်။”

ဖခင်ဖြစ်သူသည် ဆရာဝန်တစ်ယောက်ဖြစ်ပြီး ကြင်နာတတ်သော နှလုံးသားပိုင်ရှင်တစ်ယောက်ဖြစ်သည်။ ဖခင် သည် စကားဆုံးသွားအခါ သား ဖြစ်သူကို ဆေးမျိုးစုံ ယူခိုင်းလေသည်။

သား ဖြစ်သူသည် သိသမျှဆေး အမျိုး (၂၀ )လောက်ယူလာပြီး ဖခင် ၏ ရှေ့မှောက်ရှိ စားပွဲခုံပေါ်သို့တင်ပေးလေသည်။ ဖခင် သည် “သား”သားယူလာတဲ့ ဆေးတွေက သက်ဆိုင်ရာေ ရာဂါတွေကို သက်သာပျောက်ကင်းတယ်ဆိုတာ သား သိတယ်နော်။

ဒါပေမယ့် ဆေးတိုင်းမှာ သတ်မှတ်ထားတဲ့ဆေးညွှန်းရှိသလို မသိဘဲနဲ့ စိတ်ထင်ရာသောက်ရင်ဘေးထွက်ဆိုးကျိုးရှိတယ်။ လိုအပ်လို့ အမြဲစွဲသောက်နေရင်လည်း ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို လူနာက ခံစားရပြီးအန္တရာယ်ဖြစ်စေပြန်တယ်။

အင်တာနက်ဆိုတာ ဖေဖေတို့အသုံးပြုနေတဲ့ အနောက်တိုင်းဆေးတွေလိုပဲ ဆိုးကျိုးကောင်းကျိုးက ဒွန်တွဲနေတယ်။ “သုံးတတ်ရင် ဆေး မသုံးတတ်ရင် ဘေး”ဖြစ်တတ်တယ်။

အကောင်းအဆိုး ဒွန်တွဲနေတဲ့ လောကကြီးမှာ အကောင်းနဲ့ အဆိုးကို ခွဲခြားပြီး အကောင်းကိုအမိအရ ဆုပ်ယူတတ်ကာ အဆိုးကို ဖယ်ရှားတတ်ဖို့လိုတယ်။

ဟုတ် ဖေဖေ သား နားလည်ပါတယ်။ ဘယ်လို သုံးရင်အင်တာနက်က ဘေး ဖြစ်နိူင်သလဲ ဖေဖေ…?

ဖေဖေဖြစ်သူက သား ကို အဖေ ပြောပြမယ်။ ဥပမာ…. အချိန်အလွန်အကျွံသုံးရင် မျက်လုံးထိခိုက်မယ်။ အညာင်းမိမယ်။ အလုပ်၊ စာ ကိုစိတ်ဝင်စားမူှ လျော့နည်းလာပြီး အလုပ်ပျက်၍ ဝင်ငွေလျော့နည်းလာမယ် ၊ကျောင်းစာထိခိုက်လာမယ်။

မိသားစုအတွင်း ဆက်ဆံရေးတွေ အေးစက်လာမယ်။ ပုံတွေခဏခဏတင်တဲ့ မိန်းကလးတွေ သား ကောင်ဖြစ်လာမယ်။

လိုင်းပေါ်မှာ ခင်မင်လာပြီး Q ရင်းနဲ့ ရည်းစားတွေဖြစ်လာ၍ လူမူှရေးပြသနာများတိုးပွာ လာမယ်။ အသုံးများလာလေလေ ဖုန်းဘေ ပိုကုန်လာပြီး အကျိုးရှိတဲ့နေရာ မှာ ငွေကို မသုံးနိူင်တော့ဘဲ ဘဝတိုးတက်ရေးကိုပါ ထိခိုက်လာမယ်။

အိမ်ထောင်သည်တွေမှာ ရင်ခုန်သံတွေ ဝေးကွာလာပြီး အိမ်ထောင်ရေးဖောက်ပြန်မူှတွေ ဖြစ်လာတတ်တယ်။ အနီးနားက မိတ်ဆွေတွေနဲ့ ဆက်ဆံရေးပြိုကွဲလာတတ်ပြီး ငယ်သူငယ်ချင်းတွေကို ဆုံးရူံးလာတတ်တယ်။

ဟုတ်ဖေဖေ သားနားလည်ပါပြီ။ အကျိုးရှိအောင် ဘယ်လို အသုံးပြုသင့်သလဲ ဖေဖေ….?
ဖေဖေဖြစ်သူက ဆက်၍ရှင်းပြပါတယ်။ အချိန်ကို ကန့်သတ်ပြီးသုံးသင့်တယ်။

သတင်းတွေ နဲ့ အကျိုးရှိတဲ့စာတွေဖတ်ရမယ်။ သုတ ရသ ဒသန ဟာသ အကုန်ဖတ်သင့်တယ်။ အလှပုံတွေတင်တာထက် အမှတ်တရ အုပ်စုပုံတွေတင်သင့်တယ်။

မိမိသိတဲ့ သတင်း နှင့် ဗဟုသုတဖြစ်စေမည့် စာတွေ တရားဓမ္မ အကြောင်းအရာတွေကို အခြားသူတွေသိအောင်မျှဝေသင့်တယ်။

လိုင်းပေါ်မှာ မိမိနဲ့စိတ်ချင်း အတွေးအခေါ်ချင်းတူသူတွေကို မိတ်ဆွေဖွဲ့ပြီး အသိပညာတွေ ဖလှယ်သင့်တယ်။ လမ်းကြောင်းမှားနေပြီး ဒုက္ခရောက်နေသူတွေကို အတတ်နိူင်ဆုံး ကူညီအကြံပေး နှစ်သိမ့်ပေးသင့်တယ်။

တတ်နိူင်သမျှ လူသားအကျိုးပြု ပရဟိတ လုပ်ငန်းတွေလုပ်သင့်တယ်။ Onlineပေါ်မှာ ရည်းစားရှာတာထက် မိတ်ဆွေရှာတာက ပိုပြီး အကျိုးရှိမယ်လို့ ဖေဖေ ထင်တယ်။

“တကယ်တော့ onlineဆိုတာ ဗဟုသုတ ဟင်းပေါင်းအိုးကြီးဖြစ်သလို မသုံးတတ်ရင် “ဒုက္ခချီးအိုးကြီး” ထမ်းရတတ်တယ်။”

သား နားလည်ပါပြီ ဖေဖေ “Onlineသုံးခြင်းဖြင့် ငွေနှင့် အချိန်ကို အကျိုးမဲ့ မကုန်ဆုံးစေဘဲ အကျိုးရှိတဲ့ ဗဟုသုတတွေရှာဖွေ၍ မိတ်ဆွေစစ်တွေကို ပေါများစေပြီး “ဆေး ဘက်ဝင် အောင်” နှင့် “ဒုက္ခချီးအိုးကြီး” မထမ်းရအောင် သတိပြု အသုံးပြုပါ့မယ်လို့ သား ကတိပေးပါတယ်။

မေတ္တာဖြင့် ပြန်လည် မျှဝေပါသည်။ မူရင်းရေးသားသူ ဇင်းနစ် မကွေးအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*