























(၃) မတည့် အတူနေ မိသားစု














Unicode

မိသားစု တစ်စု ဘာ့ကြောင့် ဆင်းရဲရသလဲ…? အားလုံးအတွက် အကျိုးရှိစေတာမို့ ဖတ်ကြည့်လိုက်ပါ

ကျနော်တို့လူသားတိုင်းမှာ မိသားစုဆိုတဲ့ အသိုက် အမြုံ ဆိုတာ ရှိကြပါတယ်။ သက်ရှိသတ္တဝါတိုင်း မှာလည်း မိသားစုဆိုတာရှိကြစမြဲပါ။

ဒီမိသားစု ဆိုတဲ့ လှပတဲ့အဓိပ္ပါယ်လေးက အရမ်းကိုလေးနက် မှု ရှိသလို ပျော်ရွှင်အေးချမ်းဖွယ် ကောင်းလွန်းလှ သော မေတ္တာကမ္ဘာလေး ဆိုလည်း (လုံးဝ) လုံးဝ မမှားနှိုင်ပါဘူး။ တစ်ဦးနဲ့တစ်ဦး အမှီသဟဲပြုပြီး နေထိုင်နေကြတာ ပဲ ဖြစ်ပါတယ်။

ကဲ…ကျနော့်အနေနဲ့ လူသားအားလုံးကို အေးချမ်း ပြီး ပျော်ရွှင်ဖွယ်ကောင်းသော မိသားစုရဲ့ဘဝလေး ကို ပိုင်ဆိုင်စေလိုသောမေတ္တာဖြင့် ထောက်ပြစရာ လေး အနည်းငယ်တော့ရှိပါတယ်။

အဲ့ဒါက ဘာလဲ ဆိုတော့… အိမ်ထောင်စု တစ်စု မိသားစု တစ်စုဟာ ဘာ့ကြောင့် ဆင်းဆင်းရဲရဲနဲ့ ဒုက္ခတွေကို ရင်ဝယ်ပိုက်လို့ နေကြရသလဲ ဆိုတာလေးကိုပါ။

လူတိုင်း သိထားသင့်ကြသလို၊ လိုက်နာဆောင်ရွက် သင့်မယ်လို့လည်း ကျနော့်အနေနဲ့တွေးထင် မိပါ တယ် ။ ကျနော့်အနေနဲ့ ပြောပြချင်တာက မိသားစု တစ်ခုလုံးကို ဆင်းရဲတွင်းထဲ နက်သထက်နက်စေ တတ်တဲ့အချက်လေးတွေကို ပြောလို့ပြချင်ပါတယ်။ အဲ့ဒီ အချက်အလက်တွေကတော့ …

(၁) မပီသတဲ့ အိမ်ထောင်ဦးစီး ဖြစ်လို့နေခြင်း

အိမ်တစ်အိမ်မှာ အိမ်ထောင်ကို ဦးစီးပြီးလုပ်တဲ့သူ တစ်နည်းအားဖြင့် “အဖေ” ကို အဓိကထား ဦစီး နေရာမှာ နေရာယူလို့ ထားရတာပါ။

ဒီ အိမ်ထောင်ဦးစီး ညံ့ဖျင်းရင်လည်း ဒီအိမ်ဟာဆင်းရဲမှာပဲ။ အိမ်ထောင်ဦးစီးအနေနဲ့မိန်းမယူ၊ ကလေးမွေးရုံ လောက်နဲ့တော့ အိမ်ထောင်ဦးစီးမခေါ်ထိုက်သေးပါဘူး။

မိသားစုတာဝန်တွေကို ထမ်းဆောင်းပေးရ မယ့် တာဝန်တွေများစွာရှိသလို၊ စီးပွားရေးလုပ်ငန်း တွေအတွက်လည်း ဆွေးနွေးတိုင်ပင်မှုတွေ ရှိလို့နေမှာပဲ။

ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ဘယ်လိုဆက်လျှောက် ရမလဲဆိုတဲ့ အတွေး အမြင်တွေလည်း သူ့မှာအမြဲ လိုပဲ တွေးတောစဉ်းစာမှုတွေ ရှိသင့် ရှိထိုက်လို့နေ ပါတယ်။

ဘာတွေပဲ ဖြစ်လို့ လာလာ မိသားစုရဲ့ အရေးတွေမှန်သမျှကိုလည်း ရင်ကိုကော့ ခေါင်းကို မော့ပြီး ရှေ့က ဦးဆောင်မှုတွေလည်း လုပ်ကိုင် ဆောင်ရွက် သင့်ပါတယ်။

ကဲ… အဲ့လိုမှမဟုတ်ပဲ တစ်နေ့တစ်နေ့ကို စားလောက်ရုံလေးသာ အလုပ်ကို လုပ်မယ် ပြီး အိမ်ပြန်ထမင်းစား၊ အိပ်၊ ထ၊ စား၊ သွား ဆိုယုံလောက်ပဲ လုပ်နေရင်တော့ ဒီအိမ်ဟာ သေချာတယ်… ဆင်းရဲတွင်းထဲရောက်ပြီး ဒုက္ခတွေဟာ တစ်လှေကြီး တန်းစီပြီးဝင်နေမှာပဲ။

အဲ့ဒါ့ကြောင့် အဲ့ဒီအိမ်ဟာ အစဉ်အမြဲလိုပဲ ဆင်းရဲ တွင်းထဲမှာ ရောက်ရှိလို့ နေကြရမှာပါပဲ။

(၂) ကြောက်စဖွယ်အတိ့အိမ်အတွင်းမှာသူခိုးရှိ

ဒီအချက်ကတော့ အရေးကြီးတယ်အိမ်တစ်အိမ်မှာ အိမ်တွင်းသူခိုးရှိနေရင်လည်း ဒီအိမ်ဟာ ဆင်းရဲမှာပဲ။ အိမ်ထောင်ဆိုတာ လင်နဲ့မယားနှစ်ဦးပေါင်းဖက်ပြီး တည်ဆောက် ဖွဲ့စည်းထားတဲ့ အဆောက်အအုံ မိသားစုလေးတစ်ခုကို ထူထောင်ထားကြတာပါ။

အဲ့ဒီမိသားစုမှာ ပြဿနာတစ်ခုကို ဖြစ်စေနှိုင်တာက ယောက်ျားကဖြစ်စေ၊ ဇနီးမယားကဖြစ်စေ တစ်ယောက်ယောက်က အိမ်တွင်းသူခိုး ဖြစ်လို့နေရင် သေချာတယ်… အဲ့ဒီမိသားစဟာ ဆင်းရဲတွင်းနက်ပြီ။

ဆိုလိုတာက ကိုယ့်ဘက်ကိုပဲ ကြည့်တတ်တဲ့သူကို ဆိုလိုတာပါ။ ကိုယ့်အိမ်မှာဖြင့် အစစအရာရာ ပြည့်စုံဖူလုံလုံမှုက မရှိသေးလို့ စားဝတ် နေရေးက မပြေလည်သေးဘူး၊

ကိုယ့်ရဲ့အမျိုးတွေ ဆီကို ခိုးခိုးပေးနေတာမျိုး၊ မိသားစုရဲ့ရှေ့ရေးကို သိပ်လို့မတွေးတာမျိုး၊ ထင်တိုင်းကျဲနေတာမျိုး၊

လူတွေ အထင်ကြီးအောင် လုပ်ချင်တဲ့အရာ မှန်သမျှ ထင်ရာကို စွတ်လို့ လုပ်တတ်တာမျိုး နေတော့ စားတော့ ထမင်းကို မငတ်ရုံတမယ်ပဲ ရပ်တည်နေ သရွေ့တော့ အဲ့ဒီအိမ်ဟာ ဆင်းရဲမှာပဲ။

နောက်တစ်ခုက အရက်သောက်တတ်တဲ့ယောက်ျား ကလည်း ခိုးမှာပဲ၊ ချဲတွေ နှစ်လုံးတွေ ထိုးတတ်တဲ့ မိန်းမကလည်း ခိုးမှာ။

အဲ့ဒါမျိုး အကျင့်ဆိုး စရိုက်ဆိုးတွေ ရှိလို့နေကြတဲ့မိသားစု ဖြစ်လို့နေကြရပြီဆိုရင် သေချာတယ်… အဲ့ဒီအိမ်ထောင်စု ဟာ ဆင်းရဲလို့ နေမှာပဲ့။

(၃) မတည့် အတူနေ မိသားစု

အိမ်တစ်အိမ်မှာ မိသားစုဆိုတာ ဖြစ်ပေါ်လာမှာပဲ။ အဲ့မိသားစုတွေမှာပဲ ဖြစ်လေ့ ဖြစ်ထ ရှိတတ်ကြတဲ့ ပြဿနာတစ်ခုက အကြီးနဲ့အငယ် မတည့်တာတို့ အမနဲ့ညီမ မတည့်တာ စတာတွေပဲပေါ့။

စကားများ ကြ ရန်ဖြစ်တတ်ကြတာတွေအစုံပေါ့ နေ့စဉ် နေ့တိုင်း လိုလို အိမ်တစ်အိမ်ဟာဆူပူမှုများစွာ ဖြစ်လို့ နေကြတယ်ဆိုရင် အဲ့ဒီအိမ် အဲဒီမိသားစုဟာ ဘယ်တော့မှ သာယာမှုကိုမရရှိဘူး။

နေ့တိုင်းလိုလို စကားများပြီးနေတတ်ကြတယ်၊ ဘေးကလူတွေရဲ့ အမြင်မှာ မသိရင် သူစိမ်းတွေလိုပဲ။ တစ်အိမ် ထဲမှာ အတူနေထိုင်ကြပြီး တစ်ဦးနဲ့တစ်ဦး

သူ့ကိုလည်း အဖတ်မလုပ်… ငါ့ထက် အကြီးပါလား ဆိုတဲ့ အသိမရှိတော့ လေးစားမှုဆိုတာမရှိကြဘူး ဖြစ်လို့နေရင်တော့ အဲ့ဒီ့အိမ်ထောင်စုဟာ ကြာလာတဲ့အခါမှာ လဲပြိုပြီး ဆင်းရဲတွင်းထဲကနေ လွတ်မြောက်နိုင်မှာကို မဟုတ်ကြပါဘူး။

(၄) အိမ်နီးချင်းကောင်း မရှိခြင်း

လူဆိုတာ လူနဲ့ လူ့အသိုင်းအဝိုင်းထဲမှာနေတတ်မှ လူနဲ့ တူတာပါ။ အဲ့လိုမှ မနေတတ် မထိုင်တတ်ရင်တော့ လောကကြီးထဲမှာ သူ့ကို လူဖြစ်တယ်ဆိုရုံပဲ သတ်မှတ်ထားရုံ သက်သက်ပဲ ဖြစ်ပါတယ်။

လူနဲ့ လူ့ပတ်ဝန်းကျင် မှာ သင့်တင့် လျှောက်ပတ် လိုက်လျှော ညီထွေစွာ နေတတ် ထိုင်တတ် သွားတတ် လာတတ် ပြောဆို ဆက်ဆံတတ်တဲ့ လူလို့ မခေါ် ထိုက်လောက်ပါဘူး။

အဓိကပြောချင်တာက ကိုယ်နေတဲ့ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် နေစေချင်တာပါ။ အဲ့လိုမှမဟုတ်ပဲ သူနဲ့တွေ့က ငါ့အကြောင်းပြော၊ ငါနဲ့တွေ့ရင် သူ့အကြောင်း ပြော လောကကြီးကို အကောင်းမမြင်တတ်ဘူး ဆန့်ကျင်ဘက် အတွေး တွေရှိနေသ၍တော့ ဘယ်တော့မှအဆင်ပြေနိုင် မှာ မဟုတ်ပါဘူ ။

အဲ့လိုလူမျိုးကို ဘယ်လိုပုဂ္ဂိုလ်မျိုးကမှ လည်း ကူညီ ဖေးမ စောင့်ရှောက်နေမှာ မဟုတ်တဲ့အတွက် အမြဲလိုပဲ ဆင်းရဲလို့နေမှာပဲ့ ဘယ်တော့မှ အဆင် ပြေပြေနဲ့ ခရီး ဆက်နိုင်နေမှာမဟုတ်တဲ့အတွက် ဒီအိမ်ဟာလည်း ဆင်းရဲနေမှာပဲ။

ကျနော်ပြောတဲ့ဒီအချက်တွေတစ်ချက်ချက်နဲ့ငြိနေတယ် ဆိုရင် ဒီမိသားစုရဲ့အနာဂတ်ဟာ လှပနေမှာ မဟုတ်နိုင်တဲ့အတွက် စာဖတ်ပရိတ်သတ်များ အား လုံးဟာလည်း ဒီအချက်လေးတွေကို

သေချာ ဖတ်မှတ်ပြီး ရှောင်ကျဉ်စရာမှန်သမျှ ရှောင်ကျဉ်ကာ နေထိုင်၍ သွားကြမယ်ဆိုရင် အထူးပင် ဝမ်းသာ ကြည်နူး ပီတိထူးကို ရရှိစေနှိုင်ပြီး စစ်မှန်တဲ့ မိသားစုလေးရဲ့ တန်ဖိုးမဖြတ်နှိုင်တဲ့ ချမ်းသာခြင်းသုခကို ဧကံပင်မလွဲ ပိုင်ဆိုင်လို့ လာကြရမှာပါ။

အးချမ်းပြီးပျော်ရွှင်ဘွယ်ကောင်းတဲ့မိသားစုရဲ့ဘဝလေးကို လူသားအားလုံး ပိုင်ဆိုင်ရယူနှိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းကာပေးပို့လိုက်ပါတယ်။ မိသားစုများအားလုံးသာယာချမ်းမြေ့နိင်ကြပါစေ။

crd- အညာသားစွယ်စုံကျမ်း

Be the first to comment

Leave a Reply

Your email address will not be published.


*