လွလိုက္တဲ့ ႏွလံုးသား… ဒီလိုလူမ်ိဳးမွ လူသားစစ္စစ္ပါ

လွလိုက္တဲ့ ႏွလံုးသား... ဒီလိုလူမ်ိဳးမွ လူသားစစ္စစ္ပါ
လွလိုက္တဲ့ ႏွလံုးသား... ဒီလိုလူမ်ိဳးမွ လူသားစစ္စစ္ပါ

လွလိုက္တဲ့ ႏွလံုးသား… ဒီလိုလူမ်ိဳးမွ လူသားစစ္စစ္ပါ

မႏွစ္က LA မွာ မိုးေတြ တအား႐ြာၿပီး LA ျမစ္ထဲမွာ ေရေတြျပည့္သြားတယ္။ ေရစီးကလည္း သန္တာေပါ့ ။ အဲဒီအခ်ိန္မွာ TV မွာ Breaking News လာေတာ့ ၾကည့္လိုက္တာ

မီးသတ္သမားေတြ၊ ရဲေတြ၊ ဟယ္လီေကာ့ပတာေတြ၊ မီဒီယာေတြ အေယာက္(၁၀၀)ေလာက္ ရွိမယ္။ ေရထဲ ေမ်ာပါသြားတဲ့ ေခြးတစ္ေကာင္ကို ဆယ္ဖို႔ ႀကိဳးစားေနၾကတာ။

မိုးထဲ၊ ေလထဲ အလြန္ ခက္ခက္ခဲခဲနဲ႔ ေရစီးအတိုင္း အရွိန္ျပင္းထန္စြာ ေမ်ာပါသြားေနတဲ့ ေခြးကို ေမာင္းေနတဲ့ ဟယ္လီေကာ့ပတာ ေပၚကေန ႀကိဳးတန္းလန္းနဲ႔ ဆင္းလာတဲ့ မီးသတ္သမားက ေခြးကို ပိုက္ကြန္နဲ႔ ပစ္ၿပီး ဖမ္းဖို႔ လုပ္ေနတယ္ ။

ၾကည့္ေနတဲ့ လူသိန္းေပါင္း မ်ားစြာကလည္း ေခြးအသက္ရွင္ဖို႔၊ မီးသတ္သမား ေဘးကင္းဖို႔ ဆုေတာင္းေနၾကတယ္။ နာရီဝက္ေလာက္ ၾကာမွ ပိုက္ကြန္မွာ မိတယ္။

ေခြးကို အနီးကို ဆြဲယူၿပီး ရင္ဘက္မွာ ေပြ႕ဖို႔ လုပ္ေတာ့ ေၾကာက္ေနတဲ့ေခြးက စၿပီး ကိုက္ေတာ့တာပဲ။ ေခြးက အေကာင္ႀကီးမ်ိဳးဗ်။

မီးသတ္သမားရဲ႕ နာက်င္စြာ ညည္းတြားသံကို TV မွာ ၾကားေနရတယ္ ။ Radio ကေန အထက္အရာရွိက ေျပာတယ္ ။

” မင္းသေဘာပဲ။ အကိုက္ခံရတာ မခံႏိုင္ရင္ ျပန္လႊတ္ခ်လိုက္ ” တဲ့ ။ မီးသတ္သမား ေျပာတာက ဒီေလာက္နာရီဝက္ၾကာ ခက္ခက္ခဲခဲနဲ႔ ႀကိဳးစားထားၿပီးမွ ျပန္မခ်ခ်င္ဘူးတဲ့ ။

ေခြးနဲ႔ ေလေပၚမွာ တြဲေလာင္းႀကီး ႐ုန္းကန္ေနၾကတယ္။ ေခြးက သုံးေလးခ်က္ ကိုက္တယ္။ မ်က္ႏွာကို မကိုက္မိရေအာင္ လက္ကို ေပးကိုက္ထားတယ္။ ၾကည့္ေနတဲ့ လူေတြလည္း ရင္တထိတ္ထိတ္နဲ႔ေပါ့ ။

ေနာက္ဆုံး ေခြးက ဟယ္လီေကာ့ပတာေပၚကို ေရာက္သြားတယ္။ အဲဒီ Rescue Operation အတြက္ ေဒၚလာသိန္းခ်ီၿပီး ကုန္က်သြားတယ္ ။

ေနာက္တစ္ပတ္ေလာက္ ၾကာေတာ့ မီးသတ္သမားကို ဂုဏ္ျပဳပြဲ လုပ္ၾကတယ္။ ၿမိဳ႕ေတာ္ဝန္ေတြက အစ တက္ေရာက္ၾကတဲ့ ဂုဏ္ျပဳပြဲမွာ သတင္းေထာက္ တစ္ေယာက္က ေမးတယ္ ။

” ဒီေလာက္ကိုက္ေနတဲ့ ေခြးကို အသားအနာခံၿပီး ဘာျဖစ္လို႔ ကယ္တာလဲ ” တဲ့ ။ သူက ဘာေျပာလဲဆိုေတာ့ …..

” ေခြးအလုပ္က ကိုက္ရမယ့္ အလုပ္ ၊ သူ႔အလုပ္က အသက္ကယ္ရမယ့္ အလုပ္ ၊ေခြးအလုပ္ ေခြးလုပ္ၿပီး ၊ လူ အလုပ္ကို လူ လုပ္တာပါ ” တဲ့ ။

တစ္ခါတစ္ရံ လူေတြကိုကူညီေပးေပမယ့္ ကူညီတဲ့လူကို ေက်းဇူးတင္ဖို႔ ေနေနသာသာ ျပန္ဒုကၡေပးၾက၊ ဆဲၾက၊ ကိုက္ၾကတဲ့ လူ႔ေခြးေတြ ရွိေနေပမယ့္လည္း

ကူညီမႈကို မရပ္ဆိုင္းလိုက္ပါနဲ႔ ။ လူဟာ လူ႔အလုပ္ လုပ္ပါ ။ ေခြးဟာ ေခြးအလုပ္ လုပ္ပါေစ ။

လူသားပီသတဲ့ လူဟာ သူတစ္ပါးအေပၚမွာ စာနာစိတ္ရွိၿပီး ဘယ္လို အေျခအေနမ်ိဳးမွာမဆို တတ္ႏိုင္သေလာက္ ကူညီတတ္သူေတြ ျဖစ္ၾကပါတယ္ ။Credit to original uploader.

Unicode

လှလိုက်တဲ့ နှလုံးသား… ဒီလိုလူမျိုးမှ လူသားစစ်စစ်ပါ

မနှစ်က LA မှာ မိုးတွေ တအားရွာပြီး LA မြစ်ထဲမှာ ရေတွေပြည့်သွားတယ်။ ရေစီးကလည်း သန်တာပေါ့ ။ အဲဒီအချိန်မှာ TV မှာ Breaking News လာတော့ ကြည့်လိုက်တာ

မီးသတ်သမားတွေ၊ ရဲတွေ၊ ဟယ်လီကော့ပတာတွေ၊ မီဒီယာတွေ အယောက်(၁၀၀)လောက် ရှိမယ်။ ရေထဲ မျောပါသွားတဲ့ ခွေးတစ်ကောင်ကို ဆယ်ဖို့ ကြိုးစားနေကြတာ။

မိုးထဲ၊ လေထဲ အလွန် ခက်ခက်ခဲခဲနဲ့ ရေစီးအတိုင်း အရှိန်ပြင်းထန်စွာ မျောပါသွားနေတဲ့ ခွေးကို မောင်းနေတဲ့ ဟယ်လီကော့ပတာ ပေါ်ကနေ ကြိုးတန်းလန်းနဲ့ ဆင်းလာတဲ့ မီးသတ်သမားက ခွေးကို ပိုက်ကွန်နဲ့ ပစ်ပြီး ဖမ်းဖို့ လုပ်နေတယ် ။

ကြည့်နေတဲ့ လူသိန်းပေါင်း များစွာကလည်း ခွေးအသက်ရှင်ဖို့၊ မီးသတ်သမား ဘေးကင်းဖို့ ဆုတောင်းနေကြတယ်။ နာရီဝက်လောက် ကြာမှ ပိုက်ကွန်မှာ မိတယ်။

ခွေးကို အနီးကို ဆွဲယူပြီး ရင်ဘက်မှာ ပွေ့ဖို့ လုပ်တော့ ကြောက်နေတဲ့ခွေးက စပြီး ကိုက်တော့တာပဲ။ ခွေးက အကောင်ကြီးမျိုးဗျ။

မီးသတ်သမားရဲ့ နာကျင်စွာ ညည်းတွားသံကို TV မှာ ကြားနေရတယ် ။ Radio ကနေ အထက်အရာရှိက ပြောတယ် ။

” မင်းသဘောပဲ။ အကိုက်ခံရတာ မခံနိုင်ရင် ပြန်လွှတ်ချလိုက် ” တဲ့ ။ မီးသတ်သမား ပြောတာက ဒီလောက်နာရီဝက်ကြာ ခက်ခက်ခဲခဲနဲ့ ကြိုးစားထားပြီးမှ ပြန်မချချင်ဘူးတဲ့ ။

ခွေးနဲ့ လေပေါ်မှာ တွဲလောင်းကြီး ရုန်းကန်နေကြတယ်။ ခွေးက သုံးလေးချက် ကိုက်တယ်။ မျက်နှာကို မကိုက်မိရအောင် လက်ကို ပေးကိုက်ထားတယ်။ ကြည့်နေတဲ့ လူတွေလည်း ရင်တထိတ်ထိတ်နဲ့ပေါ့ ။

နောက်ဆုံး ခွေးက ဟယ်လီကော့ပတာပေါ်ကို ရောက်သွားတယ်။ အဲဒီ Rescue Operation အတွက် ဒေါ်လာသိန်းချီပြီး ကုန်ကျသွားတယ် ။

နောက်တစ်ပတ်လောက် ကြာတော့ မီးသတ်သမားကို ဂုဏ်ပြုပွဲ လုပ်ကြတယ်။ မြို့တော်ဝန်တွေက အစ တက်ရောက်ကြတဲ့ ဂုဏ်ပြုပွဲမှာ သတင်းထောက် တစ်ယောက်က မေးတယ် ။

” ဒီလောက်ကိုက်နေတဲ့ ခွေးကို အသားအနာခံပြီး ဘာဖြစ်လို့ ကယ်တာလဲ ” တဲ့ ။ သူက ဘာပြောလဲဆိုတော့ …..

” ခွေးအလုပ်က ကိုက်ရမယ့် အလုပ် ၊ သူ့အလုပ်က အသက်ကယ်ရမယ့် အလုပ် ၊ခွေးအလုပ် ခွေးလုပ်ပြီး ၊ လူ အလုပ်ကို လူ လုပ်တာပါ ” တဲ့ ။

တစ်ခါတစ်ရံ လူတွေကိုကူညီပေးပေမယ့် ကူညီတဲ့လူကို ကျေးဇူးတင်ဖို့ နေနေသာသာ ပြန်ဒုက္ခပေးကြ၊ ဆဲကြ၊ ကိုက်ကြတဲ့ လူ့ခွေးတွေ ရှိနေပေမယ့်လည်း

ကူညီမှုကို မရပ်ဆိုင်းလိုက်ပါနဲ့ ။ လူဟာ လူ့အလုပ် လုပ်ပါ ။ ခွေးဟာ ခွေးအလုပ် လုပ်ပါစေ ။

လူသားပီသတဲ့ လူဟာ သူတစ်ပါးအပေါ်မှာ စာနာစိတ်ရှိပြီး ဘယ်လို အခြေအနေမျိုးမှာမဆို တတ်နိုင်သလောက် ကူညီတတ်သူတွေ ဖြစ်ကြပါတယ် ။Credit to original uploader.

Be the first to comment

Leave a Reply

Your email address will not be published.


*