ပုဂံက အဂၤလိပ္လို ေရးထားသည့္ ဘြဲ႕နာမည္ႏွင့္ ထူးျခားသည့္ဘုရားတစ္ဆူ

ပုဂံက အဂၤလိပ္လို ေရးထားသည့္ ဘြဲ႕နာမည္ႏွင့္ ထူးျခားသည့္ဘုရားတစ္ဆူ
ပုဂံက အဂၤလိပ္လို ေရးထားသည့္ ဘြဲ႕နာမည္ႏွင့္ ထူးျခားသည့္ဘုရားတစ္ဆူ

ပုဂံက အဂၤလိပ္လို ေရးထားသည့္ ဘြဲ႕နာမည္ႏွင့္ ထူးျခားသည့္ဘုရားတစ္ဆူ

ပုဂံေရွးေဟာင္း ယဥ္ေက်းမႈနယ္ေျမတြင္ ထူးထူးဆန္းဆန္း အဂၤလိပ္နာမည္ႏွင့္ ဘြဲ႕ေပးထား ေသာဘုရားတစ္ဆူ ရွိသည္။ ထို ဓမၼရံႀကီးဘုရားသြားရာ လမ္းတြင္ ရွိေသာ ဤဘုရားမွာ MR. SCOVELL’S PAWDAWMU (မစၥတာ စကိုဘယ္ ၏ ေပၚေတာ္မူဘုရား) ဟု အဂၤလိပ္ ဘာသာျဖင့္ ကမၸည္း ေရးထိုးထားသည္ကို ေတြ႕ရသည္။

ဤဘုရားဘြဲြ႕ ျဖစ္လာပုံကို ျပန္ေလ့လာၾကည့္မည္ ဆိုလွ်င္ ( 1899 ) ခုႏွစ္ခန႔္က ျဖစ္ခဲ့သည္။ ပုဂံဝက္ႀကီးအင္း ဂူေျပာက္ႀကီးဘုရားရွိ နံရံပန္းခ်ီကို ဂ်ာမန္လူမ်ိဳး ေဒါက္တာ Dr. Thoman က သုေတသနျပဳရန္ အေၾကာင္းျပၿပီး လႊျဖင့္တိုက္ျဖတ္ကာ အပိုင္းလိုက္ ခိုးယူသြား ခဲ့ဖူးသည္။

ဖြားေစာ႐ြာသူႀကီး ဦးထြန္းဦးသည္ ႏြားေပ်ာက္ကာ လိုက္ရွာရင္း ထိုခိုးယူမႈ ကိုေတြ႕ေသာအခါ ပခုကၠဴ အေရးပိုင္ Mr. Scovell မစၥတာစကိုဘယ္လ္ထံ တရားလိုျပဳ တိုင္တန္း ခဲ့သည္။

ထို႔ေၾကာင့္ မစၥတာစကိုဘယ္လည္း ေထာ္မန္ကို ဖမ္းဆီးကာ အိႏၵိယ အာဏာပိုင္လက္ထဲသို႔ လႊဲအပ္ေပးလိုက္သည္။ ေထာ္မန္ခိုးယူခဲ့သည့္ ပစၥည္းမ်ားကို သိမ္းဆည္းရန္အတြက္ ( 1904 ) ခုႏွစ္ ပုဂံတြင္ ယခုပုဂံ ျပတိုက္ႀကီး ျဖစ္ေပၚလာေစမည့္ ကမၸည္းေက်ာက္စာဌာန ဟူ၍ ဌာနတစ္ခုကို စတင္တည္ေထာင္ ေပးခဲ့သည္။

ေနာင္တြင္ ႏိုင္ငံျခားသား ခိုးယူလွ်င္ ျပည္ဝင္ခြင့္ပိတ္ကာ ႏိုင္ငံသားျဖစ္လွ်င္ ေထာင္ဒဏ္ ( ၃ ) လ ခ်မွတ္သည့္ ဥပေဒကို ေရးဆြဲျပဌာန္း ေပးခဲ့သည္။

မစၥတာစ ကိုဘယ္လ္သည္ ဦးထြန္းဦးႏွင့္ ပတ္သက္မႈမ်ားလာကာ ေရွးေဟာင္းျမန္မာမႈကို ႏွစ္သက္ျမတ္ႏိူး လာသည္။ တစ္ေန႔ေသာအခါ ပုဂံတြင္ ဘုရားတစ္ဆူ ၿပိဳက်သည္ကို ဦးထြန္းဦးက အစီရင္ခံသျဖင့္ မစၥတာစကိုဘယ္လည္း ပခုကၠဴမွ ပုဂံသို႔ ဆင္းလာသည္။

စကိုဘယ္သည္ ထိုအုတ္မ်ားအား ဖယ္ရွားေစေသာအခါ အတြင္းပိုင္းတြင္ အဂၤေတပန္းတို႔ အေကာင္းနီးပါး က်န္ေနေသာ ဘုရားတစ္ဆူ ေပၚလာသည္။ ထိုဘုရား၏ ေအာက္ေျခကိုလည္း ျပန္လည္ျပဳ ျပင္ခဲ့သည္။

ဖြားေစာ႐ြာသူႀကီး ကလည္း ဤကဲ့သို႔ ဥပေဒသစ္ေရးဆြဲ ေပးျခင္း ၊ ေရွးေဟာင္း အေဆာက္အဦး မ်ားကို ကာကြယ္ေစာင့္ေရွာက္ေပးျခင္းတို႔ကို ေဆာင္႐ြက္ ေပးခဲ့ေသာ မစၥတာ စကိုဗယ္လ္ကို ေက်းဇူးတင္သည့္ အေနျဖင့္ ထိုဘုရားကိုလည္း မစၥတာ စကိုဘယ္၏ ေပၚေတာ္မူဘုရားဟု ဘြဲ႕ေတာ္ေပးလိုက္ သည္။

ဘုရားသည္ ပုဂံေခတ္ အေစာဆုံးလက္ရာမ်ားမွ ဘုရားတစ္ဆူျဖစ္သည္။ သဇင္ကို အေျခခံထားသည့္ ကႏုတ္ပန္းမ်ားျဖင့္ ပူေဇာ္ထားသည္။

ထိုကႏုတ္ပန္းမ်ားသည္ ပုဂံပန္းဟုေခၚတြင္ရမည့္ ဘီလူး ပန္းဆြဲ၏ ေရွ႕ေျပးပန္းဒီဇိုင္းမ်ား ျဖစ္ေပလိမ့္မည္။

ေစတီ၏ အထက္ပိုင္းတြင္ ငွက္ေပ်ာဖူး၊ ၾကာလန္၊ ကြမ္းေတာင္ကို တျဖည္းျဖည္းၿခဳံယူသည့္ ပိရမစ္ပုံစံႏွင့္ ေခါင္းေလာင္းပုံတို႔ရွိၿပီး ေခါင္းေလာင္းပုံအေျခတြင္ ရွစ္ေျမႇာင့္ ေဖာင္းရစ္မ်ားရွိကာ အနားေျခာက္ေျမႇာင့္ရွိ ပစၥယာသုံးဆင့္ေပၚတြင္ တည္ေဆာက္ထားသည္။

ေပၚေတာ္မူေစတီကို မပ်က္မစီး ေတြရ၍ ပုဂံေခတ္ဦးပိုင္း ေစတီ၏ အေပၚပိုင္းဆိုင္ရာ တည္ေဆာက္မႈကို ေလ့လာသိရွိႏိုင္ေပသည္။Ref: ဦးထြန္းဦးမွတ္တမ္း ၊ သုခုမအလင္းတန္းမ်ား

Unicode

ပုဂံက အင်္ဂလိပ်လို ရေးထားသည့် ဘွဲ့နာမည်နှင့် ထူးခြားသည့်ဘုရားတစ်ဆူ

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ထူးထူးဆန်းဆန်း အင်္ဂလိပ်နာမည်နှင့် ဘွဲ့ပေးထား သောဘုရားတစ်ဆူ ရှိသည်။ ထို ဓမ္မရံကြီးဘုရားသွားရာ လမ်းတွင် ရှိသော ဤဘုရားမှာ MR. SCOVELL’S PAWDAWMU (မစ္စတာ စကိုဘယ် ၏ ပေါ်တော်မူဘုရား) ဟု အင်္ဂလိပ် ဘာသာဖြင့် ကမ္ပည်း ရေးထိုးထားသည်ကို တွေ့ရသည်။

ဤဘုရားဘွဲ့ ဖြစ်လာပုံကို ပြန်လေ့လာကြည့်မည် ဆိုလျှင် ( 1899 ) ခုနှစ်ခန့်က ဖြစ်ခဲ့သည်။ ပုဂံဝက်ကြီးအင်း ဂူပြောက်ကြီးဘုရားရှိ နံရံပန်းချီကို ဂျာမန်လူမျိုး ဒေါက်တာ Dr. Thoman က သုတေသနပြုရန် အကြောင်းပြပြီး လွှဖြင့်တိုက်ဖြတ်ကာ အပိုင်းလိုက် ခိုးယူသွား ခဲ့ဖူးသည်။

ဖွားစောရွာသူကြီး ဦးထွန်းဦးသည် နွားပျောက်ကာ လိုက်ရှာရင်း ထိုခိုးယူမှု ကိုတွေ့သောအခါ ပခုက္ကူ အရေးပိုင် Mr. Scovell မစ္စတာစကိုဘယ်လ်ထံ တရားလိုပြု တိုင်တန်း ခဲ့သည်။

ထို့ကြောင့် မစ္စတာစကိုဘယ်လည်း ထော်မန်ကို ဖမ်းဆီးကာ အိန္ဒိယ အာဏာပိုင်လက်ထဲသို့ လွှဲအပ်ပေးလိုက်သည်။ ထော်မန်ခိုးယူခဲ့သည့် ပစ္စည်းများကို သိမ်းဆည်းရန်အတွက် ( 1904 ) ခုနှစ် ပုဂံတွင် ယခုပုဂံ ပြတိုက်ကြီး ဖြစ်ပေါ်လာစေမည့် ကမ္ပည်းကျောက်စာဌာန ဟူ၍ ဌာနတစ်ခုကို စတင်တည်ထောင် ပေးခဲ့သည်။

နောင်တွင် နိုင်ငံခြားသား ခိုးယူလျှင် ပြည်ဝင်ခွင့်ပိတ်ကာ နိုင်ငံသားဖြစ်လျှင် ထောင်ဒဏ် ( ၃ ) လ ချမှတ်သည့် ဥပဒေကို ရေးဆွဲပြဌာန်း ပေးခဲ့သည်။

မစ္စတာစ ကိုဘယ်လ်သည် ဦးထွန်းဦးနှင့် ပတ်သက်မှုများလာကာ ရှေးဟောင်းမြန်မာမှုကို နှစ်သက်မြတ်နိူး လာသည်။ တစ်နေ့သောအခါ ပုဂံတွင် ဘုရားတစ်ဆူ ပြိုကျသည်ကို ဦးထွန်းဦးက အစီရင်ခံသဖြင့် မစ္စတာစကိုဘယ်လည်း ပခုက္ကူမှ ပုဂံသို့ ဆင်းလာသည်။

စကိုဘယ်သည် ထိုအုတ်များအား ဖယ်ရှားစေသောအခါ အတွင်းပိုင်းတွင် အင်္ဂတေပန်းတို့ အကောင်းနီးပါး ကျန်နေသော ဘုရားတစ်ဆူ ပေါ်လာသည်။ ထိုဘုရား၏ အောက်ခြေကိုလည်း ပြန်လည်ပြု ပြင်ခဲ့သည်။

ဖွားစောရွာသူကြီး ကလည်း ဤကဲ့သို့ ဥပဒေသစ်ရေးဆွဲ ပေးခြင်း ၊ ရှေးဟောင်း အဆောက်အဦး များကို ကာကွယ်စောင့်ရှောက်ပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့သော မစ္စတာ စကိုဗယ်လ်ကို ကျေးဇူးတင်သည့် အနေဖြင့် ထိုဘုရားကိုလည်း မစ္စတာ စကိုဘယ်၏ ပေါ်တော်မူဘုရားဟု ဘွဲ့တော်ပေးလိုက် သည်။

ဘုရားသည် ပုဂံခေတ် အစောဆုံးလက်ရာများမှ ဘုရားတစ်ဆူဖြစ်သည်။ သဇင်ကို အခြေခံထားသည့် ကနုတ်ပန်းများဖြင့် ပူဇော်ထားသည်။

ထိုကနုတ်ပန်းများသည် ပုဂံပန်းဟုခေါ်တွင်ရမည့် ဘီလူး ပန်းဆွဲ၏ ရှေ့ပြေးပန်းဒီဇိုင်းများ ဖြစ်ပေလိမ့်မည်။

စေတီ၏ အထက်ပိုင်းတွင် ငှက်ပျောဖူး၊ ကြာလန်၊ ကွမ်းတောင်ကို တဖြည်းဖြည်းခြုံယူသည့် ပိရမစ်ပုံစံနှင့် ခေါင်းလောင်းပုံတို့ရှိပြီး ခေါင်းလောင်းပုံအခြေတွင် ရှစ်မြှောင့် ဖောင်းရစ်များရှိကာ အနားခြောက်မြှောင့်ရှိ ပစ္စယာသုံးဆင့်ပေါ်တွင် တည်ဆောက်ထားသည်။

ပေါ်တော်မူစေတီကို မပျက်မစီး တွေရ၍ ပုဂံခေတ်ဦးပိုင်း စေတီ၏ အပေါ်ပိုင်းဆိုင်ရာ တည်ဆောက်မှုကို လေ့လာသိရှိနိုင်ပေသည်။Ref: ဦးထွန်းဦးမှတ်တမ်း ၊ သုခုမအလင်းတန်းများ

Be the first to comment

Leave a Reply

Your email address will not be published.


*