လူတစ္ေယာက္ ေသၿပီးရင္ ဘာေတြ လႉလို႔ရလဲဆိုတာ အျပည့္အစုံ သိထားရန္

လူတစ္ေယာက္ ေသၿပီးရင္ ဘာေတြ လႉလို႔ရလဲဆိုတာ အျပည့္အစုံ သိထားရန္
လူတစ္ေယာက္ ေသၿပီးရင္ ဘာေတြ လႉလို႔ရလဲဆိုတာ အျပည့္အစုံ သိထားရန္

လူတစ္ေယာက္ ေသၿပီးရင္ ဘာေတြ လႉလို႔ရလဲဆိုတာ အျပည့္အစုံ သိထားရန္

လူတစ္ေယာက္ေသၿပီးၿပီးခ်င္း သင္ကိုယ္တိုင္ လႉႏိုင္ေသာ အလႉတစ္ခု။

လူတစ္ေယာက္ေသၿပီးၿပီးခ်င္း (1) ႏွလုံးက 10မိနစ္အထိ ရွင္ပါတယ္။ (2) ဦးေႏွာက္က မိနစ္20အထိ ရွင္တယ္။ (3) မ်က္လုံးက 4နာရီအထိ ရွင္ပါတယ္။ (4) အေရျပားက ငါးရက္အထိရွင္ပါတယ္။ (5) အ႐ိုးက ရက္30အထိ ရွင္တယ္လို႔ သိရတယ္။

ေသလြန္ၿပီးတဲ့ အခ်ိန္မွာ လူတစ္ေယာက္က သုံးရက္ အၾကာမွာ လက္သည္းခြံေတြ ေႂကြတယ္။
ေလးရက္ အၾကာမွာ ဆံပင္ေတြ ကြၽတ္တယ္။

ငါးရက္ အၾကာမွာ ဦးေႏွာက္က အရည္ေပ်ာ္တယ္။ ေျခာက္ရက္ အၾကာမွာ အစာအိမ္က အရည္ျဖစ္ၿပီး ပါးစပ္နဲ႔ ဒြါရေပါက္ကေန ယိုစီးတယ္။

ရက္ေျခာက္ဆယ္ အၾကာမွာ အ႐ိုးက ကမၼဌာန္း႐ုပ္ ကလြဲလို႔ ဘာမွမက်န္ေအာင္ ေျခာက္ေသြ႕သြားတယ္။ လူတစ္ေယာက္က သူေသဆုံးၿပီးေနာက္ အလႈႏွစ္ခု ထပ္မံျပဳလုပ္ လႉဒါန္းႏိုင္ပါေသးတယ္။

အဲဒါကေတာ့ မိမိရဲ႕ခႏၶာကိုယ္ကို လႈဒါန္းျခင္းနဲ႔ မ်က္ၾကည္လႊာ လႉဒါန္းႏိုင္ျခင္းတို႔ပဲ ျဖစ္တယ္။ ေသဆုံးၿပီးေနာက္ တန္ဖိုးမရွိ သုံးမရေတာ့တဲ့ ခႏၶာကိုယ္ကို မီးေလာင္တိုက္သြင္းၿပီး ျပာက်ခံမယ့္တူတူ အက်ိဳးျပဳေပးႏိုင္မယ့္

ေနရာေတြမွာ လႈဒါန္းေပးလိုက္ေတာ့ အလႉႏွင့္ အျမင္အာ႐ုံ ခ်ိဳ႕တဲ့သူေတြ အတြက္ အလင္းဓါတ္ အျမင္ဓါတ္ ရရွိ ပိုင္ဆိုင္ေစဖို႔ မ်က္ၾကည္လႊာ လႉဒါန္းျခင္း အလႉေတြ လႉဒါန္းသြားလို႔ ရတယ္။

လူတစ္ေယာက္ ေသဆုံးၿပီးေနာက္ (4) နာရီ အတြင္း မ်က္ၾကည္လႊာက ရွင္ေနေသးတဲ့ အတြက္ လႈဒါန္းထားလို႔ ရတယ္။

ဆႏၵရွိပါက ခႏၶာကိုယ္ပါ ထပ္လႈလို႔လဲ ရတယ္။ ေဆးပညာအက်ိဳး ျဖစ္ထြန္းေစတယ္။ ျပည္သူေတြရဲ႕ အသက္ေပါင္းမ်ားစြာကို ကယ္တင္ဖို႔ ပညာသင္ၾကားတဲ့ ေနရာမွာ အေထာက္အကူျပဳတယ္။

အခ်ိဳ႕ကေတာ့ မသိလို႔ အဆက္စပ္ မရွိလို႔ မလႈျဖစ္ၾကသူေတြ ရွိတယ္။ ကြၽန္မကေတာ့ ေသဆုံးၿပီး ကိုယ့္အတြက္ အက်ိဳးမရွိပဲ ပုပ္သိုးၿပီး သုံးမရ အလဟႆ အျဖစ္မခံႏိုင္လို႔ ခင္တြယ္မမက္ေမာပဲ ျပတ္သားတဲ့စိတ္နဲ႔ အက်ိဳးျပဳေပးမယ့္ ေနရာမွာ လႈဒါန္းျဖစ္ခဲ့တာ ၾကာခဲ့ၿပီ။

လႈဒါန္းလိုသူမ်ား city mallနားက ေဆး(၁)မွာလဲ လႈလို႔ ရသလို ေျမာက္ဥကၠလာ ေဆး(၂)မွာ လႈလို႔ရပါတယ္။

မ်က္ၾကည္လႊာကိုေတာ့ ကန္ပတ္လမ္း မ်က္စိေဆး႐ုံႀကီး အေပၚဆုံးထပ္မွာ လႈဒါန္းႏိုင္ပါတယ္။ မ်က္စိေဆး႐ုံေရာက္ရင္ေတာ့ မ်က္မျမင္ လူနာေပါင္းမ်ားစြာကို ေတြ႕ရင္ ငါ့ဆုံးျဖတ္ခ်က္ မွန္ပါလားဆိုတဲ့ မုဒိတာစိတ္ေတြ တိုးလာပါလိမ့္မယ္။

လႈဒါန္းလိုသူမ်ား မွတ္ပုံတင္ရယ္ ဓါတ္ပုံေလးပုံရယ္ မိသားစုဝင္ တစ္ဦးရယ္ေတာ့ ေခၚသြားရပါလိမ့္မယ္။ပိုစ့္ပိုင္ရွင္အား #credit ေပးပါသည္ ။

Unicode

လူတစ်ယောက် သေပြီးရင် ဘာတွေ လှူလို့ရလဲဆိုတာ အပြည့်အစုံ သိထားရန်

လူတစ်ယောက်သေပြီးပြီးချင်း သင်ကိုယ်တိုင် လှူနိုင်သော အလှူတစ်ခု။

လူတစ်ယောက်သေပြီးပြီးချင်း (1) နှလုံးက 10မိနစ်အထိ ရှင်ပါတယ်။ (2) ဦးနှောက်က မိနစ်20အထိ ရှင်တယ်။ (3) မျက်လုံးက 4နာရီအထိ ရှင်ပါတယ်။ (4) အရေပြားက ငါးရက်အထိရှင်ပါတယ်။ (5) အရိုးက ရက်30အထိ ရှင်တယ်လို့ သိရတယ်။

သေလွန်ပြီးတဲ့ အချိန်မှာ လူတစ်ယောက်က သုံးရက် အကြာမှာ လက်သည်းခွံတွေ ကြွေတယ်။
လေးရက် အကြာမှာ ဆံပင်တွေ ကျွတ်တယ်။

ငါးရက် အကြာမှာ ဦးနှောက်က အရည်ပျော်တယ်။ ခြောက်ရက် အကြာမှာ အစာအိမ်က အရည်ဖြစ်ပြီး ပါးစပ်နဲ့ ဒွါရပေါက်ကနေ ယိုစီးတယ်။

ရက်ခြောက်ဆယ် အကြာမှာ အရိုးက ကမ္မဌာန်းရုပ် ကလွဲလို့ ဘာမှမကျန်အောင် ခြောက်သွေ့သွားတယ်။ လူတစ်ယောက်က သူသေဆုံးပြီးနောက် အလှုနှစ်ခု ထပ်မံပြုလုပ် လှူဒါန်းနိုင်ပါသေးတယ်။

အဲဒါကတော့ မိမိရဲ့ခန္ဓာကိုယ်ကို လှုဒါန်းခြင်းနဲ့ မျက်ကြည်လွှာ လှူဒါန်းနိုင်ခြင်းတို့ပဲ ဖြစ်တယ်။ သေဆုံးပြီးနောက် တန်ဖိုးမရှိ သုံးမရတော့တဲ့ ခန္ဓာကိုယ်ကို မီးလောင်တိုက်သွင်းပြီး ပြာကျခံမယ့်တူတူ အကျိုးပြုပေးနိုင်မယ့်

နေရာတွေမှာ လှုဒါန်းပေးလိုက်တော့ အလှူနှင့် အမြင်အာရုံ ချို့တဲ့သူတွေ အတွက် အလင်းဓါတ် အမြင်ဓါတ် ရရှိ ပိုင်ဆိုင်စေဖို့ မျက်ကြည်လွှာ လှူဒါန်းခြင်း အလှူတွေ လှူဒါန်းသွားလို့ ရတယ်။

လူတစ်ယောက် သေဆုံးပြီးနောက် (4) နာရီ အတွင်း မျက်ကြည်လွှာက ရှင်နေသေးတဲ့ အတွက် လှုဒါန်းထားလို့ ရတယ်။

ဆန္ဒရှိပါက ခန္ဓာကိုယ်ပါ ထပ်လှုလို့လဲ ရတယ်။ ဆေးပညာအကျိုး ဖြစ်ထွန်းစေတယ်။ ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်ဖို့ ပညာသင်ကြားတဲ့ နေရာမှာ အထောက်အကူပြုတယ်။

အချို့ကတော့ မသိလို့ အဆက်စပ် မရှိလို့ မလှုဖြစ်ကြသူတွေ ရှိတယ်။ ကျွန်မကတော့ သေဆုံးပြီး ကိုယ့်အတွက် အကျိုးမရှိပဲ ပုပ်သိုးပြီး သုံးမရ အလဟဿ အဖြစ်မခံနိုင်လို့ ခင်တွယ်မမက်မောပဲ ပြတ်သားတဲ့စိတ်နဲ့ အကျိုးပြုပေးမယ့် နေရာမှာ လှုဒါန်းဖြစ်ခဲ့တာ ကြာခဲ့ပြီ။

လှုဒါန်းလိုသူများ city mallနားက ဆေး(၁)မှာလဲ လှုလို့ ရသလို မြောက်ဥက္ကလာ ဆေး(၂)မှာ လှုလို့ရပါတယ်။

မျက်ကြည်လွှာကိုတော့ ကန်ပတ်လမ်း မျက်စိဆေးရုံကြီး အပေါ်ဆုံးထပ်မှာ လှုဒါန်းနိုင်ပါတယ်။ မျက်စိဆေးရုံရောက်ရင်တော့ မျက်မမြင် လူနာပေါင်းများစွာကို တွေ့ရင် ငါ့ဆုံးဖြတ်ချက် မှန်ပါလားဆိုတဲ့ မုဒိတာစိတ်တွေ တိုးလာပါလိမ့်မယ်။

လှုဒါန်းလိုသူများ မှတ်ပုံတင်ရယ် ဓါတ်ပုံလေးပုံရယ် မိသားစုဝင် တစ်ဦးရယ်တော့ ခေါ်သွားရပါလိမ့်မယ်။ပိုစ့်ပိုင်ရှင်အား #credit ပေးပါသည် ။

Be the first to comment

Leave a Reply

Your email address will not be published.


*