လက်ဖက် ချဉ်စပ်နှပ်
လက်ဖက် အညွှန့်နှပ်
ငရုတ် လက်ဖက်နှပ်
လက်ဖက် အညက်နှပ်
Unicode
လက်ဖက်ကြိုက် တဲ့ မြန်မာတို့အတွက် လက်ဖက် နှက်နည်း (၅)မျိုး
မြန်မာမှန်ရင်တော့ လက်ဖက် ကြိုက်ကြပါတယ်။ လက်ဖက်ကြိုက် တဲ့ မြန်မာတို့အတွက် လက်ဖက် နှက်နည်း (၅)မျိုး ဖော်ပြပေးလိုက်ပါတယ်နော်…
လက်ဖက် ချဉ်စပ်နှပ်
လက်ဖက်ကို ရေနဲ့ ဖွဖွ ဆေးပြီး ရေကုန်သွားအောင် အားနဲ့ ညှစ်ချ ပါ။ ဆား၊ အချို့မှုန်၊့ သံပုရာရည်၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ညှပ် ထည့်ပြီး နှံအောင် မွှေပါ။ ပြီးမှ ဆီ ထည့်ပြီး စိမ်ပါ။
လက်ဖက် အညွှန့်နှပ်
လက်ဖက် အညွှန့်လေးတွေ ကို ရေနွေး ပူပူထဲ စိမ်ပြီး ချက်ချင်း ပြန် ဆယ်ကာ ရေဆေးပြီး ညှစ်ချထားပါ။ ဆား၊ ပုစွန်ခြောက်၊ အချိုမှုန်၊့ ဆီ ထည့်ကာ စိမ် ပါ။
ငရုတ် လက်ဖက်နှပ်
ငရုတ်သီး၊ ကြက်သွန်ဖြူ ကို ညက်နေအောင် ကြိတ် ထားပါ။ လက်ဖက်ကို ရေနဲ့ဖွဖွဆေးပြီး ရေကုန်သွားအောင် အားနဲ့ ညှစ်ချပါ၊ ဆား၊ အချို့မှုန့်၊ သံပုရာရည် ၊ ငရုတ်ထောင်း တို့ကို ထည့်ပြီး နှံအောင်မွှေပါ။ ပြီးမှ ဆီ ထည့်ပြီး စိမ်ပါ။
လက်ဖက် အညက်နှပ်
လက်ဖက် ကို ရေဆေးပြီး ရေစင်အောင် ညှစ်ပြီး ညက်နေအောင် ထောင်းထား ပါ။ ဆား၊ အချိုမှုန်၊့ ဆီ ပါရုံ ထည့်ပြီး လုံးထား ပါ။ စားခါနီး လိုသလောက် ထည့်ပြီး သုပ်ပါ။
လျှာဂျွမ်းပြန် လက်ဖက် အစပ်နှပ်
လက်ဖက် ကို ရဆေးပြီး ရေစင်အောင် ညှစ်ပြီး ညက်နေအောင် ထောင်းထား ပါ။ ငရုတ်သီး၊ ကြက်သွန်ဖြူ ကို ညက်နေအောင် ကြိတ် ထားပါ။ ထောင်းထားတာတွေ အကုန် ရောပြီး ဆား၊ ဆီ၊ အချိုမှုန့် ေ ရာပြီး အလုံပိတ် ဗူးထဲ ထည့် နှပ်ပါ။Credit
Be the first to comment
Leave a Reply
Your email address will not be published.
*