“တန္ေဆာင္မုန္းလျပည့္ သာမညဖလအခါေတာ္ေန႔”

“တန္ေဆာင္မုန္းလျပည့္ သာမညဖလအခါေတာ္ေန႔”
“တန္ေဆာင္မုန္းလျပည့္ သာမညဖလအခါေတာ္ေန႔”

“တန္ေဆာင္မုန္းလျပည့္ သာမညဖလအခါေတာ္ေန႔”

ဘုရားရွင္သည္ အဇာတသတ္မင္းအား တန္ေဆာင္မုန္းလျပည့္ေန႔တြင္ သာမညဖလသုတၱန္တရားကို ေဟာၾကားေတာ္မူေသာေၾကာင့္ တန္ေဆာင္မုန္းလျပည့္ေန႔ကို “သာမညဖလအခါေတာ္ေန႔”အျဖစ္ သတ္မွတ္က်င္းပခဲ့ၾကေလသည္။

“သာမညဖလ” ၏ အဓိပၸာယ္မွာ “ရဟန္းျပဳရျခင္း၏အက်ိဳး” ဟု အဓိပၸာယ္ရသည္။ရဟန္းျပဳျခင္း၏အက်ိဳးကို ေဟာၾကားေသာေန႔ျဖစ္ျခင္းေၾကာင့္ တန္ေဆာင္မုန္းလျပည့္ေန႔ကို “သံဃာေတာ္မ်ားေန႔”ဟု ေခၚဆိုလွ်င္လည္း ရႏိုင္သည္။

ျမန္မာ့႐ိုးရာ ဆယ့္ႏွစ္လရာသီပြဲေတာ္မ်ား အနက္ တန္ေဆာင္မုန္းလတြင္ ျပဳလုပ္က်င္းပေလ့ရွိေသာပြဲေတာ္မ်ားသည္ တန္ေဆာင္တိုင္ မီးထြန္းပြဲေတာ္၊ ကထိန္သကၤန္း အလႉပြဲေတာ္၊ မသိုးသကၤန္း ရက္လုပ္ပြဲေတာ္၊

မဲဇလီဖူးသုပ္ ေဝငွေသာပြဲေတာ္၊ က်ီးမႏိုး ပြဲေတာ္၊ သာမညဖလအခါေတာ္ေန႔ ပြဲေတာ္မ်ား ဟူ၍ ခုႏွစ္မ်ိဳးခန႔္ရွိသျဖင့္ တန္ေဆာင္မုန္းလသည္ ႐ိုးရာပြဲေတာ္ အမ်ားဆုံးလဟု ဆိုရေပေတာ့မည္။

ျမတ္စြာဘုရားရွင္က အဇာတသတ္မင္းအား တန္ေဆာင္မုန္းလျပည့္ေန႔တြင္ သာမညဖလသုတၱန္တရားကို ေဟာၾကားေတာ္မူသည္ကို အေၾကာင္းျပဳ၍ တန္ေဆာင္မုန္လျပည့္ေန႔၌သာမညဖလအခါေတာ္ေန႔ အထိမ္းအမွတ္ က်င္းပရျခင္း ျဖစ္ပါသည္။

(၁) သာမညဖလဆိုသည္မွာ ရဟန္းျပဳရျခင္း၏အက်ိဳးဟု အဓိပၸါယ္ရပါသည္။

(၂) ရဟန္းျပဳရျခင္း၏ အက်ိဳးကို ေဟာၾကားေသာေန႔ျဖစ္၍ တန္ေဆာင္မုန္းလျပည့္ေန႔ကို “သံဃာေတာ္မ်ားေန႔”ဟု ေခၚဆိုႏိုင္ပါသည္။

(၃) သာမညဖလသုတ္သည္ ဒီဃနိကာယ္ သီလကၡႏၶဝဂၢ ပါဠိေတာ္၌ လာရွိပါသည္။

(၄) သာမညဖလသုတ္သည္ ရဟန္းသံဃာေတာ္မ်ားအဖို႔ ေၾကးမုံမွန္ခ်ပ္ႀကီးသဖြယ္ ျဖစ္၍ ကိုယ္က်င့္သီလ ရွိသည္ ၊မရွိသည္ကို ဤသုတ္ျဖင့္
ထင္ဟပ္ေစႏိုင္ပါသည္။

(၅) သာမညဖလသုတ္သည္ လူဒါယကာမ်ားအဖို႔ျပဒါးခ်ိန္ႀကီး သဖြယ္ျဖစ္၍ မိမိတို႔ ကိုးကြယ္ေနေသာ ဆရာသမားမ်ား၏ က်င့္ႀကံမႈ ဟုတ္မဟုတ္၊မွန္မမွန္ကို ဤသုတၱန္ျဖင့္ ခ်ိန္ကိုက္ၾကည့္ႏိုင္ပါသည္။

(၆) အဇာတသတ္မင္းသားသည္ ေဒဝဒတ္ကို ဆရာတင္မိ၍ အေပါင္းမွားၿပီး ဖခင္ျဖစ္သူ ဗိမၺိသာရမင္းႀကီးကို သတ္မိေသာေၾကာင့္ကံႀကီးထိုက္ၿပီး အိပ္မေပ်ာ္ေသာေဝဒနာ စြဲကပ္ခဲ့ပါသည္။

(၇) ယင္းေဝဒနာကို ကုစားရင္း အမတ္မ်ား၏အႀကံျပဳခ်က္အရ တိတၳိဆရာႀကီး ၆-ေယာက္ထံသြားေရာက္ၿပီး ရဟန္းျပဳျခင္း၏အက်ိဳး
(သာမညဖလ)ကို စုံစမ္းေမးျမန္းရာ ေက်နပ္ေသာအေျဖကို မရရွိခဲ့ပါ။

(၈) ေနာက္ဆုံး သမားေတာ္ႀကီးဇီဝက၏ အႀကံျပဳခ်က္အရ ရာဇၿဂိဟ္ၿမိဳ႕အနီး ဆရာဇီဝကလႉထားေသာသရက္ဥယ်ာဥ္ေတာ၌ သီတင္းသုံးလ်က္ရွိေသာျမတ္စြာဘုရားထံသို႔ သြားေရာက္ၿပီး၊ေလွ်ာက္ထားေသာအခါမွ သူသိလိုေသာ ရဟန္းျပဳျခင္း၏အက်ိဳး(သာမညဖလ)ကို သိရွိရပါေတာ့သည္။

(၉) အဇာတသတ္မင္းသည္ သာမညဖလသုတ္တရားေတာ္ကို ၾကားနာရသည့္အခ်ိန္မွ စ၍ ဗုဒၶသာသနာေတာ္ကို သက္ဝင္ယုံၾကည္လာၿပီး ပုထုဇဥ္မ်ားထဲမွ ရတနာသုံးပါးကို အၾကည္ညိဳဆုံးပုဂၢိဳလ္တစ္ဦး ျဖစ္လာပါသည္။

(၁၀) အဇာတသတ္မင္းသည္ သာမညဖလသုတ္တရားေတာ္ကို ၾကားနာရ၍ သူ၏အျပစ္ကို ကုစားခဲ့ေသာေၾကာင့္ အျပစ္ႀကီးေလးေသာ မဟာအဝီစိငရဲတြင္ မက်ေတာ့ဘဲ၊အျပစ္ဒဏ္ေပါ့ေသာေလဟ ကုမၻီငရဲ၌သာ က်ေရာက္ၿပီး ေနာင္ေသာအခါ “ဝိဇိတာဝီ” မည္ေသာ ပေစၥကဗုဒၶါျဖစ္၍ ကြၽတ္တမ္းဝင္ရပါလိမ့္မည္။

(၁၁) အဇာတသတ္မင္းတရားသည္ ပထမသဂၤါယနာတင္ ဒါယကာအျဖစ္ခံယူခဲ့ျခင္း၊ ျမတ္စြာဘုရား၏ ဓာတ္ေတာ္မ်ားကို စုေဆာင္းသိမ္းဆည္း၍ ဓာတ္ေတာ္တိုက္ႀကီး တည္ထားခဲ့ျခင္း၊ ဗုဒၶသာသနာႏွစ္ကို အတိအက်သတ္မွတ္ခဲ့ျခင္း၊ သာသနာျပဳလုပ္ငန္းႀကီးသုံးရပ္ကို လုပ္ေဆာင္သြားခဲ့သည္မွာ ဗုဒၶဘာသာဝင္မ်ားအတြက္ေ က်းဇူးႀကီးလွပါေပသည္။

(၁၂) ပိဋကတ္ေတာ္မ်ားကို မပ်က္စီးရေအာင္ သဂၤါယနာအဆက္ဆက္တင္၍ ယေန႔တိုင္ေအာင္ထိန္းသိမ္းထားႏိုင္ျခင္းမွာ အဇာတသတ္မင္း၏ ေက်းဇူးဟု ဆိုထိုက္ပါေပသည္။

(၁၃) အဇာတသတ္မင္း စုေဆာင္းထားေသာဓာတ္ေတာ္ မ်ားကို ရွာေဖြ၍ သီရိဓမၼာေသာက မင္းႀကီးက ေစတီေပါင္း ရွစ္ေသာင္းေလးေထာင္တည္ထား၍ သာသနာျပဳခဲ့ေသာေၾကာင့္ ေႏွာင္းေခတ္ဗုဒၶဘာသာဝင္တို႔ ဖူးေျမာ္ခြင့္ ရရွိေနၾကျခင္း ျဖစ္ပါသည္။

(၁၄) ဗုဒၶဘာသာဝင္တို႔ သာသနာႏွစ္ကို အတိအက် သုံးစြဲခြင့္ရရွိေနသည္မွာ အဇာတသတ္မင္း၏ေက်းဇူး၊သာမညဖလသုတ္၏ အက်ိဳးဆက္ဟု ဆိုထိုက္ပါသည္။

Ref: အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမၼေဇာတိကဓဇ၊ မဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၲပညာသာမိ(မာဂဓီ-သာစည္)ဆရာေတာ္ဘုရားႀကီး၏ “အခါေတာ္ေန႔မ်ား-ႏွာ၁၇၅-မွ။ မူရင္းေရးသားသူကို credit ေပးပါသည္။

Unicode

“တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့”

ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသောကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သာမညဖလအခါတော်နေ့”အဖြစ် သတ်မှတ်ကျင်းပခဲ့ကြလေသည်။

“သာမညဖလ” ၏ အဓိပ္ပာယ်မှာ “ရဟန်းပြုရခြင်း၏အကျိုး” ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့”ဟု ခေါ်ဆိုလျှင်လည်း ရနိုင်သည်။

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက် တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသောပွဲတော်များသည် တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်း အလှူပွဲတော်၊ မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊

မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊ ကျီးမနိုး ပွဲတော်၊ သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍ ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည် ရိုးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။

မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်လပြည့်နေ့၌သာမညဖလအခါတော်နေ့ အထိမ်းအမှတ် ကျင်းပရခြင်း ဖြစ်ပါသည်။

(၁) သာမညဖလဆိုသည်မှာ ရဟန်းပြုရခြင်း၏အကျိုးဟု အဓိပ္ပါယ်ရပါသည်။

(၂) ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့”ဟု ခေါ်ဆိုနိုင်ပါသည်။

(၃) သာမညဖလသုတ်သည် ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂ ပါဠိတော်၌ လာရှိပါသည်။

(၄) သာမညဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ် ဖြစ်၍ ကိုယ်ကျင့်သီလ ရှိသည် ၊မရှိသည်ကို ဤသုတ်ဖြင့်
ထင်ဟပ်စေနိုင်ပါသည်။

(၅) သာမညဖလသုတ်သည် လူဒါယကာများအဖို့ပြဒါးချိန်ကြီး သဖွယ်ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊မှန်မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်ပါသည်။

(၆) အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာ စွဲကပ်ခဲ့ပါသည်။

(၇) ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆-ယောက်ထံသွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး
(သာမညဖလ)ကို စုံစမ်းမေးမြန်းရာ ကျေနပ်သောအဖြေကို မရရှိခဲ့ပါ။

(၈) နောက်ဆုံး သမားတော်ကြီးဇီဝက၏ အကြံပြုချက်အရ ရာဇဂြိဟ်မြို့အနီး ဆရာဇီဝကလှူထားသောသရက်ဥယျာဉ်တော၌ သီတင်းသုံးလျက်ရှိသောမြတ်စွာဘုရားထံသို့ သွားရောက်ပြီး၊လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်း၏အကျိုး(သာမညဖလ)ကို သိရှိရပါတော့သည်။

(၉) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရသည့်အချိန်မှ စ၍ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။

(၁၀) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရ၍ သူ၏အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော မဟာအဝီစိငရဲတွင် မကျတော့ဘဲ၊အပြစ်ဒဏ်ပေါ့သောလေဟ ကုမ္ဘီငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ “ဝိဇိတာဝီ” မည်သော ပစ္စေကဗုဒ္ဓါဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။

(၁၁) အဇာတသတ်မင်းတရားသည် ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့ခြင်း၊ မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊ ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊ သာသနာပြုလုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်သွားခဲ့သည်မှာ ဗုဒ္ဓဘာသာဝင်များအတွက်ေ ကျးဇူးကြီးလှပါပေသည်။

(၁၂) ပိဋကတ်တော်များကို မပျက်စီးရအောင် သင်္ဂါယနာအဆက်ဆက်တင်၍ ယနေ့တိုင်အောင်ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါပေသည်။

(၁၃) အဇာတသတ်မင်း စုဆောင်းထားသောဓာတ်တော် များကို ရှာဖွေ၍ သီရိဓမ္မာသောက မင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ထား၍ သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်။

(၁၄) ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့်ရရှိနေသည်မှာ အဇာတသတ်မင်း၏ကျေးဇူး၊သာမညဖလသုတ်၏ အကျိုးဆက်ဟု ဆိုထိုက်ပါသည်။

Ref: အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များ-နှာ၁၇၅-မှ။ မူရင်းရေးသားသူကို credit ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*