ပုဂံေရာက္ရင္ တည္းခိုဖို႕ အခက္အခဲရိွသူမ်ားအတြက္ တစ္ခုတည္းေသာ အခမဲ့တည္းခိုႏိုင္သည့္ တည္းခိုေဆာင္

ပုဂံေရာက္ရင္ တည္းခိုဖို႕ အခက္အခဲရိွသူမ်ားအတြက္ တစ္ခုတည္းေသာ အခမဲ့တည္းခိုႏိုင္သည့္ တည္းခိုေဆာင္
ပုဂံေရာက္ရင္ တည္းခိုဖို႕ အခက္အခဲရိွသူမ်ားအတြက္ တစ္ခုတည္းေသာ အခမဲ့တည္းခိုႏိုင္သည့္ တည္းခိုေဆာင္

ပုဂံေရာက္ရင္ တည္းခိုဖို႕ အခက္အခဲရိွသူမ်ားအတြက္ တစ္ခုတည္းေသာ အခမဲ့တည္းခိုႏိုင္သည့္ တည္းခိုေဆာင္

ပုဂံသို႔ဘုရားဖူးလာတဲ့ သူမ်ားအတြက္ အခမဲ့ တည္းခိုႏိုင္ေသာ တည္းခိုေဆာင္ႏွင့္ ပတ္သက္ၿပီး ေ႐ႊစည္းခုံေဂါပကအဖြဲ႕မွ ယခုလို ေျပာျပထားပါတယ္။

ပုဂံေ႐ႊစည္းခုံဘုရားပိုင္ သာသနာ့နယ္ေျမအတြင္းတြင္ ပုဂံဘုရားဖူးလာသူမ်ားအတြက္ အခမဲ့ တည္းခိုေဆာင္မ်ား ထားရွိထားၿပီး ဧည့္သည္အေယာက္(၃၀၀)ခန႔္ နားေနတည္းခိုႏိုင္တယ္လို႔ ဆိုပါတယ္။

လာေရာက္တည္းခိုခ်င္သူမ်ားအေနျဖင့္ ဘုရားဖူး သက္သက္လာသည့္ ဧည့္သည္မ်ားကိုသာ လက္ခံၿပီး အဖြဲ႕လိုက္ လာေရာက္တည္းခိုသူမ်ားအေနျဖင့္ အဖြဲ႕ေခါင္းေဆာင္ (သို႔) အဖြဲ႕အတြင္းမွ တစ္ဦးဦး၏ မွတ္ပုံတင္ တစ္ခုကိုသာ ဧည့္ႀကိဳဌာနသို႔ ေပးထားရသည္ဟု သိရသည္။

ထို႔ျပင္ လာေရာက္တည္းခိုသူမ်ားအေနျဖင့္ ၃ညအိပ္၄ရက္သာ လက္ခံသည္ဟု သိရသည္။ တည္းခိုေဆာင္ စုစုေပါင္း ၆ေဆာင္ရွိၿပီး တည္းခိုသူမ်ားအေနျဖင့္ အရက္ေသစာ ေသာက္စားျခင္း မျပဳရန္ႏွင့္

တည္းခိုခန္း အခေၾကးေငြအျဖစ္ အလႉေငြကို မိမိသဒၵါေၾကးအျဖစ္ မိမိတတ္ႏိုင္သေလာက္ကိုသာ လႉဒါန္းႏိုင္သည္ဟု သိရသည္။ “တခ်ိဳ႕အဖြဲ႕လိုက္လာတယ္ အေယာက္ ၃၀/၄၀ ေပါ့… ၿပီးလို႔ ျပန္တဲ့အခါ တခ်ိဳ႕ ၂ေသာင္း/ ၃ေသာင္း လႉသြားၾကတာမ်ိဳးလည္း ရွိတယ္။

တခ်ိဳ႕ဘုရားဖူးတည္းခိုသူေတြက လႉမသြားတာမ်ိဳးေတြလည္း ရွိပါတယ္။ က်ေနာ္တို႔ဆီကို တည္းခိုခ်င္တယ္ဆိုရင္ လႉခ်င္ရင္လႉပါ မလႉခ်င္ရင္လည္း ရပါတယ္”ဟု ဧည့္ႀကိဳတာဝန္ခံ ဦးစိုးလွေမာင္ထံက သိရသည္။

ဧည့္သည္အမ်ားဆုံးရက္မ်ားမွာ ဝါတြင္း အဖိတ္ ဥပုသ္ရက္မ်ား ျဖစ္ၿပီး ဝါေခါင္လတြင္ ေတာင္ျပဳန္းပြဲႏွင့္ ေတာ္သလင္းလ ပုပၸါးပြဲတို႔တြင္ ဧည့္သည္ အမ်ားဆုံးျဖစ္သည္ဟု သိရသည္။

“ဧည့္သည္ ၂ဦး ၃ဦးလာရင္ေတာ့ ခုေနာက္ပိုင္း လက္မခံေတာ့ဘူး။ ဘာလို႔လဲဆိုေတာ့ ၂ဦး /၃ဦး ေလာက္နဲ႔ သူတို႔ကို အခန္း မေပးႏိုင္ဘူးေလ။

အခန္းအပို မရွိတဲ့အခါ ေနာက္အဖြဲ႕နဲ႔ အဖြဲ႕ခ်င္း ေပါင္းထားေပးရင္ ျပသနာေတြ တတ္လာႏိုင္လို႔ပါ”ဟု ဦးစိုးလွေမာင္က ေျပာသည္။

ျမန္မာသကၠရာဇ္ ၁၃၂၀ခုႏွစ္ခန႔္ ကတည္းက ထိုအေဆာင္မ်ားသည္ ဇရပ္ပုံစံျဖစ္ၿပီး လြန္ခဲ့သည့္ ၂၅ႏွစ္ခန႔္က အခန္းမ်ားဖြဲ႕၍ ေ႐ႊစည္းခုံ ဘုရားေဂါပကအဖြဲ႕မွ တံခါးမ်ား တပ္ဆင္ထားျခင္းမ်ား ျပဳလုပ္ထားသည္ဟု သိရသည္။

“အခမဲ့ တည္းခိုေဆာင္ဆိုတဲ့ ဆိုင္းပုဒ္ကိုေတာ့ မႏွစ္ေလးကမွ အေဆာင္ေတြမွ တပ္ထားခဲ့တာပါ”ဟု ဧည့္ႀကိဳ တစ္ဦးထံက သိရသည္။ ကိုဗစ္ကပ္ႀကီးၿပီးသြားလို႔ ပုဂံသို႔သြားေရာက္လည္ပတ္လိုသူမ်ား သိရွိႏိုင္ၾကေစဖို ႔ ျပန္လည္ မွ်ေဝေပး လိုက္ပါတယ္။

Unicode

ပုဂံရောက်ရင် တည်းခိုဖို့ အခက်အခဲရှိသူများအတွက် တစ်ခုတည်းသော အခမဲ့တည်းခိုနိုင်သည့် တည်းခိုဆောင်

ပုဂံသို့ဘုရားဖူးလာတဲ့ သူများအတွက် အခမဲ့ တည်းခိုနိုင်သော တည်းခိုဆောင်နှင့် ပတ်သက်ပြီး ရွှေစည်းခုံဂေါပကအဖွဲ့မှ ယခုလို ပြောပြထားပါတယ်။

ပုဂံရွှေစည်းခုံဘုရားပိုင် သာသနာ့နယ်မြေအတွင်းတွင် ပုဂံဘုရားဖူးလာသူများအတွက် အခမဲ့ တည်းခိုဆောင်များ ထားရှိထားပြီး ဧည့်သည်အယောက်(၃၀၀)ခန့် နားနေတည်းခိုနိုင်တယ်လို့ ဆိုပါတယ်။

လာရောက်တည်းခိုချင်သူများအနေဖြင့် ဘုရားဖူး သက်သက်လာသည့် ဧည့်သည်များကိုသာ လက်ခံပြီး အဖွဲ့လိုက် လာရောက်တည်းခိုသူများအနေဖြင့် အဖွဲ့ခေါင်းဆောင် (သို့) အဖွဲ့အတွင်းမှ တစ်ဦးဦး၏ မှတ်ပုံတင် တစ်ခုကိုသာ ဧည့်ကြိုဌာနသို့ ပေးထားရသည်ဟု သိရသည်။

ထို့ပြင် လာရောက်တည်းခိုသူများအနေဖြင့် ၃ညအိပ်၄ရက်သာ လက်ခံသည်ဟု သိရသည်။ တည်းခိုဆောင် စုစုပေါင်း ၆ဆောင်ရှိပြီး တည်းခိုသူများအနေဖြင့် အရက်သေစာ သောက်စားခြင်း မပြုရန်နှင့်

တည်းခိုခန်း အခကြေးငွေအဖြစ် အလှူငွေကို မိမိသဒ္ဒါကြေးအဖြစ် မိမိတတ်နိုင်သလောက်ကိုသာ လှူဒါန်းနိုင်သည်ဟု သိရသည်။ “တချို့အဖွဲ့လိုက်လာတယ် အယောက် ၃၀/၄၀ ပေါ့… ပြီးလို့ ပြန်တဲ့အခါ တချို့ ၂သောင်း/ ၃သောင်း လှူသွားကြတာမျိုးလည်း ရှိတယ်။

တချို့ဘုရားဖူးတည်းခိုသူတွေက လှူမသွားတာမျိုးတွေလည်း ရှိပါတယ်။ ကျနော်တို့ဆီကို တည်းခိုချင်တယ်ဆိုရင် လှူချင်ရင်လှူပါ မလှူချင်ရင်လည်း ရပါတယ်”ဟု ဧည့်ကြိုတာဝန်ခံ ဦးစိုးလှမောင်ထံက သိရသည်။

ဧည့်သည်အများဆုံးရက်များမှာ ဝါတွင်း အဖိတ် ဥပုသ်ရက်များ ဖြစ်ပြီး ဝါခေါင်လတွင် တောင်ပြုန်းပွဲနှင့် တော်သလင်းလ ပုပ္ပါးပွဲတို့တွင် ဧည့်သည် အများဆုံးဖြစ်သည်ဟု သိရသည်။

“ဧည့်သည် ၂ဦး ၃ဦးလာရင်တော့ ခုနောက်ပိုင်း လက်မခံတော့ဘူး။ ဘာလို့လဲဆိုတော့ ၂ဦး /၃ဦး လောက်နဲ့ သူတို့ကို အခန်း မပေးနိုင်ဘူးလေ။

အခန်းအပို မရှိတဲ့အခါ နောက်အဖွဲ့နဲ့ အဖွဲ့ချင်း ပေါင်းထားပေးရင် ပြသနာတွေ တတ်လာနိုင်လို့ပါ”ဟု ဦးစိုးလှမောင်က ပြောသည်။

မြန်မာသက္ကရာဇ် ၁၃၂၀ခုနှစ်ခန့် ကတည်းက ထိုအဆောင်များသည် ဇရပ်ပုံစံဖြစ်ပြီး လွန်ခဲ့သည့် ၂၅နှစ်ခန့်က အခန်းများဖွဲ့၍ ရွှေစည်းခုံ ဘုရားဂေါပကအဖွဲ့မှ တံခါးများ တပ်ဆင်ထားခြင်းများ ပြုလုပ်ထားသည်ဟု သိရသည်။

“အခမဲ့ တည်းခိုဆောင်ဆိုတဲ့ ဆိုင်းပုဒ်ကိုတော့ မနှစ်လေးကမှ အဆောင်တွေမှ တပ်ထားခဲ့တာပါ”ဟု ဧည့်ကြို တစ်ဦးထံက သိရသည်။ ကိုဗစ်ကပ်ကြီးပြီးသွားလို့ ပုဂံသို့သွားရောက်လည်ပတ်လိုသူများ သိရှိနိုင်ကြစေဖို့ ပြန်လည် မျှဝေပေး လိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*