ဝင္ေငြနဲ႔ ထြက္ေငြ မွ်တမႈ ရိွေစဖို႔အတြက္ အသုံးစရိတ္ေတြကို တြက္ခ်က္နည္း

ဝင္ေငြနဲ႔ ထြက္ေငြ မွ်တမႈ ရိွေစဖို႔အတြက္ အသုံးစရိတ္ေတြကို တြက္ခ်က္နည္း
ဝင္ေငြနဲ႔ ထြက္ေငြ မွ်တမႈ ရိွေစဖို႔အတြက္ အသုံးစရိတ္ေတြကို တြက္ခ်က္နည္း

ဝင္ေငြနဲ႔ ထြက္ေငြ မွ်တမႈ ရိွေစဖို႔အတြက္ အသုံးစရိတ္ေတြကို တြက္ခ်က္နည္း

ဝင္ေငြနဲ႔ ထြက္ေငြ မွ်တဖို႔အတြက္ အဓိကလိုအပ္တာက ကိုယ္သုံးလိုက္သမွ် အသုံးစရိတ္ေတြကို အတိအက် သတ္မွတ္ထားဖို႔ပဲ ျဖစ္ပါတယ္။

ဒီလို အသုံးစရိတ္ေတြ တိတိက်က် သတ္မွတ္ဖို႔ဆိုတာကလည္း ႀကိဳတင္ဘတ္ဂ်က္အစီအစဥ္ေရးဆြဲထားဖို႔လည္း လိုအပ္ပါတယ္။

ဘက္ဂ်က္ အစီအစဥ္ေရးဆြဲဖို႔ ပထမဆုံး လိုအပ္တာက ကိုယ္ ရရွိမယ့္ ဝင္ေငြအေပၚမူတည္ၿပီး ကိုယ္ သုံးရမယ့္ ထြက္ေငြေတြကို အေသးစိတ္ သတ္မွတ္ရမွာျဖစ္ပါတယ္။

ဘတ္ဂ်က္အစီအစဥ္ကို တစ္လစာ၊ တစ္ပတ္စာ ဆိုၿပီးေရးဆြဲႏိုင္သလို အေသးစိတ္လုပ္ခ်င္သူေတြအဖို႔ေတာ့ တစ္ရက္စာ အသုံးစရိတ္အထိ ခြဲျခားသတ္မွတ္ထားႏိုင္ပါေသးတယ္။

ကိုယ့္ရဲ႕ ဝင္ေငြ၊ ေငြသုံးစြဲပုံေပၚ မူတည္ၿပီး ဘယ္လို အစီအစဥ္ဆြဲမလဲဆိုတာကိုေတာ့ ေသခ်ာ ဆုံးျဖတ္ရမွာေပါ့။

တစ္လစာလား၊ တစ္ပတ္စာလား၊ တစ္ရက္စာလား သတ္မွတ္ၿပီးရင္ေတာ့ အုပ္စုခြဲတဲ့ အဆင့္ကို ေရာက္ပါၿပီ။ အိမ္လခ၊ မီတာခြန္၊ေရခြန္၊ လစဥ္သင္တန္းေၾကး၊ အစားအေသာက္စရိတ္လို ပုံမွန္ သုံးစြဲရတဲ့ စရိတ္ရယ္ ၊

က်န္းမာေရးအတြက္ သီးသန႔္ေဆာင္ထားတဲ့ စရိတ္ရယ္၊ အခ်ိန္အခါမသိရဘဲ ေပၚလာတတ္တဲ့ ကိစၥေတြအတြက္ သုံးရမယ့္ အေရးေပၚစရိတ္ရယ္ဆိုၿပီး စရိတ္ (၃)မ်ိဳးခြဲထားဖို႔လိုပါတယ္။

အေသးစိတ္ ဘယ္လိုတြက္ခ်က္ၾကမလဲ? လြယ္ပါတယ္။ စာအုပ္ရယ္၊ေဘာပင္ရယ္၊ ဂဏန္းေပါင္းစက္ရယ္ ယူၿပီး ကိုယ္ရဲ႕ စုစုေပါင္းဝင္ေငြကို ခ်မွတ္ပါ။ ခုနကေျပာခဲ့တဲ့ စရိတ္ (၃)ခုထဲက

(၁) ပုံမွန္သုံးစြဲစရိတ္အတြက္ (၅၀%)၊

(၂) က်န္းမာေရးစရိတ္အတြက္ (၁၀%)၊

(၃) အေရးေပၚကိစၥေတြအတြက္ (၂၀%)၊

(၄) စုေငြအတြက္ (၂၀%) ခြဲျခားသတ္မွတ္ပါ။

အေပၚကလို စရိတ္ အုပ္စု ေလးခုခြဲၾကည့္ပါ။ ဒါကေတာ့ တစ္လစာ ဘတ္ဂ်က္ အစီအစဥ္အတြက္ အသုံးစရိတ္သတ္မွတ္တာကို ဥပမာအေနနဲ႔ ေျပာျပခဲ့တာပါ။ အခုလိုမ်ိဳး ကိုယ့္ရဲ႕ ဝင္ေငြေပၚမူတည္ၿပီး လစဥ္၊ အပတ္စဥ္

ဘတ္ဂ်က္ အစီအစဥ္ခ်မွတ္လိုက္တဲ့အခါ ကိုယ္သုံးလိုက္တဲ့ အသုံးစရိတ္ေတြကို အတိအက် ေျခရာခံႏိုင္သြားမွာျဖစ္ပါတယ္။ အသုံးစရိတ္ေတြကို ေျခရာခံႏိုင္ၿပီဆိုရင္ေတာ့ ဝင္ေငြ၊ထြက္ေငြ မွ်တမႈရွိဖို႔ ရာႏႈန္းျပည့္ ေသခ်ာသြားပါၿပီ။

ဝင္ေငြ၊ထြက္ေငြကေတာ့ မွ်တပါၿပီ။ ဒါေပမယ့္ ကိုယ့္ရဲ႕ ေငြသုံးစြဲတဲ့ အမူအက်င့္ေတြကိုလည္း ျပင္ဆင္ဖို႔ လိုအပ္ပါေသးတယ္။

ေငြသုံးစြဲတဲ့အခါ လိုခ်င္တာနဲ႔ လိုအပ္တာကို ခြဲျခား ဆန္းစစ္ၿပီးမွ ေသခ်ာ ဆုံးျဖတ္ခ်က္ခ်မယ္ဆိုရင္ အပိုထြက္ေငြေတြကို ထိန္းသိမ္းႏိုင္သြားမွာ ျဖစ္ပါတယ္။

စာဖတ္ပရိတ္သတ္အားလုံးလည္း ဒီ ေဆာင္းပါးကို ဖတ္ရႈၿပီး ကိုယ့္ရဲ႕ အသုံးစရိတ္ေတြကို စနစ္တက် ေျခရာခံၿပီး ဝင္ေငြ၊ထြက္ေငြကို ထိန္းခ်ဳပ္ႏိုင္ၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္။Credit original writter

Unicode

ဝင်ငွေနဲ့ ထွက်ငွေ မျှတမှု ရှိစေဖို့အတွက် အသုံးစရိတ်တွေကို တွက်ချက်နည်း

ဝင်ငွေနဲ့ ထွက်ငွေ မျှတဖို့အတွက် အဓိကလိုအပ်တာက ကိုယ်သုံးလိုက်သမျှ အသုံးစရိတ်တွေကို အတိအကျ သတ်မှတ်ထားဖို့ပဲ ဖြစ်ပါတယ်။

ဒီလို အသုံးစရိတ်တွေ တိတိကျကျ သတ်မှတ်ဖို့ဆိုတာကလည်း ကြိုတင်ဘတ်ဂျက်အစီအစဉ်ရေးဆွဲထားဖို့လည်း လိုအပ်ပါတယ်။

ဘက်ဂျက် အစီအစဉ်ရေးဆွဲဖို့ ပထမဆုံး လိုအပ်တာက ကိုယ် ရရှိမယ့် ဝင်ငွေအပေါ်မူတည်ပြီး ကိုယ် သုံးရမယ့် ထွက်ငွေတွေကို အသေးစိတ် သတ်မှတ်ရမှာဖြစ်ပါတယ်။

ဘတ်ဂျက်အစီအစဉ်ကို တစ်လစာ၊ တစ်ပတ်စာ ဆိုပြီးရေးဆွဲနိုင်သလို အသေးစိတ်လုပ်ချင်သူတွေအဖို့တော့ တစ်ရက်စာ အသုံးစရိတ်အထိ ခွဲခြားသတ်မှတ်ထားနိုင်ပါသေးတယ်။

ကိုယ့်ရဲ့ ဝင်ငွေ၊ ငွေသုံးစွဲပုံပေါ် မူတည်ပြီး ဘယ်လို အစီအစဉ်ဆွဲမလဲဆိုတာကိုတော့ သေချာ ဆုံးဖြတ်ရမှာပေါ့။

တစ်လစာလား၊ တစ်ပတ်စာလား၊ တစ်ရက်စာလား သတ်မှတ်ပြီးရင်တော့ အုပ်စုခွဲတဲ့ အဆင့်ကို ရောက်ပါပြီ။ အိမ်လခ၊ မီတာခွန်၊ရေခွန်၊ လစဉ်သင်တန်းကြေး၊ အစားအသောက်စရိတ်လို ပုံမှန် သုံးစွဲရတဲ့ စရိတ်ရယ် ၊

ကျန်းမာရေးအတွက် သီးသန့်ဆောင်ထားတဲ့ စရိတ်ရယ်၊ အချိန်အခါမသိရဘဲ ပေါ်လာတတ်တဲ့ ကိစ္စတွေအတွက် သုံးရမယ့် အရေးပေါ်စရိတ်ရယ်ဆိုပြီး စရိတ် (၃)မျိုးခွဲထားဖို့လိုပါတယ်။

အသေးစိတ် ဘယ်လိုတွက်ချက်ကြမလဲ? လွယ်ပါတယ်။ စာအုပ်ရယ်၊ဘောပင်ရယ်၊ ဂဏန်းပေါင်းစက်ရယ် ယူပြီး ကိုယ်ရဲ့ စုစုပေါင်းဝင်ငွေကို ချမှတ်ပါ။ ခုနကပြောခဲ့တဲ့ စရိတ် (၃)ခုထဲက

(၁) ပုံမှန်သုံးစွဲစရိတ်အတွက် (၅၀%)၊

(၂) ကျန်းမာရေးစရိတ်အတွက် (၁၀%)၊

(၃) အရေးပေါ်ကိစ္စတွေအတွက် (၂၀%)၊

(၄) စုငွေအတွက် (၂၀%) ခွဲခြားသတ်မှတ်ပါ။

အပေါ်ကလို စရိတ် အုပ်စု လေးခုခွဲကြည့်ပါ။ ဒါကတော့ တစ်လစာ ဘတ်ဂျက် အစီအစဉ်အတွက် အသုံးစရိတ်သတ်မှတ်တာကို ဥပမာအနေနဲ့ ပြောပြခဲ့တာပါ။ အခုလိုမျိုး ကိုယ့်ရဲ့ ဝင်ငွေပေါ်မူတည်ပြီး လစဉ်၊ အပတ်စဉ်

ဘတ်ဂျက် အစီအစဉ်ချမှတ်လိုက်တဲ့အခါ ကိုယ်သုံးလိုက်တဲ့ အသုံးစရိတ်တွေကို အတိအကျ ခြေရာခံနိုင်သွားမှာဖြစ်ပါတယ်။ အသုံးစရိတ်တွေကို ခြေရာခံနိုင်ပြီဆိုရင်တော့ ဝင်ငွေ၊ထွက်ငွေ မျှတမှုရှိဖို့ ရာနှုန်းပြည့် သေချာသွားပါပြီ။

ဝင်ငွေ၊ထွက်ငွေကတော့ မျှတပါပြီ။ ဒါပေမယ့် ကိုယ့်ရဲ့ ငွေသုံးစွဲတဲ့ အမူအကျင့်တွေကိုလည်း ပြင်ဆင်ဖို့ လိုအပ်ပါသေးတယ်။

ငွေသုံးစွဲတဲ့အခါ လိုချင်တာနဲ့ လိုအပ်တာကို ခွဲခြား ဆန်းစစ်ပြီးမှ သေချာ ဆုံးဖြတ်ချက်ချမယ်ဆိုရင် အပိုထွက်ငွေတွေကို ထိန်းသိမ်းနိုင်သွားမှာ ဖြစ်ပါတယ်။

စာဖတ်ပရိတ်သတ်အားလုံးလည်း ဒီ ဆောင်းပါးကို ဖတ်ရှုပြီး ကိုယ့်ရဲ့ အသုံးစရိတ်တွေကို စနစ်တကျ ခြေရာခံပြီး ဝင်ငွေ၊ထွက်ငွေကို ထိန်းချုပ်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။Credit original writter

Be the first to comment

Leave a Reply

Your email address will not be published.


*