အိမ္ေအာက္ထပ္၌ ဘုရားခန္းထား၍ ကိုးကြယ္လွ်င္ သင့္၏ / မသင့္၏

အိမ္ေအာက္ထပ္၌ ဘုရားခန္းထား၍ ကိုးကြယ္လွ်င္ သင့္၏ / မသင့္၏
အိမ္ေအာက္ထပ္၌ ဘုရားခန္းထား၍ ကိုးကြယ္လွ်င္ သင့္၏ / မသင့္၏

အိမ္ေအာက္ထပ္၌ ဘုရားခန္းထား၍ ကိုးကြယ္လွ်င္ သင့္၏ / မသင့္၏

ေအာက္ထပ္” အိမ္ေထာင္စု မ်ား၌ ဘုရားခန္း ထား၍ ကိုးကြယ္ရာ “အေပၚထပ္” အိမ္ေထာင္စု တို႔၏ ေအာက္မွာ ျဖစ္ေနတတ္၍ “ဘုရားခန္း” ၏အေပၚ၌ သြားလာေနထိုင္သူမ်ား ၌ အျပစ္ရွိ ပါသလား?(သို႔မဟုတ္) “ေအာက္ထပ္” ၌ “ဘုရားခန္း” ထားသူမ်ားမွာ အျပစ္ရွိပါသလား? ေျဖၾကားေပး ပါရန္ ေလွ်ာက္ထား ပါသည္ ဘုရား။

“ေျဖ”- အထက္ထပ္ ၌ ေနသည္ျဖစ္ေစ၊ -ေအာက္ထပ္၌ ေနသည္ ျဖစ္ေစ၊ ဗုဒၶရွင္ေတာ္ျမတ္ဘုရား၌ ၾကည္ညိဳကိုးကြယ္ၾကေသာ ဗုဒၶဘာသာဝင္မ်ားပီပီ “ဘုရားခန္း” ကို တခမ္းတနားထား၍ ကိုးကြယ္ၾကျခင္း မွာ ဓမၼတာ ျဖစ္ရသည္။

“ေအာက္ထပ္” ျဖစ္၍- “ဘုရားခန္း မထားသင့္ မကိုးကြယ္သင့္” ဟူ၍ မျဖစ္ သင့္ပါေခ်။ မိမိတို႔ေနထိုင္ရာ ေနရာ၌ အထြတ္ျမတ္ဆုံး ထား၍ ကိုးကြယ္ၾကရန္သာ ျဖစ္သည္။

ဤသို႔ “ေအာက္ထပ္” ၌ “ဘုရားထား၍ ကိုးကြယ္ျခင္းၾကာင့္ “အထက္ထပ္” ၌ ေနသူတို႔အတြက္ လည္း မ႐ိုမေသ ျပဳမူသည္ မမည္။ ပကတိေနၿမဲ အတိုင္း ေနပါ၊

အျပစ္ျဖစ္စရာ အေၾကာင္း မရွိေပ။ သာဓက အေနျဖင့္ ဆိုရေသာ္ “ဥတၱရာသတို႔သမီး” သည္ မိမိခင္ပြန္းျဖစ္သူက “ဗုဒၶရွင္ေတာ္ျမတ္ဘုရား”အား ”ကိုးကြယ္သူ” မဟုတ္၍

ခင္ပြန္းျဖစ္သူအား မိမိကိုယ္စား “သီရိမာ” အား အထက္ထပ္၌ ျပဳစုလုပ္ေကြၽးေစခဲ့သည္။ မိမိက ေအာက္ထပ္သို႔ ဆင္းလာၿပီး- “ဘုရား” အမႉးရွိေသာ သံဃာေတာ္တို႔အား “ခုနစ္ရက္ပတ္လုံး” ပင့္ဖိတ္၍

ဆြမ္းလုပ္ေကြၽးခဲ့ေလသည္။ ျမတ္စြာဘုရား ကိုယ္ေတာ္တိုင္လည္း- “ဥတၱရာ” ရွိရာ “ျပသာဒ္ေအာက္ထပ္”သို႔ႂကြေရာက္၍ ခ်ီးေျမႇာက္ခဲ့သည္။ ထို႔ေၾကာင့္-“အိမ္ေအာက္ထပ္”၌ ေနထိုင္ေသာ္လည္း ဘုရားခန္းထား၍ ကိုးကြယ္သင့္သည္သာ ျဖစ္ပါ၏၊

ဘုရားခန္းသို႔ အမႈန္အမႈိက္မ်ား မက်ေရာက္ႏိုင္ရန္ “အဝတ္မ်က္ႏွာၾကက္”စသည္ လွလွပပ ျပဳလုပ္ပူေဇာ္ထားၾကရန္ကား လိုေပလိမ့္မည္။

“ရေဝထြန္း (ဘဒၵႏၲ တိေလာကသာရ)” မွီခိုရာ က်မ္းကိုး (“ရေဝထြန္း (ဘဒၵႏၲတိေလာကသာရ)”၏“တရား အေမးအေျဖ “မွ)ခ်မ္းသာၾကပါေစ၊ ေအးၿငိမ္းၾကပါေစ၊ သံသရာ ဝဋ္ဆင္းရဲမွ လြတ္ေျမာက္ႏိုင္ၾကပါေစ။

ကိုညီညီတင္ (ဉာဏ္လင္းၿမိဳ႕)သာသနာေတာ္ႏွစ္၂၅၆၃၊ ၁၃၈၁ ျပည့္ႏွစ္၊ တေပါင္းလဆန္း(၁၁)ရက္ ေန႔ (၅-၃-၂၀၂၀)ရက္၊ၾကာသပေတးေန႔။(နံနက္-၃:၂၂)Via ဓမၼ အရသာ

Unicode

အိမ်အောက်ထပ်၌ ဘုရားခန်းထား၍ ကိုးကွယ်လျှင် သင့်၏ / မသင့်၏

အောက်ထပ်” အိမ်ထောင်စု များ၌ ဘုရားခန်း ထား၍ ကိုးကွယ်ရာ “အပေါ်ထပ်” အိမ်ထောင်စု တို့၏ အောက်မှာ ဖြစ်နေတတ်၍ “ဘုရားခန်း” ၏အပေါ်၌ သွားလာနေထိုင်သူများ ၌ အပြစ်ရှိ ပါသလား?(သို့မဟုတ်) “အောက်ထပ်” ၌ “ဘုရားခန်း” ထားသူများမှာ အပြစ်ရှိပါသလား? ဖြေကြားပေး ပါရန် လျှောက်ထား ပါသည် ဘုရား။

“ဖြေ”- အထက်ထပ် ၌ နေသည်ဖြစ်စေ၊ -အောက်ထပ်၌ နေသည် ဖြစ်စေ၊ ဗုဒ္ဓရှင်တော်မြတ်ဘုရား၌ ကြည်ညိုကိုးကွယ်ကြသော ဗုဒ္ဓဘာသာဝင်များပီပီ “ဘုရားခန်း” ကို တခမ်းတနားထား၍ ကိုးကွယ်ကြခြင်း မှာ ဓမ္မတာ ဖြစ်ရသည်။

“အောက်ထပ်” ဖြစ်၍- “ဘုရားခန်း မထားသင့် မကိုးကွယ်သင့်” ဟူ၍ မဖြစ် သင့်ပါချေ။ မိမိတို့နေထိုင်ရာ နေရာ၌ အထွတ်မြတ်ဆုံး ထား၍ ကိုးကွယ်ကြရန်သာ ဖြစ်သည်။

ဤသို့ “အောက်ထပ်” ၌ “ဘုရားထား၍ ကိုးကွယ်ခြင်းကြာင့် “အထက်ထပ်” ၌ နေသူတို့အတွက် လည်း မရိုမသေ ပြုမူသည် မမည်။ ပကတိနေမြဲ အတိုင်း နေပါ၊

အပြစ်ဖြစ်စရာ အကြောင်း မရှိပေ။ သာဓက အနေဖြင့် ဆိုရသော် “ဥတ္တရာသတို့သမီး” သည် မိမိခင်ပွန်းဖြစ်သူက “ဗုဒ္ဓရှင်တော်မြတ်ဘုရား”အား ”ကိုးကွယ်သူ” မဟုတ်၍

ခင်ပွန်းဖြစ်သူအား မိမိကိုယ်စား “သီရိမာ” အား အထက်ထပ်၌ ပြုစုလုပ်ကျွေးစေခဲ့သည်။ မိမိက အောက်ထပ်သို့ ဆင်းလာပြီး- “ဘုရား” အမှူးရှိသော သံဃာတော်တို့အား “ခုနစ်ရက်ပတ်လုံး” ပင့်ဖိတ်၍

ဆွမ်းလုပ်ကျွေးခဲ့လေသည်။ မြတ်စွာဘုရား ကိုယ်တော်တိုင်လည်း- “ဥတ္တရာ” ရှိရာ “ပြသာဒ်အောက်ထပ်”သို့ကြွရောက်၍ ချီးမြှောက်ခဲ့သည်။ ထို့ကြောင့်-“အိမ်အောက်ထပ်”၌ နေထိုင်သော်လည်း ဘုရားခန်းထား၍ ကိုးကွယ်သင့်သည်သာ ဖြစ်ပါ၏၊

ဘုရားခန်းသို့ အမှုန်အမှိုက်များ မကျရောက်နိုင်ရန် “အဝတ်မျက်နှာကြက်”စသည် လှလှပပ ပြုလုပ်ပူဇော်ထားကြရန်ကား လိုပေလိမ့်မည်။

“ရဝေထွန်း (ဘဒ္ဒန္တ တိလောကသာရ)” မှီခိုရာ ကျမ်းကိုး (“ရဝေထွန်း (ဘဒ္ဒန္တတိလောကသာရ)”၏“တရား အမေးအဖြေ “မှ)ချမ်းသာကြပါစေ၊ အေးငြိမ်းကြပါစေ၊ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ကြပါစေ။

ကိုညီညီတင် (ဉာဏ်လင်းမြို့)သာသနာတော်နှစ်၂၅၆၃၊ ၁၃၈၁ ပြည့်နှစ်၊ တပေါင်းလဆန်း(၁၁)ရက် နေ့ (၅-၃-၂၀၂၀)ရက်၊ကြာသပတေးနေ့။(နံနက်-၃:၂၂)Via ဓမ္မ အရသာ

Be the first to comment

Leave a Reply

Your email address will not be published.


*