ကြမ္းယာဆိုင္ဖြင့္၍ စီးပြားရွာလိုသူမ်ားအတြက္ နည္းလမ္းေကာင္း

ကြမ္းယာဆိုင္ဖြင့္၍ စီးပြားရွာလိုသူမ်ားအတြက္ နည္းလမ္းေကာင္း
ကြမ္းယာဆိုင္ဖြင့္၍ စီးပြားရွာလိုသူမ်ားအတြက္ နည္းလမ္းေကာင္း

ကြမ္းယာဆိုင္ဖြင့္၍ စီးပြားရွာလိုသူမ်ားအတြက္ နည္းလမ္းေကာင္း

ကြမ္းဝယ္ရာတြင္ စီးပြားေရးအျမင္အရ ကြမ္း႐ြက္ေသးေသးကိုသာ ဝယ္ရမည္။ အ႐ြက္ေသးပါက ပိႆာလိုက္ ဝယ္ယူရာတြင္ ႐ြက္ေရမ်ားမ်ားပိုရသျဖင့္ ကြမ္းယာအထြက္ ပိုျခင္းေၾကာင့္ျဖစ္သည္။

ကြမ္း႐ြက္ကို အရင္း(အ႐ိုး)ဘက္ႏွင့္ အဖ်ားဘက္ကို ညႇပ္ထားရသည္။ ကြမ္း႐ြက္ကို ေရေဆးၿပီး ဒိန္ခ်ဥ္ႏွင့္စိမ္ကာ ကြမ္းဘန္းထဲတြင္ညီညီညာညာ မွ်တ လွပေအာင္ စိမ္ထား ႏွပ္ထားပါက မိမိဆိုင္မွ ကြမ္းယာကို

စားလိုက္သည္ႏွင့္ ႏုႏုညံ့ညံ့အရသာကို ရရွိေစၿပီး စားသုံးသူမ်ား အႀကိဳက္ေတြ႕ေစမည္ ျဖစ္ပါသည္။

ထုံးစပ္နည္းအလြယ္နည္း

ကြမ္းယာပစၥည္းဆိုင္မွ အသင့္ေဖာက္ထားေသာ ထုံးဗူး (ေရသန္႔ဗူးႏွင့္)ထည့္ထားေသာထုံးဗူး သိုမဟုတ္ အထုတ္ကိုဝယ္ပါ အုန္းႏို႔(စတိုးဆိုင္မွာ အသင့္သုံးရွိ) မိမိကုန္ေလာက္မည့္ပမာဏကိုခ်ိန္ၿပီး

ထုံး ၅က်ပ္သားကို ထမင္းစားဇြန္းျဖင့္အုန္းႏို႔ တစ္ဇြန္းႏႈန္းထည့္ပါ ဟင္းခ်ိဳမႈံ႕ကို အမႈံျဖသ္သည္ထိ က်ိတ္ၿပီး ထုံ၅က်ပ္သားကို လဖက္စားဇြန္ ဇြန္ဝက္မရွိတရွိး/မန္းက်ည္ေစ့ခန္႔့ထည့္ပါ

ဆားကိုလည္း က်ိတ္ေခ်ၿပီး ထုံး၅က်ပ္သားကို ဆားအမႈံ႕ လဖက္စားဇြန္း တစ္ဇြန္းထည့္ၿပီး အဝက်ယ္ေသာ အိုး ခြက္ထဲထည့္ၿပီး စုတ္တန္ျဖင့္ ႏွံ႔ေအာင္ နာနာေမႊၿပီးစပ္ပါ

တအားျပစ္ေနလ်င္ ေရက်က္ေအးထည့္ပါ (ေရစိမ္းလုံးဝမထည့္ပါနဲ႔) မနက္မိုးလင္းေရာကပါက ေရမ်ားသြားလ်င္ အေရၾကည္ကို ခပ္ထုတ္ၿပီး မိမိေရာင္းမည့္ ထုံးအိုးထဲသို႔ထည့္ၿပီး ကြမ္းယာေရာင္းလို႔ရပါၿပီ

ကြမ္းက စားေကာင္းၿပီး ထုံးေပါက္ျခင္း စပ္ျခင္း လုံးဝ မျဖစ္ပါ (ညကတည္းက စပ္ထားရမည္ ) မွတ္ခ်က္ ပ်ားရည္ ေဆးသၾကာ သံပုရာသီး လုံးဝမထည့္ပါနဲ႔ ထုံးခ်ိဳသြာလ်င္ အခ်ိဳ႕က မႀကိဳက္ပါ

(ေရ ရွည္သုံးရန္ ထုံးစပ္နည္း)

ထုံး ၃ပိႆာ၊ဆား ၅၀-သား၊ ေက်ာက္ခ်ဥ္ ၁၀-သား

ပထမအဆင့္

ထုံးကို အင္တုံႀကီးထဲတြင္ ေရအနည္းငယ္ထည့္၍ ေျခပါ။ ေက်ာက္ခ်ဥ္ ၁၀-သားကို အမႈန္႔ျပဳၿပီးထည့္ပါ။ ႏွံ႔ေအာင္ေမႊပါ အထက္ေအာက္ ႏွံ႔ပါက ဆား၅၀-သားကို ထည့့္လိုက္ပါ ႏွံ႔ေအာင္ေမႊပါ။

ဒုတိယအဆင့္ ေရေႏြးဆူၿပီးသားကို ထုံ ေက်ာက္ခ်ဥ္ ဆား ထည့္ၿပီးသားထဲကို ေလာင္းထည့္ၿပီးေမႊပါ။ ေရထည့္ၿပီး ဖုံးအုပ္ပါ။ ၅-ရက္ခန္႔ၾကာေသာ္

ထုံးအိုးထဲမွ အရည္ၾကည္မ်ားကို သြန္ပါ။ ေရအသစ္ကိုထည့္ၿပီး တစ္ညအိပ္ စိမ္ပါ၊ မနက္လင္းရင္ အေပၚေရၾကည္ကိုသြန္။ ေျမအိုးမွာထည့္ၿပီး ပြက္ေအာင္က်ိဳပါ၊

မီးအေနေတာ္ေလာက္ ဆူပြက္လာရင္ အေအးခံထား၊ အေရၾကည္ကိုသြန္၊ေရျပန္ထည့္၊ ညသိပ္ၿပီး မနက္တိုင္း ေရၾကည္လဲေပးပါ၊ ေန႔စဥ္ေရလဲေပးရမည္။

တစ္ေန႔စာထုံးကို ေရေဖ်ာ္ၿပီး ပိတ္ပါးပါးနဲ႔စစ္ခ်ပါ။ ခဲ သလဲေတြစင္ၿပီး ႏုညံ့တဲ့ထုံးကိုရမယ္။ ထုံးကို အခ်ိဳမႈန္႔နည္းနည္း ဆားနည္းနည္းခ်ိန္ဆထည့္ပါ။ ထုံးကို ေရေဖ်ာ္ရာမွာ ေရေႏြးသုံးရမယ္။ ဒါက နည္းတစ္မ်ိဳးျဖစ္သည္။

ေနာက္တစ္နည္းက ထုံးကို အခ်ိန္တစိဆယ္ ႏွစ္ဆယ္ စသည္ျဖင့္ ဝယ္ထားပါ၊ ထုံးကို စဥ့္အိုးမ်ားတြင္ထည့္၍ ေရအျပည့္ထည့္ၿပီး စိမ္ထားပါ၊

ထုံးေရၾကည္မ်ားကို မၾကာခဏ သြန္ၿပီး ေရအသစ္ထည့္ကာ လဲလွယ္ေပးရမည္။ တစ္ခ်ိဳ႕ေသာ ထုံးအိုးမ်ားမွာ ႏွစ္ႏွင့္ခ်ီၾကာေအာင္ပင္ ေရစိမ္ထားၾကရသည္။

ထို႔ေၾကာင့္ ထုံးစပ္ျခင္း၊ ထုံးေပါက္ျခင္း အာနိသင္မ်ား ေလ်ာ့သြားျခင္းျဖစ္သည္။ ထုံးအိုးမ်ားမွ ထုံးကို တစ္ေန႔စာ ေရာင္ကုန္မည့္အခ်ိဳးအစားကိုၾကည့္၍ အသုံးျပဳရန္ ယူရမည္။

ေၾကးအိုး(သို႔မဟုတ္)ေျမအိုး စသည္တို႔တြင္ ထည့္ၿပီး တစ္ညလုံးေရစိမ္ထားရမည္။ နံနက္ဘက္တြင္ ေရၾကည္မ်ားကို သြန္ၿပီး ေရအသစ္ထည့္၍ ႏြားႏို႔ႏွင့္သမေအာင္ ေရာေမႊကာ အသုံးျပဳရမည္ ျဖစ္ပါသည္။

ထုံးမွာ ဆြဲတိုင္း လိုက္ၿပီး စားသုံးသူမ်ားမွာ အာေပါက္ျခင္း မရွိေတာ့ေခ်။ သို႔ေသာ္ ႏိုးေရာစပ္ထားေသာ ထုံးမွာ တစ္ေန႔သုံးျဖစ္သျဖင့္ မကုန္လွ်င္ သြန္ပစ္ၿပီး အိုးကို သန္႔ရွင္းေအာင္ စင္ၾကယ္စြာ ေဆးေၾကာထားရမည္။

ကြမ္းသီ

ေစ်းထဲမွ ညႇပ္ၿပီးေရာင္းေသာ ကြမ္းသီးစိပ္မ်ားကို အသုံးမျပဳပါႏွင့္။ ကြမ္းသီးဝယ္ကာ ကြမ္းသီးျခမ္းကို ေရဝေအာင္ စိမ္ၿပီး ညႇပ္ကာေနပူပူတြင္ ႂကြပ္ေအာင္ လွန္းထားရသည္။

ယင္းေနာက္ မျပင္းလြန္း မပူလြန္းေသာ မီးရွိန္ရွိန္တြင္ ကြမ္းသီးကို မတူးေအာင္ မခ်စ္ေအာင္ ေလွာ္ေပးရသည္။

ဤကဲ့သို႔ ေလွာ္ထားေသာ ကြမ္းသီးစိပ္မွာ စားရာတြင္ ပ်င္းတြဲျခင္းမရွိဘဲ ႂကြပ္ႂကြပ္႐ြ႐ြျဖစ္ၿပီး စားသူ၏ သြားကို ဝါးခ်င္ၿပီးရင္း ဝါးခ်င္လာေအာင္ စြဲေဆာင္မႈတစ္မ်ိဳးပင္ျဖစ္သည္။

ရွားေစး

ရွားေစးမွာ ထုံးႏွင့္မိတ္ဘက္ျဖစ္သည္။ ထုံးမ်ားလွ်င္လည္း စားမေကာင္း၊ ရွားေစးမ်ားလွ်င္လည္း စားမေကာင္း ျဖစ္တတ္သည္။ ရွားေစးမွာ ထုံးကို ႏိုင္ေပသည္။

သို႔ရာတြင္ ရွားေစးမမ်ားဖို႔ လက္အခ်ိန္အဆ ကြၽမ္းက်င္မႈလိုသည္။ ရွားေစးမွာ ထုံးကဲ့သို႔ပင္ အိုးထဲတြင္ အရည္ေဖ်ာ္ကာ စိမ္ထားၿပီး နံနက္ဘက္တြင္ အဖန္ရည္မ်ား သြန္ပစ္ကာ အာေမႊးဆီထည့္ၿပီး သမေပးရမည္။ ရွားေစးအနံ႔မွာ သင္းပ်ံ႕ပ်ံ႕ႏွင့္ စားသုံးသူမ်ား အႀကိဳက္ေတြ႕ေစမည္ျဖစ္သည္။

ဗမာေဆး

ေဆးကို တစ္ေန႔စာအတြက္သာ ကြမ္းတယာသုံး အ႐ြယ္မ်ား ညႇပ္ထားၿပီး ေလးလံေအာင္ထားရမည္။ က်န္ေဆးမ်ားကို မၾကာခဏ ေနပူလွန္းေပးရမည္။ အစိုျပန္ျခင္မွ ကာကြယ္ရေလသည္။

ေလသလပ္ကာ အစိုျပန္ပါက ေဆူအရသာမွာ ပူစပ္ခါးျဖစ္ၿပီး အရသာမေကာင္းေခ်။ယင္းအတြက္ေၾကာင့္ ေဆးကို စကၠဴျဖင့္ပတ္ၿပီး စကၠဴေပၚမွ အဝတ္ (သို႔မဟုတ္)အိတ္ျဖင့္ ပတ္ထားရမည္။

ႏွပ္ေဆး စပ္နည္း

ႏွပ္ေဆးအထုတ္ကို ဝယ္ပါ ေကာ္ဗူး ဖန္ဗူးစသည္ထဲကို ထည့္ၿပီး ေဆးအဖတ္ႀကီးေနလ်င္ ကပ္ေက်းျဖင့္ညႇပ္ပါ ေရွာက္ေပါင္း/သံပုရာအရက္ကို လဘက္ရည္ပုဂံအၾကမ္းျဖင့္ ႏွစ္ခြက္ထည့္ပါ

ပ်ားရည္စစ္စစ္ကိုလည္း ထမင္းစားဇြန္းတဝက္ေလာက္ထည့္ပါ ကြၽဲ႐ိုင္း/ခ်ပ္ဗူး ေဖ်ာ္ရည္ တဗူးထည့္ပါ သမေအာင္ ေမႊၿပီးညကတည္းက ႏွပ္ထာပါ မကုန္လ်င္ ပုပ္ျခင္း နံျခင္းမရွိပဲ ရက္ၾကာေလ ပိုေကာင္းေလ ျဖစ္ပါတယ္

ကြမ္းယာ အဓိကပစၥည္းမ်ား

၁။ကြမ္း၊ ၂။ထုံး၊ ၃။ကြမ္းသီး၊ ၄။ရွားေစး၊ ၅။ဗမာေဆး၊ ၆။ဗူးေဆး၊ ၇။ပုလင္းေဆး

အရန္ပစၥည္းမ်ား

၁။အာေမႊး အလုံး၊ ၂။အာေမႊး(အရည္)ေခၚပ႐ုတ္အာေမႊး၊ ၃။စမုံစပါး၊ ၄။နံနံေစ့၊ ၅။ႏြယ္ခ်ိဳ အမႈန္႔ႀကိတ္ၿပီး၊ ၆။ႏြယ္ခ်ိဳ အျမစ္၊ ၇။ကြမ္းစားဂမုန္း၊ ၈။ဘိတ္ေစ့၊ ၉။ႏွပ္ေဆး၊ ၁၀။ပ႐ုပ္၊ ၁၁။ေလညႇင္း၊ ၁၂။ကြန္းသီးအမႈန္႔

၁၃။ဖာလာေစ့၊ ၁၄။အာေမႊးဆီ(ရွားေစးေဖ်ာ္ရာတြင္အသုံးျပဳရန္)၊ ၁၅။ဒိန္ခ်ဥ္(ကြမ္းအတြက္အသုံးျပဳရန္)၊ ၁၆။ႏြားႏို႔(ထုံးေဖ်ာ္ရာတြင္အသုံးျပဳရန္)

အထက္ပါ ပစၥည္မ်ား စုံစုံလင္လင္ရွိၿပီး ေျပာျပထားသည့္ လွ်ိဳ႕ဝွက္ခ်က္နည္းပညာအတိုင္း ကြမ္းယာဆိုင္ေထာင္ကာ အသုံးျပဳၾကမည္ဆိုပါက

မိတ္ေဆြ၏ ဆိုင္သည္ အဆင္ေျပ ၿပီး လူႀကိဳက္မ်ားေသာ စားသုံးသူတို႔ အသဲစြဲေသာ ကြမ္းယာဆိုင္ေကာင္း တစ္ဆိုင္ ျဖစ္မည္ဆိုတဲ့အေၾကာင္း

စာခ်စ္သူ မိတ္ေဆြမ်ားႏွင့္ ရင္းႏွီးေသာ မိတ္ေဆြမ်ားအတြက္ ဘဝတြင္ လက္ေတြ႕အသုံးက်ေစမည့္ ကြမ္းယာ၏ လွ်ိဳ႕ဝွက္ခ်က္ နည္းလမ္းအား

စာေရးသူ သိရွိ မွတ္သားမိသမွ် ေစတနာ ဆႏၵအရင္းခံ၍ အသိအျမင္ ဗဟုသုမ်ားကို မွ်းေဝေပးလိုက္ျခင္းျဖစ္ပါသည္။မူရင္းေရးသားသူအား ေလးစားစြာ ခရက္ဒစ္ေပးပါသည္။

Unicode

ကွမ်းယာဆိုင်ဖွင့်၍ စီးပွားရှာလိုသူများအတွက် နည်းလမ်းကောင်း

ကွမ်းဝယ်ရာတွင် စီးပွားရေးအမြင်အရ ကွမ်းရွက်သေးသေးကိုသာ ဝယ်ရမည်။ အရွက်သေးပါက ပိဿာလိုက် ဝယ်ယူရာတွင် ရွက်ရေများများပိုရသဖြင့် ကွမ်းယာအထွက် ပိုခြင်းကြောင့်ဖြစ်သည်။

ကွမ်းရွက်ကို အရင်း(အရိုး)ဘက်နှင့် အဖျားဘက်ကို ညှပ်ထားရသည်။ ကွမ်းရွက်ကို ရေဆေးပြီး ဒိန်ချဉ်နှင့်စိမ်ကာ ကွမ်းဘန်းထဲတွင်ညီညီညာညာ မျှတ လှပအောင် စိမ်ထား နှပ်ထားပါက မိမိဆိုင်မှ ကွမ်းယာကို

စားလိုက်သည်နှင့် နုနုညံ့ညံ့အရသာကို ရရှိစေပြီး စားသုံးသူများ အကြိုက်တွေ့စေမည် ဖြစ်ပါသည်။

ထုံးစပ်နည်းအလွယ်နည်း

ကွမ်းယာပစ္စည်းဆိုင်မှ အသင့်ဖောက်ထားသော ထုံးဗူး (ရေသန့်ဗူးနှင့်)ထည့်ထားသောထုံးဗူး သိုမဟုတ် အထုတ်ကိုဝယ်ပါ အုန်းနို့(စတိုးဆိုင်မှာ အသင့်သုံးရှိ) မိမိကုန်လောက်မည့်ပမာဏကိုချိန်ပြီး

ထုံး ၅ကျပ်သားကို ထမင်းစားဇွန်းဖြင့်အုန်းနို့ တစ်ဇွန်းနှုန်းထည့်ပါ ဟင်းချိုမှုံ့ကို အမှုံဖြသ်သည်ထိ ကျိတ်ပြီး ထုံ၅ကျပ်သားကို လဖက်စားဇွန် ဇွန်ဝက်မရှိတရှိး/မန်းကျည်စေ့ခန့့်ထည့်ပါ

ဆားကိုလည်း ကျိတ်ချေပြီး ထုံး၅ကျပ်သားကို ဆားအမှုံ့ လဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး အဝကျယ်သော အိုး ခွက်ထဲထည့်ပြီး စုတ်တန်ဖြင့် နှံ့အောင် နာနာမွှေပြီးစပ်ပါ

တအားပြစ်နေလျင် ရေကျက်အေးထည့်ပါ (ရေစိမ်းလုံးဝမထည့်ပါနဲ့) မနက်မိုးလင်းရောကပါက ရေများသွားလျင် အရေကြည်ကို ခပ်ထုတ်ပြီး မိမိရောင်းမည့် ထုံးအိုးထဲသို့ထည့်ပြီး ကွမ်းယာရောင်းလို့ရပါပြီ

ကွမ်းက စားကောင်းပြီး ထုံးပေါက်ခြင်း စပ်ခြင်း လုံးဝ မဖြစ်ပါ (ညကတည်းက စပ်ထားရမည် ) မှတ်ချက် ပျားရည် ဆေးသကြာ သံပုရာသီး လုံးဝမထည့်ပါနဲ့ ထုံးချိုသွာလျင် အချို့က မကြိုက်ပါ

(ရေ ရှည်သုံးရန် ထုံးစပ်နည်း)

ထုံး ၃ပိဿာ၊ဆား ၅၀-သား၊ ကျောက်ချဉ် ၁၀-သား

ပထမအဆင့်

ထုံးကို အင်တုံကြီးထဲတွင် ရေအနည်းငယ်ထည့်၍ ခြေပါ။ ကျောက်ချဉ် ၁၀-သားကို အမှုန့်ပြုပြီးထည့်ပါ။ နှံ့အောင်မွှေပါ အထက်အောက် နှံ့ပါက ဆား၅၀-သားကို ထည့်လိုက်ပါ နှံ့အောင်မွှေပါ။

ဒုတိယအဆင့် ရေနွေးဆူပြီးသားကို ထုံ ကျောက်ချဉ် ဆား ထည့်ပြီးသားထဲကို လောင်းထည့်ပြီးမွှေပါ။ ရေထည့်ပြီး ဖုံးအုပ်ပါ။ ၅-ရက်ခန့်ကြာသော်

ထုံးအိုးထဲမှ အရည်ကြည်များကို သွန်ပါ။ ရေအသစ်ကိုထည့်ပြီး တစ်ညအိပ် စိမ်ပါ၊ မနက်လင်းရင် အပေါ်ရေကြည်ကိုသွန်။ မြေအိုးမှာထည့်ပြီး ပွက်အောင်ကျိုပါ၊

မီးအနေတော်လောက် ဆူပွက်လာရင် အအေးခံထား၊ အရေကြည်ကိုသွန်၊ရေပြန်ထည့်၊ ညသိပ်ပြီး မနက်တိုင်း ရေကြည်လဲပေးပါ၊ နေ့စဉ်ရေလဲပေးရမည်။

တစ်နေ့စာထုံးကို ရေဖျော်ပြီး ပိတ်ပါးပါးနဲ့စစ်ချပါ။ ခဲ သလဲတွေစင်ပြီး နုညံ့တဲ့ထုံးကိုရမယ်။ ထုံးကို အချိုမှုန့်နည်းနည်း ဆားနည်းနည်းချိန်ဆထည့်ပါ။ ထုံးကို ရေဖျော်ရာမှာ ရေနွေးသုံးရမယ်။ ဒါက နည်းတစ်မျိုးဖြစ်သည်။

နောက်တစ်နည်းက ထုံးကို အချိန်တစိဆယ် နှစ်ဆယ် စသည်ဖြင့် ဝယ်ထားပါ၊ ထုံးကို စဉ့်အိုးများတွင်ထည့်၍ ရေအပြည့်ထည့်ပြီး စိမ်ထားပါ၊

ထုံးရေကြည်များကို မကြာခဏ သွန်ပြီး ရေအသစ်ထည့်ကာ လဲလှယ်ပေးရမည်။ တစ်ချို့သော ထုံးအိုးများမှာ နှစ်နှင့်ချီကြာအောင်ပင် ရေစိမ်ထားကြရသည်။

ထို့ကြောင့် ထုံးစပ်ခြင်း၊ ထုံးပေါက်ခြင်း အာနိသင်များ လျော့သွားခြင်းဖြစ်သည်။ ထုံးအိုးများမှ ထုံးကို တစ်နေ့စာ ရောင်ကုန်မည့်အချိုးအစားကိုကြည့်၍ အသုံးပြုရန် ယူရမည်။

ကြေးအိုး(သို့မဟုတ်)မြေအိုး စသည်တို့တွင် ထည့်ပြီး တစ်ညလုံးရေစိမ်ထားရမည်။ နံနက်ဘက်တွင် ရေကြည်များကို သွန်ပြီး ရေအသစ်ထည့်၍ နွားနို့နှင့်သမအောင် ရောမွှေကာ အသုံးပြုရမည် ဖြစ်ပါသည်။

ထုံးမှာ ဆွဲတိုင်း လိုက်ပြီး စားသုံးသူများမှာ အာပေါက်ခြင်း မရှိတော့ချေ။ သို့သော် နိုးရောစပ်ထားသော ထုံးမှာ တစ်နေ့သုံးဖြစ်သဖြင့် မကုန်လျှင် သွန်ပစ်ပြီး အိုးကို သန့်ရှင်းအောင် စင်ကြယ်စွာ ဆေးကြောထားရမည်။

ကွမ်းသီ

ဈေးထဲမှ ညှပ်ပြီးရောင်းသော ကွမ်းသီးစိပ်များကို အသုံးမပြုပါနှင့်။ ကွမ်းသီးဝယ်ကာ ကွမ်းသီးခြမ်းကို ရေဝအောင် စိမ်ပြီး ညှပ်ကာနေပူပူတွင် ကြွပ်အောင် လှန်းထားရသည်။

ယင်းနောက် မပြင်းလွန်း မပူလွန်းသော မီးရှိန်ရှိန်တွင် ကွမ်းသီးကို မတူးအောင် မချစ်အောင် လှော်ပေးရသည်။

ဤကဲ့သို့ လှော်ထားသော ကွမ်းသီးစိပ်မှာ စားရာတွင် ပျင်းတွဲခြင်းမရှိဘဲ ကြွပ်ကြွပ်ရွရွဖြစ်ပြီး စားသူ၏ သွားကို ဝါးချင်ပြီးရင်း ဝါးချင်လာအောင် စွဲဆောင်မှုတစ်မျိုးပင်ဖြစ်သည်။

ရှားစေး

ရှားစေးမှာ ထုံးနှင့်မိတ်ဘက်ဖြစ်သည်။ ထုံးများလျှင်လည်း စားမကောင်း၊ ရှားစေးများလျှင်လည်း စားမကောင်း ဖြစ်တတ်သည်။ ရှားစေးမှာ ထုံးကို နိုင်ပေသည်။

သို့ရာတွင် ရှားစေးမများဖို့ လက်အချိန်အဆ ကျွမ်းကျင်မှုလိုသည်။ ရှားစေးမှာ ထုံးကဲ့သို့ပင် အိုးထဲတွင် အရည်ဖျော်ကာ စိမ်ထားပြီး နံနက်ဘက်တွင် အဖန်ရည်များ သွန်ပစ်ကာ အာမွှေးဆီထည့်ပြီး သမပေးရမည်။ ရှားစေးအနံ့မှာ သင်းပျံ့ပျံ့နှင့် စားသုံးသူများ အကြိုက်တွေ့စေမည်ဖြစ်သည်။

ဗမာဆေး

ဆေးကို တစ်နေ့စာအတွက်သာ ကွမ်းတယာသုံး အရွယ်များ ညှပ်ထားပြီး လေးလံအောင်ထားရမည်။ ကျန်ဆေးများကို မကြာခဏ နေပူလှန်းပေးရမည်။ အစိုပြန်ခြင်မှ ကာကွယ်ရလေသည်။

လေသလပ်ကာ အစိုပြန်ပါက ဆေူအရသာမှာ ပူစပ်ခါးဖြစ်ပြီး အရသာမကောင်းချေ။ယင်းအတွက်ကြောင့် ဆေးကို စက္ကူဖြင့်ပတ်ပြီး စက္ကူပေါ်မှ အဝတ် (သို့မဟုတ်)အိတ်ဖြင့် ပတ်ထားရမည်။

နှပ်ဆေး စပ်နည်း

နှပ်ဆေးအထုတ်ကို ဝယ်ပါ ကော်ဗူး ဖန်ဗူးစသည်ထဲကို ထည့်ပြီး ဆေးအဖတ်ကြီးနေလျင် ကပ်ကျေးဖြင့်ညှပ်ပါ ရှောက်ပေါင်း/သံပုရာအရက်ကို လဘက်ရည်ပုဂံအကြမ်းဖြင့် နှစ်ခွက်ထည့်ပါ

ပျားရည်စစ်စစ်ကိုလည်း ထမင်းစားဇွန်းတဝက်လောက်ထည့်ပါ ကျွဲရိုင်း/ချပ်ဗူး ဖျော်ရည် တဗူးထည့်ပါ သမအောင် မွှေပြီးညကတည်းက နှပ်ထာပါ မကုန်လျင် ပုပ်ခြင်း နံခြင်းမရှိပဲ ရက်ကြာလေ ပိုကောင်းလေ ဖြစ်ပါတယ်

ကွမ်းယာ အဓိကပစ္စည်းများ

၁။ကွမ်း၊ ၂။ထုံး၊ ၃။ကွမ်းသီး၊ ၄။ရှားစေး၊ ၅။ဗမာဆေး၊ ၆။ဗူးဆေး၊ ၇။ပုလင်းဆေး

အရန်ပစ္စည်းများ

၁။အာမွှေး အလုံး၊ ၂။အာမွှေး(အရည်)ခေါ်ပရုတ်အာမွှေး၊ ၃။စမုံစပါး၊ ၄။နံနံစေ့၊ ၅။နွယ်ချို အမှုန့်ကြိတ်ပြီး၊ ၆။နွယ်ချို အမြစ်၊ ၇။ကွမ်းစားဂမုန်း၊ ၈။ဘိတ်စေ့၊ ၉။နှပ်ဆေး၊ ၁၀။ပရုပ်၊ ၁၁။လေညှင်း၊ ၁၂။ကွန်းသီးအမှုန့်

၁၃။ဖာလာစေ့၊ ၁၄။အာမွှေးဆီ(ရှားစေးဖျော်ရာတွင်အသုံးပြုရန်)၊ ၁၅။ဒိန်ချဉ်(ကွမ်းအတွက်အသုံးပြုရန်)၊ ၁၆။နွားနို့(ထုံးဖျော်ရာတွင်အသုံးပြုရန်)

အထက်ပါ ပစ္စည်များ စုံစုံလင်လင်ရှိပြီး ပြောပြထားသည့် လျှို့ဝှက်ချက်နည်းပညာအတိုင်း ကွမ်းယာဆိုင်ထောင်ကာ အသုံးပြုကြမည်ဆိုပါက

မိတ်ဆွေ၏ ဆိုင်သည် အဆင်ပြေ ပြီး လူကြိုက်များသော စားသုံးသူတို့ အသဲစွဲသော ကွမ်းယာဆိုင်ကောင်း တစ်ဆိုင် ဖြစ်မည်ဆိုတဲ့အကြောင်း

စာချစ်သူ မိတ်ဆွေများနှင့် ရင်းနှီးသော မိတ်ဆွေများအတွက် ဘဝတွင် လက်တွေ့အသုံးကျစေမည့် ကွမ်းယာ၏ လျှို့ဝှက်ချက် နည်းလမ်းအား

စာရေးသူ သိရှိ မှတ်သားမိသမျှ စေတနာ ဆန္ဒအရင်းခံ၍ အသိအမြင် ဗဟုသုများကို မျှးဝေပေးလိုက်ခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*