၎တန်းမအောင်တာ ကံကောင်းတယ် ငါ့တူ… ဦးသာ ၄တန်း အာင်ခဲ့ရင် ခုချိန်ဆို ဒရဝမ်ပဲ ဖြစ်မှာပါ…
Unicode
တစ်ချိန်တုန်းက ၄တန်းမအောင်ခဲ့လို့ပါ
တစ်ချိန်တုန်းက ဦးသာဝဆိုတဲ့ သူဌေးတစ်ဦး ဘဏ်လာပြီး ငွေတွေ ခဏ ခဏ အပ်တယ်။ စာမတတ်တော့ လက်ဗွေနှိပ်ပြီး အပ်ရ တာပေါ့။
တစ်နေ့မှာတော့ ဘဏ်စာရေးက ဦးသာဝရယ် ခင်ဗျား ၄တန်း မအောင်လို့သာ… ၁၀တန်းများ အောင်ခဲ့ရင် ကမ္ဘာကျော် သူဌေး ဖြစ်မှာလို့ ပြောတဲ့အခါ…
ငါ့တူရယ် ဦး ၄တန်း မအောင်လို့သာ သူဌေး ဖြစ်တာ။ ၄တန်းများ အောင်ရင် ဒရဝမ်ပဲ ဖြစ်မှာပါ။
ဘယ်လိုလဲ ဦးရဲ့ ရှင်းပြ ပါဦး… ဒီလိုကွဲ့ ငါ့တူရဲ့ ဦး အလုပ် မရှိလို့ လိုက်လျှောက်တော့ ၁၀တန်း အောင်သလားလို့ မေးတယ်… ကိုယ်ကမှ မအောင်တော့ ဘယ်ရ မလဲကွာ။
ဒီလိုနဲ့ တစ်နေ့ မှာတော့ ကျောင်းဒရဝမ် လိုတယ် ကြားလို့သွားလျှောက်တာ ၄တန်းအောင်သလားတဲ့ … ကိုယ်ကမှ မအောင်တာ ဘယ်ရမလဲ။
ဒါနဲ့ ဦးလည်း ကြုံရာ ကျပန်း အလုပ် လုပ်တော့ တာပေါ့။ အရင်းအနှီးလေး ရှိလာတော့ အရောင်းအဝယ် လုပ်တယ်။ ဒီလို တိုးချဲ့ကြိုးစားရင်း သူဌေး ဖြစ်လာခဲ့တာ #၄တန်း မအောင်ခဲ့ လို့ပါ…။
၄တန်းမအောင်တာ ကံကောင်းတယ် ငါ့တူ… ဦးသာ ၄တန်း အာင်ခဲ့ရင် ခုချိန်ဆို ဒရဝမ်ပဲ ဖြစ်မှာပါ…
ဦးသာဝ စကား အဆုံးမှာ တော့ ဘွဲ့ရ ဘဏ်စာရေး ခဗျာ ဘာမှ မပြောနိုင်တော့ပဲ အတွေးတစ်ခု ဝင်လာ ပါတော့တယ် … အင်း…..ငါတော့ ဘွဲ့ရတာ မှားပြီနဲ့ တူတယ်လို့သာ… ဝမ်းနည်းပက်လက် ဖြစ်သွားတော့ သတဲ့…
သင်ခန်းစာ ကတော့ ဖြစ်မလာတဲ့ အခြေအနေကြီးကို တွေးပြီး သောကေ ရာက်နေကြမဲ့အစား ရရှိလာတဲ့ အခြေအနေနဲ့ အချိန်အခါ ကို အကောင်းဆုံး ဖန်တီးယူပါ လို့။
Crd** See less
Be the first to comment
Leave a Reply
Your email address will not be published.
*