၁။ ဆား
၂။ ရွှံ့
၎။ နာနတ်ရွက်နဲ့ ဆား
Unicode
ခြေဖဝါးကနေ အပူအပုပ်နှင့် အဆိပ်အတောက်များကို ထုတ်ပေးနိုင်တဲ့ နည်းလမ်းအချို့
ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်သလို ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အဆိပ်အတောက်တွေလဲ ပါကောင်းပါနိုင်ပါတယ်။
အချိန်တိုအတွင်းမှ သိသာမှု မရှိပေမဲ့ ရေရှည် ဆိုရင်တော့ သင့်ကျန်းမာရေးအတွက် ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါ့ကြောင့် နေ့စဉ်အစားအသောက်တွေ စားပြီးတိုင်း ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားလို့ရမဲ့ နည်းလမ်းလေး လမ်းညွှန်ပေးလိုက်ပါတယ်။
ကျွန်တော်တို့ရဲ့ ခြေထောက်ဟာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ အများကြီးဆက်နွယ်မှု ရှိပါတယ်။ ဒါ့ကြောင့် ခြေထောက်မှ ခန္ဓာကိုယ်အတွင်းက မလိုအပ်တဲ့ အစိတ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ကိုယ်ခံအားစနစ်ကို တိုမြှင့်ပေးခြင်းတို့ကို လုပ်ဆောင် ပေးနိုင်ပါတယ်။
၁။ ဆား
ခြေထောက်ကနေ ခန္ဓာကိုယ်အတွင်းက မလိုအပ်တဲ့ အဆိပ်တွေဖယ်ရှားဖို့ အတွက် ဆားက ထိရောက်တဲ့ ပစ္စည်း တစ်မျိုးပဲ ဖြစ်ပါတယ်။
ပင်လယ်ဆားနဲ့ Epsom ဆား အချိုးတူ၊ မုန့်ဖုတ်ဆိုဒါ ၂ခွက်၊ သံပုရာဆီ၊ ယူကလစ်ဆီ၊ ပူစီနံဆီ၊ လာဗင်ဒါဆီ စတဲ့ ဆီတစ်ခုဖြစ်ဖြစ် တစ်မျိုးမျိုးကို တစ်ပေါက် ၂ပေါက်လောက် ပေါင်းထည့်လိုက်ပါ။
ပြီးလျှင် အဆိုပါ အရောအနှောကိုေြ ခထောက် စိမ်ရုံလောက် ခန့်မှန်းပြီး ရေထည့်ပါ။ ပြီးလျှင် အဆိုပါအိုး ဆူလာတဲ့အထိ တည်ပြီး မွှေပေးပါ။ အဲ့ဒီနောက် အဆိုပါရေကို နွေးနွေးလေးဖြစ်အောင်အအေးခံပြီး သင့်ရဲ့ ခြေထောက်စုံကို ထိုရည်ထဲမှာ မိနစ် ၃၀လောက် စိမ်ထားပေးပါ။
ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အပြင် အသားအရေ ယားယံခြင်းကို ပျောက်ကင်းဆေးပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ မဂ္ဂနီဆီယမ်ဓာတ်ကိုပါ ဖြည့်စမ်းပေးနိုင်ပါတယ်။
၂။ ရွှံ့
Epsom ဆားနဲ့ Bentonite ရွှံ့ ကို ဆတူရောက်စပ်ပြီး သံပုရာဆီ၊ ယူကလစ်ဆီ၊ ပူစီနံဆီ၊ လာဗင်ဒါဆီ စတဲ့ ဆီတစ်ခုဖြစ်ဖြစ် တစ်မျိုးမျိုးကို တစ်ပေါက် နှစ်ပေါက်လောက် ထည့်ပေးပါ။ အားလုံးကိုရောမွှေပြီး အဆိုပါ အရောအနှောထဲကို ရေနွေးထည့်ပြီး မွှေပေးပါ။
ခပ်နွေးနွေး အနေအထားကို ရောက်တဲ့အခါ သင့်ရဲ့ ခြေထောက်ကို မိနစ် ၂၀လောက် ထိုရည်ထဲမှာ စိမ်ထားပေးပါ။ အချိန်တိုအတွင်း သင့်ခန္ဓာကိုယ်မှာ ရှိတဲ့ အဆိပ်အတောက်တွေကို ခြေဖဝါးကနေတဆင့် စုပ်ယူသွားမှာ ဖြစ်ပါတယ်။
၃။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်
ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ၂ခွက်နဲ့ ဂျင်းအခြောက်မှုန့်ကို ရောစပ်ပြီး ထိုထဲကို ရေနွေးထည့်ပြီး မွှေပေးပါ။ အသင့်ဖြစ်တဲ့အခါ သင့်ခြေထောက်ကို အဆိုပါ ရေထဲမှာ မိနစ် ၃၀ လောက် စိမ်ထားပေးလိုက်ပါ။ အဆိပ်အတောက်ကို ဖယ်ရှားပေးတဲ့အပြင် ယားယံခြင်း၊ ဓာတ်မတည်ခြင်း နဲ့ စိတ်ဖိစီမှုကိုပါလျော့ချပေးနိုင်ပါတယ်။
၄။ နာနတ်ရွက်နဲ့ ဆား
ညဘက် အိပ်ခါနီးအချိန် ပြုလုပ်ပေးပါက ခန္ဓာကိုယ်က အပူတွေ ထွက်ပြီး ညဘက်ကောင်းကောင်းအိပ်ပျော်စေတဲ့အပြင် လူကိုလည်း ပေါ့ပါးလန်းဆန်းစေပါတယ်။
နာနတ်ရွက်ကို ဘေးက ဆူးတွေဖ ယ်ထုတ်ပြီး လိမ့်လိုက်ပါ။ ပြီးရင် အနည်းငယ် ထုချေပြီ ဆားလူးပြီး ခြေဖဝါးနှစ်ဖက်ကို ၅မိနစ်/ ၁၀မိနစ်လာက် ပွတ်တိုက်ပေးပါ။ ပြီးမှ သင့်ခြေထောက်ကို ရေဖြင့် သန့်စင်ပေးလိုက်ပါ။Crd မူရင်း
Be the first to comment
Leave a Reply
Your email address will not be published.
*