“ခ်မ္းသာဖို႔ နည္းလမ္း (Leverage Power (ကုတ္အား))”တေထာင္မွာ တေယာက္ အက်ိဳးရိွရင္ တင္ေပးရက်ိဳး နပ္ပါျပီ

"ခ်မ္းသာဖို႔ နည္းလမ္း (Leverage Power (ကုတ္အား))"တေထာင္မွာ တေယာက္ အက်ိဳးရိွရင္ တင္ေပးရက်ိဳး နပ္ပါျပီ
"ခ်မ္းသာဖို႔ နည္းလမ္း (Leverage Power (ကုတ္အား))"တေထာင္မွာ တေယာက္ အက်ိဳးရိွရင္ တင္ေပးရက်ိဳး နပ္ပါျပီ

“ခ်မ္းသာဖို႔ နည္းလမ္း (Leverage Power (ကုတ္အား))”တေထာင္မွာ တေယာက္ အက်ိဳးရိွရင္ တင္ေပးရက်ိဳး နပ္ပါျပီ

သင္တစ္ေယာက္တည္းအလုပ္ကေပးအပ္တဲ့တာ၀န္ကိုက်ားကုတ္က်ားခဲေန႔မအိပ္ညမအိပ္ႀကိဳးစားေန႐ုံနဲ႔ လူခ်မ္းသာတစ္ေယာက္မျဖစ္ႏိုင္ပါဘူး။ သင္ကတစ္လကို ၀င္ေငြ ၁၀ သိန္းရွိတယ္ဆိုရင္ တစ္လကို ၃ သိန္းေလာက္ေတာ့စုေကာင္းစုမိပါလိမ့္မယ္။

တစ္လ ၃သိန္းႏႈန္းနဲ႔ အႏွစ္ ၄၀ ေလာက္ အဘိုးႀကီး၊အဘြားႀကီးျဖစ္တဲ့အခ်ိန္အထိမွန္မွန္စုႏိုင္တဲ့အခါမွ သိန္းေပါင္း ၁၄၄၀ ေလာက္စုမိပါလိမ့္မယ္။ ဒါေပမယ့္ကိုယ္ အသက္ ၆၀ ေက်ာ္ေလာက္ေရာက္တဲ့အခ်ိန္မွာ ေငြေၾကးေဖာင္းပြတာနဲ႔ ပါထည့္ တြက္မယ္ဆိုရင္ သိန္းေပါင္း ၁၄၀၀ ေက်ာ္ေလာက္ဟာ သိန္း ၆၀၀ ၀န္းက်င္ေလာက္ပဲတန္ဖိုးရွိေတာ့မွာပါ။

ႏွစ္ေပါင္း၄၀ ေလာက္ ေသေၾကေအာင္လုပ္ၿပီး မွန္မွန္စုတာေတာင္ ဒီေလာက္ေလးပဲရမယ္ဆိုရင္ေတာ့ သိပ္ဟန္မက်ေသးဘူးလို႔ေျပာရမွာပဲ။ ထပ္ေျပာပါရေစဦး။ သင္ကတစ္ေန႔ကို ၈နာရီႏႈန္းနဲ႔ ႏွစ္ေပါင္း၄၀ အလုပ္လုပ္တာဟာ နာရီေပါင္း ၃,၅၀၄,၀၀၀ နာရီေလာက္ အလုပ္လုပ္ ခဲ့တဲ့အဓိပါယ္ပါပဲ။

တစ္ကယ္လို႔မ်ား လူေပါင္း ၄၀ ေလာက္ကတစ္ေန႔ကို ၈ နာရီႏႈန္းနဲ႔ဝိုင္းၿပီး ကိုယ့္အတြက္အလုပ္လုပ္ၾကမယ္ဆိုရင္ကိုယ္ ႏွစ္ေပါင္း ၄၀ ေလာက္ျဖတ္သန္းၿပီး လုပ္ရမယ့္အခ်ိန္ေတြနဲ႔ ရရွိမယ့္ ခ်မ္းသာႂကြယ္၀မႈက ဘယ္လိုျဖစ္မယ္ထင္သလဲ????

က်ိန္းေသတာကေတာ့အႏွစ္၄၀ေလာက္ကိုယ္တစ္ေယာက္တည္းလုပ္ရတဲ့ လုပ္အားနာရီေပါင္း ၃,၅၀၄,၀၀၀ နာရီဟာ လူ၄၀၀ိုင္းလုပ္တဲ့အခါ ၁ႏွစ္ပဲၾကာပါလိမ့္မယ္။ ႏွစ္ေပါင္း၄၀ရွာရတဲ့ ေငြေၾကးပမာဏကို ႏွစ္အနည္းငယ္အတြင္းရွာႏိုင္ပါလိမ့္မယ္။

ဥပမာတစ္ခုေပးပါရေစ…

တန္ခ်ိန္နဲ႔ခ်ီတဲ့ေက်ာက္တုံးႀကီးတစ္တုံးကိုလူတစ္ေယာက္အေနနဲ႔ေ႐ႊ႕ေအာင္တြန္းဖို႔ျဖစ္ႏိုင္သလားဆိုရင္အေျဖကေတာ့…ဘယ္လိုမွမျဖစ္ႏိုင္ပါဘူး.. ခက္ခဲပါလိမ့္မယ္…ဒါေပမယ့္ေက်ာက္တုံးႀကီးနဲ႔ လူနဲ႔အၾကားမွာ သစ္သားတုံးတစ္တုံးခံလိုက္ပါ။

ၿပီးေတာ့တုတ္တစ္ေခ်ာင္းနဲ႔ကလန္႔ၿပီးအားစိုက္ဖိခ်လိုက္တဲ့အခါ ေအာက္ကေထာက္ပံ့ေပးတဲ့သစ္သားတုံးကိုခုတုံးလုပ္ၿပီးဖိခ်လိုက္တဲ့တုတ္တံရဲ႕ကုတ္အားေၾကာင့္ ေလးလံလွတဲ့ ေက်ာက္တုံးႀကီးကိုအလြယ္တကူေ႐ႊ႕ႏိုင္ပါတယ္…သည္ေနရာမွာ ေအာက္ကသစ္သားတုံးကိုအလုပ္တစ္ခုၿပီးေျမာက္ဖို႔လိုအပ္တဲ့ စနစ္တစ္ခုလို႔သတ္မွတ္ပါ။

ကလန္႔ လိုက္တဲ့တုတ္တံကိုကိုယ့္ရဲ႕ကိုယ္ရည္ကိုယ္ေသြးနဲ႔အရည္အခ်င္းေကာင္းေတြလို႔သတ္မွတ္ပါ။အဓိပါယ္ကဘယ္ေလာက္ႀကီးမားတဲ့ လုပ္ငန္းျဖစ္ေနပါေစ။

Leverage Power လို႔ေခၚတဲ့ကုတ္အားကိုအသုံးျပဳမယ္ဆိုရင္ သင္မေ႐ႊ႕ႏိုင္တဲ့အရာဆိုတာမရွိႏိုင္ေတာ့ပါဘူး။ တစ္ေယာက္တည္းရဲ႕ လုပ္အားဟာ အလြန္အင္အားနည္းပါးပါတယ္။ သင့္အတြက္လူအမ်ားရဲ႕ လုပ္အားကိုတစ္ၿပိဳင္တည္း အသုံးခ်ႏိုင္ေအာင္ႀကိဳးစားပါ။

သင့္မွာလိုအပ္တာ လုပ္ငန္းတစ္ခုထူေထာင္ဖို႔ အမွားနည္းတဲ့ စနစ္(System)တစ္ခုနဲ႔ ကိုယ္ရည္ကိုယ္ေသြးျပည့္မီေအာင္ တည္ေဆာက္ထားႏိုင္ဖို႔ပါပဲ။

အၾကမ္းဖ်င္းအားျဖင့္(ကုတ္အား)Leverage Form ခုႏွစ္မ်ိဳးရွိပါတယ္။ Leverage Point လို႔လည္းေျပာၾကပါတယ္။

1.OPM – Other People’s Money (သူမ်ားရဲ႕ပိုက္ဆံ)

2.OPT – Other People’s Time (သူမ်ားရဲ႕အခ်ိန္ )

3.OPW – Other People’s Work (သူမ်ားရဲ႕လုပ္အား)

4.OPE – Other People’s Experience (သူမ်ားရဲ႕အေတြ႕အႀကဳံ)

5.OPI – Other People’s Ideas (သူမ်ားရဲ႕အႀကံဥာဏ္)

6.SPD – Scalable Production and Distribution (ေနရာတိုင္းေရာက္ႏိုင္တဲ့ထုတ္ကုန္)

7.SCB – Scalable Customer Base (လူတိုင္းဆီေရာက္ႏိုင္ဖို႔ ျပဳလုပ္ျခင္း)

ဒါေတြကခုနကေျပာတဲ့ ကုတ္အားေတြကိုအသုံးျပဳရမယ့္ Leverage Point ပါပဲ။ ဒါေတြကသင္ေကာင္းေကာင္းအသုံးခ်ႏိုင္ရင္သင္လူခ်မ္းသာတစ္ေယာက္လုပ္လို႔ရပါၿပီ။

စာဖတ္လိုက္တာနဲ႔လုပ္ေနတဲ့အလုပ္ကေနခ်က္ခ်င္းထြက္ခ်င္စိတ္ေတြေပါက္သြားမယ္ထင္တယ္..
အခုပတ္၀န္းက်င္မွာခ်မ္းသာေနတဲ့ သူေဌးလို႔ ေခၚတဲ့ ပုဂၢိဳလ္ေတြကိုၾကည့္ပါ။

သူတို႔ကစဥ္းစားေတြးေခၚတဲ့အလုပ္လုပ္ပါတယ္။ ညႇိႏႈိင္းေဆြးေႏြးတဲ့အလုပ္လုပ္ပါတယ္။ တစ္ခ်ိဳ႕ဆိုရင္အဲ့ဒါေတြေတာင္မလုပ္ပါဘူး။ သူမ်ားပိုက္ဆံေတြနဲ႔အလုပ္လုပ္တယ္။ ၀န္ထမ္းေတြရဲ႕အခ်ိန္ေတြကို၀ယ္တယ္။

၀န္ထမ္းေတြရဲ႕အေတြ႕အႀကဳံေကာင္းေတြကိုအသုံးျပဳၿပီးသူတို႔ကိုယ္တိုင္ကသူေဌးလုပ္ပါတယ္။ သင္ေရာသူတို႔လိုမျဖစ္ႏိုင္ဘူးလားဆိုရင္အေျဖကအရမ္းႀကီးကိုျဖစ္ႏိုင္ပါတယ္။ ဘယ္သူမဆိုျဖစ္ႏိုင္ပါတယ္။ ကိုယ္ရည္ကိုယ္ေသြးျပည့္၀ဖို႔ ထိုက္သင့္တဲ့ သင္ယူေလ့လာ ဖို႔အခ်ိန္ေတာ့လိုအပ္တာေပါ့။

ျပန္လည္မွ်ေဝေပးသည္။မူရင္းေရးသားသူအား ေလးစားစြာ ခရက္ဒစ္ေပးပါသည္။

Unicode

“ချမ်းသာဖို့ နည်းလမ်း (Leverage Power (ကုတ်အား))”တထောင်မှာ တယောက် အကျိုးရှိရင် တင်ပေးရကျိုး နပ်ပါပြီ

သင်တစ်ယောက်တည်းအလုပ်ကပေးအပ်တဲ့တာဝန်ကိုကျားကုတ်ကျားခဲနေ့မအိပ်ညမအိပ်ကြိုးစားနေရုံနဲ့ လူချမ်းသာတစ်ယောက်မဖြစ်နိုင်ပါဘူး။ သင်ကတစ်လကို ဝင်ငွေ ၁၀ သိန်းရှိတယ်ဆိုရင် တစ်လကို ၃ သိန်းလောက်တော့စုကောင်းစုမိပါလိမ့်မယ်။

တစ်လ ၃သိန်းနှုန်းနဲ့ အနှစ် ၄၀ လောက် အဘိုးကြီး၊အဘွားကြီးဖြစ်တဲ့အချိန်အထိမှန်မှန်စုနိုင်တဲ့အခါမှ သိန်းပေါင်း ၁၄၄၀ လောက်စုမိပါလိမ့်မယ်။ ဒါပေမယ့်ကိုယ် အသက် ၆၀ ကျော်လောက်ရောက်တဲ့အချိန်မှာ ငွေကြေးဖောင်းပွတာနဲ့ ပါထည့် တွက်မယ်ဆိုရင် သိန်းပေါင်း ၁၄၀၀ ကျော်လောက်ဟာ သိန်း ၆၀၀ ဝန်းကျင်လောက်ပဲတန်ဖိုးရှိတော့မှာပါ။

နှစ်ပေါင်း၄၀ လောက် သေကြေအောင်လုပ်ပြီး မှန်မှန်စုတာတောင် ဒီလောက်လေးပဲရမယ်ဆိုရင်တော့ သိပ်ဟန်မကျသေးဘူးလို့ပြောရမှာပဲ။ ထပ်ပြောပါရစေဦး။ သင်ကတစ်နေ့ကို ၈နာရီနှုန်းနဲ့ နှစ်ပေါင်း၄၀ အလုပ်လုပ်တာဟာ နာရီပေါင်း ၃,၅၀၄,၀၀၀ နာရီလောက် အလုပ်လုပ် ခဲ့တဲ့အဓိပါယ်ပါပဲ။

တစ်ကယ်လို့များ လူပေါင်း ၄၀ လောက်ကတစ်နေ့ကို ၈ နာရီနှုန်းနဲ့ဝိုင်းပြီး ကိုယ့်အတွက်အလုပ်လုပ်ကြမယ်ဆိုရင်ကိုယ် နှစ်ပေါင်း ၄၀ လောက်ဖြတ်သန်းပြီး လုပ်ရမယ့်အချိန်တွေနဲ့ ရရှိမယ့် ချမ်းသာကြွယ်ဝမှုက ဘယ်လိုဖြစ်မယ်ထင်သလဲ????

ကျိန်းသေတာကတော့အနှစ်၄၀လောက်ကိုယ်တစ်ယောက်တည်းလုပ်ရတဲ့ လုပ်အားနာရီပေါင်း ၃,၅၀၄,၀၀၀ နာရီဟာ လူ၄၀ဝိုင်းလုပ်တဲ့အခါ ၁နှစ်ပဲကြာပါလိမ့်မယ်။ နှစ်ပေါင်း၄၀ရှာရတဲ့ ငွေကြေးပမာဏကို နှစ်အနည်းငယ်အတွင်းရှာနိုင်ပါလိမ့်မယ်။

ဥပမာတစ်ခုပေးပါရစေ…

တန်ချိန်နဲ့ချီတဲ့ကျောက်တုံးကြီးတစ်တုံးကိုလူတစ်ယောက်အနေနဲ့ရွှေ့အောင်တွန်းဖို့ဖြစ်နိုင်သလားဆိုရင်အဖြေကတော့…ဘယ်လိုမှမဖြစ်နိုင်ပါဘူး.. ခက်ခဲပါလိမ့်မယ်…ဒါပေမယ့်ကျောက်တုံးကြီးနဲ့ လူနဲ့အကြားမှာ သစ်သားတုံးတစ်တုံးခံလိုက်ပါ။

ပြီးတော့တုတ်တစ်ချောင်းနဲ့ကလန့်ပြီးအားစိုက်ဖိချလိုက်တဲ့အခါ အောက်ကထောက်ပံ့ပေးတဲ့သစ်သားတုံးကိုခုတုံးလုပ်ပြီးဖိချလိုက်တဲ့တုတ်တံရဲ့ကုတ်အားကြောင့် လေးလံလှတဲ့ ကျောက်တုံးကြီးကိုအလွယ်တကူရွှေ့နိုင်ပါတယ်…သည်နေရာမှာ အောက်ကသစ်သားတုံးကိုအလုပ်တစ်ခုပြီးမြောက်ဖို့လိုအပ်တဲ့ စနစ်တစ်ခုလို့သတ်မှတ်ပါ။

ကလန့် လိုက်တဲ့တုတ်တံကိုကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့အရည်အချင်းကောင်းတွေလို့သတ်မှတ်ပါ။အဓိပါယ်ကဘယ်လောက်ကြီးမားတဲ့ လုပ်ငန်းဖြစ်နေပါစေ။

Leverage Power လို့ခေါ်တဲ့ကုတ်အားကိုအသုံးပြုမယ်ဆိုရင် သင်မရွှေ့နိုင်တဲ့အရာဆိုတာမရှိနိုင်တော့ပါဘူး။ တစ်ယောက်တည်းရဲ့ လုပ်အားဟာ အလွန်အင်အားနည်းပါးပါတယ်။ သင့်အတွက်လူအများရဲ့ လုပ်အားကိုတစ်ပြိုင်တည်း အသုံးချနိုင်အောင်ကြိုးစားပါ။

သင့်မှာလိုအပ်တာ လုပ်ငန်းတစ်ခုထူထောင်ဖို့ အမှားနည်းတဲ့ စနစ်(System)တစ်ခုနဲ့ ကိုယ်ရည်ကိုယ်သွေးပြည့်မီအောင် တည်ဆောက်ထားနိုင်ဖို့ပါပဲ။

အကြမ်းဖျင်းအားဖြင့်(ကုတ်အား)Leverage Form ခုနှစ်မျိုးရှိပါတယ်။ Leverage Point လို့လည်းပြောကြပါတယ်။

1.OPM – Other People’s Money (သူများရဲ့ပိုက်ဆံ)

2.OPT – Other People’s Time (သူများရဲ့အချိန် )

3.OPW – Other People’s Work (သူများရဲ့လုပ်အား)

4.OPE – Other People’s Experience (သူများရဲ့အတွေ့အကြုံ)

5.OPI – Other People’s Ideas (သူများရဲ့အကြံဉာဏ်)

6.SPD – Scalable Production and Distribution (နေရာတိုင်းရောက်နိုင်တဲ့ထုတ်ကုန်)

7.SCB – Scalable Customer Base (လူတိုင်းဆီရောက်နိုင်ဖို့ ပြုလုပ်ခြင်း)

ဒါတွေကခုနကပြောတဲ့ ကုတ်အားတွေကိုအသုံးပြုရမယ့် Leverage Point ပါပဲ။ ဒါတွေကသင်ကောင်းကောင်းအသုံးချနိုင်ရင်သင်လူချမ်းသာတစ်ယောက်လုပ်လို့ရပါပြီ။

စာဖတ်လိုက်တာနဲ့လုပ်နေတဲ့အလုပ်ကနေချက်ချင်းထွက်ချင်စိတ်တွေပေါက်သွားမယ်ထင်တယ်..
အခုပတ်ဝန်းကျင်မှာချမ်းသာနေတဲ့ သူဌေးလို့ ခေါ်တဲ့ ပုဂ္ဂိုလ်တွေကိုကြည့်ပါ။

သူတို့ကစဉ်းစားတွေးခေါ်တဲ့အလုပ်လုပ်ပါတယ်။ ညှိနှိုင်းဆွေးနွေးတဲ့အလုပ်လုပ်ပါတယ်။ တစ်ချို့ဆိုရင်အဲ့ဒါတွေတောင်မလုပ်ပါဘူး။ သူများပိုက်ဆံတွေနဲ့အလုပ်လုပ်တယ်။ ဝန်ထမ်းတွေရဲ့အချိန်တွေကိုဝယ်တယ်။

ဝန်ထမ်းတွေရဲ့အတွေ့အကြုံကောင်းတွေကိုအသုံးပြုပြီးသူတို့ကိုယ်တိုင်ကသူဌေးလုပ်ပါတယ်။ သင်ရောသူတို့လိုမဖြစ်နိုင်ဘူးလားဆိုရင်အဖြေကအရမ်းကြီးကိုဖြစ်နိုင်ပါတယ်။ ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးပြည့်ဝဖို့ ထိုက်သင့်တဲ့ သင်ယူလေ့လာ ဖို့အချိန်တော့လိုအပ်တာပေါ့။

ပြန်လည်မျှဝေပေးသည်။မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*