ေျမကြက္ဝယ္ေတာ့မယ္ ဆိုရင္ ဒီအခ်က္ေတြကို မျဖစ္မေနေသခ်ာစစ္ေဆးျပီးမွ ၀ယ္ပါ

ေျမကြက္ဝယ္ေတာ့မယ္ ဆိုရင္ ဒီအခ်က္ေတြကို မျဖစ္မေနေသခ်ာစစ္ေဆးျပီးမွ ၀ယ္ပါ
ေျမကြက္ဝယ္ေတာ့မယ္ ဆိုရင္ ဒီအခ်က္ေတြကို မျဖစ္မေနေသခ်ာစစ္ေဆးျပီးမွ ၀ယ္ပါ

ေျမကြက္ဝယ္ေတာ့မယ္ ဆိုရင္ ဒီအခ်က္ေတြကို မျဖစ္မေနေသခ်ာစစ္ေဆးျပီးမွ ၀ယ္ပါ

လယ္ယာေျမေတြကို အကြက္ရိုက္ေရာင္းသူဆီမွ ဝယ္မိတဲ့ျပႆနာေတြ ေတာ္ေတာ္မ်ားမ်ား ကၽြန္ေတာ္ကို လာအကူအညီ ေတာင္းၾကတယ္။

ကၽြန္ေတာ္ ပထမဦးဆုံးေျပာခ်င္တာက မိမိဝယ္ယူလိုက္တဲ့လယ္ယာေျမသည္ အျခားနည္း သုံးစြဲခြင့္ လန(လန၃၀) က်ၿပီးသားေျမလား အရင္ၾကည့္ရမယ္။

အိုေခ.. အျခားနည္း သုံးစြဲခြင့္ လန- ၃၀ က်ၿပီးသားဆိုရင္ ဘာအတြက္က်တာလည္း…

၁။ သာသနေျမအတြက္လား

၂။ စက္႐ုံေျမအတြက္လား

၃။ ႏွစ္ရွည္အတြက္လား

၄။ အိမ္ယာေဆာက္လုပ္ခြင့္ အတြက္လားဆိုတဲ့ အေၾကာင္းအရာေတြ ရွိပါတယ္။

အျခားနည္း သုံးစြဲခြင့္ရတိုင္း ေျမကြက္ရိုက္ေရာင္းၿပီးဝယ္လို႔ မရပါဘူး။

ပုံစံ ၁၀၅. ၁၀၆ ရွိ႐ုံနဲ႕ ေျမယာပိုင္ဆိုင္ေၾကာင္း အေထာက္အထား မဟုတ္ပါဘူး။ ေျမနယ္နမိတ္ သက္မွတ္ခ်က္နဲ႕ ေျမရာဇဝင္သာ ျဖစ္ပါတယ္။

ေနာက္ဆုံးေျပာခ်င္တာကေတာ့ ကိုယ္ေခၽြးနဲစာနဲ႔ ဝယ္ယူမဲ့ မိတ္ေဆြမ်ားသည္ ကိုယ္ဝယ္ယူမဲ့ေျမအေၾကာင္း သိရွိနားလည္မွသာ ဝယ္ယူရန္ အႀကံေပးခ်င္ပါသည္။

(လယ၃၀ ခြင့္ျပဳခ်က္ ပုံစံကိုပါ ပူးတြဲ ေဖာ္ျပေပးလိုက္ပါတယ္။ )

ေျမအမ်ိဳးအစား အမ်ိဳးမ်ိဳး

အိမ္ၿခံေျမအေၾကာင္း လုပ္ကိုင္ေနသူမ်ား သိကိုသိထားသင့္တဲ့ ေျမအမ်ိဳးအစားေတြကို ေဖၚျပေပးပါမည္။

အိမ္ၿခံေျမနယ္ပယ္နဲ႔ တိုက္ရိုက္ဆက္စပ္တဲ့ ေျမအမ်ိဳးအစားေတြမွာ-

ေျမပိုင္ေျမ

ေျမပိုင္ေျမဆိုတာဟာ ၿမိဳ႕ေတာ္ရဲ့ နယ္နိမိတ္အတြင္းမွာ စနစ္တက် ၿမိဳ႕ကြက္‌ေဖာ္ထုတ္ကာ ေရာင္းခ်ခဲ့စဥ္က ပိုင္ဆိုင္ထားၿပီး ေျမပိုင္ရွင္အခြင့္အေရးအျပည့္ရွိတဲ့ ေျမအမ်ိဳးအစားကို ဆိုလိုပါတယ္။

ဘိုးဘြားပိုင္ေျမ

ေအာက္ျမန္မာနိုင္ငံ ေက်းရြာမ်ားအက္ဥပေဒ ပုဒ္မ ၄၊ ပုဒ္မခြဲ (၁၀) အရ ဘိုးဘြားမိဘမ်ားလက္ထက္က “ဓမၼဦးခ်” ပိုင္ဆိုင္လာခဲ့ၿပီး

လႊဲေျပာင္းဆက္ခံခြင့္ရွိကာ “မစိုက္ပ်ိဳးသည့္ေျမ” အမ်ိဳးအစားကို ဘိုးဘြားပိုင္ေျမလို႔ သတ္မွတ္ပါတယ္။

ဂရန္ရွိေျမပိုင္ေျမ

ေအာက္ျမန္မာနိုင္ငံၿမိဳ႕ႏွင့္ ေက်းရြာေျမမ်ား ဥပေဒပုဒ္မ ၇(က) အရခြင့္ျပဳထားသည့္ ဘိုးဘပိုင္ေျမကဲ့သို႔ အခြင့္အေရး အဆင့္အတန္းရွိတဲ့ ‌ေျမကို ဂရန္ရွိေျမပိုင္ေျမလို႔ေခၚပါသည္။

လိုင္စင္ေျမ

ေအာက္ျမန္မာနိုင္ငံၿမိဳ႕ႏွင့္ ေက်းရြာေျမမ်ား အပိုဒ္ – ၃၀ ၊ ၃၄ တို႔အရ၊ ေကာ္မတီကသတ္မွတ္သည့္ စည္းကမ္းခ်က္မ်ားႏွင့္ အညီ ယာယီအသုံးျပဳခြင့္ေပးထားေသာ ေျမကို လိုင္စင္ေျမလို႔ေခၚပါသည္။

ပါမစ္ေျမ

ေကာ္မတီကသတ္မွတ္ထားတဲ့ စည္းကမ္းခ်က္ေတြနဲ႔အညီ “လူေနအိမ္” သိုမဟုတ္ “အေဆာက္အအုံေဆာက္လုပ္ေနထိုင္ ခြင့္” ျပဳထားေသာ ေျမကို ပါမစ္ေျမလို႔ ဆိုလိုပါသည္။

ေျမငွားဂရန္ေျမ

ေအာက္ျမန္မာနိုင္ငံၿမိဳ႕ႏွင့္ ေက်းရြာေျမမ်ား ဥပေဒ ၇/၈ ႏွင့္ နည္းဥပေဒ အပိုဒ္ ၂၉ တို႔အရ ေကာ္မတီကစည္းကမ္းခ်က္မ်ား သတ္မွတ္ၿပီး

ႏွစ္ကာလ အပိုင္းအျခား သတ္မွတ္၍ ေျမငွားစာခ်ဳပ္ျဖင့္ အငွားခ်ထားတဲ့ေျမကို ေျမငွားဂရန္ေၿမ လို႔ေခၚပါသည္။

စကြာတာေျမ

“စကြာတာေျမ” ဆိုတာ ေျမငွားစာခ်ဳပ္မရယူခဲ့၍လည္းေကာင္း၊ ေျမငွားစာခ်ဳပ္ သက္တမ္းကုန္ဆုံးၿပီးေနာက္ အသစ္လဲလွယ္ျခင္းမျပဳ၍လည္းေကာင္း၊ ေျမငွားစာခ်ဳပ္ပါ စည္းကမ္းခ်က္ တစ္ရပ္ရပ္ေဖာက္ဖ်က္၍လည္းေကာင္း “ေျမအဆင့္အတန္း နိမ့္ခ်သတ္မွတ္ထားတဲ့ ေျမကို” ဆိုလိုပါသည္။

က်ဴးလြန္ျခင္းေျမ

လူေနရပ္ကြက္အတြင္း စနစ္တက်ရွိေသာ အိမ္ရာေျမကြက္ထဲမွာ က်ဴးလြန္ျခင္း “ေျပစာျဖင့္ေကာက္ခံတဲ့ေျမ” မ်ိဳးကို က်ဴးလြန္ျခင္းေျမလို႔ ေခၚပါသည္။

က်ဴးေက်ာ္ေျမ

ေကာ္မတီပိုင္ေျမႏွင့္ ေကာ္မတီက စီမံခန႔္ခြဲပိုင္ခြင့္ရွိတဲ့ ေျမေပၚမွာ ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရွိသူမ်ား ဝင္ေရာက္ေနထိုင္လၽွက္ရွိတဲ့ ေျမကို က်ဴးေက်ာ္ေျမလို႔ေခၚပါသည္။

ဗဟုသုတအျဖစ္မၽွေဝပါသည္။crd မူရင္းေရးသားသူ

Unicode

မြေကွက်ဝယ်တော့မယ် ဆိုရင် ဒီအချက်တွေကို မဖြစ်မနေသေချာစစ်ဆေးပြီးမှ ဝယ်ပါ

လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းသူဆီမှ ဝယ်မိတဲ့ပြဿနာတွေ တော်တော်များများ ကျွန်တော်ကို လာအကူအညီ တောင်းကြတယ်။

ကျွန်တော် ပထမဦးဆုံးပြောချင်တာက မိမိဝယ်ယူလိုက်တဲ့လယ်ယာမြေသည် အခြားနည်း သုံးစွဲခွင့် လန(လန၃၀) ကျပြီးသားမြေလား အရင်ကြည့်ရမယ်။

အိုခေ.. အခြားနည်း သုံးစွဲခွင့် လန- ၃၀ ကျပြီးသားဆိုရင် ဘာအတွက်ကျတာလည်း…

၁။ သာသနမြေအတွက်လား

၂။ စက်ရုံမြေအတွက်လား

၃။ နှစ်ရှည်အတွက်လား

၄။ အိမ်ယာဆောက်လုပ်ခွင့် အတွက်လားဆိုတဲ့ အကြောင်းအရာတွေ ရှိပါတယ်။

အခြားနည်း သုံးစွဲခွင့်ရတိုင်း မြေကွက်ရိုက်ရောင်းပြီးဝယ်လို့ မရပါဘူး။

ပုံစံ ၁၀၅. ၁၀၆ ရှိရုံနဲ့ မြေယာပိုင်ဆိုင်ကြောင်း အထောက်အထား မဟုတ်ပါဘူး။ မြေနယ်နမိတ် သက်မှတ်ချက်နဲ့ မြေရာဇဝင်သာ ဖြစ်ပါတယ်။

နောက်ဆုံးပြောချင်တာကတော့ ကိုယ်ချွေးနဲစာနဲ့ ဝယ်ယူမဲ့ မိတ်ဆွေများသည် ကိုယ်ဝယ်ယူမဲ့မြေအကြောင်း သိရှိနားလည်မှသာ ဝယ်ယူရန် အကြံပေးချင်ပါသည်။

(လယ၃၀ ခွင့်ပြုချက် ပုံစံကိုပါ ပူးတွဲ ဖော်ပြပေးလိုက်ပါတယ်။ )

မြေအမျိုးအစား အမျိုးမျိုး

အိမ်ခြံမြေအကြောင်း လုပ်ကိုင်နေသူများ သိကိုသိထားသင့်တဲ့ မြေအမျိုးအစားတွေကို ဖေါ်ပြပေးပါမည်။

အိမ်ခြံမြေနယ်ပယ်နဲ့ တိုက်ရိုက်ဆက်စပ်တဲ့ မြေအမျိုးအစားတွေမှာ-

မြေပိုင်မြေ

မြေပိုင်မြေဆိုတာဟာ မြို့တော်ရဲ့ နယ်နိမိတ်အတွင်းမှာ စနစ်တကျ မြို့ကွက်‌ဖော်ထုတ်ကာ ရောင်းချခဲ့စဉ်က ပိုင်ဆိုင်ထားပြီး မြေပိုင်ရှင်အခွင့်အရေးအပြည့်ရှိတဲ့ မြေအမျိုးအစားကို ဆိုလိုပါတယ်။

ဘိုးဘွားပိုင်မြေ

အောက်မြန်မာနိုင်ငံ ကျေးရွာများအက်ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ ဘိုးဘွားမိဘများလက်ထက်က “ဓမ္မဦးချ” ပိုင်ဆိုင်လာခဲ့ပြီး

လွှဲပြောင်းဆက်ခံခွင့်ရှိကာ “မစိုက်ပျိုးသည့်မြေ” အမျိုးအစားကို ဘိုးဘွားပိုင်မြေလို့ သတ်မှတ်ပါတယ်။

ဂရန်ရှိမြေပိုင်မြေ

အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေပုဒ်မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိတဲ့ ‌မြေကို ဂရန်ရှိမြေပိုင်မြေလို့ခေါ်ပါသည်။

လိုင်စင်မြေ

အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အပိုဒ် – ၃၀ ၊ ၃၄ တို့အရ၊ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့် အညီ ယာယီအသုံးပြုခွင့်ပေးထားသော မြေကို လိုင်စင်မြေလို့ခေါ်ပါသည်။

ပါမစ်မြေ

ကော်မတီကသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ “လူနေအိမ်” သိုမဟုတ် “အဆောက်အအုံဆောက်လုပ်နေထိုင် ခွင့်” ပြုထားသော မြေကို ပါမစ်မြေလို့ ဆိုလိုပါသည်။

မြေငှားဂရန်မြေ

အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့အရ ကော်မတီကစည်းကမ်းချက်များ သတ်မှတ်ပြီး

နှစ်ကာလ အပိုင်းအခြား သတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားတဲ့မြေကို မြေငှားဂရန်မြေ လို့ခေါ်ပါသည်။

စကွာတာမြေ

“စကွာတာမြေ” ဆိုတာ မြေငှားစာချုပ်မရယူခဲ့၍လည်းကောင်း၊ မြေငှားစာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍လည်းကောင်း၊ မြေငှားစာချုပ်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း “မြေအဆင့်အတန်း နိမ့်ချသတ်မှတ်ထားတဲ့ မြေကို” ဆိုလိုပါသည်။

ကျူးလွန်ခြင်းမြေ

လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်ထဲမှာ ကျူးလွန်ခြင်း “ပြေစာဖြင့်ကောက်ခံတဲ့မြေ” မျိုးကို ကျူးလွန်ခြင်းမြေလို့ ခေါ်ပါသည်။

ကျူးကျော်မြေ

ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေပေါ်မှာ ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိသူများ ဝင်ရောက်နေထိုင်လျှက်ရှိတဲ့ မြေကို ကျူးကျော်မြေလို့ခေါ်ပါသည်။

ဗဟုသုတအဖြစ်မျှဝေပါသည်။crd မူရင်းရေးသားသူ

Be the first to comment

Leave a Reply

Your email address will not be published.


*