မိန္းမ တစ္ေယာက္ကိုယွဥ္ၿပီး ၿပိဳင္တုလို့မရေသာ ကံ

မိန္းမ တစ္ေယာက္ကိုယွဥ္ၿပီး ၿပိဳင္တုလို့မရေသာ ကံ
မိန္းမ တစ္ေယာက္ကိုယွဥ္ၿပီး ၿပိဳင္တုလို့မရေသာ ကံ

မိန္းမ တစ္ေယာက္ကိုယွဥ္ၿပီး ၿပိဳင္တုလို့မရေသာ ကံ

မိန္းမ တစ္ေယာက္ကို ယွဥ္ၿပီး ၿပိဳင္တုလို့မရေသာ ကံေတြထဲမွာ အိမ္ေထာင္ေရးကံ ဆိုတာ ထိပ္ဆုံးက ပါပါတယ္။

ဒီမိန္းမလက္ထဲ ေရာက္မွ လိမၼာသြားတာတို႕၊ ဒီမိန္းမနဲ႔ အိမ္ေထာင္ၾကၿပီးမွ တည္ၿငိမ္သြားတာတို႕၊ ဒီမိန္းမနဲ႔ အိမ္ေထာင္က်ၿပီးမွ ဒီေယာက်ား ေအာင္ျမင္သြားတာတို့ဆိုတာ အိမ္ေထာင္ေရးကံေၾကာင့္ပါ။

အိမ္ေထာင္ေရးကံ ေကာင္းတဲ့ မိန္းမေတြဟာ ေၾကာက္စရာ ေကာင္းေလာက္ေအာင္ကို ယွဥ္ၿပိဳင္လို့ မရနိုင္ပါဘူး။

လူဆိုတာ ကိုယ့္ကံနဲ႔ကို လာၿပီးသားမို့ ပါ။ ဒီ ေယာက္က်ားကေတာ့ျဖင့္ ဂ႐ုစိုက္လိုက္တာ ခ်စ္တတ္လိုက္တာ သူတို့ကို ၾကည့္ရတာ ျပည့္စုံလိုက္တာ။ ငါ့ကိုဆိုလဲ အဲ့လို ခ်စ္မွာပဲ ငါလဲ အဲ့လို ျပည့္စုံမွာပဲ ဆိုၿပီး ေတြးတတ္ၾကတယ္။

အိမ္ေထာင္က်တဲ့ မိန္းမခ်င္း တူတာေတာင္မွ အိမ္ေထာင္ေရးကံခ်င္း မတူနိုင္ပါဘူး။ သူ႔ေယာက္က်ားက ရွာသမၽွ စည္းစိမ္ေတြ အပ္ပီး ေမတၱာ၊ ဂ႐ုဏာ၊ သစၥာေတြ ပုံေပးထားၿပီဆို အဲ့မိန္းမေလာက္ကံေကာင္းတဲ့သူ မရွိေတာ့ပါဘူး။

မိသားစုေက်ာေထာက္ ေနာက္ခံလဲ ရွိေသး၊ ေယာက္က်ားက ပိုက္ဆံကလဲ ရွာေသး၊ မိန္းမကိုလဲ ခ်စ္ေသး ဆိုရင္ေတာ့ ေျပာစရာကို မလိုေတာ့ပါဘူး။

မိန္းမ အခ်င္းခ်င္း… ပိုက္ဆံအိတ္ေတြ ယွဥ္နိုင္တယ္၊ ဘယက္ေတြ ယွဥ္နိုင္တယ္၊ အဝတ္ေတြ ယွဥ္နိုင္တယ္၊ အရာရာ အလုံးစုံ ယွဥ္နိုင္တယ္… အိမ္ေထာင္ေရးကံ ကိုေတာ့ ဘယ္လိုမွ မယွဥ္နိုင္ပါဘူး။

လုပ္ယူလို့လဲ မရ တုလို့လဲ မရ တဲ့ ကံႀကီးပါ။ မိန္းမတိုင္းကေတာ့ အိမ္ေထာင္ေရး ကံေကာင္းခ်င္ၾကတဲ့ သူေတြႀကီးပါပဲ။ အိမ္ေထာင္ေရး ကံေကာင္းတဲ့ မိန္ကေလးေတြ ေတြ႕ရင္လဲ အားက်ၾကမွာပါ။

အဲ့ေတာ့ ကိုယ္ေတာင္လိုခ်င္တဲ့ ဘဝမ်ိဳး သူမ်ားေတြ ရေနတာျမင္ရင္လဲ မနာလိုမျဖစ္ပဲ မုဒိတာပြါၿပီး ကိုယ္ကံ ကိုယ္သာ ျပင္ၾကပါ။ ကံ ကံ ခ်င္းေတာ့ ဘယ္ေတာ့ မွ မ ယွဥ္နိုင္ပါဘူး။

လူ႔ဘဝတစ္ခု ဆိုတာ ေရွးဘဝက ကုသိုလ္ကံ အကုသိုလ္ကံေတြနဲ႔ ျဖစ္လာတာ မို့ပါ။#Credit

Unicode

မိန်းမ တစ်ယောက်ကိုယှဉ်ပြီး ပြိုင်တုလို့မရသော ကံ

မိန်းမ တစ်ယောက်ကို ယှဉ်ပြီး ပြိုင်တုလို့မရသော ကံတွေထဲမှာ အိမ်ထောင်ရေးကံ ဆိုတာ ထိပ်ဆုံးက ပါပါတယ်။

ဒီမိန်းမလက်ထဲ ရောက်မှ လိမ္မာသွားတာတို့၊ ဒီမိန်းမနဲ့ အိမ်ထောင်ကြပြီးမှ တည်ငြိမ်သွားတာတို့၊ ဒီမိန်းမနဲ့ အိမ်ထောင်ကျပြီးမှ ဒီယောကျား အောင်မြင်သွားတာတို့ဆိုတာ အိမ်ထောင်ရေးကံကြောင့်ပါ။

အိမ်ထောင်ရေးကံ ကောင်းတဲ့ မိန်းမတွေဟာ ကြောက်စရာ ကောင်းလောက်အောင်ကို ယှဉ်ပြိုင်လို့ မရနိုင်ပါဘူး။

လူဆိုတာ ကိုယ့်ကံနဲ့ကို လာပြီးသားမို့ ပါ။ ဒီ ယောက်ကျားကတော့ဖြင့် ဂရုစိုက်လိုက်တာ ချစ်တတ်လိုက်တာ သူတို့ကို ကြည့်ရတာ ပြည့်စုံလိုက်တာ။ ငါ့ကိုဆိုလဲ အဲ့လို ချစ်မှာပဲ ငါလဲ အဲ့လို ပြည့်စုံမှာပဲ ဆိုပြီး တွေးတတ်ကြတယ်။

အိမ်ထောင်ကျတဲ့ မိန်းမချင်း တူတာတောင်မှ အိမ်ထောင်ရေးကံချင်း မတူနိုင်ပါဘူး။ သူ့ယောက်ကျားက ရှာသမျှ စည်းစိမ်တွေ အပ်ပီး မေတ္တာ၊ ဂရုဏာ၊ သစ္စာတွေ ပုံပေးထားပြီဆို အဲ့မိန်းမလောက်ကံကောင်းတဲ့သူ မရှိတော့ပါဘူး။

မိသားစုကျောထောက် နောက်ခံလဲ ရှိသေး၊ ယောက်ကျားက ပိုက်ဆံကလဲ ရှာသေး၊ မိန်းမကိုလဲ ချစ်သေး ဆိုရင်တော့ ပြောစရာကို မလိုတော့ပါဘူး။

မိန်းမ အချင်းချင်း… ပိုက်ဆံအိတ်တွေ ယှဉ်နိုင်တယ်၊ ဘယက်တွေ ယှဉ်နိုင်တယ်၊ အဝတ်တွေ ယှဉ်နိုင်တယ်၊ အရာရာ အလုံးစုံ ယှဉ်နိုင်တယ်… အိမ်ထောင်ရေးကံ ကိုတော့ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။

လုပ်ယူလို့လဲ မရ တုလို့လဲ မရ တဲ့ ကံကြီးပါ။ မိန်းမတိုင်းကတော့ အိမ်ထောင်ရေး ကံကောင်းချင်ကြတဲ့ သူတွေကြီးပါပဲ။ အိမ်ထောင်ရေး ကံကောင်းတဲ့ မိန်ကလေးတွေ တွေ့ရင်လဲ အားကျကြမှာပါ။

အဲ့တော့ ကိုယ်တောင်လိုချင်တဲ့ ဘဝမျိုး သူများတွေ ရနေတာမြင်ရင်လဲ မနာလိုမဖြစ်ပဲ မုဒိတာပွါပြီး ကိုယ်ကံ ကိုယ်သာ ပြင်ကြပါ။ ကံ ကံ ချင်းတော့ ဘယ်တော့ မှ မ ယှဉ်နိုင်ပါဘူး။

လူ့ဘဝတစ်ခု ဆိုတာ ရှေးဘဝက ကုသိုလ်ကံ အကုသိုလ်ကံတွေနဲ့ ဖြစ်လာတာ မို့ပါ။#Credit

Be the first to comment

Leave a Reply

Your email address will not be published.


*