မၾကာခဏ လက္ေတြတုန္ယင္ေနရတဲ့ အေၾကာင္းအရင္းမ်ား

မၾကာခဏ လက္ေတြတုန္ယင္ေနရတဲ့ အေၾကာင္းအရင္းမ်ား
မၾကာခဏ လက္ေတြတုန္ယင္ေနရတဲ့ အေၾကာင္းအရင္းမ်ား

မၾကာခဏ လက္ေတြတုန္ယင္ေနရတဲ့ အေၾကာင္းအရင္းမ်ား

လက္ေတြ တုန္ယင္ေနတာမ်ိဳးဟာ ဂ႐ုမစိုက္ဘဲ ထားသင့္တဲ့အရာမဟုတ္ပါဘူး။ စိတ္ပိုင္းဆိုင္ရာေရာ၊ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရး မွာပါ ထိခိုက္ႏိုင္ေခ်ေတြ ရွိေနတာျဖစ္လို႔ တျခားအရာေတြလိုပဲ အေရးႀကီးပါတယ္။

လက္မွာ ရွိတဲ့ အာ႐ုံေၾကာေတြကို ဦးေႏွာက္က ထိန္းခ်ဳပ္ထားတာ ျဖစ္လို႔ လက္ေတြ တုန္ေနတာဟာ က်န္းမာေရး ထိခိုက္ေနတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ လက္ေတြ မၾကာခဏ တုန္ေနရတဲ့ အေၾကာင္းအရင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ေကာ္ဖီ အေသာက္မ်ားျခင္း

ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္းရဲ႕ သတ္မွတ္ခ်က္အရ တေန႔ကို ကဖင္းဓာတ္ ၄၀၀ မီလီဂရမ္ထက္ ပိုၿပီး မေသာက္သုံးသင့္ဘူးလို႔ သိရပါတယ္။

ဒါဟာ ေကာ္ဖီ ၅ ခြက္စာ ပမာဏခန႔္ရွိၿပီး ဒီထက္မ်ားသြားရင္ ကတုန္ကယင္ ျဖစ္ျခင္း၊ အိပ္မေပ်ာ္ျခင္း၊ စိုးရိမ္ႀကီးျခင္းနဲ႔ ႏွလုံးအရမ္းခုန္ျခင္းေတြ ျဖစ္တတ္ပါတယ္။

(၂) ေဆး အေသာက္မ်ားျခင္း

ေနမေကာင္းတဲ့ အခ်ိန္ေတြမွာ ေသာက္ရတဲ့ အခ်ိဳ႕ေဆးေတြဟာ အားျပင္းလြန္းပါတယ္။ ဒီလို အားျပင္းတဲ့ ေဆးေတြကိုနဲ႔ မတည့္တဲ့ အခါမ်ိဳးေတြမွာ လက္ေတြ တုန္လာ တတ္ပါတယ္။

တကယ္လို႔ သင္က ေဆးအသစ္တခုကို စၿပီး ေသာက္တဲ့အခါ လက္ေတြ တုန္လာတယ္ဆိုရင္ ဆရာဝန္ကို ခ်က္ခ်င္းျပန္ေျပာဖို႔ လိုအပ္ပါတယ္။

(၃) အရက္ အေသာက္မ်ားျခင္း

အရက္ကို ေန႔စဥ္ရက္ဆက္ ေသာက္ၿပီး ႐ုတ္တရက္ မေသာက္ဘဲ ေနလိုက္တဲ့ အခါမ်ိဳးေတြမွာ ျဖစ္တတ္ပါတယ္။ အရက္အေသာက္မ်ားၿပီးေနာက္ အရက္နာက်ေနတဲ့ ရက္ေတြအတြင္းမွာ လက္ေတြက သိသိသာသာကို ကတုန္ကယင္ ျဖစ္ေန တတ္ပါတယ္။

(၄) အိပ္ေရး မဝျခင္း

အိပ္ေရး မဝျခင္းကလည္း လက္ေတြကို တုန္ေစပါတယ္။ အိပ္ခ်ိန္ သတ္မွတ္ခ်က္ဟာ လူတေယာက္နဲ႔ တေယာက္ မတူညီႏိုင္တဲ့ အတြက္ သင့္ရဲ႕ အိပ္ခ်ိန္ လိုအပ္ခ်က္ကို ေသေသခ်ာခ်ာ သိဖို႔ လိုအပ္ပါတယ္။

အိပ္ေရးမဝတာေၾကာင့္ လက္တုန္လာတယ္ ဆိုရင္ေတာ့ ေလ့က်င့္ခန္းလုပ္ျခင္း၊ ေဆးေသာက္ျခင္းနဲ႔ တရားထိုင္ျခင္းေတြကို ျပဳလုပ္ ႏိုင္ပါတယ္။(crd)

Unicode

မကြာခဏ လက်တွေတုန်ယင်နေရတဲ့ အကြောင်းအရင်းများ

လက်တွေ တုန်ယင်နေတာမျိုးဟာ ဂရုမစိုက်ဘဲ ထားသင့်တဲ့အရာမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး မှာပါ ထိခိုက်နိုင်ချေတွေ ရှိနေတာဖြစ်လို့ တခြားအရာတွေလိုပဲ အရေးကြီးပါတယ်။

လက်မှာ ရှိတဲ့ အာရုံကြောတွေကို ဦးနှောက်က ထိန်းချုပ်ထားတာ ဖြစ်လို့ လက်တွေ တုန်နေတာဟာ ကျန်းမာရေး ထိခိုက်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လက်တွေ မကြာခဏ တုန်နေရတဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ကော်ဖီ အသောက်များခြင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ သတ်မှတ်ချက်အရ တနေ့ကို ကဖင်းဓာတ် ၄၀၀ မီလီဂရမ်ထက် ပိုပြီး မသောက်သုံးသင့်ဘူးလို့ သိရပါတယ်။

ဒါဟာ ကော်ဖီ ၅ ခွက်စာ ပမာဏခန့်ရှိပြီး ဒီထက်များသွားရင် ကတုန်ကယင် ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ စိုးရိမ်ကြီးခြင်းနဲ့ နှလုံးအရမ်းခုန်ခြင်းတွေ ဖြစ်တတ်ပါတယ်။

(၂) ဆေး အသောက်များခြင်း

နေမကောင်းတဲ့ အချိန်တွေမှာ သောက်ရတဲ့ အချို့ဆေးတွေဟာ အားပြင်းလွန်းပါတယ်။ ဒီလို အားပြင်းတဲ့ ဆေးတွေကိုနဲ့ မတည့်တဲ့ အခါမျိုးတွေမှာ လက်တွေ တုန်လာ တတ်ပါတယ်။

တကယ်လို့ သင်က ဆေးအသစ်တခုကို စပြီး သောက်တဲ့အခါ လက်တွေ တုန်လာတယ်ဆိုရင် ဆရာဝန်ကို ချက်ချင်းပြန်ပြောဖို့ လိုအပ်ပါတယ်။

(၃) အရက် အသောက်များခြင်း

အရက်ကို နေ့စဉ်ရက်ဆက် သောက်ပြီး ရုတ်တရက် မသောက်ဘဲ နေလိုက်တဲ့ အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ အရက်အသောက်များပြီးနောက် အရက်နာကျနေတဲ့ ရက်တွေအတွင်းမှာ လက်တွေက သိသိသာသာကို ကတုန်ကယင် ဖြစ်နေ တတ်ပါတယ်။

(၄) အိပ်ရေး မဝခြင်း

အိပ်ရေး မဝခြင်းကလည်း လက်တွေကို တုန်စေပါတယ်။ အိပ်ချိန် သတ်မှတ်ချက်ဟာ လူတယောက်နဲ့ တယောက် မတူညီနိုင်တဲ့ အတွက် သင့်ရဲ့ အိပ်ချိန် လိုအပ်ချက်ကို သေသေချာချာ သိဖို့ လိုအပ်ပါတယ်။

အိပ်ရေးမဝတာကြောင့် လက်တုန်လာတယ် ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးသောက်ခြင်းနဲ့ တရားထိုင်ခြင်းတွေကို ပြုလုပ် နိုင်ပါတယ်။(crd)

Be the first to comment

Leave a Reply

Your email address will not be published.


*