မယားခုနှစ်မျိုး၊ ရှိမြဲရိုးတွင်၊ ခိုးသူအရှင်၊သူသတ်သွင်းသို့၊ အကြင်မယား၊ လား၏ငရဲ၊အမြဲမှတ်ဘိ၊ အမိတမျှ၊ နှမမယွန်း၊ခင်ပွန်းသဖွယ်၊ ကျွန်နှယ်လေးဖြာ၊ မယားမှာကား၊နိပ္မာနတ်ပြည်၊ လာမြဲမည်၏၊ ယင်းသည့်လေးသွယ်၊ မယားဝယ်လည်း၊ကျွန့်နှယ်အလား၊ထိုမယားမူ၊ယောကြာင်ျးဆုပနျ၊ နိဗ္ဗာန်ဆုကောင်း၊တောင်းကမလွတ်၊ မချွတ်တူတည်၊ ပြည့်မြဲမည်၏ ။
( က ) ခိုးသူနဲ့ တူတဲ့မယား ၊
အပျင်းကြီးပြီး အလုပ်မလုပ်လိုတာ ၊ ရိုင်းပျ ကြမ်းတမ်းစွာ နိုငျလိုမငျးတကျယောကြာင်ျးကို ပြောဆိုဆက်ဆံတာ လင်သားရဲ့ ဆွေးမျိုးအသိုင်း အဝိုင်းကိုပါ မောက်မာစွာဆက်ဆံတာ ။
( ဂ ) သူသတျကောငျနဲ့ တူတဲ့မယား
လင်သားအေပါ် ပြဈမွားလိုစိတ်ရွိတာ ၊ ပြူနာေပးတာ ၊ ၿဂီတိုက်တာ အေလးမထားတာ ၊တခွားေယာကြာျင်းတဈဦးအေပါၾတပျမၾက တာ ၊ လင်သားအေပါ်ငြူစူနေတာ ။
( ဃ ) အမေနဲ့တူတဲ့မယား
( င ) နှမနဲ့တူတဲ့ မယား
( ဆ ) ကျွန်မနဲ့ တူတဲ့မယား
( က ) ဆင်းရဲတဲ့လင်
( ဃ ) ပေတေမိုက်မဲတဲ့လင်
( င ) ဖျင်းတဲ့ အတဲ့ လင်
( စ ) ပျင်းတဲ့လင်
Unicode
မယား (၇) မျိုး၊ လင် (၈) မျိုး ဆိုတာ ဘယ်လိုလူတွေလဲ…. သိထားတော့ ဆင်ခြင်နိုင်တာပေါ့
မယားခုနှစ်မျိုး၊ ရှိမြဲရိုးတွင်၊ ခိုးသူအရှင်၊သူသတ်သွင်းသို့၊ အကြင်မယား၊ လား၏ငရဲ၊အမြဲမှတ်ဘိ၊ အမိတမျှ၊ နှမမယွန်း၊ခင်ပွန်းသဖွယ်၊ ကျွန်နှယ်လေးဖြာ၊ မယားမှာကား၊နိပ္မာနတ်ပြည်၊ လာမြဲမည်၏၊ ယင်းသည့်လေးသွယ်၊ မယားဝယ်လည်း၊ကျွန့်နှယ်အလား၊ထိုမယားမူ၊ယောကြာငျ်းဆုပနျ၊ နိဗ္ဗာန်ဆုကောင်း၊တောင်းကမလွတ်၊ မချွတ်တူတည်၊ ပြည့်မြဲမည်၏ ။
( က ) ခိုးသူနဲ့တူတဲ့မယား ( ခ ) အရှင်သခင်နဲ့တူတဲ့မယား ( ဂ ) သူသတ်ကောင်နဲ့တူတဲ့မယားအဲ့ဒီသုံးမျိုးမကောင်းဘူးတဲ့ သေတဲ့အခါ ငရဲသွားရမယ်တဲ့။
( ဃ ) အမေနဲ့တူတဲ့မယား ( င ) နှမနဲ့တူတဲ့မယား ၊ ( စ ) မိတ်ဆွေနဲ့ တူတဲ့မယား ( ဆ ) ကျွန်မနဲ့တူတဲ့မယား … ဒီလေးမျိုးကောင်းတယ်သေတဲ့။ အခါနတ်ပြည်ရောက်မယ်တဲ့။
သူငယ်ချင်းတို့ရေ… တစ်ခါက မြတ်စွာဘုရားရှင်ဟာ အနာသပိဏ် သူဌေးအိမ် ကြွတော့ အိမ်သူအိမ်သာတွေဟာအော်ကြီးဟစ်ကျယ် ပြောဆိုနေကြပါတယ်။ ဒါနဲ့ဘုရားရှင်က သူဌေးကြီးကို ဒီလိုမေးတယ်။ ဒါယကာ .. ငါးလုနေကြတဲ့ တံငါတွေလိုသင့်ရဲ့ အိမ်သူ အိမ်သားတွေ ဘာကြောင့် အော်ကြီးဟစ်ကျယ် ပြောဆိုနေကြတာလဲ မေးတော့ အနာသပိဏ်သူဌေးကြီးဟာ
အရှက်ရတဲ့မျက်နှာနဲ့ – မြတ်စွာဘုရား တပည့်တော်ရဲ့ ချွေးမသူဇာတာ ဖြစ်ပါတယ်။ ဒီကလေးမဟာ ယောက္ခမလင်သား ၊ တခြားမိသားစုများကို ရှိတယ်လို့တောင် သူ့စိတ်ထဲထားပုံမပေါ်ဘူး။ ဘယ်သူ့ကိုမှ ရိုသေလေးစား ဂရုမထား ၊ မမြတ်နိုးမပူဇော်ပါဘုရား လို့လျှောက်ပါတယ် ။
ကဲသူဌေးကြီး သုဇာတာကို ခေါ်လိုက်ပါဦး ဆိုပြီး မြတ်စွာဘုရားရှင်က သူဇာတာကို မယား ( ၇ ) မျိုး အကြောင်းဟောပြပါသတဲ့
( က ) ခိုးသူနဲ့ တူတဲ့မယား ၊
လင်သားရှာဖွေတဲ့ ပစ္စည်းကို တိတ်တဆိတ်ခိုးယူခြင်း ၊ လင်သားမသိအောင် ဝယ်ခြမ်းစားသောက် ဝတ်ဆင်ပေးကမ်းခြင်း ၊ ကိုယ်ကကောင်းတာတွေ စားသောက်လို့ လင်သားကို ဖြစ်သလို ကြွေးမွေးခြင်း ။
( ခ ) အရှင်သခင်နဲ့တူတဲ့မယား
အပျင်းကြီးပြီး အလုပ်မလုပ်လိုတာ ၊ ရိုင်းပျ ကြမ်းတမ်းစွာ နိုငျလိုမငျးတကျယောကြာငျ်းကို ပြောဆိုဆက်ဆံတာ လင်သားရဲ့ ဆွေးမျိုးအသိုင်း အဝိုင်းကိုပါ မောက်မာစွာဆက်ဆံတာ ။
( ဃ ) အမေနဲ့တူတဲ့မယား
လင်သားရဲ့အကျိုးစီးပွားကို အမြဲကြည့်တာ ၊ တိုးတက်အောင်အကြံပေး ကူညီစောင့်ရှောက်တာ ၊အမိက သားကိုကြင်နာစွာ အပြောဆိုသလို လင်သားနားဝင်ချိုအောင် ပြောဆိုတတ်တာ ။
( င ) နှမနဲ့တူတဲ့ မယား
အမကြီးက ညီမများကို စောင့်ရှောက်သလို မိမိလင်သားကို ရိုသေထိန်းသိမ်း ၊စောင့်ရှောက်တာ ၊ အရှက်အကြောက်စိတ်ထားပြီး လင်သားအလိုသိတတ်တာ၊
( စ ) မိတ်ဆွေနဲ့ တူတဲ့မယား
လင်သားနဲ့တွေ့တဲ့အခါ အချိန်ကြာ ကွဲကွာနေတဲ့ မိတ်ဆွေနဲ့ တွေ့ရသလိုဝမ်းသာလှိုက်လှဲရှိတာ ၊ မျိုးရိုးဂုဏ်နဲ့ ကိုယ်ကျင့်တရားရှိတာ ၊ မလေးမစားမပြုတတ်တာ ။
( ဆ ) ကျွန်မနဲ့ တူတဲ့မယား
လင်သားက ပြစ်တင် ပြောဆိုသတ်ပုတ်မယ် ခြိမ်းခြောက်ပေမယ့်သည်းခံ ငြိမ်သက်နေတာ ၊ ပြန်လှန်မပြောတာ ၊ကက်ကက်လန် ပြန်ရန်မတွေ့တာ ၊ စိတ်မဆိုး စိတ်မကောက်ဘဲ ကျင့်သုံးတာ ။
သုဇာတာ ဒီ (၇) မျိုးမှာ သင်ဘယ်လိုအမျိုးအစားထဲ ပါဝင်လဲလို့ ဘုရားရှင်ကမေးတော့… မှန်လှပါဘုရား တပည့်တော်ကျွန်မနဲ့တူတဲ့ ဇနီးဖြစ်အောင်နေထိုင်ပါ့မယ်လို့ ဝန်ခံခဲ့သတဲ့ ။
ဇနီးသည်ရဲ့ရိုသေလေးစားခြင်း မခံရတဲ့ အရည်အချင်းညံ့ညံ့ လင် ( ၈ ) မျိုး
လင်မွဲ လင်နာ ၊ လင်သူရာကြိုက် ၊ လင်မိုက် လင်ဖျင်း ၊- လင်ပျင်း လင်အို ၊ အလိုမဖြည့် ၊မပြည့်ဆန္ဒ ၊ ရှိတုံကလျှင် ၊- မိန်းမဟူသည် ၊ ဤရှစ်မည်ကြောင့် ၊ မကြည်မသာ ၊- အနာဒရ ၊ ပြုတတ်စွာ။
( က ) ဆင်းရဲတဲ့လင်
စီးပွားဥစ္စာရအောင် ရှာဖွေမပေးနိုင်ဘဲ မိန်းမလုပ်စာမှီခိုစားသောက်တဲ့ လင်ကို ဇနီးသည်က မလေးစားဘူး ။
( ခ ) အနာရောဂါ စွဲကပ်နေတဲ့လင်
ကုသလို့မပျောက်နိုင် ၊ နာတာရှည် ရောဂါစွဲ ။ ရသမျှ ငွေကြေးလည်း ဆေးဖိုးဝါခနဲ့ ကုန်နေရတဲ့လင်ကို ဇနီးသည်က မလေးစားဘူး၊
( ဂ ) အရက်သေစာ အလွန်အကျွံသောက်စားတဲ့လင်
ပြဿနာတွေပေါ် ၊ စီးပွားပျက် အရှက်ရစရာဖြစ်လို့ အဲ့ဒီလင်မျိုးကိုလည်း ဇနီးသည်က မလေးစားဘူး ။
( ဃ ) ပေတေမိုက်မဲတဲ့လင်
လူကြီးမိဘ ဆရာသမား ရိုသေလေးစားရမှန် ၊ပူဇော်မြတ်နိုးရမှန်း မသိတဲ့ လင်မျိုး ၊ ပြောဆိုညွှန်ပြ ဆုံးမစကား နားမဝင်တဲ့လင်မျိုး ။
( င ) ဖျင်းတဲ့ အတဲ့ လင်
သူများခေါ်ရင်သွား ၊ ခိုင်းရင်လုပ် ၊ အတယ် နတယ်တဲ့။ အ တာက အောက်တန်းကျတာ ၊ န တာက နောက်တန်းနေရာရောက်နေတာ ။
( စ ) ပျင်းတဲ့လင်
လက်ကြောတင်းအောင်အလုပ်မလုပ်ချင်ဘဲ ဘိုးတော် မယ်တော်ကူလိမ့်နိုး သူတစ်ပါးမျှော်ကိုးပြီး ဝီရိယ လုံ့လမရှိတဲ့လင် ။
( ဆ ) အားအင်ယိုယွင်း အိုမင်းနေတဲ့လင်
ဇနီးက ငယ်ငယ် လင်သယ်က အသက်ကြီးအရွယ်မတူကြရင်လည်း တကယ်မကြည်ဖြူလှဘူးတဲ့ သူငယ်ချင်းတို့ရေ ။
( ဇ ) ပစ္စည်းဥစ္စာ အလိုဆန္ဒပြည့်ဝအောင် ဖြည့်ဆည်းမပေးတဲ့လင်
အမျိုးသမီးရဲ့ဝတ်စားနေမှုနဲ့ အလိုရမ္မက်ကို မဖြည့်ဆည်းတဲ့ လင်ကိုလည်း ဇနီးကမလေးစားဘူးတဲ့ ။
(crd)
====
Be the first to comment
Leave a Reply
Your email address will not be published.
*