အလႉေနအိမ္သို႕ ဘုန္းႀကီး ၾကြရင္ တံခါး၀မွာေစာင့္ျပီး ဘာေၾကာင့္ ေျခသုတ္ေပးရတာလဲ

အလႉေနအိမ္သို႕ ဘုန္းႀကီး ၾကြရင္ တံခါး၀မွာေစာင့္ျပီး ဘာေၾကာင့္ ေျခသုတ္ေပးရတာလဲ
အလႉေနအိမ္သို႕ ဘုန္းႀကီး ၾကြရင္ တံခါး၀မွာေစာင့္ျပီး ဘာေၾကာင့္ ေျခသုတ္ေပးရတာလဲ

အလႉေနအိမ္သို႕ ဘုန္းႀကီး ၾကြရင္ တံခါး၀မွာေစာင့္ျပီး ဘာေၾကာင့္ ေျခသုတ္ေပးရတာလဲ

အေမး – အလႉအိမ္ေတြမွာ ဘုန္းႀကီးေတြႂကြလာရင္ ဘာလို႔ တံခါးဝမွာ ေစာင့္ၿပီး ေျခသုတ္ေပးရတာလဲ ကိုယ့္ဘာသာ သုတ္ရင္ေရာ မရဘူးလား အားလုံး အျမင္ရွင္းေအာင္ ေျဖၾကားေပးပါဘုရား။

အေျဖ – ဘုန္းေတာ္ႀကီးမ်ား အိမ္ႂကြလာရင္ အိမ္ရွင္က ေျခသုတ္ေပးရမယ္လို႔ ပညတ္ခ်က္ မရွိသလို ဘုန္းႀကီးမ်ား ကလည္း မသုတ္ခိုင္းပါဘူး။

ဒါျဖင့္ ဘာေၾကာင့္ ဒီလို လုပ္ေနတာလည္း ဆိုရင္ ဒကာ ဒကာမေတြမွာ ရွိတဲ့ စစ္မွန္တဲ့ သဒ္ဓါတရားကေန ထြက္ေပၚလာတဲ့ လုပ္ရပ္ေတြပါလို႔ ေျပာခ်င္တယ္။

ဘုရားရွင္က ကုသိုလ္ မွန္သမွ် ျပည့္စုံေအာင္ လုပ္ၾက လို႔ မိန႔္ေတာ္မူရာမွာ ကုသိုလ္ ရႏိုင္တဲ့ တရား ဆယ္မ်ိဳး ရွိတယ္။ ဒါကို ကုသလကမၼပထ (၁၀)ပါးလို႔လည္း ေခၚတယ္။ ထိုကုသိုလ္ ဆယ္မ်ိဳးထဲမွာ ေဝယ်ာေဝစၥ ကုသိုလ္ ဆိုတာ ပါတယ္။

အဓိပ္ပါယ် ကေတာ့ ရတနာသုံးပါးနဲ႔ စပ္တဲ့ ေဝယ်ာေဝစၥ ကုသိုလ္ ပါပဲ၊ ဒီေဝယ်ာေဝစၥ ကုသိုလ္ဆိုတာ သီလ ကုသိုလ္ ထဲမွာ ပါဝင္ တယ္။

အခုလို အိမ္ႂကြလာတဲ့ ဘုန္းေတာ္ႀကီးမ်ားကို ေျခသုတ္ေပးတယ္ ဆိုတာကလည္း သံဃာေတာ္မ်ားနဲ႔ စပ္တဲ့ ေဝယ်ာေဝစၥ ကုသိုလ္ ကို သူတို႔ ရယူခ်င္လို႔ ပါပဲ။

ဘုန္းေတာ္ႀကီး မ်ားမွာ ဘယ္သူမွ မသုတ္ေပးလဲ စိတ္ညိဳျငင္မႈ မျဖစ္ပါဘူး။ ေျခသုတ္မေပးရင္ ငါ့ကို သုတ္ေပးစမ္းကြ လို႔လည္း ဘယ္ ရဟန္းေတာ္မွ မခိုင္းပါဘူး။

ဒါေပမယ့္ သူတို႔ကို ခိုင္းေနတာေတာ့ ရွိတယ္။ အဲဒါက ကုသိုလ္ ျဖစ္ေအာင္ ဖန္တီးလႈံ႕ေဆာ္ ေပးတဲ့ သူတို႔ ရင္ထဲက လာတဲ့ သဒ္ဓါတရား ပါပဲ။

မသိတာေလးကို သိခြင့္ ရခဲ့ ပါသည္။ ထို သိတာေလးကို မသိေသးသူမ်ား အတြက္ ျပန္လည္မွ်ေဝေပးျခင္း ျဖစ္ပါသည္။(Credit)

Unicode

အလှူနေအိမ်သို့ ဘုန်းကြီး ကြွရင် တံခါးဝမှာစောင့်ပြီး ဘာကြောင့် ခြေသုတ်ပေးရတာလဲ

အမေး – အလှူအိမ်တွေမှာ ဘုန်းကြီးတွေကြွလာရင် ဘာလို့ တံခါးဝမှာ စောင့်ပြီး ခြေသုတ်ပေးရတာလဲ ကိုယ့်ဘာသာ သုတ်ရင်ရော မရဘူးလား အားလုံး အမြင်ရှင်းအောင် ဖြေကြားပေးပါဘုရား။

အဖြေ – ဘုန်းတော်ကြီးများ အိမ်ကြွလာရင် အိမ်ရှင်က ခြေသုတ်ပေးရမယ်လို့ ပညတ်ချက် မရှိသလို ဘုန်းကြီးများ ကလည်း မသုတ်ခိုင်းပါဘူး။

ဒါဖြင့် ဘာကြောင့် ဒီလို လုပ်နေတာလည်း ဆိုရင် ဒကာ ဒကာမတွေမှာ ရှိတဲ့ စစ်မှန်တဲ့ သဒ်ဓါတရားကနေ ထွက်ပေါ်လာတဲ့ လုပ်ရပ်တွေပါလို့ ပြောချင်တယ်။

ဘုရားရှင်က ကုသိုလ် မှန်သမျှ ပြည့်စုံအောင် လုပ်ကြ လို့ မိန့်တော်မူရာမှာ ကုသိုလ် ရနိုင်တဲ့ တရား ဆယ်မျိုး ရှိတယ်။ ဒါကို ကုသလကမ္မပထ (၁၀)ပါးလို့လည်း ခေါ်တယ်။ ထိုကုသိုလ် ဆယ်မျိုးထဲမှာ ဝေယျာဝေစ္စ ကုသိုလ် ဆိုတာ ပါတယ်။

အဓိပ်ပါယျ ကတော့ ရတနာသုံးပါးနဲ့ စပ်တဲ့ ဝေယျာဝေစ္စ ကုသိုလ် ပါပဲ၊ ဒီဝေယျာဝေစ္စ ကုသိုလ်ဆိုတာ သီလ ကုသိုလ် ထဲမှာ ပါဝင် တယ်။

အခုလို အိမ်ကြွလာတဲ့ ဘုန်းတော်ကြီးများကို ခြေသုတ်ပေးတယ် ဆိုတာကလည်း သံဃာတော်များနဲ့ စပ်တဲ့ ဝေယျာဝေစ္စ ကုသိုလ် ကို သူတို့ ရယူချင်လို့ ပါပဲ။

ဘုန်းတော်ကြီး များမှာ ဘယ်သူမှ မသုတ်ပေးလဲ စိတ်ညိုငြင်မှု မဖြစ်ပါဘူး။ ခြေသုတ်မပေးရင် ငါ့ကို သုတ်ပေးစမ်းကွ လို့လည်း ဘယ် ရဟန်းတော်မှ မခိုင်းပါဘူး။

ဒါပေမယ့် သူတို့ကို ခိုင်းနေတာတော့ ရှိတယ်။ အဲဒါက ကုသိုလ် ဖြစ်အောင် ဖန်တီးလှုံ့ဆော် ပေးတဲ့ သူတို့ ရင်ထဲက လာတဲ့ သဒ်ဓါတရား ပါပဲ။

မသိတာလေးကို သိခွင့် ရခဲ့ ပါသည်။ ထို သိတာလေးကို မသိသေးသူများ အတွက် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါသည်။(Credit)

Be the first to comment

Leave a Reply

Your email address will not be published.


*