ဒီဇယ္အင္ဂ်င္ကားႏွင့္ ဓာတ္ဆီအင္ဂ်င္ကားတို႔၏ အားသာခ်က္ႏွင့္ အားနည္းခ်က္မ်ား

ဒီဇယ္အင္ဂ်င္ကားႏွင့္ ဓာတ္ဆီအင္ဂ်င္ကားတို႔၏ အားသာခ်က္ႏွင့္ အားနည္းခ်က္မ်ား
ဒီဇယ္အင္ဂ်င္ကားႏွင့္ ဓာတ္ဆီအင္ဂ်င္ကားတို႔၏ အားသာခ်က္ႏွင့္ အားနည္းခ်က္မ်ား

ဒီဇယ္အင္ဂ်င္ကားႏွင့္ ဓာတ္ဆီအင္ဂ်င္ကားတို႔၏ အားသာခ်က္ႏွင့္ အားနည္းခ်က္မ်ား

ဓာတ္ဆီအင္ဂ်င္နဲ႔ ဒီဇယ္အင္ဂ်င္တို႔ရဲ႕အက်ိဳးအျပစ္ေတြကိုမေျပာခင္ ဥပမာတစ္ခုေျပာပါမယ္။ ဓာတ္ဆီအင္ဂ်င္နဲ႔ ဒီဇယ္အင္ဂ်င္ဟာ ျမင္းတစ္ေကာင္ျဖစ္မယ္ဆိုရင္ ဓာတ္ဆီအင္ဂ်င္ဆိုတာ ၿပိဳင္ျမင္း (racehorse) တစ္ေကာင္လို က်စ္လစ္တယ္၊ ေပါ့ပါးတယ္၊ လ်င္ျမန္မယ္၊ တက္ႂကြေနမယ္။

ဒီဇယ္အင္ဂ်င္ဆိုတာကေတာ့ ပစၥည္းသယ္ယူပို႔ေဆာင္ေရး အလုပ္ၾကမ္းလုပ္တဲ့ ခိုင္းျမင္း (workhorse) တစ္ေကာင္လို ေႏွးမယ္၊ သန္မာမယ္၊ ခံႏိုင္ရည္ပိုေကာင္းပါမယ္။ ဒါကအၾကမ္းဖ်င္း ေယဘုယ်သေဘာကို ဖြင့္ဆိုျပတာပါ။

ဓာတ္ဆီအင္ဂ်င္ရဲ႕ အားသာခ်က္မ်ား

၁။ ေဈးသက္သာျခင္း

ဒီဇယ္အင္ဂ်င္နဲ႔ ယွဥ္ရင္ ကားအမ်ိဳးအစား၊ အင္ဂ်င္ပါဝါျခင္းတူရင္ေတာင္ ဓာတ္ဆီကားကေဈးပို သက္သာပါတယ္။ အင္ဂ်င္အလုံးလိုက္လဲမယ္ဆိုေတာင္ တခ်ိဳ႕ကားေတြမွာဆိုရင္ ေဈးဘယ္ေလာက္မွမရွိပါဘူး။

၂။ ဆူညံသံႏွင့္ တုန္ခါမႈနည္းျခင္း

ဓာတ္ဆီကားမွာ အင္ဂ်င္တြင္းမီးေလာင္ ေပါက္ကြဲမႈျဖစ္စဥ္အတြက္ spark plug နဲ႔အလုပ္လုပ္တာမလို႔ ပုံမွန္မီးေလာင္ေပါက္ကြဲမႈျဖစ္စဥ္ (regular combustion ) ျဖစ္ၿပီး ႀကီးမားတဲ့ဖိအားျဖစ္စဥ္ေတြမလိုအပ္တာေၾကာင့္ အသံဆူညံမႈနဲ႔ အင္ဂ်င္တုန္ခါမႈမွာ ဒီဇယ္ကားထက္ သိသိသာသာေလ်ာ့နည္းပါတယ္။ ဒါေၾကာင့္ အိမ္စီး ဇိမ္ခံကားအမ်ားစုမွာ ဓာတ္ဆီအင္ဂ်င္ေတြကို အသုံးျပဳျခင္းျဖစ္ပါတယ္။

၃။ ျမန္ႏႈန္းျမင့္ လည္ပတ္ႏႈန္းႏွင့္ စြမ္းအားေကာင္းျခင္း

ဓာတ္ဆီအင္ဂ်င္မွာ ဓာတ္ဆီရဲ႕ သေဘာသဘာဝအရရယ္ ပုံမွန္မီးေလာင္ကြၽမ္းမႈျဖစ္စဥ္ရယ္ေၾကာင့္ မီးေလာင္ကြၽမ္းမႈတည္ၿငိမ္ၿပီး ျမန္ႏႈန္းျမင့္စြမ္းရည္ထုတ္လုပ္မႈမွာ ဒီဇယ္အင္ဂ်င္ထက္စြမ္းအားပိုေကာင္းပါတယ္။

၄။ ျပဳျပင္ရလြယ္ကူျခင္း၊ အပိုပစၥည္း ေဈးသက္သာျခင္း

ဓာတ္ဆီအင္ဂ်င္ေတြဟာ ဒီဇယ္အင္ဂ်င္ေတြထက္ ေယဘုယ်အားျဖင့္ နည္းပညာပိုင္းဆိုင္ရာ ျပဳျပင္ရလြယ္ကူၿပီး၊ အပိုပစၥည္း ေဈးပိုသက္သာတယ္လို႔ဆိုႏိုင္ပါတယ္။

၅။ အင္ဂ်င္ကိုယ္ထည္ ဝိတ္ေပါ့ပါးျခင္း

ဓာတ္ဆီအင္ဂ်င္မွာ ဒီဇယ္အင္ဂ်င္လို အင္ဂ်င္တြင္း ဖိအားျမင့္စြမ္းေဆာင္ရည္ မလိုအပ္တာေၾကာင့္ ႀကီးမားတဲ့ ဖိအားဒဏ္ခံႏိုင္ရည္ရွိေအာင္ တည္ေဆာက္စရာမလိုဘဲ ေပါ့ပါးက်စ္လစ္တဲ့ ဒီဇိုင္းပုံစံနဲ႔တည္ေဆာက္ႏိုင္တာမလို႔ ေဈးႏႈန္းသက္သာၿပီး အင္ဂ်င္ကို ေပါ့ပါးက်စ္လစ္ေစပါတယ္။

အမ်ားအားျဖင့္ သြန္းသံ (cast iron) နဲ႔တည္ေဆာက္ၿပီး အခုေနာက္ပိုင္း အလူမီနီယံ (aluminium) စပ္မ်ားနဲ႔ တည္ေဆာက္လာတာေၾကာင့္ ပိုမိုေပါ့ပါးေစပါတယ္။

၆။ အင္ဂ်င္အပူခ်ိန္သက္သာျခင္း

ဓာတ္ဆီအင္ဂ်င္ေတြမွာ ဓာတ္ဆီဟာလြယ္ကူစြာေလာင္ကြၽမ္းႏိုင္တာေၾကာင့္ ပုံမွန္မီးေလာင္ေပါက္ကြဲမႈျဖစ္စဥ္ပဲလိုအပ္ၿပီး ဒီဇယ္အင္ဂ်င္ေတြလို အင္ဂ်င္တြင္း ျမင့္မားတဲ့အပူခ်ိန္ေတြကို ဖန္တီးစရာမလိုပါဘူး။ ဒါေၾကာင့္ အပူခ်ိန္ပိုၿပီး ေလ်ာ့နည္းပါတယ္။ ေနာက္တစ္ခ်က္က အလူမီနီယံလို အလြယ္တကူအပူေလွ်ာက္စီးကူးၿပီး၊ အပူစြန္႔ထုတ္လြယ္တဲ့ သတၱဳေရာေတြကိုအသုံးျပဳၿပီး အင္ဂ်င္ကိုတည္ေဆာက္ႏိုင္တာမလို႔ အင္ဂ်င္အပူခ်ိန္ဟာ ဒီဇယ္အင္ဂ်င္ထက္ အပူသက္သာပါတယ္။ ျမင့္မားတဲ့ အပူခ်ိန္ေပးရန္မလိုတဲ့အတြက္ ေအးတဲ့ရာသီဥတုေတြမွာ စက္ႏႈိးရလြယ္ကူပါတယ္။

ဓာတ္ဆီအင္ဂ်င္ရဲ႕ အားနည္းခ်က္မ်ား

၁။ အင္ဂ်င္သက္တမ္းတိုျခင္း

ဓာတ္ဆီအင္ဂ်င္ေတြမွာ ျမန္ႏႈန္းျမင့္ စြမ္းအားလုပ္ေဆာင္မႈေတြကို အားေပးတာရယ္၊ ဓာတ္ဆီကိုယ္တိုင္ကိုက မီးေလာင္ေပါက္ကြဲမႈအားေကာင္းတာရယ္ ေတြေၾကာင့္ အင္ဂ်င္သက္တမ္းက ဒီဇယ္အင္ဂ်င္ထက္စာရင္ အင္ဂ်င္က်တဲ့သက္တမ္း ျမန္ပါတယ္။

၂။ ျပန္ေရာင္းေဈးကြက္မွာ ေဈးက်ျခင္း

ကမာၻလုံးဆိုင္ရာ ေဈးကြက္အေနအထားအရ ဓာတ္ဆီအင္ဂ်င္ဟာ အင္ဂ်င္သက္တမ္းတိုတဲ့အတြက္ အသုံးျပဳၿပီးသား used ကားေတြကိုျပန္ေရာင္းတဲ့ resale value မွာ ေဈးက်ႏိုင္ပါတယ္။

၃။ ဆီပိုစားျခင္း

ပုံမွန္အားျဖင့္ ဓာတ္ဆီအင္ဂ်င္က ဆီပိုစားတယ္ဆိုတာ အၾကမ္းဖ်င္းသိၾကပါတယ္။ အေၾကာင္းအရင္း ကေတာ့ ဓာတ္ဆီအင္ဂ်င္ေတြရဲ႕ engine performance လို႔ေခၚတဲ့ အင္ဂ်င္တာဝန္ထမ္းေဆာင္တဲ့ေနရာမွာ ပစ္စတင္ရဲ႕ C.R (compression ratio) ဖိသိပ္မႈအခ်ိဳးနည္းပါးတဲ့အတြက္ ဆီပိုစားျခင္းျဖစ္ပါတယ္။

၄။ Spark Plug ျပႆနာမ်ားျခင္း

ဓာတ္ဆီအင္ဂ်င္ေတြမွာ spark plug နဲ႔မီးခတ္ၿပီးေပါက္ကြဲရတာမလို႔ ဆီမသန္႔ပါက ပလပ္အလြယ္တကူပ်က္စီးေစတတ္ၿပီး အင္ဂ်င္အလုပ္လုပ္စြမ္းရည္က်ကာ ပလပ္ျပႆနာေတြ ခဏခဏေျဖရွင္းရတတ္ပါတယ္။

၅။ Torque လည္အား အေျပာင္းအလဲမ်ားျခင္း

ဝန္အႀကီးမ်ားထမ္းၿပီး ႐ုန္းကန္ရာေတြမွာ အင္ဂ်င္လည္အား အေျပာင္းအလဲမ်ားတာေၾကာင့္ ေခ်ာေမြ႕ေျပျပစ္မႈမေကာင္းပါဘူး။

အထက္ပါအခ်က္ေတြကေတာ့ ဓာတ္ဆီအင္ဂ်င္တစ္လုံးရဲ႕ အၾကမ္းဖ်င္းအားသာခ်က္၊ အားနည္းခ်က္ေတြပါ။

ဒီဇယ္အင္ဂ်င္ရဲ႕အားသာခ်က္မ်ား

၁။ အင္ဂ်င္သက္တမ္းရွည္ျခင္း

ဒီဇယ္အင္ဂ်င္ေတြဟာ ႀကီးမားတဲ့ဖိအားနဲ႔ အပူခ်ိန္ဒဏ္ကို ခံႏိုင္ရည္ရွိေအာင္ တည္ေဆာက္ထားတာမလို႔ အင္ဂ်င္သက္တမ္းရွည္ပါတယ္။ အင္ဂ်င္သက္တမ္းရွည္တာေၾကာင့္ တစ္ပတ္ရစ္ကားေဈးကြက္မွာ ေဈးႏႈန္းက်ဆင္းမႈသက္သာပါတယ္။ Mercedes-Benz ရဲ႕ေဖာ္ျပခ်က္အရ Mercedes-Benz ကုမၸဏီက ထုတ္လိုက္တဲ့ original အင္ဂ်င္တစ္လုံးဟာ အႀကီးစားေမဂ်ာျပဳျပင္မႈေတြမလုပ္ရဘဲ 900,000 miles အထိ သက္တမ္းၾကာရွည္တယ္ဆိုတာကို တိုင္းတာျပသဖူးပါတယ္။

၂။ ဆီစားသက္သာျခင္း

ဒီဇယ္အင္ဂ်င္ေတြမွာ ေလတမ်ိဳးတည္းကိုသာ ဖိသိပ္ရတာမလို႔ ပစ္စတင္ရဲ႕ C.R (compression ratio) ဖိသိပ္မႈအခ်ိဳး ႀကီးမားၿပီး ဆီတစ္ဂါလံမွာသြားႏိုင္တဲ့ခရီးအကြာအေဝး ပိုမ်ားပါတယ္။ ဒါေၾကာင့္ fuel economy အရ တြက္ေခ်ပိုကိုက္ပါတယ္။

၃။ Spark Plug ၊ Distributor နဲ႔ Ignition Coil ျပႆနာမရွိျခင္း

ဒီဇယ္အင္ဂ်င္မွာ ေလဖိအားနဲ႔အပူခ်ိန္ကိုအသုံးခ်ၿပီး မီးေလာင္ေပါက္ကြဲမႈျဖစ္ေစတာမလို႔ spark plug distributor နဲ႔ ignition coil (မီးကြိဳင္) ေတြေကာင္းစြာအလုပ္မလုပ္တဲ့ျပႆနာကေနကင္းေဝးၿပီး engine performance ကိုေကာင္းစြာရရွိေစပါတယ္။

၄။ မၾကာခဏျပဳျပင္ရမႈ နည္းျခင္း

အပ်က္မ်ားတဲ့ spark plug ၊ distributor နဲ႔ ignition coil (မီးကြိဳင္) ေတြမပါလို႔ မၾကာခဏျပဳျပင္ရမႈနည္းပါတယ္။

၅။ ႐ုန္းကန္အား ပိုေကာင္းျခင္း

ဝန္တင္ၿပီး အင္ဂ်င္အရွိန္အမ်ိဳးမ်ိဳးအေပၚ ခိုင္းေစေမာင္းႏွင္ရာမွာ torque လည္အားေျပာင္းလဲမႈနည္းတာေၾကာင့္ ဝန္ကိုထမ္းရာမွာ ဓာတ္ဆီအင္ဂ်င္ထက္ ဆြဲအား႐ုန္းအား ပိုမိုေကာင္းမြန္ပါတယ္။

ဒီဇယ္အင္ဂ်င္၏ အားနည္းခ်က္မ်ား

၁။ အင္ဂ်င္ေဈးႏႈန္း ျမင့္မားျခင္း၊ အေလးခ်ိန္ ပိုမ်ားျခင္း

ဒီဇယ္အင္ဂ်င္မွာ မီးေလာင္ေပါက္ကြဲမႈျဖစ္စဥ္အတြက္ ႀကီးမားတဲ့ဖိအားနဲ႔အပူစြမ္းအင္ကိုအသုံးျပဳရတာပါ။ အဲဒီဖိအားနဲ႔ အပူခ်ိန္ကိုခံႏိုင္ရည္ရွိဖို႔ ႀကံ့ခိုင္တဲ့အင္ဂ်င္ကိုယ္ထည္ကိုတည္ေဆာက္ရတာမလို႔ ေဈးႏႈန္းျမင့္မားၿပီး အေလးခ်ိန္လည္းပိုမိုမ်ားျပားပါတယ္။

၂။ တုန္ခါမႈႏွင့္ အသံဆူညံမႈ ပိုမ်ားျခင္း

ဒီဇယ္အင္ဂ်င္ရဲ႕ မီးေလာင္ေပါက္ကြဲမႈျဖစ္စဥ္ေၾကာင့္ ထြက္ေပၚလာတဲ့ အျမင့္ဆုံးဖိအားတန္ဖိုးဟာ ဓာတ္ဆီအင္ဂ်င္ထက္ ၂ ဆ ေက်ာ္ပိုမိုျမင့္မားတာေၾကာင့္ အသံဆူညံမႈနဲ႔တုန္ခါမႈတို႔ကို ပိုမ်ားေစပါတယ္ ။

၃။ ထိန္းသိမ္းေစာင့္ေရွာက္မႈ လိုအပ္ျခင္း

ဒီဇယ္အင္ဂ်င္မွာ fuel injection system ကိုသာသုံးၿပီး ေလဖိအားနဲ႔မီးေလာင္ေပါက္ကြဲေစတာမလို႔ air filter ၊ fuel filter ၊ oil filter အစရွိတဲ့ ေလစစ္၊ ဆီစစ္ဘူးေတြကို ဂ႐ုတစိုက္ သန္႔စင္လဲလွယ္ေပးဖို႔လိုအပ္ပါတယ္။

၄။ ျပဳျပင္မႈစရိတ္ ႀကီးမားျခင္း

ဒီဇယ္အင္ဂ်င္ေတြဟာ မၾကာခဏျပဳျပင္ထိန္းသိမ္းဖို႔ မလိုအပ္ေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ျပဳျပင္ရတဲ့အခ်ိန္မွာ အပိုပစၥည္းနဲ႔ျပဳျပင္မႈစရိတ္က ဓာတ္ဆီအင္ဂ်င္ထက္ ပိုမိုပါတယ္။

၅။ ေအးေသာရာသီဥတုေတြမွာ ႏႈိးရခက္ျခင္း

မီးေလာင္ေပါက္ကြဲမႈျဖစ္ေစဖို႔ အပူခ်ိန္ (500 ံC or 932 ံ F) ကေန ဒီထက္ျမင့္မားတဲ့ အပူခ်ိန္ျဖစ္ေအာင္ ဖိသိပ္ေပးရတာမလို႔ ေအးတဲ့ရာသီဥတုေတြမွာ ႏႈိးရခက္တာကိုႀကဳံေတြ႕ၾကရမွာပါ။

ဒီအခ်က္အလက္ေတြကေတာ့ ဒီဇယ္အင္ဂ်င္တစ္လုံးရဲ႕ အားသာခ်က္၊ အားနည္းခ်က္ေတြပဲျဖစ္ပါတယ္။

အေသးစိတ္ေလ့လာၾကည့္ရင္ ဒါ့ထက္ဒါ့ထက္ပိုမ်ားၿပီး ရႈပ္ေထြးတဲ့ ကြဲျပားျခားနားခ်က္၊ အားသာခ်က္၊ အားနည္းခ်က္ေတြ ရွိေနပါေသးတယ္ခင္ဗ်ာ။

စာဖတ္သူမိတ္ေဆြအေပါင္း နည္းပညာဗဟုသုတ ဖြံ႕ၿဖိဳးတိုးတက္ၾကပါေစ။ မူရင္းေရးသားသူအား ေလးစားစြာ ခရက္ဒစ္ေပးပါသည္။

Unicode

ဒီဇယ်အင်ဂျင်ကားနှင့် ဓာတ်ဆီအင်ဂျင်ကားတို့၏ အားသာချက်နှင့် အားနည်းချက်များ

ဓာတ်ဆီအင်ဂျင်နဲ့ ဒီဇယ်အင်ဂျင်တို့ရဲ့အကျိုးအပြစ်တွေကိုမပြောခင် ဥပမာတစ်ခုပြောပါမယ်။ ဓာတ်ဆီအင်ဂျင်နဲ့ ဒီဇယ်အင်ဂျင်ဟာ မြင်းတစ်ကောင်ဖြစ်မယ်ဆိုရင် ဓာတ်ဆီအင်ဂျင်ဆိုတာ ပြိုင်မြင်း (racehorse) တစ်ကောင်လို ကျစ်လစ်တယ်၊ ပေါ့ပါးတယ်၊ လျင်မြန်မယ်၊ တက်ကြွနေမယ်။

ဒီဇယ်အင်ဂျင်ဆိုတာကတော့ ပစ္စည်းသယ်ယူပို့ဆောင်ရေး အလုပ်ကြမ်းလုပ်တဲ့ ခိုင်းမြင်း (workhorse) တစ်ကောင်လို နှေးမယ်၊ သန်မာမယ်၊ ခံနိုင်ရည်ပိုကောင်းပါမယ်။ ဒါကအကြမ်းဖျင်း ယေဘုယျသဘောကို ဖွင့်ဆိုပြတာပါ။

ဓာတ်ဆီအင်ဂျင်ရဲ့ အားသာချက်များ

၁။ ဈေးသက်သာခြင်း

ဒီဇယ်အင်ဂျင်နဲ့ ယှဉ်ရင် ကားအမျိုးအစား၊ အင်ဂျင်ပါဝါခြင်းတူရင်တောင် ဓာတ်ဆီကားကဈေးပို သက်သာပါတယ်။ အင်ဂျင်အလုံးလိုက်လဲမယ်ဆိုတောင် တချို့ကားတွေမှာဆိုရင် ဈေးဘယ်လောက်မှမရှိပါဘူး။

၂။ ဆူညံသံနှင့် တုန်ခါမှုနည်းခြင်း

ဓာတ်ဆီကားမှာ အင်ဂျင်တွင်းမီးလောင် ပေါက်ကွဲမှုဖြစ်စဉ်အတွက် spark plug နဲ့အလုပ်လုပ်တာမလို့ ပုံမှန်မီးလောင်ပေါက်ကွဲမှုဖြစ်စဉ် (regular combustion ) ဖြစ်ပြီး ကြီးမားတဲ့ဖိအားဖြစ်စဉ်တွေမလိုအပ်တာကြောင့် အသံဆူညံမှုနဲ့ အင်ဂျင်တုန်ခါမှုမှာ ဒီဇယ်ကားထက် သိသိသာသာလျော့နည်းပါတယ်။ ဒါကြောင့် အိမ်စီး ဇိမ်ခံကားအများစုမှာ ဓာတ်ဆီအင်ဂျင်တွေကို အသုံးပြုခြင်းဖြစ်ပါတယ်။

၃။ မြန်နှုန်းမြင့် လည်ပတ်နှုန်းနှင့် စွမ်းအားကောင်းခြင်း

ဓာတ်ဆီအင်ဂျင်မှာ ဓာတ်ဆီရဲ့ သဘောသဘာဝအရရယ် ပုံမှန်မီးလောင်ကျွမ်းမှုဖြစ်စဉ်ရယ်ကြောင့် မီးလောင်ကျွမ်းမှုတည်ငြိမ်ပြီး မြန်နှုန်းမြင့်စွမ်းရည်ထုတ်လုပ်မှုမှာ ဒီဇယ်အင်ဂျင်ထက်စွမ်းအားပိုကောင်းပါတယ်။

၄။ ပြုပြင်ရလွယ်ကူခြင်း၊ အပိုပစ္စည်း ဈေးသက်သာခြင်း

ဓာတ်ဆီအင်ဂျင်တွေဟာ ဒီဇယ်အင်ဂျင်တွေထက် ယေဘုယျအားဖြင့် နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ရလွယ်ကူပြီး၊ အပိုပစ္စည်း ဈေးပိုသက်သာတယ်လို့ဆိုနိုင်ပါတယ်။

၅။ အင်ဂျင်ကိုယ်ထည် ဝိတ်ပေါ့ပါးခြင်း

ဓာတ်ဆီအင်ဂျင်မှာ ဒီဇယ်အင်ဂျင်လို အင်ဂျင်တွင်း ဖိအားမြင့်စွမ်းဆောင်ရည် မလိုအပ်တာကြောင့် ကြီးမားတဲ့ ဖိအားဒဏ်ခံနိုင်ရည်ရှိအောင် တည်ဆောက်စရာမလိုဘဲ ပေါ့ပါးကျစ်လစ်တဲ့ ဒီဇိုင်းပုံစံနဲ့တည်ဆောက်နိုင်တာမလို့ ဈေးနှုန်းသက်သာပြီး အင်ဂျင်ကို ပေါ့ပါးကျစ်လစ်စေပါတယ်။

အများအားဖြင့် သွန်းသံ (cast iron) နဲ့တည်ဆောက်ပြီး အခုနောက်ပိုင်း အလူမီနီယံ (aluminium) စပ်များနဲ့ တည်ဆောက်လာတာကြောင့် ပိုမိုပေါ့ပါးစေပါတယ်။

၆။ အင်ဂျင်အပူချိန်သက်သာခြင်း

ဓာတ်ဆီအင်ဂျင်တွေမှာ ဓာတ်ဆီဟာလွယ်ကူစွာလောင်ကျွမ်းနိုင်တာကြောင့် ပုံမှန်မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်ပဲလိုအပ်ပြီး ဒီဇယ်အင်ဂျင်တွေလို အင်ဂျင်တွင်း မြင့်မားတဲ့အပူချိန်တွေကို ဖန်တီးစရာမလိုပါဘူး။ ဒါကြောင့် အပူချိန်ပိုပြီး လျော့နည်းပါတယ်။ နောက်တစ်ချက်က အလူမီနီယံလို အလွယ်တကူအပူလျှောက်စီးကူးပြီး၊ အပူစွန့်ထုတ်လွယ်တဲ့ သတ္တုရောတွေကိုအသုံးပြုပြီး အင်ဂျင်ကိုတည်ဆောက်နိုင်တာမလို့ အင်ဂျင်အပူချိန်ဟာ ဒီဇယ်အင်ဂျင်ထက် အပူသက်သာပါတယ်။ မြင့်မားတဲ့ အပူချိန်ပေးရန်မလိုတဲ့အတွက် အေးတဲ့ရာသီဥတုတွေမှာ စက်နှိုးရလွယ်ကူပါတယ်။

ဓာတ်ဆီအင်ဂျင်ရဲ့ အားနည်းချက်များ

၁။ အင်ဂျင်သက်တမ်းတိုခြင်း

ဓာတ်ဆီအင်ဂျင်တွေမှာ မြန်နှုန်းမြင့် စွမ်းအားလုပ်ဆောင်မှုတွေကို အားပေးတာရယ်၊ ဓာတ်ဆီကိုယ်တိုင်ကိုက မီးလောင်ပေါက်ကွဲမှုအားကောင်းတာရယ် တွေကြောင့် အင်ဂျင်သက်တမ်းက ဒီဇယ်အင်ဂျင်ထက်စာရင် အင်ဂျင်ကျတဲ့သက်တမ်း မြန်ပါတယ်။

၂။ ပြန်ရောင်းဈေးကွက်မှာ ဈေးကျခြင်း

ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်အနေအထားအရ ဓာတ်ဆီအင်ဂျင်ဟာ အင်ဂျင်သက်တမ်းတိုတဲ့အတွက် အသုံးပြုပြီးသား used ကားတွေကိုပြန်ရောင်းတဲ့ resale value မှာ ဈေးကျနိုင်ပါတယ်။

၃။ ဆီပိုစားခြင်း

ပုံမှန်အားဖြင့် ဓာတ်ဆီအင်ဂျင်က ဆီပိုစားတယ်ဆိုတာ အကြမ်းဖျင်းသိကြပါတယ်။ အကြောင်းအရင်း ကတော့ ဓာတ်ဆီအင်ဂျင်တွေရဲ့ engine performance လို့ခေါ်တဲ့ အင်ဂျင်တာဝန်ထမ်းဆောင်တဲ့နေရာမှာ ပစ်စတင်ရဲ့ C.R (compression ratio) ဖိသိပ်မှုအချိုးနည်းပါးတဲ့အတွက် ဆီပိုစားခြင်းဖြစ်ပါတယ်။

၄။ Spark Plug ပြဿနာများခြင်း

ဓာတ်ဆီအင်ဂျင်တွေမှာ spark plug နဲ့မီးခတ်ပြီးပေါက်ကွဲရတာမလို့ ဆီမသန့်ပါက ပလပ်အလွယ်တကူပျက်စီးစေတတ်ပြီး အင်ဂျင်အလုပ်လုပ်စွမ်းရည်ကျကာ ပလပ်ပြဿနာတွေ ခဏခဏဖြေရှင်းရတတ်ပါတယ်။

၅။ Torque လည်အား အပြောင်းအလဲများခြင်း

ဝန်အကြီးများထမ်းပြီး ရုန်းကန်ရာတွေမှာ အင်ဂျင်လည်အား အပြောင်းအလဲများတာကြောင့် ချောမွေ့ပြေပြစ်မှုမကောင်းပါဘူး။

အထက်ပါအချက်တွေကတော့ ဓာတ်ဆီအင်ဂျင်တစ်လုံးရဲ့ အကြမ်းဖျင်းအားသာချက်၊ အားနည်းချက်တွေပါ။

ဒီဇယ်အင်ဂျင်ရဲ့အားသာချက်များ

၁။ အင်ဂျင်သက်တမ်းရှည်ခြင်း

ဒီဇယ်အင်ဂျင်တွေဟာ ကြီးမားတဲ့ဖိအားနဲ့ အပူချိန်ဒဏ်ကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားတာမလို့ အင်ဂျင်သက်တမ်းရှည်ပါတယ်။ အင်ဂျင်သက်တမ်းရှည်တာကြောင့် တစ်ပတ်ရစ်ကားဈေးကွက်မှာ ဈေးနှုန်းကျဆင်းမှုသက်သာပါတယ်။ Mercedes-Benz ရဲ့ဖော်ပြချက်အရ Mercedes-Benz ကုမ္ပဏီက ထုတ်လိုက်တဲ့ original အင်ဂျင်တစ်လုံးဟာ အကြီးစားမေဂျာပြုပြင်မှုတွေမလုပ်ရဘဲ 900,000 miles အထိ သက်တမ်းကြာရှည်တယ်ဆိုတာကို တိုင်းတာပြသဖူးပါတယ်။

၂။ ဆီစားသက်သာခြင်း

ဒီဇယ်အင်ဂျင်တွေမှာ လေတမျိုးတည်းကိုသာ ဖိသိပ်ရတာမလို့ ပစ်စတင်ရဲ့ C.R (compression ratio) ဖိသိပ်မှုအချိုး ကြီးမားပြီး ဆီတစ်ဂါလံမှာသွားနိုင်တဲ့ခရီးအကွာအဝေး ပိုများပါတယ်။ ဒါကြောင့် fuel economy အရ တွက်ချေပိုကိုက်ပါတယ်။

၃။ Spark Plug ၊ Distributor နဲ့ Ignition Coil ပြဿနာမရှိခြင်း

ဒီဇယ်အင်ဂျင်မှာ လေဖိအားနဲ့အပူချိန်ကိုအသုံးချပြီး မီးလောင်ပေါက်ကွဲမှုဖြစ်စေတာမလို့ spark plug distributor နဲ့ ignition coil (မီးကွိုင်) တွေကောင်းစွာအလုပ်မလုပ်တဲ့ပြဿနာကနေကင်းဝေးပြီး engine performance ကိုကောင်းစွာရရှိစေပါတယ်။

၄။ မကြာခဏပြုပြင်ရမှု နည်းခြင်း

အပျက်များတဲ့ spark plug ၊ distributor နဲ့ ignition coil (မီးကွိုင်) တွေမပါလို့ မကြာခဏပြုပြင်ရမှုနည်းပါတယ်။

၅။ ရုန်းကန်အား ပိုကောင်းခြင်း

ဝန်တင်ပြီး အင်ဂျင်အရှိန်အမျိုးမျိုးအပေါ် ခိုင်းစေမောင်းနှင်ရာမှာ torque လည်အားပြောင်းလဲမှုနည်းတာကြောင့် ဝန်ကိုထမ်းရာမှာ ဓာတ်ဆီအင်ဂျင်ထက် ဆွဲအားရုန်းအား ပိုမိုကောင်းမွန်ပါတယ်။

ဒီဇယ်အင်ဂျင်၏ အားနည်းချက်များ

၁။ အင်ဂျင်ဈေးနှုန်း မြင့်မားခြင်း၊ အလေးချိန် ပိုများခြင်း

ဒီဇယ်အင်ဂျင်မှာ မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်အတွက် ကြီးမားတဲ့ဖိအားနဲ့အပူစွမ်းအင်ကိုအသုံးပြုရတာပါ။ အဲဒီဖိအားနဲ့ အပူချိန်ကိုခံနိုင်ရည်ရှိဖို့ ကြံ့ခိုင်တဲ့အင်ဂျင်ကိုယ်ထည်ကိုတည်ဆောက်ရတာမလို့ ဈေးနှုန်းမြင့်မားပြီး အလေးချိန်လည်းပိုမိုများပြားပါတယ်။

၂။ တုန်ခါမှုနှင့် အသံဆူညံမှု ပိုများခြင်း

ဒီဇယ်အင်ဂျင်ရဲ့ မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထွက်ပေါ်လာတဲ့ အမြင့်ဆုံးဖိအားတန်ဖိုးဟာ ဓာတ်ဆီအင်ဂျင်ထက် ၂ ဆ ကျော်ပိုမိုမြင့်မားတာကြောင့် အသံဆူညံမှုနဲ့တုန်ခါမှုတို့ကို ပိုများစေပါတယ် ။

၃။ ထိန်းသိမ်းစောင့်ရှောက်မှု လိုအပ်ခြင်း

ဒီဇယ်အင်ဂျင်မှာ fuel injection system ကိုသာသုံးပြီး လေဖိအားနဲ့မီးလောင်ပေါက်ကွဲစေတာမလို့ air filter ၊ fuel filter ၊ oil filter အစရှိတဲ့ လေစစ်၊ ဆီစစ်ဘူးတွေကို ဂရုတစိုက် သန့်စင်လဲလှယ်ပေးဖို့လိုအပ်ပါတယ်။

၄။ ပြုပြင်မှုစရိတ် ကြီးမားခြင်း

ဒီဇယ်အင်ဂျင်တွေဟာ မကြာခဏပြုပြင်ထိန်းသိမ်းဖို့ မလိုအပ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့်ပြုပြင်ရတဲ့အချိန်မှာ အပိုပစ္စည်းနဲ့ပြုပြင်မှုစရိတ်က ဓာတ်ဆီအင်ဂျင်ထက် ပိုမိုပါတယ်။

၅။ အေးသောရာသီဥတုတွေမှာ နှိုးရခက်ခြင်း

မီးလောင်ပေါက်ကွဲမှုဖြစ်စေဖို့ အပူချိန် (500 ံC or 932 ံ F) ကနေ ဒီထက်မြင့်မားတဲ့ အပူချိန်ဖြစ်အောင် ဖိသိပ်ပေးရတာမလို့ အေးတဲ့ရာသီဥတုတွေမှာ နှိုးရခက်တာကိုကြုံတွေ့ကြရမှာပါ။

ဒီအချက်အလက်တွေကတော့ ဒီဇယ်အင်ဂျင်တစ်လုံးရဲ့ အားသာချက်၊ အားနည်းချက်တွေပဲဖြစ်ပါတယ်။

အသေးစိတ်လေ့လာကြည့်ရင် ဒါ့ထက်ဒါ့ထက်ပိုများပြီး ရှုပ်ထွေးတဲ့ ကွဲပြားခြားနားချက်၊ အားသာချက်၊ အားနည်းချက်တွေ ရှိနေပါသေးတယ်ခင်ဗျာ။

စာဖတ်သူမိတ်ဆွေအပေါင်း နည်းပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်ကြပါစေ။ မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*