ကားေတြမွာ ဘရိတ္ဆီ ပံုမွန္လဲေပးသင့္တဲ့ အေၾကာင္းအရင္းမ်ား

ကားေတြမွာ ဘရိတ္ဆီ ပံုမွန္လဲေပးသင့္တဲ့ အေၾကာင္းအရင္းမ်ား
ကားေတြမွာ ဘရိတ္ဆီ ပံုမွန္လဲေပးသင့္တဲ့ အေၾကာင္းအရင္းမ်ား

ကားေတြမွာ ဘရိတ္ဆီ ပံုမွန္လဲေပးသင့္တဲ့ အေၾကာင္းအရင္းမ်ား

ေမာ္ေတာ္ကားဘရိတ္စနစ္မွာ ဒစ္ဘရိတ္ (Disc Brake) ကို ေရွ႕ဘီးအတြက္ အသုံးျပဳၿပီး ဒရမ္ဘရိတ္ (Drum Brake) သို႔ ဒစ္ဘရိတ္ကို ေနာက္ဘီးအတြက္ အသုံးျပဳၾကပါတယ္။ ဘရိတ္စနစ္ဆိုတာ ဟိုက္ဒေရာလစ္စနစ္ကို အေျခခံထားတာေၾကာင့္ ဆီအျဖစ္ ဘရိတ္ဆီကို အသုံးျပဳၾကပါတယ္။

ဘရိတ္စနစ္မွာ ဘရိတ္ေျခနင္းျပားက နင္းလိုက္တဲ့အားကို ဘရိတ္မာစတာပန႔္ (Master Cylinder) မွ ဘရိတ္ဆီရဲ႕ ဟိုက္ဒေရာလစ္အားျဖင့္ ဘီးအသီးမွာရွိတဲ့ ဒစ္ဘရိတ္၊ ဒရမ္ဘရိတ္ေတြကို ဖမ္းေပးတာျဖစ္ပါတယ္။

အဲ့ဒီလိုဖမ္းေပးဖို႔ အဓိကလုပ္ေဆာင္ေပးေနတာကေတာ့ ဘရိတ္ဆီဘဲျဖစ္ပါတယ္။ ဘရိတ္စနစ္မွာ အသုံးျပဳထားတဲ့အစိတ္အပိုင္းေတြမွာ သတၱဴေတြ၊ သံထည္အစိတ္အပိုင္းေတြနဲ႔ ရာဘာေတြက အခ်ိန္ကာလတခုၾကာတဲ့အခါ ပြန္းစားမႈမ်ား၊ ပ်က္စီးယိုယြင္းမႈမ်ားေၾကာင့္ အမႈန္အမႊားေလးေတြထြက္လာပါတယ္။

အဲ့ဒီအမႈန္ေတြက ဘရိတ္ဆီထဲမွာ ေရာၿပီးေပ်ာ္ဝင္သြားတဲ့အခါ ဘရိတ္ဆီမဲညစ္မႈျဖစ္ၿပီး ဘရိတ္ဆီရဲ႕ အရည္ေသြးက်ဆင္းေစပါတယ္။ဒါအျပင္ဘရိတ္ဆီေတြက ေရေငြ႕စုပ္ယူမႈအားေကာင္းပါတယ္။ ေရေငြ႕စုပ္ယူမႈေၾကာင့္ ဘရိတ္ဆီရဲ႕ ဆူမွတ္ (Boiling Point) က်ဆင္းကာ ဘရိတ္ဖမ္းတဲ့အခါ ဘရိတ္ရဲ႕အပူေၾကာင့္ ဘရိတ္ေလ်ာ့ျခင္း၊ ဘရိတ္မမိျခင္းကို ျဖစ္ေပၚေစပါတယ္။

မွတ္တမ္းမ်ားအရ ဘရိတ္ဆီရဲ႕ ေရေငြ႕စုပ္ယူမႈက တစ္ႏွစ္ကို 3% (၃ရာခိုင္ႏႈန္း) ရွိတာေၾကာင့္ ဘရိတ္ဆီရဲ႕ ဆူမွတ္ေတြက အခ်ိန္ကာလၾကာေလေလ ပိုက်ေလေလျဖစ္ပါတယ္။ဒါေၾကာင့္ ဘရိတ္ဆီကို မိုင္ 30,000 (ကီလို 48,000) သို႔မဟုတ္ 2 ႏွစ္တႀကိမ္ အသစ္လဲလွယ္ေပးသင့္ပါတယ္။

ဘရိတ္ဆီလဲတဲ့အခါ ဘရိတ္ဆီကန္ထဲက ဘရိတ္ဆီေတြအကုန္ ေဖာက္ထုတ္သင့္သလို ကားဘီးေလးဘီးျဖဳတ္ကာ ဘရိတ္စနစ္ေတြအား လုံးမွလည္း ဘရိတ္ဆီအေဟာင္းေတြကို ကုန္စင္ေအာင္ ေဖာက္ထုတ္ေပးသင့္ပါတယ္။

ေဖာက္ထုတ္ၿပီးမွ အရည္ေသြးျမင့္ ဘရိတ္ဆီကို လဲလွယ္ေပးသင့္ပါတယ္။ ဘရိတ္ဆီဗူးေတြကို မလိုအပ္ဘဲ အခ်ိန္အၾကာႀကီး အဖုံးမဖြင့္ထားသင့္ပါဘူး။ အဖုံးဖြင့္ထားရင္ ျပင္ပေလထုထဲက ေရေငြ႕ေတြဝင္ၿပီး ဆူမွတ္က်ဆင္းသြားႏိူင္ပါတယ္။

ဘရိတ္ဆီေတြရဲ႕ အရည္ေသြးကို DOT (Department of Transportation) နဲ႔သတ္ မွတ္ပါတယ္။ DOT 2, DOT 3, DOT 4, DOT 5 စသည္ျဖင့္ အဆင့္ဆင့္ထုတ္လုပ္လာၿပီး DOT နံပါတ္ျမင့္ေလေလ အရည္ေသြးေကာင္းေလေလျဖစ္ပါတယ္။

လက္ရွိကားေတာ္ေတာ္မ်ားမ်ားမွာေတာ့ DOT 3 ကို အမ်ားဆုံးအသုံးျပဳၾကၿပီး တခ်ိဳ႕ကားေတြမွာေတာ့ DOT 4, DOT 4.1, DOT 5, DOT 5.1 တို႔ကိုလည္း အသုံးျပဳေနၾကပါၿပီ။ကားရဲ႕ ဘရိတ္စနစ္ေၾကာင့္ အက္ဆီဒင့္ေတြ၊ ထိခိုက္မႈေတြမ်ားစြာကို ႀကဳံေတြ႕ရႏိူင္တာကိုလည္း မိတ္ေဆြတို႔အသိပါ။

ဒါေၾကာင့္ ကားတစ္စီးရဲ႕ ဘရိတ္စနစ္ေကာင္းေကာင္းအလုပ္လုပ္ေစခ်င္တယ္ဆိုရင္ ဘရိတ္ဆီကိုလည္း သတ္မွတ္ထားတဲ့ကာလ၊ သတ္မွတ္ထားတဲ့ ကီလို (မိုင္) ေတြမွာ လဲလယ္ေပးမွသာ ဘရိတ္ေကာင္းေကာင္းမိမွာျဖစ္ပါတယ္။ ခရက္ဒစ္ ကားအေၾကာင္းစုံ

Unicode

ကားတွေမှာ ဘရိတ်ဆီ ပုံမှန်လဲပေးသင့်တဲ့ အကြောင်းအရင်းများ

မော်တော်ကားဘရိတ်စနစ်မှာ ဒစ်ဘရိတ် (Disc Brake) ကို ရှေ့ဘီးအတွက် အသုံးပြုပြီး ဒရမ်ဘရိတ် (Drum Brake) သို့ ဒစ်ဘရိတ်ကို နောက်ဘီးအတွက် အသုံးပြုကြပါတယ်။ ဘရိတ်စနစ်ဆိုတာ ဟိုက်ဒရောလစ်စနစ်ကို အခြေခံထားတာကြောင့် ဆီအဖြစ် ဘရိတ်ဆီကို အသုံးပြုကြပါတယ်။

ဘရိတ်စနစ်မှာ ဘရိတ်ခြေနင်းပြားက နင်းလိုက်တဲ့အားကို ဘရိတ်မာစတာပန့် (Master Cylinder) မှ ဘရိတ်ဆီရဲ့ ဟိုက်ဒရောလစ်အားဖြင့် ဘီးအသီးမှာရှိတဲ့ ဒစ်ဘရိတ်၊ ဒရမ်ဘရိတ်တွေကို ဖမ်းပေးတာဖြစ်ပါတယ်။

အဲ့ဒီလိုဖမ်းပေးဖို့ အဓိကလုပ်ဆောင်ပေးနေတာကတော့ ဘရိတ်ဆီဘဲဖြစ်ပါတယ်။ ဘရိတ်စနစ်မှာ အသုံးပြုထားတဲ့အစိတ်အပိုင်းတွေမှာ သတ္တူတွေ၊ သံထည်အစိတ်အပိုင်းတွေနဲ့ ရာဘာတွေက အချိန်ကာလတခုကြာတဲ့အခါ ပွန်းစားမှုများ၊ ပျက်စီးယိုယွင်းမှုများကြောင့် အမှုန်အမွှားလေးတွေထွက်လာပါတယ်။

အဲ့ဒီအမှုန်တွေက ဘရိတ်ဆီထဲမှာ ရောပြီးပျော်ဝင်သွားတဲ့အခါ ဘရိတ်ဆီမဲညစ်မှုဖြစ်ပြီး ဘရိတ်ဆီရဲ့ အရည်သွေးကျဆင်းစေပါတယ်။ဒါအပြင်ဘရိတ်ဆီတွေက ရေငွေ့စုပ်ယူမှုအားကောင်းပါတယ်။ ရေငွေ့စုပ်ယူမှုကြောင့် ဘရိတ်ဆီရဲ့ ဆူမှတ် (Boiling Point) ကျဆင်းကာ ဘရိတ်ဖမ်းတဲ့အခါ ဘရိတ်ရဲ့အပူကြောင့် ဘရိတ်လျော့ခြင်း၊ ဘရိတ်မမိခြင်းကို ဖြစ်ပေါ်စေပါတယ်။

မှတ်တမ်းများအရ ဘရိတ်ဆီရဲ့ ရေငွေ့စုပ်ယူမှုက တစ်နှစ်ကို 3% (၃ရာခိုင်နှုန်း) ရှိတာကြောင့် ဘရိတ်ဆီရဲ့ ဆူမှတ်တွေက အချိန်ကာလကြာလေလေ ပိုကျလေလေဖြစ်ပါတယ်။ဒါကြောင့် ဘရိတ်ဆီကို မိုင် 30,000 (ကီလို 48,000) သို့မဟုတ် 2 နှစ်တကြိမ် အသစ်လဲလှယ်ပေးသင့်ပါတယ်။

ဘရိတ်ဆီလဲတဲ့အခါ ဘရိတ်ဆီကန်ထဲက ဘရိတ်ဆီတွေအကုန် ဖောက်ထုတ်သင့်သလို ကားဘီးလေးဘီးဖြုတ်ကာ ဘရိတ်စနစ်တွေအား လုံးမှလည်း ဘရိတ်ဆီအဟောင်းတွေကို ကုန်စင်အောင် ဖောက်ထုတ်ပေးသင့်ပါတယ်။

ဖောက်ထုတ်ပြီးမှ အရည်သွေးမြင့် ဘရိတ်ဆီကို လဲလှယ်ပေးသင့်ပါတယ်။ ဘရိတ်ဆီဗူးတွေကို မလိုအပ်ဘဲ အချိန်အကြာကြီး အဖုံးမဖွင့်ထားသင့်ပါဘူး။ အဖုံးဖွင့်ထားရင် ပြင်ပလေထုထဲက ရေငွေ့တွေဝင်ပြီး ဆူမှတ်ကျဆင်းသွားနိူင်ပါတယ်။

ဘရိတ်ဆီတွေရဲ့ အရည်သွေးကို DOT (Department of Transportation) နဲ့သတ် မှတ်ပါတယ်။ DOT 2, DOT 3, DOT 4, DOT 5 စသည်ဖြင့် အဆင့်ဆင့်ထုတ်လုပ်လာပြီး DOT နံပါတ်မြင့်လေလေ အရည်သွေးကောင်းလေလေဖြစ်ပါတယ်။

လက်ရှိကားတော်တော်များများမှာတော့ DOT 3 ကို အများဆုံးအသုံးပြုကြပြီး တချို့ကားတွေမှာတော့ DOT 4, DOT 4.1, DOT 5, DOT 5.1 တို့ကိုလည်း အသုံးပြုနေကြပါပြီ။ကားရဲ့ ဘရိတ်စနစ်ကြောင့် အက်ဆီဒင့်တွေ၊ ထိခိုက်မှုတွေများစွာကို ကြုံတွေ့ရနိူင်တာကိုလည်း မိတ်ဆွေတို့အသိပါ။

ဒါကြောင့် ကားတစ်စီးရဲ့ ဘရိတ်စနစ်ကောင်းကောင်းအလုပ်လုပ်စေချင်တယ်ဆိုရင် ဘရိတ်ဆီကိုလည်း သတ်မှတ်ထားတဲ့ကာလ၊ သတ်မှတ်ထားတဲ့ ကီလို (မိုင်) တွေမှာ လဲလယ်ပေးမှသာ ဘရိတ်ကောင်းကောင်းမိမှာဖြစ်ပါတယ်။ ခရက်ဒစ် ကားအကြောင်းစုံ

Be the first to comment

Leave a Reply

Your email address will not be published.


*