ေမာ္ေတာ္ကားေတြမွာ အင္ဂ်င္ဝိုင္ ေလ်ွာ့လာရသည့္ အေၾကာင္းအရင္းမ်ား

ေမာ္ေတာ္ကားေတြမွာ အင္ဂ်င္ဝိုင္ ေလ်ွာ့လာရသည့္ အေၾကာင္းအရင္းမ်ား
ေမာ္ေတာ္ကားေတြမွာ အင္ဂ်င္ဝိုင္ ေလ်ွာ့လာရသည့္ အေၾကာင္းအရင္းမ်ား

ေမာ္ေတာ္ကားေတြမွာ အင္ဂ်င္ဝိုင္ ေလ်ွာ့လာရသည့္ အေၾကာင္းအရင္းမ်ား

ေမာ္ေတာ္ကားအင္ဂ်င္မွာ အသုံးျပဳတဲ့ အင္ဂ်င္ဝိုင္ေလ်ာ့လာရတဲ့ အေၾကာင္းအရင္း နဲ႔ ပါတ္သက္ၿပီး အနည္းငယ္ေလာက္ ေျပာျပခ်င္ပါတယ္။

တစ္ကယ္ဆိုရင္ အင္ဂ်င္ဝိုင္ ေလ်ာ့လာရတဲ့ အေၾကာင္းရင္း မ်ားစြာရွိပါတယ္။ အဲဒါေတြကေတာ့ –

(၁) အင္ဂ်င္အတြင္း ေလာင္ကြၽမ္းျခင္း

ပစ္စတင္ရိန္းမ်ားေၾကာင့္ အင္ဂ်င္ဝိုင္မ်ား မီးေလာင္ခန္း (Combustion Chamber) အတြင္း ေရာက္ရွိကာ ေလာင္ကြၽမ္းျခင္း ႏွင့္ ဗားဆီးလ္ (Valve Seal) မ်ား ပ်က္စီးျခင္းေၾကာင့္ အင္ဂ်င္ဝိုင္ကို မထိန္းႏိူင္၍ မီးေလာင္ခန္း အတြင္းသို႔ စိမ့္ဝင္ကာ ေလာင္ကြၽမ္းႏိူင္ပါတယ္။

တာဘိုခ်ာခ်ာပါတဲ့ ကားမ်ားမွာ တာဘိုခ်ာခ်ာမွ အင္ဂ်င္ဝိုင္ ယိုစိမ့္မႈ ေၾကာင့္လည္း အင္ဂ်င္ဝိုင္ေလ်ာ့ႏိူင္ ပါတယ္။

(၂) အင္ဂ်င္အျပင္ဘက္သို႔ စိမ့္ထြက္ျခင္း

အင္ဂ်င္အျပင္ဘက္သို႔ အင္ဂ်င္ဝိုင္စိမ့္ထြက္ႏိူင္ေသာေနရာမ်ားကေတာ့ တိုက္ပစ္ဖုံး (Tapped Oil Seal) မလုံျခင္း၊ ခ်ိန္းကာဗာ (Timing Chain Cover) မလုံျခင္း၊ က႐ိုင္းရွပ္ မိန္း ဝိုင္ဆီးလ္ (Crankshaft Oil Seal)၊

ကမ္မရွပ္ဝိုင္ဆီးလ္(Camshaft Oil Seal)၊ အင္ဂ်င္ဝိုင္ဖစ္တာ (Engine Oil Filter)၊ အင္ဂ်င္ဝိုင္ ခ်က္နပ္ (Oil Drain Plug)၊ အင္ဂ်င္ဝိုင္ က႐ိုင္းကစ္ (Oil Pan)၊ ဟက္ ဂဏ္စကက္ (Engine Head Gasket)၊ PCV ဗား (Positive Crankcase Ventilation Valve) တို႔ဘဲျဖစ္ပါတယ္။

(၃) အင္ဂ်င္ဝိုင္ အရည္အေသြး မျပည့္ျခင္းႏွင့္ SAE Grade လြဲမွားစြာ အသုံးျပဳျခင္း

အင္ဂ်င္ဝိုင္မွာ SAE (အပူခ်ိန္အလိုက္ အင္ဂ်င္ဝိုင္ေဈးပ်စ္မႈသတ္မွတ္ခ်က္)ႏွင့္ API (အင္ဂ်င္ဝိုင္အရည္အေသြးသတ္မွတ္ခ်က္) ဆိုၿပီးရွိပါတယ္။ အင္ဂ်င္အေနအထား၊ ကားအသုံးျပဳရာေနရာေဒသရဲ႕ အပူခ်ိန္ေပၚမူတည္ၿပီး အင္ဂ်င္ဝိုင္ SAE Grade ကို ေ႐ြးခ်ယ္အသုံးျပဳရပါတယ္။

ဒါ့အျပင္ အင္ဂ်င္ဝိုင္အရည္ေသြးသတ္မွတ္ခ်က္ ျဖစ္တဲ့ API အဆင့္သတ္မွတ္ခ်က္ကိုလည္း အထူးဂ႐ုစိုက္ရမယ္။ DPF (Diesel Particulate Filter) ပါတဲ့ဒီဇယ္အင္ဂ်င္မ်ား၊ Catalytic Converter (ေက်ာက္ဇကာ) ပါတဲ့ ကားမ်ား (ကားအားလုံးနီးပါးတြင္ အသုံးျပဳ)၊

Common Rail System ဆီေပးစနစ္၊ GDI (Gasoline Direct Injection) စနစ္သုံးကားမ်ား၊ VVT စနစ္အသုံးျပဳထားတဲ့အင္ဂ်င္မ်ားမွာ အရည္ေသြးနိမ့္တဲ့အင္ဂ်င္ဝိုင္ကိုအသုံးျပဳပါ။ အင္ဂ်င္ဝိုင္ေပ်ာက္ျခင္း၊ DPFႏွင့္ Catalytic Converter မ်ား လွ်င္ျမန္စြာပ်က္စီးႏိူင္ပါတယ္။

(၄) အင္ဂ်င္ဒီဇိုင္းအရ အနည္းငယ္ေလ်ာ့ျခင္း

တစ္ခ်ိဳ႕ေသာ ကားထုတ္လုပ္သည့္ကုမၸဏီမ်ားက အင္ဂ်င္ဒီဇိုင္းသေဘာအရ အင္ဂ်င္ဝိုင္အနည္းငယ္စားလို႔ ဆိုပါတယ္။ အဆိုပါကားမ်ား၏ ပိုင္ရွင္လက္စြဲစာအုပ္ (Owner Manual) မွာ ကီလိုမီတာ (သို႔) မိုင္ဘယ္ေလာက္ ေမာင္းၿပီးပါက အင္ဂ်င္ဝိုင္ပမာဏ ဘယ္ေလာက္ေရာ့မယ္လို႔ ထည့္သြင္း ေရသားထားပါတယ္။

အဆိုပါ ကားမ်ားမွာ အင္ဂ်င္ဝိုင္ ေလ်ာ့ပါက သတ္မွတ္ခ်က္ ပမာဏအတိုင္း ဟုတ္မဟုတ္ ေသခ်ာစြာစစ္ေဆး ေပးသင့္ပါတယ္။ ကားေတာ္ေတာ္မ်ားမ်ားအတြက္ အၾကမ္းဖ်င္း အင္ဂ်င္ဝိုင္စားတဲ့ပမာဏ (ေလ်ာ့တဲ့ပမာဏ) က 0.5 ရာခိုင္ႏႈန္းေအာက္ဘဲ ျဖစ္ပါတယ္။

ေနာက္ပိုင္း ေမာ္ဒယ္ျမင့္ကားမွာေတာ့ 0.05 ရာခိုင္ႏႈန္းေအာက္ အထိ သက္သာ လာပါတယ္။ ဒါကေတာ့ အင္ဂ်င္ဝိုင္ေလ်ာ့ရတဲ့ အေၾကာင္းေတြပဲျဖစ္ပါတယ္။ Credit – Car Knowledge

Unicode

မော်တော်ကားတွေမှာ အင်ဂျင်ဝိုင် လျှော့လာရသည့် အကြောင်းအရင်းများ

မော်တော်ကားအင်ဂျင်မှာ အသုံးပြုတဲ့ အင်ဂျင်ဝိုင်လျော့လာရတဲ့ အကြောင်းအရင်း နဲ့ ပါတ်သက်ပြီး အနည်းငယ်လောက် ပြောပြချင်ပါတယ်။

တစ်ကယ်ဆိုရင် အင်ဂျင်ဝိုင် လျော့လာရတဲ့ အကြောင်းရင်း များစွာရှိပါတယ်။ အဲဒါတွေကတော့ –

(၁) အင်ဂျင်အတွင်း လောင်ကျွမ်းခြင်း

ပစ်စတင်ရိန်းများကြောင့် အင်ဂျင်ဝိုင်များ မီးလောင်ခန်း (Combustion Chamber) အတွင်း ရောက်ရှိကာ လောင်ကျွမ်းခြင်း နှင့် ဗားဆီးလ် (Valve Seal) များ ပျက်စီးခြင်းကြောင့် အင်ဂျင်ဝိုင်ကို မထိန်းနိူင်၍ မီးလောင်ခန်း အတွင်းသို့ စိမ့်ဝင်ကာ လောင်ကျွမ်းနိူင်ပါတယ်။

တာဘိုချာချာပါတဲ့ ကားများမှာ တာဘိုချာချာမှ အင်ဂျင်ဝိုင် ယိုစိမ့်မှု ကြောင့်လည်း အင်ဂျင်ဝိုင်လျော့နိူင် ပါတယ်။

(၂) အင်ဂျင်အပြင်ဘက်သို့ စိမ့်ထွက်ခြင်း

အင်ဂျင်အပြင်ဘက်သို့ အင်ဂျင်ဝိုင်စိမ့်ထွက်နိူင်သောနေရာများကတော့ တိုက်ပစ်ဖုံး (Tapped Oil Seal) မလုံခြင်း၊ ချိန်းကာဗာ (Timing Chain Cover) မလုံခြင်း၊ ကရိုင်းရှပ် မိန်း ဝိုင်ဆီးလ် (Crankshaft Oil Seal)၊

ကမ်မရှပ်ဝိုင်ဆီးလ်(Camshaft Oil Seal)၊ အင်ဂျင်ဝိုင်ဖစ်တာ (Engine Oil Filter)၊ အင်ဂျင်ဝိုင် ချက်နပ် (Oil Drain Plug)၊ အင်ဂျင်ဝိုင် ကရိုင်းကစ် (Oil Pan)၊ ဟက် ဂဏ်စကက် (Engine Head Gasket)၊ PCV ဗား (Positive Crankcase Ventilation Valve) တို့ဘဲဖြစ်ပါတယ်။

(၃) အင်ဂျင်ဝိုင် အရည်အသွေး မပြည့်ခြင်းနှင့် SAE Grade လွဲမှားစွာ အသုံးပြုခြင်း

အင်ဂျင်ဝိုင်မှာ SAE (အပူချိန်အလိုက် အင်ဂျင်ဝိုင်ဈေးပျစ်မှုသတ်မှတ်ချက်)နှင့် API (အင်ဂျင်ဝိုင်အရည်အသွေးသတ်မှတ်ချက်) ဆိုပြီးရှိပါတယ်။ အင်ဂျင်အနေအထား၊ ကားအသုံးပြုရာနေရာဒေသရဲ့ အပူချိန်ပေါ်မူတည်ပြီး အင်ဂျင်ဝိုင် SAE Grade ကို ရွေးချယ်အသုံးပြုရပါတယ်။

ဒါ့အပြင် အင်ဂျင်ဝိုင်အရည်သွေးသတ်မှတ်ချက် ဖြစ်တဲ့ API အဆင့်သတ်မှတ်ချက်ကိုလည်း အထူးဂရုစိုက်ရမယ်။ DPF (Diesel Particulate Filter) ပါတဲ့ဒီဇယ်အင်ဂျင်များ၊ Catalytic Converter (ကျောက်ဇကာ) ပါတဲ့ ကားများ (ကားအားလုံးနီးပါးတွင် အသုံးပြု)၊

Common Rail System ဆီပေးစနစ်၊ GDI (Gasoline Direct Injection) စနစ်သုံးကားများ၊ VVT စနစ်အသုံးပြုထားတဲ့အင်ဂျင်များမှာ အရည်သွေးနိမ့်တဲ့အင်ဂျင်ဝိုင်ကိုအသုံးပြုပါ။ အင်ဂျင်ဝိုင်ပျောက်ခြင်း၊ DPFနှင့် Catalytic Converter များ လျှင်မြန်စွာပျက်စီးနိူင်ပါတယ်။

(၄) အင်ဂျင်ဒီဇိုင်းအရ အနည်းငယ်လျော့ခြင်း

တစ်ချို့သော ကားထုတ်လုပ်သည့်ကုမ္ပဏီများက အင်ဂျင်ဒီဇိုင်းသဘောအရ အင်ဂျင်ဝိုင်အနည်းငယ်စားလို့ ဆိုပါတယ်။ အဆိုပါကားများ၏ ပိုင်ရှင်လက်စွဲစာအုပ် (Owner Manual) မှာ ကီလိုမီတာ (သို့) မိုင်ဘယ်လောက် မောင်းပြီးပါက အင်ဂျင်ဝိုင်ပမာဏ ဘယ်လောက်ရော့မယ်လို့ ထည့်သွင်း ရေသားထားပါတယ်။

အဆိုပါ ကားများမှာ အင်ဂျင်ဝိုင် လျော့ပါက သတ်မှတ်ချက် ပမာဏအတိုင်း ဟုတ်မဟုတ် သေချာစွာစစ်ဆေး ပေးသင့်ပါတယ်။ ကားတော်တော်များများအတွက် အကြမ်းဖျင်း အင်ဂျင်ဝိုင်စားတဲ့ပမာဏ (လျော့တဲ့ပမာဏ) က 0.5 ရာခိုင်နှုန်းအောက်ဘဲ ဖြစ်ပါတယ်။

နောက်ပိုင်း မော်ဒယ်မြင့်ကားမှာတော့ 0.05 ရာခိုင်နှုန်းအောက် အထိ သက်သာ လာပါတယ်။ ဒါကတော့ အင်ဂျင်ဝိုင်လျော့ရတဲ့ အကြောင်းတွေပဲဖြစ်ပါတယ်။ Credit – Car Knowledge

 

Be the first to comment

Leave a Reply

Your email address will not be published.


*