လူမွာ ဘုန္းရွိန္၊ ကံရွိန္ ဆိုတာ ရွိပါတယ္

လူမွာ ဘုန္းရွိန္၊ ကံရွိန္ ဆိုတာ ရွိပါတယ္
လူမွာ ဘုန္းရွိန္၊ ကံရွိန္ ဆိုတာ ရွိပါတယ္

လူမွာ ဘုန္းရွိန္၊ ကံရွိန္ ဆိုတာ ရွိပါတယ္

သူတစ္ပါးကို သြားပုပ္ေလလြင့္ ေျပာတတ္တဲ့သူဟာ ကိုယ့္မွာ ကိုယ္ေရာင္ကိုယ္ဝါေတြ ေမွးမွိန္ သြားတယ္။

သူတစ္ပါးကို ဂုဏ္သတင္း ေမွးမွိန္ေအာင္၊ သိကၡာ က် သြားေအာင္ လုပ္ခ်င္တဲ့ ေစတနာေဇာေတြေၾကာင့္ ကိုယ့္မွာလည္း ဘုန္းရွိန္၊ ကံရွိန္ေတြ ေသးသိမ္ ေမွးမွိန္ သြားေစပါတယ္။

သူမ်ားမေကာင္းေၾကာင္း ေျပာလြန္းသူဟာ ကိုယ့္အရွိန္ဝါေတြ ဆုတ္ယုတ္ ေနပါတယ္။ သူမ်ားမေကာင္းေၾကာင္း ေျပာတတ္သူေတြရဲ႕ မ်က္ႏွာ၊ ကိုယ္အမူအရာေတြကို သတိထားၿပီး ၾကည့္ၾကည့္ရင္ သိပ္သိသာပါတယ္။

ခ်မ္းသာမွန္သမွ် လိုခ်င္ရင္ သူမ်ားအတင္း မေျပာနဲ႔ တဲ့။ ဘုရားရွင္က ဒီလို ဆုံးမထားတယ္ ေနာ္။ သူမ်ားအတင္း၊ သူမ်ားအေၾကာင္းထက္ အကုသိုလ္ ကင္းလား၊ မကင္းဘူးလား ဆိုတာ ကိုယ့္ကိုယ္ကိုၾကည့္ၿပီး ကိုယ့္ကိုယ္ကိုပဲ ျပန္ၿပီးေ ဝဖန္ေနတာ အေကာင္းဆုံးပါပဲ။

သူတစ္ပါးတို႔ရဲ႕မေလ်ာ္ေသာ အျပစ္၊ အနာအဆာတို႔ကို လိုက္ၾကည့္ မေနပါနဲ႔။ သူက ေကာင္းတာေတြ လုပ္ေနတာလား၊ မေကာင္းတာေတြ လုပ္ေနတာလား ဆိုတာ ကိုယ္နဲ႔လည္း မသက္ဆိုင္တာမို႔ လိုက္လံၾကည့္ရႈ မေနပါနဲ႔။

ကိုယ္ကိုယ္တိုင္က ေကာင္းတာ လုပ္၊မလုပ္ကိုပဲ အၿမဲမျပတ္ ကိုယ့္ကိုယ္ကိုသာသုံးသပ္ ကိုယ့္စိတ္ကိုသာ အၿမဲ စစ္ေဆးေနပါ တဲ့။

ၿပီးရင္ အတင္းေျပာ ဝါသနာပါသူကိုလည္း ေရွာင္ပါ။ အတင္းအဖ်င္း ေျပာတတ္တဲ့ အသိုင္းအဝန္းမွလည္း တတ္ႏိုင္သမွ် ေဝးေဝးက ေရွာင္ပါ။

အတင္းအဖ်င္း ေျပာေနတဲ့အခ်ိန္မွာ ဒီ အဆင့္အတန္းနိမ့္တဲ့ စိတ္ကိုျ ပန္ၿပီး စမ္းစစ္ၾကည့္၊သုံးသပ္ၾကည့္ပါ…ေ အးခ်မ္း၊ ၾကည္လင္ ေနသလားလို႔။

ကိုယ္က… အတင္းေျပာတဲ့ အခ်ိန္မွာ တစ္ဖက္လူက… ဂုဏ္ေတာ္ပြားေနခ်ိန္၊ ေမတၱာ ပြားေနခ်ိန္၊ တရား နာခ်ိန္၊ ပရိတ္ပ႒ာန္း ႐ြတ္ဖတ္ ပူေဇာ္ေနခ်ိန္၊ ေကာင္းမႈ ကုသိုလ္ လုပ္ေနတဲ့အခ်ိန္တို႔နဲ႔မ်ား ႀကဳံႀကိဳက္ခဲ့တယ္ ဆိုရင္ … ကိုယ့္မွာ ပိုၿပီး အျပစ္ျဖစ္မွာ ေၾကာက္စရာ ေကာင္းပါတယ္။

ပါခ်ဳပ္ဆရာေတာ္ႀကီး ေဒါက္တာ အရွင္နႏၵမာလာဘိဝံသ။ ျပန္လည္မွ်ေဝ ကုသိုလ္ျပဳပါသည္ ဘုရား။

Unicode

လူမှာ ဘုန်းရှိန်၊ ကံရှိန် ဆိုတာ ရှိပါတယ်

သူတစ်ပါးကို သွားပုပ်လေလွင့် ပြောတတ်တဲ့သူဟာ ကိုယ့်မှာ ကိုယ်ရောင်ကိုယ်ဝါတွေ မှေးမှိန် သွားတယ်။

သူတစ်ပါးကို ဂုဏ်သတင်း မှေးမှိန်အောင်၊ သိက္ခာ ကျ သွားအောင် လုပ်ချင်တဲ့ စေတနာဇောတွေကြောင့် ကိုယ့်မှာလည်း ဘုန်းရှိန်၊ ကံရှိန်တွေ သေးသိမ် မှေးမှိန် သွားစေပါတယ်။

သူများမကောင်းကြောင်း ပြောလွန်းသူဟာ ကိုယ့်အရှိန်ဝါတွေ ဆုတ်ယုတ် နေပါတယ်။ သူများမကောင်းကြောင်း ပြောတတ်သူတွေရဲ့ မျက်နှာ၊ ကိုယ်အမူအရာတွေကို သတိထားပြီး ကြည့်ကြည့်ရင် သိပ်သိသာပါတယ်။

ချမ်းသာမှန်သမျှ လိုချင်ရင် သူများအတင်း မပြောနဲ့ တဲ့။ ဘုရားရှင်က ဒီလို ဆုံးမထားတယ် နော်။ သူများအတင်း၊ သူများအကြောင်းထက် အကုသိုလ် ကင်းလား၊ မကင်းဘူးလား ဆိုတာ ကိုယ့်ကိုယ်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုပဲ ပြန်ပြီးေ ဝဖန်နေတာ အကောင်းဆုံးပါပဲ။

သူတစ်ပါးတို့ရဲ့မလျော်သော အပြစ်၊ အနာအဆာတို့ကို လိုက်ကြည့် မနေပါနဲ့။ သူက ကောင်းတာတွေ လုပ်နေတာလား၊ မကောင်းတာတွေ လုပ်နေတာလား ဆိုတာ ကိုယ်နဲ့လည်း မသက်ဆိုင်တာမို့ လိုက်လံကြည့်ရှု မနေပါနဲ့။

ကိုယ်ကိုယ်တိုင်က ကောင်းတာ လုပ်၊မလုပ်ကိုပဲ အမြဲမပြတ် ကိုယ့်ကိုယ်ကိုသာသုံးသပ် ကိုယ့်စိတ်ကိုသာ အမြဲ စစ်ဆေးနေပါ တဲ့။

ပြီးရင် အတင်းပြော ဝါသနာပါသူကိုလည်း ရှောင်ပါ။ အတင်းအဖျင်း ပြောတတ်တဲ့ အသိုင်းအဝန်းမှလည်း တတ်နိုင်သမျှ ဝေးဝေးက ရှောင်ပါ။

အတင်းအဖျင်း ပြောနေတဲ့အချိန်မှာ ဒီ အဆင့်အတန်းနိမ့်တဲ့ စိတ်ကိုြ ပန်ပြီး စမ်းစစ်ကြည့်၊သုံးသပ်ကြည့်ပါ…ေ အးချမ်း၊ ကြည်လင် နေသလားလို့။

ကိုယ်က… အတင်းပြောတဲ့ အချိန်မှာ တစ်ဖက်လူက… ဂုဏ်တော်ပွားနေချိန်၊ မေတ္တာ ပွားနေချိန်၊ တရား နာချိန်၊ ပရိတ်ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်နေချိန်၊ ကောင်းမှု ကုသိုလ် လုပ်နေတဲ့အချိန်တို့နဲ့များ ကြုံကြိုက်ခဲ့တယ် ဆိုရင် … ကိုယ့်မှာ ပိုပြီး အပြစ်ဖြစ်မှာ ကြောက်စရာ ကောင်းပါတယ်။

ပါချုပ်ဆရာတော်ကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ။ ပြန်လည်မျှဝေ ကုသိုလ်ပြုပါသည် ဘုရား။

Be the first to comment

Leave a Reply

Your email address will not be published.


*