မသာတစ္ေခါက္ ေက်ာင္းဆယ္ေခါက္ ဆိုတဲ့ စကားရဲ႕ ဆိုလိုရင္းအမွန္

မသာတစ္ေခါက္ ေက်ာင္းဆယ္ေခါက္ ဆိုတဲ့ စကားရဲ႕ ဆိုလိုရင္းအမွန္
မသာတစ္ေခါက္ ေက်ာင္းဆယ္ေခါက္ ဆိုတဲ့ စကားရဲ႕ ဆိုလိုရင္းအမွန္

မသာတစ္ေခါက္ ေက်ာင္းဆယ္ေခါက္ ဆိုတဲ့ စကားရဲ႕ ဆိုလိုရင္းအမွန္

(ေမး) အရွင္ ဘုရား၊ ဘုန္းႀကီးေက်ာင္း ဆယ္ေခါက္ သြားရတာထက္ အသုဘ တေခါက္ ပို႔ရတာက ျမတ္တယ္ ဆိုတာ မွန္ပါ သလား ဘုရား။ အသုဘပို႔ၿပီး သရဏဂုံ သီလ မယူဘဲ ျပန္လာခဲ့လွ်င္ ကုသိုလ္ ရ၊ မရ သိလိုပါသည္ ဘုရား။

( ေျဖ ) ဗုဒၶဘာသာ၀င္ သူေတာ္စင္တို႔ ဘုန္းႀကီးေက်ာင္းသို႔ သြားေသာ အခါ ဒါန ျပဳျခင္း၊ သီလ ေဆာက္တည္ျခင္း၊ ကိစၥတို႔ျဖင့္သာ ၿပီးသည္။ ထို႔ေၾကာင့္ ဒါန အက်ိဳး၊ သီလအက်ိဳး တို႔ကိုသာ ရရွိဖို႔ျဖစ္သည္။

မသာပို႔ သြားသူသည္ အနည္းဆုံး ေသဆုံးသူအား ၾကည့္ရႈ၍ ငါလည္း ဤကဲ့သို႔ မုခ် ေသဆုံးရေခ်အံ့ဟု မရဏာႏုႆတိ ကမၼ႒ာန္း တရားကို တခဏ မွ်ပင္ ျဖစ္ေစ ႏွလုံး သြင္းမိႏိုင္၏။

မရဏာႏုႆတိ အာ႐ုံ ျဖစ္မိသူအား ေသျခင္းတရား၌ ေမ့ေလ်ာ့မႈ မရွိျခင္း၊ ဘုံသုံးပါး၌ ေမြ႕ေလ်ာ္မႈကင္းျခင္း၊ အသက္၌ တြယ္တာမႈ နည္းျခင္း၊ မေကာင္းမႈကို ရႈတ္ခ် ႏိုင္ျခင္း၊ ဥစၥာစည္းစိမ္၌ တြယ္တာမႈ နည္းျခင္း။

၀န္တိုမႈ နည္းျခင္ းတို႔ေၾကာင့္ ရဲရဲဝံ့ဝံ့ မေတြမေဝေသရ၍ ဤဘ၀၌ မဂ္ဖိုလ္ကို မရသည့္ တိုင္ေအာင္ သုဂတိ ဘ၀သို႔ ေရာက္၍ ဘ၀တိုတိုႏွင့္ မဂ္တရား ဖိုလ္တရား တို႔ကို ရရွိႏိုင္ေပသည္။

ထို႔ေၾကာင့္ ဗုဒၶဘာသာ၀င္ သူေတာ္စင္တို႔သည္ ေက်ာင္းသို႔ ဆယ္ေခါက္ သြား၍ ဒါန သီလ ျပဳရ၊ ေဆာက္တည္ရ သည္ထက္ မသာ တေခါက္ပို႔၍ အသုဘ ဘာ၀နာ မရဏာႏုႆတိ ဘာ၀နာ ေကာင္းစြာ ႏွလုံးသြင္းရ ျခင္းက ျမတ္သည္ဟု အမွတ္အသား ျပဳထားၾကျခင္း ျဖစ္ပါသည္။

ရေဝထြန္း ( ဆရာေတာ္ ဦးတိေလာကသာရ ) ဘာသာေရး ျပႆနာမ်ား

Credit to ဓမၼစကူးလ္ဆုံရာ

Unicode

မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ဆိုတဲ့ စကားရဲ့ ဆိုလိုရင်းအမှန်

(မေး) အရှင် ဘုရား၊ ဘုန်းကြီးကျောင်း ဆယ်ခေါက် သွားရတာထက် အသုဘ တခေါက် ပို့ရတာက မြတ်တယ် ဆိုတာ မှန်ပါ သလား ဘုရား။ အသုဘပို့ပြီး သရဏဂုံ သီလ မယူဘဲ ပြန်လာခဲ့လျှင် ကုသိုလ် ရ၊ မရ သိလိုပါသည် ဘုရား။

( ဖြေ ) ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ဘုန်းကြီးကျောင်းသို့ သွားသော အခါ ဒါန ပြုခြင်း၊ သီလ ဆောက်တည်ခြင်း၊ ကိစ္စတို့ဖြင့်သာ ပြီးသည်။ ထို့ကြောင့် ဒါန အကျိုး၊ သီလအကျိုး တို့ကိုသာ ရရှိဖို့ဖြစ်သည်။

မသာပို့ သွားသူသည် အနည်းဆုံး သေဆုံးသူအား ကြည့်ရှု၍ ငါလည်း ဤကဲ့သို့ မုချ သေဆုံးရချေအံ့ဟု မရဏာနုဿတိ ကမ္မဋ္ဌာန်း တရားကို တခဏ မျှပင် ဖြစ်စေ နှလုံး သွင်းမိနိုင်၏။

မရဏာနုဿတိ အာရုံ ဖြစ်မိသူအား သေခြင်းတရား၌ မေ့လျော့မှု မရှိခြင်း၊ ဘုံသုံးပါး၌ မွေ့လျော်မှုကင်းခြင်း၊ အသက်၌ တွယ်တာမှု နည်းခြင်း၊ မကောင်းမှုကို ရှုတ်ချ နိုင်ခြင်း၊ ဥစ္စာစည်းစိမ်၌ တွယ်တာမှု နည်းခြင်း။

ဝန်တိုမှု နည်းခြင် းတို့ကြောင့် ရဲရဲဝံ့ဝံ့ မတွေမဝေသေရ၍ ဤဘဝ၌ မဂ်ဖိုလ်ကို မရသည့် တိုင်အောင် သုဂတိ ဘဝသို့ ရောက်၍ ဘဝတိုတိုနှင့် မဂ်တရား ဖိုလ်တရား တို့ကို ရရှိနိုင်ပေသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ကျောင်းသို့ ဆယ်ခေါက် သွား၍ ဒါန သီလ ပြုရ၊ ဆောက်တည်ရ သည်ထက် မသာ တခေါက်ပို့၍ အသုဘ ဘာဝနာ မရဏာနုဿတိ ဘာဝနာ ကောင်းစွာ နှလုံးသွင်းရ ခြင်းက မြတ်သည်ဟု အမှတ်အသား ပြုထားကြခြင်း ဖြစ်ပါသည်။

ရဝေထွန်း ( ဆရာတော် ဦးတိလောကသာရ ) ဘာသာရေး ပြဿနာများ

Credit to ဓမ္မစကူးလ်ဆုံရာ

Be the first to comment

Leave a Reply

Your email address will not be published.


*