လူမမာအတြက္ အာဟာရ ျပည့္၀တဲ့ ဆန္ျပဳတ္ျပဳတ္နည္း

လူမမာအတြက္ အာဟာရ ျပည့္၀တဲ့ ဆန္ျပဳတ္ျပဳတ္နည္း
လူမမာအတြက္ အာဟာရ ျပည့္၀တဲ့ ဆန္ျပဳတ္ျပဳတ္နည္း

လူမမာအတြက္ အာဟာရ ျပည့္၀တဲ့ ဆန္ျပဳတ္ျပဳတ္နည္း

ေနမေကာင္းျဖစ္ရင္ လူနာေတြ က ထမင္းလဲ မစားခ်င္၊ မစားႏိုင္ၾကေတာ့ စားရလြယ္တဲ့ ဆန္ျပဳတ္ကိုပဲ ပိုေကြၽးလာၾကပါတယ္။ ဆန္ျပဳတ္ ဆိုရင္လဲ ဆန္ခ်ည္းပဲ မျပဳတ္ပဲ နည္းနည္း စားရင္ေတာင္ အာဟာရ အေတာ္အတန္ပါ ေအာင္ ျပဳတ္တတ္ဖို႔ လိုပါတယ္။

ျပဳတ္နည္း

1. ဆန္ ထမင္းစားဇြန္း ၃ ဇြန္း/ ထမင္း ၆-၈ဇြန္း။ 2. ဆီ လက္ဖက္စားဇြန္း ၂ ဇြန္း (ဆန္စျပဳတ္ကတည္းက ထည့္ျပဳတ္ပါ)။ 3. ပဲနီေလး ထမင္းစားဇြန္း ၁ဇြန္း။

4. ၾကက္သား/ ငါး ၂ တုံး (ၾကက္သားဆိုရင္ ႏူးအိေနေအာင္ ျပဳတ္ၿပီးရင္ ဆယ္ၿပီး အသားကို အမွ်င္လိုက္ ျဖစ္ေအာင္ ႏႊင္ေပးပါ၊ မဟုတ္ရင္ လူမမာ က မဝါးႏိုင္ပါ)

5. ၾကက္ဥ အျပည့္ တစ္လုံး၊ အကာ တလုံး (ၾကက္ဥ ထည့္ရာတြင္ အလုံးလိုက္ ေဖာက္ မထည့္ပါႏွင့္ အခဲလိုက္ ျဖစ္ၿပီး လူနာ မဝါးႏိုင္ပါ။ ဒါေၾကာင့္ အျပင္ ဇလုံမွာ အရင္ ခေလာက္ပါ။

ဆန္ျပဳတ္ ပြက္ပြက္ဆူမွ ၾကက္ဥေ ခါက္ထားတာ ကို ထည့္ၿပီး အဆင္မျပတ္ ေမႊပါ၊ ဒါဆိုရင္ အမွ်င္လိုက္ ျဖစ္ၿပီး လူမမာ လဲ သိပ္ဝါးစရာ မလိုေတာ့ စားလို႔ အဆင္ေျပပါတယ္)

6. ဆားအနည္းငယ္။ 7. င႐ုတ္ေကာင္း အနည္းငယ္

8. အသီးအ႐ြက္ ကေတာ့ ပါေလ႐ုံသာ ထည့္ပါ။ မထည့္လဲ ရပါတယ္။ (ဆန္ျပဳတ္မွာ အသီးအ႐ြက္ ေတြခ်ည္း အရမ္း မ်ားေနရင္ တျခား အေရးႀကီးတဲ့ ကာဗိုဟိုက္ဒရိတ္၊ အသား၊ အဆီ ဓါတ္ေတြ ရတာ နည္းသြားႏိုင္ပါတယ္)

အခု ျပဳတ္နည္း ကေတာ့ အစာ သိပ္မဝင္နဲ႔ လူနာေတြ မွာ ဝင္ရင္ဝင္သေလာက္ အာဟာရွိေအာင္ လုပ္ထားတဲ့ ဆန္ျပဳတ္ ျပဳတ္ နည္း ျဖစ္ပါတယ္။

အေရးႀကီးဆုံး အခ်က္ကေတာ့ ဆန္ျပဳတ္ ကို က်ဲေတာက္ ေနေအာင္ မက်ိဳဖို႔ လိုပါတယ္။

အရည္က်ဲေလ အာဟာရ နည္းေလပါ။ နည္းနည္းပဲ စားႏိုင္တဲ့ လူနာမွာ နည္းနည္း စားတာနဲ႔ အာဟာရ အေတာ္အတန္ ရေအာင္ ျပဳတ္ဖို႔ လိုအပ္ပါတယ္။

CredittoOriginalWriter

Unicode

လူမမာအတွက် အာဟာရ ပြည့်ဝတဲ့ ဆန်ပြုတ်ပြုတ်နည်း

နေမကောင်းဖြစ်ရင် လူနာတွေ က ထမင်းလဲ မစားချင်၊ မစားနိုင်ကြတော့ စားရလွယ်တဲ့ ဆန်ပြုတ်ကိုပဲ ပိုကျွေးလာကြပါတယ်။ ဆန်ပြုတ် ဆိုရင်လဲ ဆန်ချည်းပဲ မပြုတ်ပဲ နည်းနည်း စားရင်တောင် အာဟာရ အတော်အတန်ပါ အောင် ပြုတ်တတ်ဖို့ လိုပါတယ်။

ပြုတ်နည်း

1. ဆန် ထမင်းစားဇွန်း ၃ ဇွန်း/ ထမင်း ၆-၈ဇွန်း။ 2. ဆီ လက်ဖက်စားဇွန်း ၂ ဇွန်း (ဆန်စပြုတ်ကတည်းက ထည့်ပြုတ်ပါ)။ 3. ပဲနီလေး ထမင်းစားဇွန်း ၁ဇွန်း။

4. ကြက်သား/ ငါး ၂ တုံး (ကြက်သားဆိုရင် နူးအိနေအောင် ပြုတ်ပြီးရင် ဆယ်ပြီး အသားကို အမျှင်လိုက် ဖြစ်အောင် နွှင်ပေးပါ၊ မဟုတ်ရင် လူမမာ က မဝါးနိုင်ပါ)

5. ကြက်ဥ အပြည့် တစ်လုံး၊ အကာ တလုံး (ကြက်ဥ ထည့်ရာတွင် အလုံးလိုက် ဖောက် မထည့်ပါနှင့် အခဲလိုက် ဖြစ်ပြီး လူနာ မဝါးနိုင်ပါ။ ဒါကြောင့် အပြင် ဇလုံမှာ အရင် ခလောက်ပါ။

ဆန်ပြုတ် ပွက်ပွက်ဆူမှ ကြက်ဥေ ခါက်ထားတာ ကို ထည့်ပြီး အဆင်မပြတ် မွှေပါ၊ ဒါဆိုရင် အမျှင်လိုက် ဖြစ်ပြီး လူမမာ လဲ သိပ်ဝါးစရာ မလိုတော့ စားလို့ အဆင်ပြေပါတယ်)

6. ဆားအနည်းငယ်။ 7. ငရုတ်ကောင်း အနည်းငယ်

8. အသီးအရွက် ကတော့ ပါလေရုံသာ ထည့်ပါ။ မထည့်လဲ ရပါတယ်။ (ဆန်ပြုတ်မှာ အသီးအရွက် တွေချည်း အရမ်း များနေရင် တခြား အရေးကြီးတဲ့ ကာဗိုဟိုက်ဒရိတ်၊ အသား၊ အဆီ ဓါတ်တွေ ရတာ နည်းသွားနိုင်ပါတယ်)

အခု ပြုတ်နည်း ကတော့ အစာ သိပ်မဝင်နဲ့ လူနာတွေ မှာ ဝင်ရင်ဝင်သလောက် အာဟာရှိအောင် လုပ်ထားတဲ့ ဆန်ပြုတ် ပြုတ် နည်း ဖြစ်ပါတယ်။

အရေးကြီးဆုံး အချက်ကတော့ ဆန်ပြုတ် ကို ကျဲတောက် နေအောင် မကျိုဖို့ လိုပါတယ်။

အရည်ကျဲလေ အာဟာရ နည်းလေပါ။ နည်းနည်းပဲ စားနိုင်တဲ့ လူနာမှာ နည်းနည်း စားတာနဲ့ အာဟာရ အတော်အတန် ရအောင် ပြုတ်ဖို့ လိုအပ်ပါတယ်။

CredittoOriginalWriter

Be the first to comment

Leave a Reply

Your email address will not be published.


*