Unicode
သားရှိတဲ့ဖခင်တိုင်း သားတွေကို သွန်သင်ဆုံးမပေးသင့်တဲ့ အချက် (၈) ချက်
ကလေးတစ်ယောက်ရဲ့ဘဝမှာ မိဘနှစ်ပါးလုံးက အရေးပါ ပါတယ်။ ဒါပေမယ့် အဖေက ကလေးတစ်ယောက်ရဲ့ဘဝကို ပိုပြီးကောင်းမွန်အောင် လုပ်ပေးနိုင်တဲ့ အရာတွေလည်း ရှိပါတယ်။
သားတွေရှိတဲ့ အဖေက သားနဲ့ရင်းနှီးဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် တချို့အရာတွေကို အဖေတိုင်းက သားတွေကို ပြောပြထား သင့်ပါတယ်နော်။
၁။ ရှုံးခြင်း၊ နိုင်ခြင်းဟာ ဘယ်လို အရေးပါလဲဆိုတာကို ရှင်းပြပေးပါ။
အဖေဆိုတာလည်း ဘဝမှာ မိတ်ဆွေကောင်း တစ်ယောက်ပါ။ ဘဝမှာ အနိုင်အရှုံးတွေက တစ်လှည့်စီ ကြုံတွေ့နေရမှာပါ။ အောင်မြင်မှုကိုရဖို့ ဘယ်လိုကြိုးစားအားထုတ်ရမယ်၊ အောင်မြင်မှုအရသာကို ဘယ်လိုခံစားရမယ်၊ ကျရှုံးမှုနဲ့တွေ့တဲ့အခါ ဘယ်လိုဆက် ကြိုးစားရမယ်၊ ကျရှုံးခြင်းက ရှက်စရာ မဟုတ်ကြောင်းကို ရင်းရင်းနှီးနှီး ရှင်းပြသင့်ပါတယ်။
၂။ အမျိုးသမီးတွေအပေါ် မှန်ကန်တဲ့ အမြင် ထားတတ်ဖို့ သင်ပေးပါ။
အမျိုးသမီးတွေကို တန်ဖိုးထားတတ်ဖို့၊ လေးစားတတ်ဖို့၊ မစော်ကားဖို့ သားတွေကို ပြောပြထားသင့်ပါတယ်။ အရင်ဆုံး အရင်းနှီးဆုံး အမျိုးသမီးဖြစ်တဲ့ အမေ့ကို လက်ဆောင်လေးတွေ ဝယ်ပေးခိုင်းတာ၊ စတိုးဆိုင်က အရောင်းဝန်ထမ်း မိန်းကလေးတွေ၊ စားပွဲထိုး မိန်းကလေးတွေကို ယဉ်ယဉ်ကျေးကျေး ပြောခိုင်းတာ စတဲ့အချက်လေးတွေကို သင်ပေးလို့ ရပါတယ်။
၃။အချစ်အကြောင်းနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောပါ။
လူတွေက အချစ်နဲ့မကင်းတာကြောင့် အချစ်အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြသင့်ပါတယ်။ ချစ်တာနဲ့ ကြိုက်တာမတူတာကို ကွဲပြားဖို့၊ မှန်ကန်တဲ့မိန်းကလေးကို ရွေးချယ်တတ်ဖို့ရာက အရေးကြီးပါတယ်။ အဖေနဲ့သားအကြားမှာ အချစ်အကြောင်းကို ဆွေးနွေးရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက်ကြားယုံကြည်မှုတွေ ပိုတိုးလာပါတယ်။
၄။ စိတ်ဓါတ်ခိုင်မာဖို့ ပြောပြပါ၊
အဖေက သားတွေကို စိတ်ဓါတ်ခိုင်မာဖို့၊ ကြံ့ခိုင်ဖို့ အကောင်းဆုံး သင်ပေးနိုင်သူပါ။ အဖေက သားတွေကို ပြဿနာတွေကို ဖြေရှင်းရာမှာ ဘဝတစ်လျှောက်ရလာတဲ့အတွေ့အကြုံတွေနဲ့ ယှဉ်ပြီးပြောပြလို့ ရပါတယ်။
ပြဿနာတွေကို အခြေအနေ အချိန်အခါအလိုက် ဘယ်လို တုံ့ပြန်ရမလဲ၊ ဘယ်လို လျစ်လျူရှုရမလဲဆိုတာတွေကို အဖေတွေက ညွှန်ပြပေးနိုင်ပါတယ်။
၅။ လောကကြီးအပေါ် ကိုယ်ပိုင်အမြင်နဲ့ မြင်နိုင်အောင် ကူညီပေးပါ။
ဒီလိုကူညီပေးဖို့ အထွေအထူး မလိုအပ်ပါဘူး။ သားတွေနဲ့ မစိမ်းဘဲ စကားပြောနေဖို့ပဲ လိုတာပါ။ လောကကြီးမှာ ဖြစ်နေတဲ့ အရာတွေအပေါ် လူတစ်ယောက်နဲ့တစ်ယောက် မြင်တဲ့အမြင်ချင်း မတူတာကြောင့် ကိုယ်ပိုင်အမြင်နဲ့ မှန်ကန်စွာ ဆုံးဖြတ်ချက်ချတတ်ဖို့ ပြောပြနိုင်ပါတယ်။
၆။ အတွေ့အကြုံ များများရအောင် ကူညီပေးပါ။
အမေတွေက စိုးရိမ်စိတ် နည်းနည်းပိုတတ်ပေမယ့် အဖေတွေကတော့ မတူပါဘူး။ ကမ္ဘာကြီးမှာ သန်မာတဲ့ လူတစ်ယောက်ဖြစ်ဖို့ အဖေတွေက သင်ပေးတတ်ကြပါတယ်။ အတွေ့အကြုံတွေက ဆရာတစ်ဆူဖြစ်တာကြောင့် အတွေ့အကြုံရအောင် များများ လမ်းညွှန်ပေးနိုင်ပါတယ်။
၇။ ကူညီတတ်သူ ဖြစ်စေဖို့ သင်ပေးပါ။
ယောကျ်ားအများစုက စိတ်သဘောထား ပြည့်ဝကြသလို ကူညီပေးတတ်ကြပါတယ်။ ကူညီပေးတတ်တာကလည်း အရည်အချင်း တစ်ရပ်ပါပဲ။ အနာဂါတ်မှာ စိတ်ထားပြည့်ဝတဲ့ ယောကျ်ားကောင်း တစ်ယောက်ဖြစ်စေဖို့ အဖေတွေက အကောင်းဆုံးနည်းပြပါ။
၈။ သားတွေနဲ့ ရင်းရင်းနှီးနှီး နေပါ။
နှုတ်ခမ်းမွေးရိတ်နည်း၊ ဖိနပ်ကြိုးချည်နည်း၊ မီးပူတိုက်နည်းတွေကို အင်တာနက်မှာ ရှာလို့ရပေမယ့် ကိုယ့်အဖေနဲ့ သင်ပေးတာနဲ့တော့ မတူပါဘူး။
အဖေတွေက သူတို့တတ်တဲ့ အရာတွေကို သားတွေကို အရမ်း သင်ပေးချင်ကြပါတယ်။ ဒီနည်းနဲ့ အဖေနဲ့သားကြားက ခိုင်မာတဲ့မေတ္တာကို တည်ဆောက်လို့ ရပါတယ်။
မူရင်းရေးသားသူကို ခရက်ဒစ်ပေးပါသည်။
Be the first to comment
Leave a Reply
Your email address will not be published.
*