ပညာတတ္တဲ့သူေတြ ေကာက္က်စ္ရင္ သူခိုးဓားျပထက္ ပိုဆိုးတယ္ေနာ္…

ပညာတတ္တဲ့သူေတြ ေကာက္က်စ္ရင္ သူခိုးဓားျပထက္ ပိုဆိုးတယ္ေနာ္...
ပညာတတ္တဲ့သူေတြ ေကာက္က်စ္ရင္ သူခိုးဓားျပထက္ ပိုဆိုးတယ္ေနာ္...

ပညာတတ္တဲ့သူေတြ ေကာက္က်စ္ရင္ သူခိုးဓားျပထက္ ပိုဆိုးတယ္ေနာ္…

ဘဏ္တစ္ခုကို ဓားျပတိုက္တဲ့ ျဖစ္စဥ္မွာ.. ဓားျပကေန ေအာ္ေျပာလိုက္တယ္ ။ ” အားလုံးပဲ ၿငိမ္ၿငိမ္ေလးေနၾက.. ပိုက္ဆံ ဆိုတာက အစိုးရ ပိုင္တာ.. အသက္ ဆိုတာ မင္းတို႔ပိုင္တာ.. ”

ဘဏ္ထဲမွာ ရွိေနတဲ့ လူေတြ အားလုံးဟာ ျမန္ျမန္ ဆန္ဆန္ပဲ ၾကမ္းျပင္ေပၚကို ေမွာက္လိုက္ၾကပါတယ္။ ေျပာမယ္ ဆိုရင္ေတာ့ ခုခံခ်င္တဲ့ စိတ္ေတြ ဘဏ္ ဝန္ထမ္းေတြမွာ ရွိပါလိမ့္မယ္။

ဒါေပမယ့္ ဓားျပတိုက္တဲ့လူ ေျပာလိုက္တဲ့ စကားေၾကာင့္ လူေတြ ျမန္ျမန္ဆန္ဆန္ ၾကမ္းျပင္ေပၚ ဝပ္က်သြားတယ္ ။ ဒါကို အေတြးအေခၚေတြ ေျပာင္းလဲပစ္လိုက္တဲ့ နည္းလို႔ ေခၚပါတယ္။

အဲဒီအခ်ိန္မွာ အမ်ိဳးသမီး တစ္ေယာက္ကေတာ့ မေပၚတေပၚ ျမဴဆြယ္သလို ပုံမ်ိဳးနဲ႔ စားပြဲေပၚမွာ လွဲေနပါတယ္တဲ့။ အဲဒီအခ်ိန္မွာ ဓားျပက အဲဒီ အမ်ိဳးသမီးကို ေအာ္ေျပာလိုက္တယ္။

” သိကၡာရွိရွိ ေနစမ္းပါအမိ.. ဒါ ဓားျပတိုက္ေနတာ မုဒိန္းက်င့္ေနတာ မဟုတ္ဘူး.. ” အဲဒါကို Professional ဆန္တယ္ လို႔ ေခၚပါတယ္။ ကိုယ့္ရဲ႕ ရည္႐ြယ္ခ်က္ကိုပဲ ေအာင္ျမင္ေအာင္ အာ႐ုံစိုက္တာ မ်ိဳးေပ့ါ။

ေနာက္ေတာ့ ဓားျပေတြ အိမ္ျပန္ေရာက္ သြားၾကတယ္။ အဲဒီမွာ MBA ဘြဲ႕ရ ဓားျပ လူငယ္တစ္ေယာက္က ေျခာက္တန္းပဲ ေအာင္တဲ့ အသက္ႀကီးဆုံး ဓားျပႀကီးကို ေျပာတယ္။

” အကိုႀကီး ငါတို႔ ပိုက္ဆံေတြ ဘယ္ေလာက္ ရခဲ့သလဲဆိုတာ ေရတြက္ၾကည့္ရေအာင္ ”

အဲဒီမွာ အသက္ႀကီးတဲ့ ဓားျပက ျပန္ေျပာတယ္ ။ ” မင္းေတာ္ေတာ္ ေသာက္သုံး မက်တာပဲ.. ဒီေလာက္ ပိုက္ဆံေတြ အမ်ားႀကီးကို ေရဖို႔ ဘာလို႔ အခ်ိန္ေတြ အမ်ားႀကီး အကုန္ခံေနမွာလဲ။ ဒီည TV သတင္းကို ေစာင့္ၾကည့္လိုက္ ၊ ငါတို႔ ဘဏ္ကေန ပိုက္ဆံ ဘယ္ေလာက္ ယူလာတယ္ ဆိုတာ သတင္းမွာ ေၾကျငာလိမ့္မယ္ ” အဲဒါကို အေတြ႕အႀကဳံလို ႔ေခၚပါတယ္။

ယေန႔ မ်က္ေမွာက္ေခတ္မွာ အေတြ႕အႀကဳံဟာ ဘြဲ႕လက္မွတ္ေတြထက္ ပိုၿပီး အေရးႀကီးပါတယ္။

ဓားျပေတြ ဘဏ္ကေန ဓားျပတိုက္ၿပီး ျပန္သြားတဲ့ အခ်ိန္မွာ ဘဏ္မန္ေနဂ်ာေန ႀကီးၾကပ္သူကို လွမ္းၿပီး ေျပာတယ္။ ရဲေတြ ျမန္ျမန္ေခၚဖို႔ပါ။ ဒါေပမယ့္ ႀကီးၾကပ္သူက မန္ေနဂ်ာကို ျပန္ေျပာပါတယ္။

” ေနဦး ဘဏ္ထဲက ေဒၚလာ ဆယ္သန္းကို ငါတို႔ ယူထားရေအာင္ ။ ေနာက္ၿပီးေတာ့.. ငါတို႔ အရင္က အလြဲသုံးစား လုပ္ထားလို႔ ကုန္သြားတဲ့ ေဒၚလာ သန္းခုႏွစ္ဆယ္ကိုလည္း တစ္ခါတည္း ေပါင္းထည့္လိုက္တာေပ့ါ ”

ဒါကိုေတာ့ ေခ်ာ္လဲေရာထိုင္ လို႔ ေခၚပါတယ္။ အက်ပ္တည္း တစ္ခုကို ကိုယ့္ရဲ႕ အခြင့္အေရးအျဖစ္ ေျပာင္းလဲ အသုံးခ်လိုက္တာပါ။ ႀကီးၾကပ္သူက ဘာေျပာလဲ ဆိုေတာ့.. ” ဒီလိုသာ လတိုင္း ဘဏ္ဓားျပ လာတိုက္ေနရင္ေတာ့ သိပ္ေကာင္းမွာပဲ ”

ဒါကေတာ့ ပ်င္းရိၿငီးေငြ႕စရာ ၊ ဒါမွမဟုတ္ ေဘးၾကပ္ နံၾကပ္ ျဖစ္ေနခ်ိန္မွာ.. အေျပာင္အပ်က္ ေျပာလိုက္တာပါ။ ဘဝမွာ တကိုယ္ေရ ေပ်ာ္႐ြင္မႈ ဆိုတာ အလုပ္ထက္ပိုၿပီး အေရးႀကီးပါတယ္။

ေနာက္ရက္လည္းေရာက္ေရာ TV သတင္းမွာ ပါလာတယ္။ ဘဏ္ဓားျပေတြ ဘဏ္ကေန ေဒၚလာ သန္းတစ္ရာ ယူသြားၾကတယ္ တဲ့ေလ။

ဓားျပေတြက သူတို႔ ယူလာတဲ့ ပိုက္ဆံေတြကို အႀကိမ္ႀကိမ္ အျပန္ျပန္ အလွန္လွန္ ေရတြက္ၾကည့္ေတာ့ သူတို႔ ယူလာတဲ့ ပိုက္ဆံက ေဒၚလာ သန္းႏွစ္ဆယ္ပဲ ရွိပါတယ္။ အဲဒီမွာ ဓားျပေတြက ေတာ္ေတာ္ေလး ေဒါသထြက္သြားတယ္။

” ငါတို႔က အသက္နဲ႔ရင္းၿပီး ဓားျပတိုက္တာ ေဒၚလာ သန္းႏွစ္ဆယ္ပဲ ရတယ္။ ဘဏ္မန္ဂ်ာကေတာ့ လက္ေဖ်ာက္ေလး တစ္ခ်က္ တီးလိုက္တာနဲ႔ သန္းရွစ္ဆယ္ ရသြားတယ္။ ပညာတတ္တဲ့လူက သူခိုးထက္သာလြန္ၿပီး ပိုေကာင္းတယ္ ”

ဘဏ္ မန္ေနဂ်ာကေတာ့.. ဘဏ္ ဓားျပတိုက္မႈကို စဥ္းစားရင္း ၿပဳံးေနပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ အစုရွယ္ရာ ေတြထဲမွာ သူရႈံးခဲ့တဲ့ ပိုက္ဆံေတြဟာ ဘဏ္ ဓားျပတိုက္ခံရတဲ့ စာရင္းထဲကို ထည့္လိုက္ရလို႔ပါ။

ကဲ.. ဒီပုံျပင္ေလးမွာ တကယ့္ ဓားျပက ဘယ္သူပါလဲ ?

မူရင္းေရးသားသူကို ခရက္ဒစ္ေပးပါသည္။

Unicode

ပညာတတ်တဲ့သူတွေ ကောက်ကျစ်ရင် သူခိုးဓားပြထက် ပိုဆိုးတယ်နော်…

ဘဏ်တစ်ခုကို ဓားပြတိုက်တဲ့ ဖြစ်စဉ်မှာ.. ဓားပြကနေ အော်ပြောလိုက်တယ် ။ ” အားလုံးပဲ ငြိမ်ငြိမ်လေးနေကြ.. ပိုက်ဆံ ဆိုတာက အစိုးရ ပိုင်တာ.. အသက် ဆိုတာ မင်းတို့ပိုင်တာ.. ”

ဘဏ်ထဲမှာ ရှိနေတဲ့ လူတွေ အားလုံးဟာ မြန်မြန် ဆန်ဆန်ပဲ ကြမ်းပြင်ပေါ်ကို မှောက်လိုက်ကြပါတယ်။ ပြောမယ် ဆိုရင်တော့ ခုခံချင်တဲ့ စိတ်တွေ ဘဏ် ဝန်ထမ်းတွေမှာ ရှိပါလိမ့်မယ်။

ဒါပေမယ့် ဓားပြတိုက်တဲ့လူ ပြောလိုက်တဲ့ စကားကြောင့် လူတွေ မြန်မြန်ဆန်ဆန် ကြမ်းပြင်ပေါ် ဝပ်ကျသွားတယ် ။ ဒါကို အတွေးအခေါ်တွေ ပြောင်းလဲပစ်လိုက်တဲ့ နည်းလို့ ခေါ်ပါတယ်။

အဲဒီအချိန်မှာ အမျိုးသမီး တစ်ယောက်ကတော့ မပေါ်တပေါ် မြူဆွယ်သလို ပုံမျိုးနဲ့ စားပွဲပေါ်မှာ လှဲနေပါတယ်တဲ့။ အဲဒီအချိန်မှာ ဓားပြက အဲဒီ အမျိုးသမီးကို အော်ပြောလိုက်တယ်။

” သိက္ခာရှိရှိ နေစမ်းပါအမိ.. ဒါ ဓားပြတိုက်နေတာ မုဒိန်းကျင့်နေတာ မဟုတ်ဘူး.. ” အဲဒါကို Professional ဆန်တယ် လို့ ခေါ်ပါတယ်။ ကိုယ့်ရဲ့ ရည်ရွယ်ချက်ကိုပဲ အောင်မြင်အောင် အာရုံစိုက်တာ မျိုးပေ့ါ။

နောက်တော့ ဓားပြတွေ အိမ်ပြန်ရောက် သွားကြတယ်။ အဲဒီမှာ MBA ဘွဲ့ရ ဓားပြ လူငယ်တစ်ယောက်က ခြောက်တန်းပဲ အောင်တဲ့ အသက်ကြီးဆုံး ဓားပြကြီးကို ပြောတယ်။

” အကိုကြီး ငါတို့ ပိုက်ဆံတွေ ဘယ်လောက် ရခဲ့သလဲဆိုတာ ရေတွက်ကြည့်ရအောင် ”

အဲဒီမှာ အသက်ကြီးတဲ့ ဓားပြက ပြန်ပြောတယ် ။ ” မင်းတော်တော် သောက်သုံး မကျတာပဲ.. ဒီလောက် ပိုက်ဆံတွေ အများကြီးကို ရေဖို့ ဘာလို့ အချိန်တွေ အများကြီး အကုန်ခံနေမှာလဲ။ ဒီည TV သတင်းကို စောင့်ကြည့်လိုက် ၊ ငါတို့ ဘဏ်ကနေ ပိုက်ဆံ ဘယ်လောက် ယူလာတယ် ဆိုတာ သတင်းမှာ ကြေငြာလိမ့်မယ် ” အဲဒါကို အတွေ့အကြုံလို့ခေါ်ပါတယ်။

ယနေ့ မျက်မှောက်ခေတ်မှာ အတွေ့အကြုံဟာ ဘွဲ့လက်မှတ်တွေထက် ပိုပြီး အရေးကြီးပါတယ်။

ဓားပြတွေ ဘဏ်ကနေ ဓားပြတိုက်ပြီး ပြန်သွားတဲ့ အချိန်မှာ ဘဏ်မန်နေဂျာနေ ကြီးကြပ်သူကို လှမ်းပြီး ပြောတယ်။ ရဲတွေ မြန်မြန်ခေါ်ဖို့ပါ။ ဒါပေမယ့် ကြီးကြပ်သူက မန်နေဂျာကို ပြန်ပြောပါတယ်။

” နေဦး ဘဏ်ထဲက ဒေါ်လာ ဆယ်သန်းကို ငါတို့ ယူထားရအောင် ။ နောက်ပြီးတော့.. ငါတို့ အရင်က အလွဲသုံးစား လုပ်ထားလို့ ကုန်သွားတဲ့ ဒေါ်လာ သန်းခုနှစ်ဆယ်ကိုလည်း တစ်ခါတည်း ပေါင်းထည့်လိုက်တာပေ့ါ ”

ဒါကိုတော့ ချော်လဲရောထိုင် လို့ ခေါ်ပါတယ်။ အကျပ်တည်း တစ်ခုကို ကိုယ့်ရဲ့ အခွင့်အရေးအဖြစ် ပြောင်းလဲ အသုံးချလိုက်တာပါ။ ကြီးကြပ်သူက ဘာပြောလဲ ဆိုတော့.. ” ဒီလိုသာ လတိုင်း ဘဏ်ဓားပြ လာတိုက်နေရင်တော့ သိပ်ကောင်းမှာပဲ ”

ဒါကတော့ ပျင်းရိငြီးငွေ့စရာ ၊ ဒါမှမဟုတ် ဘေးကြပ် နံကြပ် ဖြစ်နေချိန်မှာ.. အပြောင်အပျက် ပြောလိုက်တာပါ။ ဘဝမှာ တကိုယ်ရေ ပျော်ရွင်မှု ဆိုတာ အလုပ်ထက်ပိုပြီး အရေးကြီးပါတယ်။

နောက်ရက်လည်းရောက်ရော TV သတင်းမှာ ပါလာတယ်။ ဘဏ်ဓားပြတွေ ဘဏ်ကနေ ဒေါ်လာ သန်းတစ်ရာ ယူသွားကြတယ် တဲ့လေ။

ဓားပြတွေက သူတို့ ယူလာတဲ့ ပိုက်ဆံတွေကို အကြိမ်ကြိမ် အပြန်ပြန် အလှန်လှန် ရေတွက်ကြည့်တော့ သူတို့ ယူလာတဲ့ ပိုက်ဆံက ဒေါ်လာ သန်းနှစ်ဆယ်ပဲ ရှိပါတယ်။ အဲဒီမှာ ဓားပြတွေက တော်တော်လေး ဒေါသထွက်သွားတယ်။

” ငါတို့က အသက်နဲ့ရင်းပြီး ဓားပြတိုက်တာ ဒေါ်လာ သန်းနှစ်ဆယ်ပဲ ရတယ်။ ဘဏ်မန်ဂျာကတော့ လက်ဖျောက်လေး တစ်ချက် တီးလိုက်တာနဲ့ သန်းရှစ်ဆယ် ရသွားတယ်။ ပညာတတ်တဲ့လူက သူခိုးထက်သာလွန်ပြီး ပိုကောင်းတယ် ”

ဘဏ် မန်နေဂျာကတော့.. ဘဏ် ဓားပြတိုက်မှုကို စဉ်းစားရင်း ပြုံးနေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အစုရှယ်ရာ တွေထဲမှာ သူရှုံးခဲ့တဲ့ ပိုက်ဆံတွေဟာ ဘဏ် ဓားပြတိုက်ခံရတဲ့ စာရင်းထဲကို ထည့်လိုက်ရလို့ပါ။

ကဲ.. ဒီပုံပြင်လေးမှာ တကယ့် ဓားပြက ဘယ်သူပါလဲ ?

မူရင်းရေးသားသူကို ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*