Unicode
ခန္ဓာကိုယ်ပေါ်မှာ ရစ်ပတ်နေတဲ့ကြိုးကို ဖြုတ်ပေးဖို့ငါးဖမ်းသမားတွေဆီ လာရောက်အကူအညီတောင်ခံခဲ့တဲ့ ဝေလငါး(ဗီဒီယိုဖိုင်)
သဘောင်္တွေရဲ့ အနီးအနားသို့ လာရောက်လေ့ ရှိတဲ့ ပင်လယ် ရေ နေ သတ္တဝါ တွေထဲမှာ ဆိုရင် လင်းပိုင်တွေသာ အများဆုံး ဖြစ်ကြပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်မှာတော့ ဝေလငါးကြီးတစ်ကောင်ဟာ ငါးဖမ်းသဘောင်္အနား သို့ အနီးကပ်ဆုံး သွားရောက်ခဲ့ပါတယ်။
အဆိုပါ အဖြစ်အပျက်ကတော့ ပြီးခဲ့တဲ့ December 1ရက်နေ့က မလေးရှားနိုင်ငံ Bintulu မြို့အနီးမှာရှိတဲ့ ပင်လယ်ကမ်းစပ်နှင့် မဝေးလွန်းတဲ့ နေရာ တစ်နေရာမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ် …။Video ထဲမှ တွေ့မြင်ရတဲ့အတိုင်းပါပဲ။
ဝေလငါးလေးဟာ ငါးဖမ်းသဘောင်္ဘေး ကပ်လျက် လိုက်ပါလာခဲ့တဲ့ အတွက် ။ လှပေါ်မှ လူတွေလည်း အတော် ထူးဆန်းတယ် လို့ ထင်မြင်ပြီး အနီးကပ် ကြည့်လိုက်ချိန်မှာတော့ ဝေလငါးဟာကြိုခွေတစ်ခုနှင့် ရစ်ပတ်နေမိသည်ကို တွေ့ရသည်။
ဖြတ်ထုတ်ပေးဖို့အကူအညီ တောင်းခံနေခဲ့တာကို သဘောင်္ပေါ်ရှိလူများက သတိထားမိ ခဲ့ပါတယ် ။ ထို့နောက် video ထဲမှ ာကြားရ တဲ့အတိုင်း ကြိုးခွေကို ဖြတ်ထုတ်ပေဖို့ လူများက ပစ္စည်းရှာနေကြတဲ့ အသံကို ကြားရမှာပါ …။
ထို့နောက် အမျိုးသား တစ်ယောက်ဟာ ရစ်ပတ်နေသော ကြိုးကို သံကောက်ဖြင့် လှန်ဆွဲ ယူပြီး ဖြတ်ပေးဖို့ကြိုးစားနေခဲ့ပြီး ဝေလငါးလေးမှာလည်း လုံးဝယုံကြည်စိတ်ချတဲ့ ပုံစံမျိုးနှင့် ရန်မူခြင်းများ မရှိပဲ အလိုက်သင့်လေးလိုက်နေပေခဲ့ပါတယ် …။
နောက်ပိုင်း ဓားဖြင့် အဆိုပါရစ်ပတ်နေသောကြိုးကို ဖြတ်ထုတ်ပစ်လိုက်ပြီးချိန်မှာတော့ ဝေလငါးလေးဟာ အတော်ဝမ်းသာသွားခဲ့ပုံ ရပြီး သူ၏အမြှီးဖြင့် ရေကိုပုတ်ထုတ်ပြပြီး ငါးဖမ်းသမားများကို နှုတ်ဆတ်သွားခဲ့ပါတယ် ။ ကူညီပေးခဲ့ ကြတဲ့ ငါးဖမ်းသမားများ ကလည်း အတော်လေး ကိုပျော်ရွှင်ခဲ့ကြပုံ ရပြီး ဝေလငါ းလေးကို အပြိုင်အဆိုင် နှုတ်ဆက် ခဲ့ကြ ပါတော့တယ် …။ ။
လေးစားစွာဖြင့် ခရစ်ဒက် — (Mckzone Daily)
Be the first to comment
Leave a Reply
Your email address will not be published.
*