ကေလးအေယာက္ ၆၀ ေက်ာ္ကို ေက်ာင္းထားေပးတာ ၆ ႏွစ္ ရွိၿပီဆိုတဲ့ မေအးေသာင္း

ကေလးအေယာက္ ၆၀ ေက်ာ္ကို ေက်ာင္းထားေပးတာ ၆ ႏွစ္ ရွိၿပီဆိုတဲ့ မေအးေသာင္း

ကေလးအေယာက္ ၆၀ ေက်ာ္ကို ေက်ာင္းထားေပးတာ ၆ ႏွစ္ ရွိၿပီဆိုတဲ့ မေအးေသာင္း

မထင္မွတ္ထားတဲ့ အခ်ိန္မွာ ထပြင့္တဲ့ စန္းေၾကာင့္ မေအးေသာင္းတစ္ေယာက္ တစ္ေက်ာ့ျပန္ ေအာင္ျမင္ခဲ့ေပမဲ့ မာနေထာင္လႊားျခင္း မရွိသလို ႐ိုး႐ိုးေအးေအးပဲ ေနတာမ်ားလို႔ အႏုပညာေၾကးေတြကို ဘယ္လိုအသုံးခ်လဲ သိခ်င္သူေတြက မ်ားလွပါတယ္။

ေဖ့စ္ဘြတ္ေပၚမွာ အဖီးလ္ တစ္လိုင္း စာသားေလးေတြ ေရးတတ္တဲ့ အပ်ိဳႀကီး ေအးေသာင္းတစ္ေယာက္ ဖူးစာရွင္ကေရာ ဘယ္ေတာ့မ်ားမွ မ်က္ႏွာျပမွာလဲ ။

အပ်ိဳႀကီးဂုဏ္ကိုပဲ တစ္သက္လုံး ဆက္ထိန္းသြားမလဲ ဆိုတာကိုေတာ့ အက္ဒမင္နဲ႔ အတူတူ ပရိသတ္ႀကီးအတြက္ တင္ဆက္ေပးလိုက္ပါတယ္ ။

“အမကေလ စုတယ္ဆိုတာထက္ ကား႐ိုက္ေတြ ဆိုလို႔ရွိရင္ လိုတဲ့ဟာေတြ သုံးတယ္ ။ မိဘေတြ ကန္ေတာ့တယ္ ။ လႉတယ္ ဒီေလာက္ပဲ ။

စုတာက သူမ်ားေတြလို ေ႐ႊ ၊ ေငြ ၊ ကားေတြ စုတာ ဝါသနာမပါဘူး ။ အဲ့ေတာ့ ေဘးနားက ကိုယ္ေပးႏိုင္တဲ့ သူေတြကို ေပးတယ္ ။ ကေလး အေယာက္ (၆၀) ေက်ာ္ကို ေက်ာင္းထားေပးရတာ ရွိတယ္။

တစ္ခ်ိဳ႕ေတြ ဆယ္တန္းေအာင္သြားၿပီ ။ အမ ေက်ာင္းထားေပးခဲ့တာ ၆ ႏွစ္ေလာက္ ရွိၿပီ ။ တစ္ခ်ိဳ႕ဆို နာဂစ္ျဖစ္လို႔ မိဘေတြ မရွိဘူး ။သူတို႔အတြက္ ပညာ တတ္ေစခ်င္လို႔ ပညာေရးကို ပံ့ပိုးေပးတယ္ ။

အားတယ္ဆိုရင္ အလႉလုပ္ခ်င္တယ္ ။ မိဘကို ကန္ေတာ့တယ္ ဒါပါပဲ ။ ေ႐ႊ ေငြစုတာေတာ့ ဝါသနာ မပါဘူး ။” လို႔ ဆိုပါတယ္ ။ကဗ်ာ စာသားေလးေတြ တင္ျဖစ္တဲ့ အေၾကာင္းကိုေတာ့ မေအးေသာင္းက ခုလို ရင္ဖြင့္သြားပါတယ္ ။

”ကဗ်ာေလးေတြ ေရးတယ္ဆိုတာက ရင္ထဲမွာ အႀကိမ္တစ္ရာေလာက္ ႐ြတ္ၿပီးမွ လက္နဲ႔ ခ်ေရးလိုက္တာမ်ားတယ္ ။ကိုယ့္ရင္ထဲမွာ ေတာ္ေတာ္ခံစားရလို႔ ပြင့္ထြက္ၿပီး ေရးခ်လိုက္တာ မ်ားပါတယ္ ။

ခံစားခ်က္ အတုနဲ႔က ငွားၿပီးေတာ့ သိပ္ၿပီး မခံစားတတ္ဘူး။” ဆိုၿပီး ေျပာသြားတာပါ ။အပ်ိဳႀကီး ဂုဏ္ကို ဆက္ထိန္းသြားဖို႔ အစီအစဥ္ ရွိ ၊ မရွိ ဆိုတာကေတာ့ ခုလို မရွင္း မရွင္း ေျပာသြားပါတယ္ ။”အပ်ိဳႀကီး ဂုဏ္ဆိုတာ ရခဲတယ္ ။

ထိန္းခဲ့တာ ႏွစ္ေပါင္း (၃၅) ႏွစ္ေလာက္ ရွိၿပီဆိုတာ့ ဘယ္ေလာက္ထိ ထိန္းသိမ္းသြားမလဲဆိုတာ ေျပာရခက္တယ္ ။

ဖူးစာပါေအာင္ ကိုယ္ဘယ္ေလာက္ပဲ တြဲခဲ့တြဲခဲ့ ဖူးစာပါမွ ဆိုေတာ့ ဘယ္ေလာက္ထိ ထိန္းသိမ္းသြားမလဲ ဆိုတာက ေျပာရခက္တယ္ ။” လို႔ ဆိုပါတယ္ ။

မေအးေသာင္းက ပရိသတ္ေတြ လက္ခံအားေပးလို႔ ကုန္ပစၥည္း ထုတ္ရမယ္ ဆိုရင္ေတာင္ သူမ်ားေတြလို မိတ္ကပ္ ၊ ႏႈတ္ခမ္းနီ မထုတ္ေတာ့ဘဲ ႐ုပ္ရွင္ပဲ တစ္ခါတည္း ထုတ္႐ိုက္လိုက္မယ္ ဆိုၿပီး ေျဖၾကား သြားပါတယ္ ။

Unicode

ကလေးအယောက် ၆၀ ကျော်ကို ကျောင်းထားပေးတာ ၆ နှစ် ရှိပြီဆိုတဲ့ မအေးသောင်း

မထင်မှတ်ထားတဲ့ အချိန်မှာ ထပွင့်တဲ့ စန်းကြောင့် မအေးသောင်းတစ်ယောက် တစ်ကျော့ပြန် အောင်မြင်ခဲ့ပေမဲ့ မာနထောင်လွှားခြင်း မရှိသလို ရိုးရိုးအေးအေးပဲ နေတာများလို့ အနုပညာကြေးတွေကို ဘယ်လိုအသုံးချလဲ သိချင်သူတွေက များလှပါတယ်။

ဖေ့စ်ဘွတ်ပေါ်မှာ အဖီးလ် တစ်လိုင်း စာသားလေးတွေ ရေးတတ်တဲ့ အပျိုကြီး အေးသောင်းတစ်ယောက် ဖူးစာရှင်ကရော ဘယ်တော့များမှ မျက်နှာပြမှာလဲ ။

အပျိုကြီးဂုဏ်ကိုပဲ တစ်သက်လုံး ဆက်ထိန်းသွားမလဲ ဆိုတာကိုတော့ အက်ဒမင်နဲ့ အတူတူ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ။

“အမကလေ စုတယ်ဆိုတာထက် ကားရိုက်တွေ ဆိုလို့ရှိရင် လိုတဲ့ဟာတွေ သုံးတယ် ။ မိဘတွေ ကန်တော့တယ် ။ လှူတယ် ဒီလောက်ပဲ ။

စုတာက သူများတွေလို ရွှေ ၊ ငွေ ၊ ကားတွေ စုတာ ဝါသနာမပါဘူး ။ အဲ့တော့ ဘေးနားက ကိုယ်ပေးနိုင်တဲ့ သူတွေကို ပေးတယ် ။ ကလေး အယောက် (၆၀) ကျော်ကို ကျောင်းထားပေးရတာ ရှိတယ်။

တစ်ချို့တွေ ဆယ်တန်းအောင်သွားပြီ ။ အမ ကျောင်းထားပေးခဲ့တာ ၆ နှစ်လောက် ရှိပြီ ။ တစ်ချို့ဆို နာဂစ်ဖြစ်လို့ မိဘတွေ မရှိဘူး ။သူတို့အတွက် ပညာ တတ်စေချင်လို့ ပညာရေးကို ပံ့ပိုးပေးတယ် ။

အားတယ်ဆိုရင် အလှူလုပ်ချင်တယ် ။ မိဘကို ကန်တော့တယ် ဒါပါပဲ ။ ရွှေ ငွေစုတာတော့ ဝါသနာ မပါဘူး ။” လို့ ဆိုပါတယ် ။ကဗျာ စာသားလေးတွေ တင်ဖြစ်တဲ့ အကြောင်းကိုတော့ မအေးသောင်းက ခုလို ရင်ဖွင့်သွားပါတယ် ။

”ကဗျာလေးတွေ ရေးတယ်ဆိုတာက ရင်ထဲမှာ အကြိမ်တစ်ရာလောက် ရွတ်ပြီးမှ လက်နဲ့ ချရေးလိုက်တာများတယ် ။ကိုယ့်ရင်ထဲမှာ တော်တော်ခံစားရလို့ ပွင့်ထွက်ပြီး ရေးချလိုက်တာ များပါတယ် ။

ခံစားချက် အတုနဲ့က ငှားပြီးတော့ သိပ်ပြီး မခံစားတတ်ဘူး။” ဆိုပြီး ပြောသွားတာပါ ။အပျိုကြီး ဂုဏ်ကို ဆက်ထိန်းသွားဖို့ အစီအစဉ် ရှိ ၊ မရှိ ဆိုတာကတော့ ခုလို မရှင်း မရှင်း ပြောသွားပါတယ် ။”အပျိုကြီး ဂုဏ်ဆိုတာ ရခဲတယ် ။

ထိန်းခဲ့တာ နှစ်ပေါင်း (၃၅) နှစ်လောက် ရှိပြီဆိုတာ့ ဘယ်လောက်ထိ ထိန်းသိမ်းသွားမလဲဆိုတာ ပြောရခက်တယ် ။

ဖူးစာပါအောင် ကိုယ်ဘယ်လောက်ပဲ တွဲခဲ့တွဲခဲ့ ဖူးစာပါမှ ဆိုတော့ ဘယ်လောက်ထိ ထိန်းသိမ်းသွားမလဲ ဆိုတာက ပြောရခက်တယ် ။” လို့ ဆိုပါတယ် ။

မအေးသောင်းက ပရိသတ်တွေ လက်ခံအားပေးလို့ ကုန်ပစ္စည်း ထုတ်ရမယ် ဆိုရင်တောင် သူများတွေလို မိတ်ကပ် ၊ နှုတ်ခမ်းနီ မထုတ်တော့ဘဲ ရုပ်ရှင်ပဲ တစ်ခါတည်း ထုတ်ရိုက်လိုက်မယ် ဆိုပြီး ဖြေကြား သွားပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*