ေခတ္လူငယ္ေတြ သိပ္မသိေတာ့တဲ့ ” ေဈးအစ ဇာတ္အလယ္ ဖာအဆုံး ” ဆိုတဲ့ စကားရဲ႕အဓိပၸါယ္

” ေဈးအစ ဇာတ္အလယ္ ဖာအဆုံး ” ဆိုတဲ့ စကားရဲ႕အဓိပၸါယ္
” ေဈးအစ ဇာတ္အလယ္ ဖာအဆုံး ” ဆိုတဲ့ စကားရဲ႕အဓိပၸါယ္

ေခတ္လူငယ္ေတြ သိပ္မသိေတာ့တဲ့ ” ေဈးအစ ဇာတ္အလယ္ ဖာအဆုံး ” ဆိုတဲ့ စကားရဲ႕အဓိပၸါယ္

ဒီစကားေလးက မိတ္ေဆြတို႔ရဲ႕ရင္ကို တခုခု ျဖစ္ေပၚ ေစလိမ့္မည္ဟု ထင္မိပါသည္။ ဖာ ဆိုေသာ စကားက အဓိပၸါယ္ ႏွစ္ခြထြက္ေနေသာ စကားျဖစ္ပါသည္ ။ ။

မိတ္ေဆြတို႔ ရင္ထဲတြင္ ဖာဆိုေသာ စကားၾကားသည္ႏွင့္ ယုတ္ညံ့ေသာ စကားဟု ထင္ေကာင္း ထင္ပါလိမ့္မည္။ ထို အေတြးႏွင့္ အတူ စကားတစ္ခု ကိုလည္း ႐ိုင္းျပသည္ဟု ထင္ပါလိမ့္မည္ ။ ။

” ေဈးအစ ဇာတ္အလယ္ ဖာအဆုံး ” ဆိုတဲ့ ေရွးလူႀကီး သူမတို႔၏ အခ်ိန္ကာလႏွင့္ ေနရာaဒသ ေ႐ြးတတ္ရန္ မွာၾကားခဲ့ေသာ စကားစုသည္။

ယခု ေခတ္ကာလတြင္ ႐ိုင္းျပေသာ ေနရာတြင္ သုံးႏႈန္းေန ၾကသည္မွာ သိပ္ကို ဝမ္းနည္းဖို႔ ေကာင္းပါသည္ ။ ။

ေဈးအစဆိုသည္မွာ ေဈးဝယ္မည့္ သူသည္ မနက္ေစာေစာ ထ၍ ေဈးအစဆုံး ဖြင့္ခ်ိန္တြင္ သြားေရာက္ ဝယ္ယူရမည္ဟု ဆိုလိုပါသည္။

ထိုသို႔ ေဈးအစဆုံး ဖြင့္ခ်ိန္ သြားေရာက္ဝယ္ယူမွ သူမ်ားထက္ဦးစြာ လတ္ဆတ္ ေကာင္းမြန္ေသာ ကုန္စည္မ်ားကို ဝယ္ယူႏိုင္မွာပါ။

ေဈးအစတြင္ မဝယ္ယူပဲ ေနာက္က် မွ သြားေရာက္ ဝယ္ယူလွ်င္ သူမ်ားမလိုခ်င္၍ က်န္ေနေသာ ကုန္စည္ခပ္ညံ့ညံ့သာ ရရွိမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေဈးအစဟု ဆိုေရးရွိတာပါ။

ဇာတ္အလယ္တဲ့ ဇာတ္ကသည့္ သူမ်ားဟာ ညလယ္ပိုင္းမွာ ဗုဒၶဝင္တို႔ ျပဇာတ္တို႔ ကဲ့သို႔ေသာ မွတ္သားထိုက္သည္မ်ားကို ကျပ တတ္ေသာေၾကာင့္ ဇာတ္ ၾကည့္မယ္ ဆိုလွ်င္ ညလယ္ပိုင္းသည္ အဓိက ၾကည့္သင့္သည္ ဟု ၫႊန္ျပခဲ့ျခင္း ျဖစ္ပါသည္။

ဖာ အဆုံးတဲ့ ယခု စကားပုံတြင္ ပါေသာ ဖာဆိုသည္မွာ ထန္းေခါက္ဖာကို ေျပာတာ ျဖစ္ပါသည္။ အဝတ္အစား ပစၥည္းကိရိယာမ်ား ထည့္သြင္း သိမ္းဆည္း ထားႏိုင္ေသာ ေသတၱာ ကဲ့သို႔ေသာ ဖာ ေသတၱာကို ဆိုလိုျခင္း ျဖစ္သည္ ။ ။

ထိုဖာမ်ားကို ေရာင္းခ်မည့္ သူမ်ားသည္ ဖာ ေသတၱာမ်ားကို အဆင့္ဆင့္ ထပ္ကာ ထမ္းပိုး ေရာင္းခ်ၾကပါသည္။

ထိုသို႔ အဆင့္ဆင့္ ထပ္ထားေသာ ဖာ ေသတၱာမ်ားတြင္ ေအာက္ဆုံး၌ ေတာင့္တင္း ခိုင္မာေသာ ဖာ ကိုထားေလ့ ရွိပါသည္ ။ ။

သို႔မွသာ ေအာက္ဆုံးဖာ သည္ သူ႔အေပၚမွ ဖာမ်ား၏ အေလးခ်ိန္ကို ခံႏိုင္မွာ ျဖစ္ပါတယ္ ။ ။ ထို႔ေၾကာင့္ ဖာေသတၱာ ဝယ္ယူမည္ဆိုလွ်င္ ေအာက္ဆုံးဖာကို ဝယ္ယူဖို႔ ၫႊန္ၾကားထားတာ ျဖစ္သည့္အတြက္ ဖာအဆုံးဟု ဆိုေရးရွိခဲ့တာ ျဖစ္ပါတယ္။

ထို႔ေၾကာင့္ ေဈးအစ ဇာတ္အလယ္ ဖာအဆုံး ဟူေသာ စကားပုံ အဓိပၸါယ္ကို မွန္ကန္စြာ သိ၍ အေျခအေနအခ်ိန္ ကာလကို သိတတ္ သူမ်ား ျဖစ္ၾကပါေစဟု။

အာလုံး မဂၤလာအေပါင္းနဲ႔ ျပည္စုံႏိုင္ၾကပါေစ…

မူရင္းေရးသားသူကို ခရက္ဒစ္ေပးပါသည္။

Unicode

ခေတ်လူငယ်တွေ သိပ်မသိတော့တဲ့ ” ဈေးအစ ဇာတ်အလယ် ဖာအဆုံး ” ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်

ဒီစကားလေးက မိတ်ဆွေတို့ရဲ့ရင်ကို တခုခု ဖြစ်ပေါ် စေလိမ့်မည်ဟု ထင်မိပါသည်။ ဖာ ဆိုသော စကားက အဓိပ္ပါယ် နှစ်ခွထွက်နေသော စကားဖြစ်ပါသည် ။ ။

မိတ်ဆွေတို့ ရင်ထဲတွင် ဖာဆိုသော စကားကြားသည်နှင့် ယုတ်ညံ့သော စကားဟု ထင်ကောင်း ထင်ပါလိမ့်မည်။ ထို အတွေးနှင့် အတူ စကားတစ်ခု ကိုလည်း ရိုင်းပြသည်ဟု ထင်ပါလိမ့်မည် ။ ။

” ဈေးအစ ဇာတ်အလယ် ဖာအဆုံး ” ဆိုတဲ့ ရှေးလူကြီး သူမတို့၏ အချိန်ကာလနှင့် နေရာaဒသ ရွေးတတ်ရန် မှာကြားခဲ့သော စကားစုသည်။

ယခု ခေတ်ကာလတွင် ရိုင်းပြသော နေရာတွင် သုံးနှုန်းနေ ကြသည်မှာ သိပ်ကို ဝမ်းနည်းဖို့ ကောင်းပါသည် ။ ။

ဈေးအစဆိုသည်မှာ ဈေးဝယ်မည့် သူသည် မနက်စောစော ထ၍ ဈေးအစဆုံး ဖွင့်ချိန်တွင် သွားရောက် ဝယ်ယူရမည်ဟု ဆိုလိုပါသည်။

ထိုသို့ ဈေးအစဆုံး ဖွင့်ချိန် သွားရောက်ဝယ်ယူမှ သူများထက်ဦးစွာ လတ်ဆတ် ကောင်းမွန်သော ကုန်စည်များကို ဝယ်ယူနိုင်မှာပါ။

ဈေးအစတွင် မဝယ်ယူပဲ နောက်ကျ မှ သွားရောက် ဝယ်ယူလျှင် သူများမလိုချင်၍ ကျန်နေသော ကုန်စည်ခပ်ညံ့ညံ့သာ ရရှိမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဈေးအစဟု ဆိုရေးရှိတာပါ။

ဇာတ်အလယ်တဲ့ ဇာတ်ကသည့် သူများဟာ ညလယ်ပိုင်းမှာ ဗုဒ္ဓဝင်တို့ ပြဇာတ်တို့ ကဲ့သို့သော မှတ်သားထိုက်သည်များကို ကပြ တတ်သောကြောင့် ဇာတ် ကြည့်မယ် ဆိုလျှင် ညလယ်ပိုင်းသည် အဓိက ကြည့်သင့်သည် ဟု ညွှန်ပြခဲ့ခြင်း ဖြစ်ပါသည်။

ဖာ အဆုံးတဲ့ ယခု စကားပုံတွင် ပါသော ဖာဆိုသည်မှာ ထန်းခေါက်ဖာကို ပြောတာ ဖြစ်ပါသည်။ အဝတ်အစား ပစ္စည်းကိရိယာများ ထည့်သွင်း သိမ်းဆည်း ထားနိုင်သော သေတ္တာ ကဲ့သို့သော ဖာ သေတ္တာကို ဆိုလိုခြင်း ဖြစ်သည် ။ ။

ထိုဖာများကို ရောင်းချမည့် သူများသည် ဖာ သေတ္တာများကို အဆင့်ဆင့် ထပ်ကာ ထမ်းပိုး ရောင်းချကြပါသည်။

ထိုသို့ အဆင့်ဆင့် ထပ်ထားသော ဖာ သေတ္တာများတွင် အောက်ဆုံး၌ တောင့်တင်း ခိုင်မာသော ဖာ ကိုထားလေ့ ရှိပါသည် ။ ။

သို့မှသာ အောက်ဆုံးဖာ သည် သူ့အပေါ်မှ ဖာများ၏ အလေးချိန်ကို ခံနိုင်မှာ ဖြစ်ပါတယ် ။ ။ ထို့ကြောင့် ဖာသေတ္တာ ဝယ်ယူမည်ဆိုလျှင် အောက်ဆုံးဖာကို ဝယ်ယူဖို့ ညွှန်ကြားထားတာ ဖြစ်သည့်အတွက် ဖာအဆုံးဟု ဆိုရေးရှိခဲ့တာ ဖြစ်ပါတယ်။

ထို့ကြောင့် ဈေးအစ ဇာတ်အလယ် ဖာအဆုံး ဟူသော စကားပုံ အဓိပ္ပါယ်ကို မှန်ကန်စွာ သိ၍ အခြေအနေအချိန် ကာလကို သိတတ် သူများ ဖြစ်ကြပါစေဟု။

အာလုံး မင်္ဂလာအပေါင်းနဲ့ ပြည်စုံနိုင်ကြပါစေ…

မူရင်းရေးသားသူကို ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*