၃။ ဆီအချို့သုံးပါ
၇။ ထိုင်ခုံအထိန်း
၈။ လေသန့်စင်သောအရာ
Unicode
ကားသမားအနည်းငယ်သာသိသေးတဲ့ ကားနဲ့ ပတ်သတ်တဲ့လျှို့ဝှက်ချက် ( ၁၀ ) ချက်
ကားတွေဝယ်စီးကြတယ်ဆိုတာပိုပြီးအဆင်ပြေစေဖို့ပါ၊ ဒါပေမယ့် သူတို့ရဲ့ အပိုပစ္စည်းတွေ၊ တာဝန်ယူရမှုတွေ သင့်ဘဝကိုပိုခက်ခဲ့သွားစေပါတယ်၊ ဘယ်သူမှလည်းလိုချင်ကြတော့မှာမဟုတ်ပါဘူး-
၁။ သော့ခေါက်လေး ကို ခေါင်းနားကပ်လိုက်ပါ
သင်ဟာ ကား ကိုဘယ်နားမှာရပ်ထားမိလိုက်မှန်းမသိတဲ့ အခြေအနေနဲ့ ကြုံခဲ့ရဘူးမှာပါ၊ သင့်အတွက် ပြန်ရှာရတာဟာ အခက်အခဲကြီးတစ်ခုလို ဖြစ်နေနိုင်ပါတယ်။ ဒီလိုဖြစ်ရင်တော့ သင့်ခေါင်းနားကို သင့်ရဲ့ သော့ခေါက်လေးကပ်ပြီး သော့ဖွင့်တဲ့ခလုပ်ကိုနှိပ်လိုက်ပါ။
ဒီလိုလုပ်လိုက်ရင် သင့်ခေါင်းဟာ ဓာတ်ကူးမိသလိုဖြစ်ပြီး ကားတည်ရှိရာကို ချဲ့ထွင် အချက်ပြနိုင်မှာပါ၊ ဒါဟာသင့်အတွက် ပိုပြီးကံကောင်းစေမယ့် နည်းလေးဖြစ်ပါတယ်၊
၂။ ခွက်ထည့်တဲ့နေရာကို အုပ်ထားပါ
Cupcakeရဲ့အောက်ခံအခွံလေးကို ခွက်ထည့်တဲ့နေရာမှာထားပေးထားခြင်းဟာ ထိုနေရာကိုသန့်ရှင်းရေးလုပ်ရာမှာ လွယ်ကူအဆင်ပြေစေပါတယ်၊ သင့်ကို အမဲရောင်ကြီးပဲမြင်နေရတာထက်စာရင် အရောင်ဆန်းဆန်းလေးဖြစ်နေစေမှာပါ၊
၃။ ဆီအချို့သုံးပါ
သင့်ရဲကားအတွင်းပိုင်းကို အသစ်အတိုင်းတောက်ပစေဖို့ သံလွင်ဆီကို အဝတ်မှာစွတ်ပြီး မျက်နှာပြင်တွေကိုတိုက်ပေးပါ၊ သင့်ရဲ့ ခလုပ်တွေရှိတဲ့နေရာတွေပါ တောက်ပြောင်နေမှာပါ။
စီယာတိုင်ကိုတော့ မသုတ်မိဖို့သတိထားပါ၊သင့်ကို လက်ချော်စေပြီး အန္တရာယ်ကျရောက်စေနိုင်ပါတယ်၊
၄။ အိမ်မွေးတိရစ္ဆာန်တွေအတွက် squeegee ခေါ် ရော်ဘာကွပ်ထားသည့် လက်ကိုင်ပါဝင်သည့် ကိရိယာ
ချစ်စရာကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်တွေဟာ နောက်ထိုင်ခုံဘက်မှာ အမွေးတွေကျွတ်နေပြီး သင့်ရဲ့ကားဖုံစုတ်စက်က အမွေးတွေအားလုံးပြောင်အောင်မလုပ်နိုင်ပါဘူး။
squeegee ခေါ် ရော်ဘာကွပ်ထားသည့် လက်ကိုင်ပါဝင်သည့် ကိရိယာဟာ စိုစွက်နေတဲ့နေရာတွေကိုပါ သန့်ရှင်းနိုင်ပါတယ်၊
၅။ ဆောင်းရာသီ ပါကင်ထိုးခြင်း
ဘယ်သူမှ မနက်စောစောမှာ လေကာမှန်ပေါ်က ရေခဲတွေကိုခြစ်မထုတ်ချင်ကြပါဘူး၊ ရိုးရှင်းတဲ့ဖြေရှင်းနည်းလေးရတော့ သင့်ကားကို အရှေ့ဘက်လှည့်ပြီး ပါကင်ထိုးတာပါပဲ။ ဒီလိုထိုးတာဟ နေရောင်ကြောင့်ရေခဲတွေအရည်ပျော်စေပါတယ်၊
၆။ လက်သည်းဆိုးဆေးအချို့ကို သုံးပါ
သင့်ရဲ့လေကာမှန်အနည်းငယ် အက်ကွဲနေပြီး သင့်မှာလည်း ပြန်ပြင်ဖို့အချိန်မရဘူးဆိုရင်တော့ လက်သည်းဆိုးဆေးကို အက်နေတဲ့နေရာ အသုံးပြုပေးပါ။ ထိုအရာဟာ အက်ကွဲရာကို စုထားပေးနိုင်ပြီး ထက်မအက်အောင်ကာကွယ်ပေးနိုင်ပါတယ်၊
၇။ ထိုင်ခုံအထိန်း
အကယ်၍ သင်ဟာ ထိုင်ခုံအထိန်းကိုရှာမတွေ့ဘူးဆိုရင်တော့ တော်တော်နောက်ကျနေပါပြီ၊ ကလေးတောင် ကူညီပေးချင်မှာ မဟုတ်ပါဘူး။ အကောက်ပါတဲ့ ဘန်ဂျီကြိုးကို ထိုင်ခုံကိုပတ်ပြီး မာတဲ့စတီးချောင်းမှာ ပတ်ချည်ပြီး ချိတ်ထားလိုက်ပါ။ ဒါဟာ ဈေပေါတဲ့ဖြေရှင်းနည်းပါပဲ၊
၈။ လေသန့်စင်သောအရာ
တောက်ပတဲ့ကားတွေရဲ့ သမရိုးကျ လေသန့်စင်တဲ့အရာ ကတော့ ဖယောင်းတွေကို ခွက်ထဲ ထည့်ပြီး ကားထဲမှာ အရည်ပျော်စေခြင်းပါပဲ၊ ရာသီဥတု ပူပြီး ကားထဲက အပူချိန်မြင့်တက်နေပြီဆိုရင် ၎င်းဟာအရည်ပျော်လာပြီး အနံအသက်ကောင်းလေးကို ရရှိစေ နိုင်ပါတယ်၊
၉။ ကုန်တင်ကားတွေကို သတိပြုပါ
ကုန်တင်ကားကြီးတွေက ကားမောင်းသူအသစ်တွေကို ခြိမ်းခြောက်စေနိုင်ပါတယ်။ သင့်ဟာ ၎င်းတို့ကို သတိပြုမှသာ မတော်တမဖြစ်စေဘဲ အသက်အန္တရာယ် ကယ်တင်ပြီးသား ဖြစ်စေနိုင်ပြီး
ကုန်တင်ကားမောင်သူ အချင်းချင်းဟာ ရေဒီယိုနဲ့ မည်သည့်လမ်းက ရှင်းသည်ကို ဆက်သွယ်ပြောဆိုပေးနေကြသောကြောင့် ဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ ဥပမာအနေနဲ့ ကုန်တင်ကားကြီးတွေ နှေးပြီဆို သင်ပါ လိုက်နှေးလိုက်ပါ။
၁၀။ သင့်ဘီးတွေကို အတည့်ထားပါ
သင့်ဟာ အလျင်အမြန်ကွေ့ရမယ့်နေရာ သို့မဟုတ် အခက်အခဲရှိတဲ့နေရာတွေ မောင်းရမယ်ဆိုရင်တော့ ဘီးတွေကို ကြိုမလှည့်ထားသင့်ပါဘူး။
ဒီလိုလှည့်တာဟာ အချိန်ကုန်သက်သာပြီး အဆင်ပြေစေနိုင်တယ်ဆိုပေမယ့် ကားနောက်ကတစ်ယောက်ယောက်လာထိမှန်မယ်ဆိုရင်တော့ အဲ့အတိုင်းပဲ ရှေ့ကလမ်းပေါ်ကို လမ်းကြောင်းအတိုင်းရွေ့သွားစေမှာပါ၊
Credit: Min Thu (Daily Hot News )
Be the first to comment
Leave a Reply
Your email address will not be published.
*