ေစ်းေရာင္းရင္ ျမန္မာေတြ ဘာေၾကာင့္ ဆိုင္ျပဳတ္သလဲ… ဖတ္ၾကည့္ေနာ္…

ေစ်းေရာင္းရင္ ျမန္မာေတြ ဘာေၾကာင့္ ဆိုင္ျပဳတ္သလဲ... ဖတ္ၾကည့္ေနာ္…
ေစ်းေရာင္းရင္ ျမန္မာေတြ ဘာေၾကာင့္ ဆိုင္ျပဳတ္သလဲ... ဖတ္ၾကည့္ေနာ္…

ေစ်းေရာင္းရင္ ျမန္မာေတြ ဘာေၾကာင့္ ဆိုင္ျပဳတ္သလဲ… ဖတ္ၾကည့္ေနာ္…

လူမ်ိဳးျခား ဘာသာျခားေတြ ဆိုင္လုပ္ငန္း လုပ္ၾကတယ္။ ေလး ငါးႏွစ္ၾကာတဲ့အခါ…ဆိုင္ခြဲေတြ ထပ္ဖြင့္ႏိုင္တယ္။ လုပ္ငန္းအထိုင္ၾကလို႔ ဆယ့္ငါးႏွစ္ေလာက္ၾကာရင္ ဆိုင္ခြဲ အနည္းဆုံး သုံးခုျဖစ္သြားၿပီ။

ျမန္မာဆိုင္နဲ႔ ေဘးခ်င္းယွဥ္လာဖြင့္ရင္ ျမန္မာဆိုင္ဟာ သိပ္မၾကာခင္ ျပဳတ္ၿပီး ေျပးရၿပီ။ ကြၽန္ေတာ္ဟာ လြန္ခဲ့ေသာ ႏွစ္သုံးဆယ္ေလာက္က အေရာင္းအဝယ္ ေကာင္းတဲ့ ဆိုင္တစ္ဆိုင္မွာ ပညာသင္အလုပ္သမားအျဖစ္ ဝင္လုပ္ရင္း ေလ့လာၾကည့္မိတယ္။

၁။အလုပ္ခ်ိန္တိက်တယ္။ ဆိုင္ပိတ္ခ်ိန္ တစ္ခါတစ္ရံမွသာ ေနာက္က်တယ္။ နယ္ေအာ္ဒါမ်ားလို႔ ဒီေန႔ဝင္တဲ့ေအာ္ဒါ ဒီေန႔အၿပီး ထုတ္တယ္။ ေန႔ကူးရင္ ေနာက္ေန႔ေအာ္ဒါေတြ ထပ္ၿပီး ဂ်မ္းမျဖစ္ေစဖို႔ပါ။

၂။သူေဌးက အစ အလုပ္သမား အဆုံး အကုန္ အလုပ္လုပ္တယ္။ ဆိုင္မွာသြားၿပီး လက္ဖက္ရည္ဆိုင္ထိုင္ အာ မ႐ိုက္ဘူး။ ေသာက္ခ်ိန္ေရာက္ရင္ လုပ္ငန္းခြင္မွာ ဆယ္မိနစ္ခန္႔ နားၿပီး ေသာက္တယ္။

၃။သူေဌးအလုပ္က ဆိုင္ရဲ႕ ပစၥည္းအဝင္ အထြက္ ပစၥည္းအားလုံးေ ခါင္းထဲမွာ ရွိတယ္။ ဆိုင္သမားရဲ႕အသက္က ပစၥည္းရွိရမယ္။ စစ္သားရဲ႕အသက္က က်ည္ဆံရွိရမယ္ လို႔ အၿမဲေျပာတဲ့ သူေဌးရဲ႕စကား။

၄။ဆိုင္မွာ လာအားေပးသူ အားလုံးကို နည္းနည္း မ်ားမ်ား ပ်ဴငွာေသာ ဆက္ဆံေရးနဲ႔ ႀကိဳဆိုတယ္

၅။အေႂကြးကို ေပးသင့္သူကို ေပးတယ္။ မေပးသင့္သူကို လုံးဝမေပးတဲ့ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ကို ခ်ႏိုင္တယ္။ အားနာလို႔ ခါးပါသြားတာမ်ိဳး မရွိ။

၆။တိက်မွန္ကန္တဲ့ စာရင္းအင္း ရွိတယ္။ ဆိုင္ပိတ္ရက္ တနဂၤေႏြေန႔တိုင္း တစ္ပတ္စာ အေရာင္းအဝယ္စာရင္းကို ျပန္စစ္တယ္။ အမွားအယြင္းရွိခဲ့ရင္ ကုန္သည္ထံ ခ်က္ျခင္း အေၾကာင္းၾကားေပးတယ္။
( မွားခဲ့တာေတာ့ ရွားပါတယ္ )

၇။ဆိုင္မွာ သူေဌးတစ္ေယာက္ပဲ ရွိတယ္။ သူေဌးသားေတြလည္း အလုပ္သမားေတြနဲ႔ တန္းတူ အလုပ္လုပ္ရတယ္။ ေအာက္သက္ေက်ေအာင္ အလုပ္သမားဘဝကို စာနာတတ္ေအာင္ လုပ္ခိုင္းထားေတာ့
သူေဌးသားေတြလည္း အလုပ္သမားနဲ႔ တန္းတူ ညီအကိုလိုျဖစ္ၿပီး လုပ္ငန္းခြင္မွာေပ်ာ္ေတာ့ အလုပ္ထြက္သူ မရွိဘူး။

တ႐ုတ္ႏွစ္ကူးလို အခ်ိန္ေရာက္ရင္ ေဘာက္ဆူးေပးတာ အလုပ္သမားရဲ႕လခ တစ္ႏွစ္စာေလာက္ ရွိတယ္။ ဆိုင္မွာလုပ္တဲ့ အလုပ္သမားရဲ႕ လုပ္သက္ဟာ ကြၽန္ေတာ္အလုပ္စဝင္တုန္းက ေမးၾကည့္တာ
ဆယ္ႏွစ္ေအာက္ မရွိဘူး။

ဒီေန႔… ကြၽန္ေတာ္ ပိုက္ဆိုင္မွာ ပိုက္ေခါင္းတစ္ခု သြားဝယ္ေတာ့… သူေဌးကေတာ္က TV ၾကည့္ေနတယ္။ သူေဌးလို႔ထင္ရတဲ့ေကာင္က ဖုန္းပြတ္ေနတယ္။

ေနာက္ဆိုင္ကို ပစၥည္းသြားဝယ္မယ္ ျပင္ေတာ့မွ ထခ်င္သလို မ ထခ်င္သလိုနဲ႔ ထသြားၿပီး ပစၥည္းရွာတာ ငါးမိနစ္ၾကာတယ္။ ၿပီးမွ ကုန္ေနတယ္ ေျပာတယ္။ ကြၽန္ေတာ္ဝယ္တာ တစ္ခုထဲ။

ကြၽန္ေတာ္ ဘာသာျခားဆိုင္ ေရာက္တယ္။ ခ်က္ျခင္း ထယူေပးတယ္။ ေငြရွင္းေတာ့… ေက်းဇူး အထပ္ထပ္တင္ေၾကာင္း ေျပာတယ္။

ဘာကြာသလဲ…?

ဒီဘာသာျခားဆိုင္က စဖြင့္ခ်ိန္မွာ ေသးေသးေလး။ အခု အေတာ္ႀကီးလာၿပီ။ မၾကာမီ ထပ္ႀကီးလာေတာ့မယ္။ သူတစ္ပါးႀကီးပြားလာတာဟာ အေၾကာင္းမဲ့ မဟုတ္။

ဒီအခ်ိန္ေရာက္မွ လူမ်ိဳးျခားေတြ စီးပြားေရး လက္ဝါးႀကီးအုပ္ထားတယ္ေျ ပာလို႔မရ။ျ မန္မာေတြ ႀကီးပြားခ်င္ရင္ေတာ့…ဒီဂါထာေလး ေန႔တိုင္း႐ြတ္ဖို႔ မေမ့ပါနဲ႔။

ဥဳံ… မပ်င္းနဲ႔။ မဖ်င္းနဲ႔။ အလုပ္ကို အလုပ္နဲ႔ တူေအာင္လုပ္။ ဒါပါပဲ။

မူရင္းေရးသားသူအား ခရက္ဒစ္ေပးပါသည္။ ေမတၱာျဖင့္… ျပန္လည္မွ်ေဝပါသည္။

Unicode

ဈေးရောင်းရင် မြန်မာတွေ ဘာကြောင့် ဆိုင်ပြုတ်သလဲ… ဖတ်ကြည့်နော်…

လူမျိုးခြား ဘာသာခြားတွေ ဆိုင်လုပ်ငန်း လုပ်ကြတယ်။ လေး ငါးနှစ်ကြာတဲ့အခါ…ဆိုင်ခွဲတွေ ထပ်ဖွင့်နိုင်တယ်။ လုပ်ငန်းအထိုင်ကြလို့ ဆယ့်ငါးနှစ်လောက်ကြာရင် ဆိုင်ခွဲ အနည်းဆုံး သုံးခုဖြစ်သွားပြီ။

မြန်မာဆိုင်နဲ့ ဘေးချင်းယှဉ်လာဖွင့်ရင် မြန်မာဆိုင်ဟာ သိပ်မကြာခင် ပြုတ်ပြီး ပြေးရပြီ။ ကျွန်တော်ဟာ လွန်ခဲ့သော နှစ်သုံးဆယ်လောက်က အရောင်းအဝယ် ကောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ ပညာသင်အလုပ်သမားအဖြစ် ဝင်လုပ်ရင်း လေ့လာကြည့်မိတယ်။

၁။အလုပ်ချိန်တိကျတယ်။ ဆိုင်ပိတ်ချိန် တစ်ခါတစ်ရံမှသာ နောက်ကျတယ်။ နယ်အော်ဒါများလို့ ဒီနေ့ဝင်တဲ့အော်ဒါ ဒီနေ့အပြီး ထုတ်တယ်။ နေ့ကူးရင် နောက်နေ့အော်ဒါတွေ ထပ်ပြီး ဂျမ်းမဖြစ်စေဖို့ပါ။

၂။သူဌေးက အစ အလုပ်သမား အဆုံး အကုန် အလုပ်လုပ်တယ်။ ဆိုင်မှာသွားပြီး လက်ဖက်ရည်ဆိုင်ထိုင် အာ မရိုက်ဘူး။ သောက်ချိန်ရောက်ရင် လုပ်ငန်းခွင်မှာ ဆယ်မိနစ်ခန့် နားပြီး သောက်တယ်။

၃။သူဌေးအလုပ်က ဆိုင်ရဲ့ ပစ္စည်းအဝင် အထွက် ပစ္စည်းအားလုံးေ ခါင်းထဲမှာ ရှိတယ်။ ဆိုင်သမားရဲ့အသက်က ပစ္စည်းရှိရမယ်။ စစ်သားရဲ့အသက်က ကျည်ဆံရှိရမယ် လို့ အမြဲပြောတဲ့ သူဌေးရဲ့စကား။

၄။ဆိုင်မှာ လာအားပေးသူ အားလုံးကို နည်းနည်း များများ ပျူငှာသော ဆက်ဆံရေးနဲ့ ကြိုဆိုတယ်

၅။အကြွေးကို ပေးသင့်သူကို ပေးတယ်။ မပေးသင့်သူကို လုံးဝမပေးတဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိုင်တယ်။ အားနာလို့ ခါးပါသွားတာမျိုး မရှိ။

၆။တိကျမှန်ကန်တဲ့ စာရင်းအင်း ရှိတယ်။ ဆိုင်ပိတ်ရက် တနင်္ဂနွေနေ့တိုင်း တစ်ပတ်စာ အရောင်းအဝယ်စာရင်းကို ပြန်စစ်တယ်။ အမှားအယွင်းရှိခဲ့ရင် ကုန်သည်ထံ ချက်ခြင်း အကြောင်းကြားပေးတယ်။
( မှားခဲ့တာတော့ ရှားပါတယ် )

၇။ဆိုင်မှာ သူဌေးတစ်ယောက်ပဲ ရှိတယ်။ သူဌေးသားတွေလည်း အလုပ်သမားတွေနဲ့ တန်းတူ အလုပ်လုပ်ရတယ်။ အောက်သက်ကျေအောင် အလုပ်သမားဘဝကို စာနာတတ်အောင် လုပ်ခိုင်းထားတော့
သူဌေးသားတွေလည်း အလုပ်သမားနဲ့ တန်းတူ ညီအကိုလိုဖြစ်ပြီး လုပ်ငန်းခွင်မှာပျော်တော့ အလုပ်ထွက်သူ မရှိဘူး။

တရုတ်နှစ်ကူးလို အချိန်ရောက်ရင် ဘောက်ဆူးပေးတာ အလုပ်သမားရဲ့လခ တစ်နှစ်စာလောက် ရှိတယ်။ ဆိုင်မှာလုပ်တဲ့ အလုပ်သမားရဲ့ လုပ်သက်ဟာ ကျွန်တော်အလုပ်စဝင်တုန်းက မေးကြည့်တာ
ဆယ်နှစ်အောက် မရှိဘူး။

ဒီနေ့… ကျွန်တော် ပိုက်ဆိုင်မှာ ပိုက်ခေါင်းတစ်ခု သွားဝယ်တော့… သူဌေးကတော်က TV ကြည့်နေတယ်။ သူဌေးလို့ထင်ရတဲ့ကောင်က ဖုန်းပွတ်နေတယ်။

နောက်ဆိုင်ကို ပစ္စည်းသွားဝယ်မယ် ပြင်တော့မှ ထချင်သလို မ ထချင်သလိုနဲ့ ထသွားပြီး ပစ္စည်းရှာတာ ငါးမိနစ်ကြာတယ်။ ပြီးမှ ကုန်နေတယ် ပြောတယ်။ ကျွန်တော်ဝယ်တာ တစ်ခုထဲ။

ကျွန်တော် ဘာသာခြားဆိုင် ရောက်တယ်။ ချက်ခြင်း ထယူပေးတယ်။ ငွေရှင်းတော့… ကျေးဇူး အထပ်ထပ်တင်ကြောင်း ပြောတယ်။

ဘာကွာသလဲ…?

ဒီဘာသာခြားဆိုင်က စဖွင့်ချိန်မှာ သေးသေးလေး။ အခု အတော်ကြီးလာပြီ။ မကြာမီ ထပ်ကြီးလာတော့မယ်။ သူတစ်ပါးကြီးပွားလာတာဟာ အကြောင်းမဲ့ မဟုတ်။

ဒီအချိန်ရောက်မှ လူမျိုးခြားတွေ စီးပွားရေး လက်ဝါးကြီးအုပ်ထားတယ်ေြ ပာလို့မရ။ြ မန်မာတွေ ကြီးပွားချင်ရင်တော့…ဒီဂါထာလေး နေ့တိုင်းရွတ်ဖို့ မမေ့ပါနဲ့။

ဥုံ… မပျင်းနဲ့။ မဖျင်းနဲ့။ အလုပ်ကို အလုပ်နဲ့ တူအောင်လုပ်။ ဒါပါပဲ။

မူရင်းရေးသားသူအား ခရက်ဒစ်ပေးပါသည်။ မေတ္တာဖြင့်… ပြန်လည်မျှဝေပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*