စားမိရင္ ႐ူးတတ္တယ္ ဆိုတဲ့ ပဒိုင္းသီးအေၾကာင္း သိေကာင္းစရာမ်ား

စားမိရင္ ႐ူးတတ္တယ္ ဆိုတဲ့ ပဒိုင္းသီးအေၾကာင္း သိေကာင္းစရာမ်ား
စားမိရင္ ႐ူးတတ္တယ္ ဆိုတဲ့ ပဒိုင္းသီးအေၾကာင္း သိေကာင္းစရာမ်ား

စားမိရင္ ႐ူးတတ္တယ္ ဆိုတဲ့ ပဒိုင္းသီးအေၾကာင္း သိေကာင္းစရာမ်ား

ပဒိုင္းသီးကို Datura metel/ Jimson weed/ devil’s trumpet စသည္ျဖင့္ အမ်ိဳးမ်ိဳးေခၚတြင္ၾကတယ္။ ဒီအပင္ဟာ သဘာဝအေလ့က်ေပါက္တဲ့အပင္ျဖစ္သည့္အေလ်ာက္ တစ္ပင္လုံးဟာ လူႏွင့္အျခားေသာ တိရိစာၦန္ေတြကို ေသေစႏိုင္တဲ့( tropane alkaloids) အဆိပ္ရွိပါတယ္။

အယ္လ္ကာလြိဳက္(alkaloid)ဆိုတာက သဘာဝအေလ်ာက္ျဖစ္ေပၚေနေသာ အဆိပ္တစ္မ်ိဳးျဖစ္ၿပီး သူ႔ကို အပင္ေတြကေနတဆင့္ ထုတ္ယူရရွိပါတယ္။ ဒါ့ေၾကာင့္ ကြၽန္ေတာ္အခုေဖာ္ျပေပးထားတဲ့ ပဒိုင္းသီးမွာ အယ္လ္ကာလြိဳက္ အဆိပ္မ်ားစြာ ရွိပါတယ္။

အိႏၵိယႏိုင္ငံမွာဆိုရင္ စိုက္ပ်ိဳးျခင္း၊ အေရာင္းအဝယ္ျပဳလုပ္ျခင္းမ်ားကို တားျမစ္ပိတ္ပင္ထားပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ၁၉၅၀ ခုႏွစ္ ႏွင့္ ၁၉၆၅ ခုႏွစ္အတြင္း၌ ပဒိုင္းသီးကို စားသုံးၾကျခင္းေၾကာင့္ လူေပါင္း(၂၇၀၀)ေက်ာ္ခန႔္ အသက္ေသဆုံးခဲ့တဲ့ မွတ္တမ္းေတြ ရွိခဲ့ပါတယ္။

ဆုပ္ရင္ဆူးမယ္၊ နမ္းရင္လည္းမူးမယ္၊ စားမိျပန္ရင္လည္း႐ူးတယ္လို႔ ဆို႐ိုးစကားေလးရွိပါတယ္။ မွန္ပါတယ္။ သို႔ေပမဲ့ မွားတာက ဘာလဲဆိုရင္ ဒီအပင္ဟာ အဆိပ္ပင္ ဘာမွ်အသုံးမဝင္ဘူးဟု ယူဆထားတာေတြဟာ အလြန္မွားပါတယ္။

တကယ္ေတာ့ ပဒိုင္းပင္ဟာ သဘာဝေဆးဖက္ဝင္ အပင္တစ္မ်ိဳးထဲမွာပါဝင္ၿပီး ပဒိုင္းအေစ့နဲ႔အ႐ြက္ဟာ ေဆးဖက္အရမ္းဝင္ပါတယ္။ သူ႔အေစ့နဲ႔အ႐ြက္ဟာ Datura seeds and leaves are used as antiasthmatic(ပန္းနာ) antispasmodic(ေခ်ာင္းဆိုး) တိုက္ဖ်က္တဲ့

ေဆးဝါးအျဖစ္ အသုံးျပဳၿပီးေတာ့ Hypnotic (အိပ္ေငြ႕ခ်ျခင္း)ႏွင့္ Narcotic (မူးယစ္ေဆး၊ စိတ္ကိုေျပာင္းလဲေစေသာ ေဆး)အျဖစ္ အသုံးျပဳၾကပါတယ္။

ခႏၶာကိုယ္ နာက်င္ကိုက္ခိုက္ခဲျခင္း၊ အ႐ိုးအက္ျခင္း၊ အ႐ိုးက်ိဳးျခင္းမ်ား ျဖစ္ေပၚပါကလည္း ပဒိုင္းအ႐ြက္ကို မီးကင္ၿပီး ၎ေနရာမ်ား၌ ကပ္ေပးထားျခင္းျဖင့္ သက္သာေပ်ာက္ကင္းပါတယ္။

ဒီအပင္ကေနတဆင့္ Hyopscyamine/Atropine ႏွင့္ Scopolamine လို႔ေခၚတဲ့ ဓာတုေဆးဝါး (၃)မ်ိဳးကို ထုတ္ယူရရွိပါေသးတယ္။ Hyopscyamine”ဆိုတဲ့ေဆးက အစာအိမ္၊အူ၊ေက်ာက္ကပ္ႏွင့္အစာေခ်ဖ်က္တဲ့ ေဆးဝါးတစ္မ်ိဳးျဖစ္ပါတယ္။

Atropine “ဆိုတာက ထိုးေဆး(Injection)တစ္မ်ိဳးျဖစ္ၿပီး အေရးေပၚ ထိုးသြင္းေဆး တစ္မ်ိဳးပါ။ အဓိကက ႏွလုံးခုန္မမွန္၊ႏွလုံးနဲ႔သက္ဆိုင္တဲ့ အသက္ကယ္ေဆးတစ္မ်ိဳး ျဖစ္ပါတယ္။

Scopolamine”ဆိုတာကလည္း ထိုးေဆးတစ္မ်ိဳးျဖစ္ၿပီး မအီမသာျဖစ္ျခင္း၊ အန္ျခင္းႏွင့္ ဖ်ားျခင္း၊ နာျခင္းေတြအတြက္ ထုတ္လုပ္ထားတဲ့ ဓာတုေဆးေတြ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ပဒိုင္းပင္ဟာ (သုံးတတ္ရင္ေဆး၊ မသုံးတတ္ရင္ေဘး)ဆိုတာ အားလုံးနားလည္ သေဘာေပါက္သြားၿပီးလို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။

ဒီထက္အက်ယ္တဝင့္ ေရးသားေဖာ္ျပေပးလို႔ရပါတယ္။ သို႔ေပမဲ့ ကြၽန္ေတာ္လည္း အခ်ိန္သိပ္မရဘူး မိတ္ေဆြတို႔ကိုလည္း စာေတြအမ်ားႀကီး ေပးမဖတ္ဘူး လိုရင္းနဲ႔တိုရွင္း သိသြားဖို႔သာ အေရးႀကီးပါတယ္။

မူရင္းေရးသားသူ ႏွင့္ ဓာတ္ပုံပိုင္ရွင္မ်ားအား ေလးစားစြာျဖင့္ Credit ေပးပါသည္။

Unicode

စားမိရင် ရူးတတ်တယ် ဆိုတဲ့ ပဒိုင်းသီးအကြောင်း သိကောင်းစရာများ

ပဒိုင်းသီးကို Datura metel/ Jimson weed/ devil’s trumpet စသည်ဖြင့် အမျိုးမျိုးခေါ်တွင်ကြတယ်။ ဒီအပင်ဟာ သဘာဝအလေ့ကျပေါက်တဲ့အပင်ဖြစ်သည့်အလျောက် တစ်ပင်လုံးဟာ လူနှင့်အခြားသော တိရိစ္ဆာန်တွေကို သေစေနိုင်တဲ့( tropane alkaloids) အဆိပ်ရှိပါတယ်။

အယ်လ်ကာလွိုက်(alkaloid)ဆိုတာက သဘာဝအလျောက်ဖြစ်ပေါ်နေသော အဆိပ်တစ်မျိုးဖြစ်ပြီး သူ့ကို အပင်တွေကနေတဆင့် ထုတ်ယူရရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်အခုဖော်ပြပေးထားတဲ့ ပဒိုင်းသီးမှာ အယ်လ်ကာလွိုက် အဆိပ်များစွာ ရှိပါတယ်။

အိန္ဒိယနိုင်ငံမှာဆိုရင် စိုက်ပျိုးခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းများကို တားမြစ်ပိတ်ပင်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၅၀ ခုနှစ် နှင့် ၁၉၆၅ ခုနှစ်အတွင်း၌ ပဒိုင်းသီးကို စားသုံးကြခြင်းကြောင့် လူပေါင်း(၂၇၀၀)ကျော်ခန့် အသက်သေဆုံးခဲ့တဲ့ မှတ်တမ်းတွေ ရှိခဲ့ပါတယ်။

ဆုပ်ရင်ဆူးမယ်၊ နမ်းရင်လည်းမူးမယ်၊ စားမိပြန်ရင်လည်းရူးတယ်လို့ ဆိုရိုးစကားလေးရှိပါတယ်။ မှန်ပါတယ်။ သို့ပေမဲ့ မှားတာက ဘာလဲဆိုရင် ဒီအပင်ဟာ အဆိပ်ပင် ဘာမျှအသုံးမဝင်ဘူးဟု ယူဆထားတာတွေဟာ အလွန်မှားပါတယ်။

တကယ်တော့ ပဒိုင်းပင်ဟာ သဘာဝဆေးဖက်ဝင် အပင်တစ်မျိုးထဲမှာပါဝင်ပြီး ပဒိုင်းအစေ့နဲ့အရွက်ဟာ ဆေးဖက်အရမ်းဝင်ပါတယ်။ သူ့အစေ့နဲ့အရွက်ဟာ Datura seeds and leaves are used as antiasthmatic(ပန်းနာ) antispasmodic(ချောင်းဆိုး) တိုက်ဖျက်တဲ့

ဆေးဝါးအဖြစ် အသုံးပြုပြီးတော့ Hypnotic (အိပ်ငွေ့ချခြင်း)နှင့် Narcotic (မူးယစ်ဆေး၊ စိတ်ကိုပြောင်းလဲစေသော ဆေး)အဖြစ် အသုံးပြုကြပါတယ်။

ခန္ဓာကိုယ် နာကျင်ကိုက်ခိုက်ခဲခြင်း၊ အရိုးအက်ခြင်း၊ အရိုးကျိုးခြင်းများ ဖြစ်ပေါ်ပါကလည်း ပဒိုင်းအရွက်ကို မီးကင်ပြီး ၎င်းနေရာများ၌ ကပ်ပေးထားခြင်းဖြင့် သက်သာပျောက်ကင်းပါတယ်။

ဒီအပင်ကနေတဆင့် Hyopscyamine/Atropine နှင့် Scopolamine လို့ခေါ်တဲ့ ဓာတုဆေးဝါး (၃)မျိုးကို ထုတ်ယူရရှိပါသေးတယ်။ Hyopscyamine”ဆိုတဲ့ဆေးက အစာအိမ်၊အူ၊ကျောက်ကပ်နှင့်အစာချေဖျက်တဲ့ ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။

Atropine “ဆိုတာက ထိုးဆေး(Injection)တစ်မျိုးဖြစ်ပြီး အရေးပေါ် ထိုးသွင်းဆေး တစ်မျိုးပါ။ အဓိကက နှလုံးခုန်မမှန်၊နှလုံးနဲ့သက်ဆိုင်တဲ့ အသက်ကယ်ဆေးတစ်မျိုး ဖြစ်ပါတယ်။

Scopolamine”ဆိုတာကလည်း ထိုးဆေးတစ်မျိုးဖြစ်ပြီး မအီမသာဖြစ်ခြင်း၊ အန်ခြင်းနှင့် ဖျားခြင်း၊ နာခြင်းတွေအတွက် ထုတ်လုပ်ထားတဲ့ ဓာတုဆေးတွေ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပဒိုင်းပင်ဟာ (သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေး)ဆိုတာ အားလုံးနားလည် သဘောပေါက်သွားပြီးလို့ ကျွန်တော် ယုံကြည်ပါတယ်။

ဒီထက်အကျယ်တဝင့် ရေးသားဖော်ပြပေးလို့ရပါတယ်။ သို့ပေမဲ့ ကျွန်တော်လည်း အချိန်သိပ်မရဘူး မိတ်ဆွေတို့ကိုလည်း စာတွေအများကြီး ပေးမဖတ်ဘူး လိုရင်းနဲ့တိုရှင်း သိသွားဖို့သာ အရေးကြီးပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*