သစ္ပင္ မ်ိုးပြားနည္းမ်ားစြာထဲမွ ေျမထုပ္စည္းမ်ိဳးပြားနည္းအေၾကာင္း

သစ္ပင္ မ်ိုးပြားနည္းမ်ားစြာထဲမွ ေျမထုပ္စည္းမ်ိဳးပြားနည္းအေၾကာင္း
သစ္ပင္ မ်ိုးပြားနည္းမ်ားစြာထဲမွ ေျမထုပ္စည္းမ်ိဳးပြားနည္းအေၾကာင္း

သစ္ပင္ မ်ိုးပြားနည္းမ်ားစြာထဲမွ ေျမထုပ္စည္းမ်ိဳးပြားနည္းအေၾကာင္း

စက္တင္ဘာလ၊ေအာက္တိုဘာလတို႔သည္ မိုးၿဖိဳင္ၿဖိဳင္႐ြာသြန္းေသာေၾကာင့္ ဥယ်ဥ္ၿခံေျမစိုက္ပ်ိဳးေရး သမားတို႔ အႀကိဳက္ဆုံးလဟု ဆိုႏိုင္သည္။

ၾသဂုတ္လ၊ စက္တင္ဘာလ၊ ေအာက္တိုဘာလမ်ားတြင္ ဥယ်ဥ္ၿခံ သမားတို႔က ကိုင္းျဖတ္၊ကိုင္းဆက္မ်ိဳးပြားနည္းတို႔ကိုေအာင္ေအာင္ျမင္ျမင္ ေကာင္းစြာလုပ္ႏိုင္ေသာေၾကာင့္ျဖစ္ သည္။

အပင္ပိုင္းဆိုင္ရာ ကိုင္းျဖတ္မ်ိဳးပြားယူၾကရာတြင္

သစ္မာပိုင္းကို ကိုင္းျဖတ္မ်ိဳးပြားနည္း၊ အကိုင္းမႏုမမာကိုင္းျဖတ္မ်ိဳးပြားနည္း၊ အကိုင္းႏုအပိုင္းကိုင္းျဖတ္မ်ိဳးပြားနည္း၊ ကိုင္းဖ်ားကိုင္းနားကိုင္းျဖတ္ မ်ိဳးပြားနည္း၊ အကိုင္းျဖတ္ေျမျမဳပ္မ်ိဳးပြားနည္း၊ အကိုင္းေျမျမဳပ္မ်ိိုးပြားနည္း၊

အကိုင္းခ်င္းဆက္မ်ိဳးပြားနည္း၊ ေျမထုပ္စည္းမ်ိဳးပြားနည္း၊အျမစ္ပြားျဖတ္မ်ိဳးပြားနည္း၊ မ်က္စိဖူးျမဳပ္မ်ိဳးပြားနည္း(Tပုံ မ်ိဳးပြားနည္း) စသည္ျဖင့္ မ်ိဳးပြားနည္းမ်ားစြာ ရွိေလသည္။

မ်ိဳးရင္ပင္ မ်ိဳးကိုင္းမွေန၍ မ်ိဳးပြားနည္းမ်ားတြင္ ေျမထုပ္စည္းမ်ိဳးပြားကိုင္းျဖတ္ယူနည္းက တိက်ေသခ်ာေစ ေသာ နည္းတစ္မ်ိဳးျဖစ္သည္။

မာလကာ၊ၾသဇာ၊သရက္၊လိေမၼာ္၊ေရွာက္၊သံပုရာ၊ကြၽဲေကာ၊႐ြက္လွစေသာ ပင္စည္မာ၍ ေကြးၫြတ္ရန္ မလြယ္ကူေသာ ပင္စည္မာအမ်ိဳးအစားမ်ားကို ေျမထုပ္စည္းမ်ိဳးပြားမ်ိဳးခံယူႏိုင္သည္။

ေျမထုပ္စည္းမ်ိဳးပြားခံယူ မည့္ အကိုင္းသည္ လက္သန္းအ႐ြယ္၊ ခဲတံလုံးအ႐ြယ္၊ အခ်င္းလုံးပတ္ လက္မဝက္(သို႔) တစ္လက္မခန႔္ရွိ၍ မႏု လြန္း၊မရင့္လြန္း သန္မာေျဖာင့္တန္းေသာ မ်ိဳးကိုင္းကို ေ႐ြးခ်ယ္ယူျခင္းက အေကာင္းဆုံးျဖစ္သည္။

အကိုင္းႏုပါ က အကိုင္းပုပ္ၿပီး ေသသြားတတ္သည္။ အကိုင္းရင့္လြန္းပါက အျမစ္ထြက္ခ်ိန္ၾကာတတ္ၿပီး တစ္ခါတစ္ရံ အကိုင္းေျခာက္၍ ေသသြားတတ္သည္။

သႏၼာ၍ အနာေရာဂါကင္းေသာ မႏုမရင့္မ်ိဳးကိုင္းကို ေ႐ြးခ်ယ္ၿပီးပါက တစ္လက္မဝန္းက်င္ခန႔္ အေခါက္ရစ္ခြာ၍ အစိမ္းႏုေရာင္အေရာင္မ်ားအားလုံးကို ေမာင္းခ်ဓါးျဖင့္ ေျပာင္စင္ေအာင္ျခစ္ေပးရမည္။

အစာ ေရေၾကာကလပ္စည္းအခံြမ်ားမေျပာင္စင္ပါက အသားႏုတက္၍ ေျမထုပ္စည္းထားေသာ ေနရာမွ အ်မစ္သစၼ ထြက္ဘဲ မ်ိဳးပြားကိုင္းသည္ ပင္မႀကီးကိုင္းမွ အစာေရေၾကာအေထာက္အပံ့ႏွင့္ ရွင္သန္ေနတတ္သလို တစ္ခါတ ရံ မ်ိဳးပြားကိုင္းေျခာက္ေသြ႕၍ ေသတတ္သည္လည္းရွိသည္။

ေျမထုပ္စည္းရန္အတြက္ ပ်ိဳးေျမကို သဲ၊ႏႈံး၊ေျမေဆြးတို႔ကို အခ်ိဳးက်ေရာစပ္ၿပီး ေမပ္ာ့မမာ ပ်ိဳးေျမျပဳလုပ္ ၿပီး ဓါးရစ္ထားေသာ ေနရာကို အထက္ေအာက္အုပ္မိေအာင္မံ၍ ပလတၥတစၥ၊ အုန္းခံြအမွ်င္မ်ားဖုံးအုပ္ကာ ေျမထုပ္၍ အထက္ေအာက္ ၾကက္ေတာင္စည္းပမာ ႀကိဳးခ်ည္ေႏွာင္စည္းေပးရသည္။

ပ်ိဳးေျမထုပ္ကို ရာသီဥတု အေနအထားေပၚမူတည္၍ ေရပုံမွန္ေလာင္းေပးပါက ရက္သတၱပတ္ ႏွစ္ပတ္၊သုံးပတ္ၾကာလွ်င္ အျမစ္သစ္ေလး မ်ားထြက္လာၿပီျဖစ္သည္။

အပင္အမ်ိဳးကိုလိုက္၍ ႏွစ္လမွ သုံးလၾကာျမင့္ခ်ိန္တြင္ ပ်ိဳးထုပ္မွ အျမစ္သစ္မ်ားေကာင္းစြာရွင္သန္စြမ္း ေနၿပီျဖစ္၍ ပ်ိဳးပင္ထုပ္၏ ေအာက္ဘက္နားကေနၿပီး ပ်ိဳးကိုင္းကို ျဖတ္ယူ၍ ပ်ိဳးအိတ္၊ပ်ိဳးအိုး၊ပ်ိဳးေသတၱာမ်ား တြင္ ထည့္သြင္းပ်ိဳးေထာင္ၿပီးမွ စိုက္ခင္းသို႔ ေျပာင္းေ႐ႊ႕စိုက္ပ်ိဳးႏိုင္သည္။

ေျမထုပ္စည္း၍ မ်ိဳးပြားယူစိုက္ပ်ိဳးျခင္း က လြယ္ကူသက္သာၿပီး မူလမ်ိဳးရင္း အေသခ်ာဆုံးစိတ္အခ်ရဆုံးျဖစ္သကဲ့ကို ပ်ိဳးပင္သက္တမ္းႏုႏုျဖင့္ ေစာေစာသီးပြင့္ေစေသာ အက်ိဳးဆက္မ်ားကို ရရွိႏိုင္မည္ျဖစ္ေပသည္။

Ref; နည္းသစ္စြယ္စုံ(စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးနည္းပညာ)ဂ်ာနယ္အတြဲ(၃)အမွတ္(၁၉)၊ သက္လြင္ေမာင္ ၏ ေျမထုပ္စည္းမ်ိဳးပြားနည္း

မူရင္းေရးသားသူကို ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

သစ်ပင် မျိုးပွားနည်းများစွာထဲမှ မြေထုပ်စည်းမျိုးပွားနည်းအကြောင်း

စက်တင်ဘာလ၊အောက်တိုဘာလတို့သည် မိုးဖြိုင်ဖြိုင်ရွာသွန်းသောကြောင့် ဥယျဉ်ခြံမြေစိုက်ပျိုးရေး သမားတို့ အကြိုက်ဆုံးလဟု ဆိုနိုင်သည်။

သြဂုတ်လ၊ စက်တင်ဘာလ၊ အောက်တိုဘာလများတွင် ဥယျဉ်ခြံ သမားတို့က ကိုင်းဖြတ်၊ကိုင်းဆက်မျိုးပွားနည်းတို့ကိုအောင်အောင်မြင်မြင် ကောင်းစွာလုပ်နိုင်သောကြောင့်ဖြစ် သည်။

အပင်ပိုင်းဆိုင်ရာ ကိုင်းဖြတ်မျိုးပွားယူကြရာတွင်

သစ်မာပိုင်းကို ကိုင်းဖြတ်မျိုးပွားနည်း၊ အကိုင်းမနုမမာကိုင်းဖြတ်မျိုးပွားနည်း၊ အကိုင်းနုအပိုင်းကိုင်းဖြတ်မျိုးပွားနည်း၊ ကိုင်းဖျားကိုင်းနားကိုင်းဖြတ် မျိုးပွားနည်း၊ အကိုင်းဖြတ်မြေမြုပ်မျိုးပွားနည်း၊ အကိုင်းမြေမြုပ်မျိုးပွားနည်း၊

အကိုင်းချင်းဆက်မျိုးပွားနည်း၊ မြေထုပ်စည်းမျိုးပွားနည်း၊အမြစ်ပွားဖြတ်မျိုးပွားနည်း၊ မျက်စိဖူးမြုပ်မျိုးပွားနည်း(Tပုံ မျိုးပွားနည်း) စသည်ဖြင့် မျိုးပွားနည်းများစွာ ရှိလေသည်။

မျိုးရင်ပင် မျိုးကိုင်းမှနေ၍ မျိုးပွားနည်းများတွင် မြေထုပ်စည်းမျိုးပွားကိုင်းဖြတ်ယူနည်းက တိကျသေချာစေ သော နည်းတစ်မျိုးဖြစ်သည်။

မာလကာ၊သြဇာ၊သရက်၊လိမ္မော်၊ရှောက်၊သံပုရာ၊ကျွဲကော၊ရွက်လှစသော ပင်စည်မာ၍ ကွေးညွတ်ရန် မလွယ်ကူသော ပင်စည်မာအမျိုးအစားများကို မြေထုပ်စည်းမျိုးပွားမျိုးခံယူနိုင်သည်။

မြေထုပ်စည်းမျိုးပွားခံယူ မည့် အကိုင်းသည် လက်သန်းအရွယ်၊ ခဲတံလုံးအရွယ်၊ အချင်းလုံးပတ် လက်မဝက်(သို့) တစ်လက်မခန့်ရှိ၍ မနု လွန်း၊မရင့်လွန်း သန်မာဖြောင့်တန်းသော မျိုးကိုင်းကို ရွေးချယ်ယူခြင်းက အကောင်းဆုံးဖြစ်သည်။

အကိုင်းနုပါ က အကိုင်းပုပ်ပြီး သေသွားတတ်သည်။ အကိုင်းရင့်လွန်းပါက အမြစ်ထွက်ချိန်ကြာတတ်ပြီး တစ်ခါတစ်ရံ အကိုင်းခြောက်၍ သေသွားတတ်သည်။

သန္မာ၍ အနာရောဂါကင်းသော မနုမရင့်မျိုးကိုင်းကို ရွေးချယ်ပြီးပါက တစ်လက်မဝန်းကျင်ခန့် အခေါက်ရစ်ခွာ၍ အစိမ်းနုရောင်အရောင်များအားလုံးကို မောင်းချဓါးဖြင့် ပြောင်စင်အောင်ခြစ်ပေးရမည်။

အစာ ရေကြောကလပ်စည်းအခွံများမပြောင်စင်ပါက အသားနုတက်၍ မြေထုပ်စည်းထားသော နေရာမှ အျမစ်သစ္မ ထွက်ဘဲ မျိုးပွားကိုင်းသည် ပင်မကြီးကိုင်းမှ အစာရေကြောအထောက်အပံ့နှင့် ရှင်သန်နေတတ်သလို တစ်ခါတ ရံ မျိုးပွားကိုင်းခြောက်သွေ့၍ သေတတ်သည်လည်းရှိသည်။

မြေထုပ်စည်းရန်အတွက် ပျိုးမြေကို သဲ၊နှုံး၊မြေဆွေးတို့ကို အချိုးကျရောစပ်ပြီး မေပ်ာ့မမာ ပျိုးမြေပြုလုပ် ပြီး ဓါးရစ်ထားသော နေရာကို အထက်အောက်အုပ်မိအောင်မံ၍ ပလတ္စတစ္စ၊ အုန်းခွံအမျှင်များဖုံးအုပ်ကာ မြေထုပ်၍ အထက်အောက် ကြက်တောင်စည်းပမာ ကြိုးချည်နှောင်စည်းပေးရသည်။

ပျိုးမြေထုပ်ကို ရာသီဥတု အနေအထားပေါ်မူတည်၍ ရေပုံမှန်လောင်းပေးပါက ရက်သတ္တပတ် နှစ်ပတ်၊သုံးပတ်ကြာလျှင် အမြစ်သစ်လေး များထွက်လာပြီဖြစ်သည်။

အပင်အမျိုးကိုလိုက်၍ နှစ်လမှ သုံးလကြာမြင့်ချိန်တွင် ပျိုးထုပ်မှ အမြစ်သစ်များကောင်းစွာရှင်သန်စွမ်း နေပြီဖြစ်၍ ပျိုးပင်ထုပ်၏ အောက်ဘက်နားကနေပြီး ပျိုးကိုင်းကို ဖြတ်ယူ၍ ပျိုးအိတ်၊ပျိုးအိုး၊ပျိုးသေတ္တာများ တွင် ထည့်သွင်းပျိုးထောင်ပြီးမှ စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးနိုင်သည်။

မြေထုပ်စည်း၍ မျိုးပွားယူစိုက်ပျိုးခြင်း က လွယ်ကူသက်သာပြီး မူလမျိုးရင်း အသေချာဆုံးစိတ်အချရဆုံးဖြစ်သကဲ့ကို ပျိုးပင်သက်တမ်းနုနုဖြင့် စောစောသီးပွင့်စေသော အကျိုးဆက်များကို ရရှိနိုင်မည်ဖြစ်ပေသည်။

Ref; နည်းသစ်စွယ်စုံ(စိုက်ပျိုးရေးနှင့် မွေးမြူရေးနည်းပညာ)ဂျာနယ်အတွဲ(၃)အမှတ်(၁၉)၊ သက်လွင်မောင် ၏ မြေထုပ်စည်းမျိုးပွားနည်း

မူရင်းရေးသားသူကို လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*