Unicode
ထူးဆန်းစွာ ယောက်ျားတွေရဲ့စကားပြောသံကိုပဲ လုံးဝမကြားရ တော့တဲ့ အမျိုးသမီး
ဒီတခါတော့ တကယ့်ကို ကြုံတောင့်ကြုံခဲဖြစ်လွန်းလှတဲ့ ဖြစ်ရပ်တစ်ခုလို့တောင်ပြောလို့ ရပါတယ် ။
ဒီအဖြစ်အပျက်တွေရဲ့ စတင်ဖြစ်ပေါ်လာခဲ့တာကတော့ Chen ဆိုတဲ့ အမျိုးသမီးဟာ တစ်မနက်ခင်း အိပ်ရာကနိုးလာတဲ့အခါ သူ့ယောကျာ်းရဲ့ စကားပြောသံကို လုံးဝမကြားရတော့ပါဘူး။
သူမစိတ်ထဲ လန့်လာလို့ သေချာနားထောင်နေပေမယ့်လည်း တကယ်မကြားရတော့တာကြောင့် လင်မယားနှစ်ယောက်လုံး နှား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန် Dr.Xiaoqing ဆီ သွားရောက်ပြသကြပါတော့တယ်။
ဆရာဝန် စမ်းသပ်စစ်ဆေးမှုအပြီး သိလိုက်ရတာကတော့ သူမဟာ အလွန့်ကို ဖြစ်တောင့်ဖြစ်ခဲလှတဲ့ ” reverse-slope hearing loss ” လို့ခေါ်တဲ့ ဝေဒနာကို ခံစားနေရတာပဲ ဖြစ်ပါတယ်။ ”
သူမက ကျွန်မပြောတဲ့စကားကို ကြားရပါတယ် ဒါပေမယ့် သူမကို ပြုစုဖို့ ကောင်လေးတစ်ယောက်ရောက်လာပြီး စကားပြောတဲ့အချိန်မှာ သူမဟာ ဘာမှမကြားရတော့ပါဘူး ” ဆိုပြီး ဆရာဝန်က ပြောပြခဲ့ပါတယ်။
ဒီရောဂါရဲ့ လက္ခဏာကတော့ အသံကြိမ်နှုန်းနိမ့်တဲ့ အသံတွေကိုသာ ကြားနိုင်တော့တာဖြစ်ပြီး ယောကျာ်းတွေရဲ့ စကားပြောတဲ့ အသံလိုမ‌ျိုး နက်နဲတဲ့ အသံတွေကို ကြားနိုင်စွမ်းမရှိတော့ပါဘူး။
ဒါ့ကြောင့် အရွယ်ရောက်ပြီးသားယောကျာ်းလေးတစ်ယောက်ရဲ့အသံဟာ အသံကြိမ်နှုန်းမြင့်တဲ့ အတွက် မကြားနိုင်တော့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင်သူမဟာ ဆရာဝန်နဲ့ ပြသလျက်ရှိပြီး မကြာခင်မှာ အရင်လို ပြန်ကောင်းနိုင်မယ်လို့လည်း ယုံကြည်ထားနေတာပဲ ဖြစ်ပါတယ်။
သူမလိုအဖြစ်မျိုး အရင်တည်းက ဖြစ်ဖူးတဲ့သူတွေ ရှိခဲ့ပြီး အကုန်လုံး တူညီတဲ့လက္ခဏာကတော့ မွေးရာပါ မကြားတာ မဟုတ်ပဲ ရုတ်တရက် အခုလိုဝေဒနာကို ခံစားခဲ့ကြရတာပဲ ဖြစ်ပါတယ်။
ဒါဟာ ရှားပါးဖြစ်စဉ်တွေထဲက တစ်ခုဖြစ်သလို ထူးဆန်းတဲ့ ဖြစ်ရပ်ဆိုလည်း မမှားပါဘူး။
Be the first to comment
Leave a Reply
Your email address will not be published.
*