လူေတြ သတိမထားမိတဲ့ စိတ္ဒဏ္ရာရွိေနတဲ့ မိန္းကေလးတစ္ေယာက္၏ အက်င့္ (၅)ခု

စိတ္ဒဏ္ရာရွိေနတဲ့ မိန္းကေလးတစ္ေယာက္၏ အက်င့္ (၅)ခု
စိတ္ဒဏ္ရာရွိေနတဲ့ မိန္းကေလးတစ္ေယာက္၏ အက်င့္ (၅)ခု

လူေတြ သတိမထားမိတဲ့ စိတ္ဒဏ္ရာရွိေနတဲ့ မိန္းကေလးတစ္ေယာက္၏ အက်င့္ (၅)ခု

စိတ္ဒဏ္ရာရွိတဲ့ မိန္းကေလးေတြဟာ သာမန္မိန္းကေလးေတြနဲ႔ မတူတဲ့ အခ်က္ေလးေတြရွိပါတယ္။

႐ုတ္တရက္ၾကည့္ရင္ မသိသာေပမယ့္ တစ္ခါတေလက်ရင္ မထင္မွတ္ပဲ အဲဒီ့အျပဳအမူေလးေတြကို ေတြ႕ရမွာပါ။

မိန္းကေလးတစ္ေယာက္ဟာ ဒီလိုအျပဳအမူေလးေတြလုပ္တတ္တယ္ ဆိုရင္ေတာ့ သူဟာ စိတ္ဒဏ္ရာအႀကီးအက်ယ္ရဖူးတဲ့ မိန္းကေလးတစ္ေယာက္ဆိုတာကို သိၿပီး စာနာစိတ္ထားဖို႔ လိုပါတယ္။

( ၁ ) အၿမဲတမ္း ေပ်ာ္ေနတတ္သူ

ထူးဆန္းပါတယ္။ အၿမဲတမ္းရယ္ေမာၿပီး သူတစ္ပါးကိုလည္း ေပ်ာ္႐ႊင္ေအာင္လုပ္ေပးတဲ့ လူေတြဟာ စိတ္ဒဏ္ရာရွိတဲ့ သူေတြပါပဲ။ သူတို႔ဟာ လူေတြက သူတို႔ကို ႀကိတ္ၿပီး အျမင္ကပ္ေနမွာကို ေၾကာက္တတ္ၾကၿပီး အလိုလိုေနရင္း အားငယ္စိတ္ရွိတဲ့ သူေတြျဖစ္ပါတယ္။

သူတို႔ၿပဳံးေနတိုင္းလည္း ေပ်ာ္ေနတာ မဟုတ္ပါဘူး။ လူတိုင္းကို သူတို႔လို မခံစားေစခ်င္တဲ့ စိတ္ေၾကာင့္ သူတို႔ကိုယ္တိုင္း မေပ်ာ္႐ႊင္လည္း သူမ်ားကို ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးခ်င္စိတ္အၿမဲရွိတဲ့ သူေတြပါ။

( ၂ ) အၿမဲအနစ္နာခံသူ

အဖြဲ႕ထဲမွာ အၿမဲတမ္းအနစ္နာခံတဲ့သူ၊ အၿမဲတမ္း ေအာက္က်ိဳ႕တတ္သူ ရွိခဲ့ရင္ သူ႔ကိုစာနာပါ။ တစ္ခါတေလဆိုရင္ အေၾကာင္းမဟုတ္ေပမယ့္ အၿမဲတမ္း အနစ္နာခံေပးေနတယ္ ဆိုရင္ေတာ့ သူ႔မွာ စိတ္ဒဏ္ရာရွိလို႔ပါ။

သူ႔ရဲ႕ မျပည့္စုံမႈ၊ အားနည္းခ်က္ေတြကို အၿမဲတမ္း အားငယ္ေနတတ္သူျဖစ္ၿပီး အဲဒီ့အရာေတြေၾကာင့္ သူ႔ကိုသူ နိမ့္က်သူတစ္ေယာက္လို႔ သတ္မွတ္ထားတာေၾကာင့္ အနစ္နာခံတဲ့ အလုပ္ကို သူ႔တာဝန္လို႔ မွတ္ယူေနတာ ျဖစ္ပါတယ္။

( ၃ ) ကိုယ္ခ်င္းစာစိတ္အျပည့္ရွိသူ

စိတ္ဒဏ္ရာရွိတဲ့သူ ေတာ္ေတာ္မ်ားမ်ားဟာ သူတစ္ပါးကို အရမ္း ကိုယ္ခ်င္းစာ သနားတတ္ၾကပါတယ္။ သူတစ္ပါးရဲ႕ အခက္အခဲ၊ ဒုကၡေတြကို ေတြ႕တဲ့ အခါေတြမွာ သူတို႔ကိုယ္တိုင္ ႀကဳံေတြ႕ေနရသလို ခံစားတတ္ၾကပါတယ္။

သူမ်ားေတြက သနားပါတယ္ေလာက္ပဲ ေျပာၿပီး ေမ့ေဖ်ာက္လိုက္ၾကတဲ့ အရာေတြကိုေတာင္ သူ႔ေခါင္းထဲက မထုတ္ႏိုင္ေလာက္ေအာင္ အၿမဲစဥ္းစားေနတတ္သူေတြ ျဖစ္ပါတယ္။ ၿပီးေတာ့ မ်က္ရည္လည္း အရမ္းလြယ္ၾကပါတယ္။

( ၄ ) အေပါင္းအသင္းမက္သူ

အေပါင္းအသင္းမက္တဲ့သူ၊ သူငယ္ခ်င္းေတြကို အရမ္းတြယ္တာၿပီး သံေယာဇဥ္အရမ္းႀကီးတဲ့ သူေတြဟာ မိသားစုနဲ႔ ပတ္သက္ၿပီး စိတ္ဒဏ္ရာရွိတဲ့သူေတြ ျဖစ္ေနတတ္ပါတယ္။ မိသားစုမွာ အထီးက်န္ေနသူ၊ ဒါမွမဟုတ္ အပယ္ခံတစ္ေယာက္လို ခံစားရတဲ့ သူေတြျဖစ္ပါတယ္။

ဒါေၾကာင့္ သူငယ္ခ်င္းေတြကို မိသားစုအရင္းထက္ေတာင္ ပိုတြယ္တာတတ္ၾကလို႔ တစ္ခါတေလက်ရင္ အရမ္းတြယ္ကပ္တတ္တဲ့ သူတစ္ေယာက္လို ျဖစ္သြားတတ္ပါတယ္။ ဒါေပမယ့္ သင့္ကို အရမ္းခ်စ္ခင္လို႔ဆိုတာကို သိထားေပးပါ။

( ၅ ) တစ္ေယာက္တည္းေနရင္ အရမ္းတည္တယ္

သူဟာ မ်က္ႏွာႏွစ္မ်ိဳးကို ပိုင္ဆိုင္ထားသူပါ။ အေပါင္းအသင္းေတြ၊ ခင္မင္တဲ့ သူေတြနဲ႔က်ရင္ ေသာင္းၾကမ္းသေလာက္၊ တစ္ေယာက္တည္း ေနတဲ့အခ်ိန္ေတြ၊ သူစိမ္းေတြၾကားေရာက္သြားတဲ့ အခ်ိန္ေတြက်ရင္ သူမဟုတ္တဲ့ အတိုင္းပဲ အရမ္းတည္ၿငိမ္တာကို ေတြ႕ရမွာပါ။

ဒီလိုလူမ်ိဳးေတြဟာလည္း စိတ္ဒဏ္ရာတစ္ခုခု ရွိေနတဲ့၊ ရွိဖူးတဲ့ သူေတြျဖစ္ပါတယ္။

Credit မူရင္းေရးသားသူ

Unicode

လူတွေ သတိမထားမိတဲ့ စိတ်ဒဏ်ရာရှိနေတဲ့ မိန်းကလေးတစ်ယောက်၏ အကျင့် (၅)ခု

စိတ်ဒဏ်ရာရှိတဲ့ မိန်းကလေးတွေဟာ သာမန်မိန်းကလေးတွေနဲ့ မတူတဲ့ အချက်လေးတွေရှိပါတယ်။

ရုတ်တရက်ကြည့်ရင် မသိသာပေမယ့် တစ်ခါတလေကျရင် မထင်မှတ်ပဲ အဲဒီ့အပြုအမူလေးတွေကို တွေ့ရမှာပါ။

မိန်းကလေးတစ်ယောက်ဟာ ဒီလိုအပြုအမူလေးတွေလုပ်တတ်တယ် ဆိုရင်တော့ သူဟာ စိတ်ဒဏ်ရာအကြီးအကျယ်ရဖူးတဲ့ မိန်းကလေးတစ်ယောက်ဆိုတာကို သိပြီး စာနာစိတ်ထားဖို့ လိုပါတယ်။

( ၁ ) အမြဲတမ်း ပျော်နေတတ်သူ

ထူးဆန်းပါတယ်။ အမြဲတမ်းရယ်မောပြီး သူတစ်ပါးကိုလည်း ပျော်ရွှင်အောင်လုပ်ပေးတဲ့ လူတွေဟာ စိတ်ဒဏ်ရာရှိတဲ့ သူတွေပါပဲ။ သူတို့ဟာ လူတွေက သူတို့ကို ကြိတ်ပြီး အမြင်ကပ်နေမှာကို ကြောက်တတ်ကြပြီး အလိုလိုနေရင်း အားငယ်စိတ်ရှိတဲ့ သူတွေဖြစ်ပါတယ်။

သူတို့ပြုံးနေတိုင်းလည်း ပျော်နေတာ မဟုတ်ပါဘူး။ လူတိုင်းကို သူတို့လို မခံစားစေချင်တဲ့ စိတ်ကြောင့် သူတို့ကိုယ်တိုင်း မပျော်ရွှင်လည်း သူများကို ပျော်ရွှင်အောင် လုပ်ပေးချင်စိတ်အမြဲရှိတဲ့ သူတွေပါ။

( ၂ ) အမြဲအနစ်နာခံသူ

အဖွဲ့ထဲမှာ အမြဲတမ်းအနစ်နာခံတဲ့သူ၊ အမြဲတမ်း အောက်ကျို့တတ်သူ ရှိခဲ့ရင် သူ့ကိုစာနာပါ။ တစ်ခါတလေဆိုရင် အကြောင်းမဟုတ်ပေမယ့် အမြဲတမ်း အနစ်နာခံပေးနေတယ် ဆိုရင်တော့ သူ့မှာ စိတ်ဒဏ်ရာရှိလို့ပါ။

သူ့ရဲ့ မပြည့်စုံမှု၊ အားနည်းချက်တွေကို အမြဲတမ်း အားငယ်နေတတ်သူဖြစ်ပြီး အဲဒီ့အရာတွေကြောင့် သူ့ကိုသူ နိမ့်ကျသူတစ်ယောက်လို့ သတ်မှတ်ထားတာကြောင့် အနစ်နာခံတဲ့ အလုပ်ကို သူ့တာဝန်လို့ မှတ်ယူနေတာ ဖြစ်ပါတယ်။

( ၃ ) ကိုယ်ချင်းစာစိတ်အပြည့်ရှိသူ

စိတ်ဒဏ်ရာရှိတဲ့သူ တော်တော်များများဟာ သူတစ်ပါးကို အရမ်း ကိုယ်ချင်းစာ သနားတတ်ကြပါတယ်။ သူတစ်ပါးရဲ့ အခက်အခဲ၊ ဒုက္ခတွေကို တွေ့တဲ့ အခါတွေမှာ သူတို့ကိုယ်တိုင် ကြုံတွေ့နေရသလို ခံစားတတ်ကြပါတယ်။

သူများတွေက သနားပါတယ်လောက်ပဲ ပြောပြီး မေ့ဖျောက်လိုက်ကြတဲ့ အရာတွေကိုတောင် သူ့ခေါင်းထဲက မထုတ်နိုင်လောက်အောင် အမြဲစဉ်းစားနေတတ်သူတွေ ဖြစ်ပါတယ်။ ပြီးတော့ မျက်ရည်လည်း အရမ်းလွယ်ကြပါတယ်။

( ၄ ) အပေါင်းအသင်းမက်သူ

အပေါင်းအသင်းမက်တဲ့သူ၊ သူငယ်ချင်းတွေကို အရမ်းတွယ်တာပြီး သံယောဇဉ်အရမ်းကြီးတဲ့ သူတွေဟာ မိသားစုနဲ့ ပတ်သက်ပြီး စိတ်ဒဏ်ရာရှိတဲ့သူတွေ ဖြစ်နေတတ်ပါတယ်။ မိသားစုမှာ အထီးကျန်နေသူ၊ ဒါမှမဟုတ် အပယ်ခံတစ်ယောက်လို ခံစားရတဲ့ သူတွေဖြစ်ပါတယ်။

ဒါကြောင့် သူငယ်ချင်းတွေကို မိသားစုအရင်းထက်တောင် ပိုတွယ်တာတတ်ကြလို့ တစ်ခါတလေကျရင် အရမ်းတွယ်ကပ်တတ်တဲ့ သူတစ်ယောက်လို ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် သင့်ကို အရမ်းချစ်ခင်လို့ဆိုတာကို သိထားပေးပါ။

( ၅ ) တစ်ယောက်တည်းနေရင် အရမ်းတည်တယ်

သူဟာ မျက်နှာနှစ်မျိုးကို ပိုင်ဆိုင်ထားသူပါ။ အပေါင်းအသင်းတွေ၊ ခင်မင်တဲ့ သူတွေနဲ့ကျရင် သောင်းကြမ်းသလောက်၊ တစ်ယောက်တည်း နေတဲ့အချိန်တွေ၊ သူစိမ်းတွေကြားရောက်သွားတဲ့ အချိန်တွေကျရင် သူမဟုတ်တဲ့ အတိုင်းပဲ အရမ်းတည်ငြိမ်တာကို တွေ့ရမှာပါ။

ဒီလိုလူမျိုးတွေဟာလည်း စိတ်ဒဏ်ရာတစ်ခုခု ရှိနေတဲ့၊ ရှိဖူးတဲ့ သူတွေဖြစ်ပါတယ်။

Credit မူရင်းရေးသားသူ

Be the first to comment

Leave a Reply

Your email address will not be published.


*