လူအမ်ားစု သတိမထားမိတဲ့ ညဘက္ မီးဖြင့္အိပ္ျခင္းရဲ႕ အႏၲရာယ္ (၅) ခု

လူအမ်ားစု သတိမထားမိတဲ့ ညဘက္ မီးဖြင့္အိပ္ျခင္းရဲ႕ အႏၲရာယ္ (၅) ခု
လူအမ်ားစု သတိမထားမိတဲ့ ညဘက္ မီးဖြင့္အိပ္ျခင္းရဲ႕ အႏၲရာယ္ (၅) ခု

လူအမ်ားစု သတိမထားမိတဲ့ ညဘက္ မီးဖြင့္အိပ္ျခင္းရဲ႕ အႏၲရာယ္ (၅) ခု

မီးဖြင့္ၿပီးအိပ္တာနဲ႔ မီးပိတ္ၿပီး အိပ္တာရဲ႕ၾကားမွာ ကြာျခားခ်က္ေတာ့ ရွိပါတယ္။ ငယ္ငယ္ကေတာ့ မီးဖြင့္ၿပီး အိပ္တာကိုမွ သေဘာက်ပါလိမ့္မယ္။ မီးဖြင့္အိပ္တဲ့အခါ သရဲ မလာႏိုင္ေတာ့ဘူး ဆိုတာမ်ိဳး။ ဒါေပမယ့္ မီးဖြင့္အိပ္တဲ့အခါ ေနာက္ကြယ္မွာ ဆိုးက်ိဳးေတြ ရွိေနပါတယ္။

၁။ မ်ိဳးပြားက်န္းမာေရးကို ထိခိုက္ေစျခင္း=ညဘက္မွာ မီးဖြင့္အိပ္ျခင္းေၾကာင့္ အမ်ိဳးသမီးေတြမွာ မ်ိဳးမပြားႏိုင္ေတာ့တဲ့အထိ ျဖစ္ႏိုင္ေၾကာင္း ေလ့လာခ်က္ တစ္ခုမွာ ေဖာ္ျပထားပါတယ္။

ႂကြက္ေလးေတြကို မီးဖြင့္ထားတဲ့ အခန္းမွာ ညဘက္ အိပ္ခိုင္းတဲ့အခါ မ်ိဳးမပြားႏိုင္ေတာ့တာကို ေလ့လာေတြ႕ရွိ ခဲ့ၾကပါတယ္။ ညဘက္မွာ အလုပ္ လုပ္ရတာမ်ားတဲ့ သူနာျပဳ အမ်ိဴးသမီးေတြမွာ ရာသီစက္ဝန္း မမွန္ေတာ့တာေတြ႕ရေၾကာင္း ေနာက္ထပ္ ေလ့လာမႈတစ္ခုမွာ ေဖာ္ျပထားပါတယ္။

၂။ ႏွလုံးႏွင့္ ပတ္သက္ေသာ ေရာဂါမ်ား ျဖစ္ေစျခင္း=ညဘက္ မီးဖြင့္အိပ္တဲ့အခါ mealtonin ထုတ္လုပ္မႈက ခ်ဳပ္ထိန္းခံထားရၿပီး ေသြးဖိအားေတြ တိုးလာတယ္။ အဲဒီကေန ႏွလုံးနဲ႔ပတ္သက္တဲ့ ေရာဂါေတြ- ေလျဖတ္ေရာဂါေတြ ျဖစ္ေစပါတယ္။

၃။ ကိုယ္အေလးခ်ိန္ တိုးလာျခင္း=ညဘက္ တီဗြီဖြင့္အိပ္တတ္တဲ့ အမ်ိဳးသမီး ၄၃၀၀၀ ကို စစ္တမ္းေကာက္တဲ့အခါ ကိုယ္အေလးခ်ိန္ တိုးလာေၾကာင္း ေတြ႕ရပါတယ္။ ညဘက္မွာ ထြန္းတဲ့အလင္းေရာင္ေတြေၾကာင့္ အိပ္စက္ရတာလည္း အေႏွာင့္အယွက္ ျဖစ္လာပါတယ္။

၄။ ေဟာ္မုန္း ေျပာင္းလဲလာျခင္း=ဖုန္းေတြ-တီဗြီေတြ-ကြန္ပ်ဴတာေတြက ထြက္တဲ့ အလင္းေရာင္ေတြက melatonin ခ်ိဳ႕တဲ့မႈ ျဖစ္ေစပါတယ္။

Melatonin ခ်ိဳ႕တဲ့တာကေန အိပ္ေရးပ်က္လာတဲ့အခါ ရွိရင္းစြဲ အသက္ထက္ ႐ုပ္ရင့္ေစတဲ့ ေဟာ္မုန္းေတြ တိုးလာၿပီး ႏုပ်ိဳေစတဲ့ ေဟာ္မုန္းေတြ နည္းသြားေစပါတယ္။

၅။ စိတ္ဓါတ္က်ျခင္း=စိတ္ဓါတ္က်တာက ကုရလြယ္မလိုနဲ႔ ခက္တဲ့အရာ တစ္ခုပါ။ ညဘက္ မီးဖြင့္အိပ္တဲ့အခါ မ်က္စိက်ယ္ၿပီး ေတာ္ေတာ္နဲ႔ အိပ္မေပ်ာ္ေတာ့ပါဘူး။

အဲဒီအခါ အေတြးေတြမ်ားၿပီး ရွိရင္းစြဲ စိတ္ဓါတ္က်ျခင္းကပိုဆိုးလာပါတယ္။ စိတ္ဝင္စားစရာ ေကာင္းတာကေတာ့ ညအိပ္မီးဖြင့္မယ္ ဆိုရင္ အနီေရာင္ ညအိပ္မီးက အႏၲရာယ္ ပိုနည္းတယ္လို႔ ဆိုပါတယ္။ စိတ္ဓါတ္က်တဲ့အခါ အနီေရာင္ကို သုံးၿပီး ကုသေလ့ ရွိၾကပါတယ္။

credit

Unicode

လူအများစု သတိမထားမိတဲ့ ညဘက် မီးဖွင့်အိပ်ခြင်းရဲ့ အန္တရာယ် (၅) ခု

မီးဖွင့်ပြီးအိပ်တာနဲ့ မီးပိတ်ပြီး အိပ်တာရဲ့ကြားမှာ ကွာခြားချက်တော့ ရှိပါတယ်။ ငယ်ငယ်ကတော့ မီးဖွင့်ပြီး အိပ်တာကိုမှ သဘောကျပါလိမ့်မယ်။ မီးဖွင့်အိပ်တဲ့အခါ သရဲ မလာနိုင်တော့ဘူး ဆိုတာမျိုး။ ဒါပေမယ့် မီးဖွင့်အိပ်တဲ့အခါ နောက်ကွယ်မှာ ဆိုးကျိုးတွေ ရှိနေပါတယ်။

၁။ မျိုးပွားကျန်းမာရေးကို ထိခိုက်စေခြင်း=ညဘက်မှာ မီးဖွင့်အိပ်ခြင်းကြောင့် အမျိုးသမီးတွေမှာ မျိုးမပွားနိုင်တော့တဲ့အထိ ဖြစ်နိုင်ကြောင်း လေ့လာချက် တစ်ခုမှာ ဖော်ပြထားပါတယ်။

ကြွက်လေးတွေကို မီးဖွင့်ထားတဲ့ အခန်းမှာ ညဘက် အိပ်ခိုင်းတဲ့အခါ မျိုးမပွားနိုင်တော့တာကို လေ့လာတွေ့ရှိ ခဲ့ကြပါတယ်။ ညဘက်မှာ အလုပ် လုပ်ရတာများတဲ့ သူနာပြု အမျိူးသမီးတွေမှာ ရာသီစက်ဝန်း မမှန်တော့တာတွေ့ရကြောင်း နောက်ထပ် လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။

၂။ နှလုံးနှင့် ပတ်သက်သော ရောဂါများ ဖြစ်စေခြင်း=ညဘက် မီးဖွင့်အိပ်တဲ့အခါ mealtonin ထုတ်လုပ်မှုက ချုပ်ထိန်းခံထားရပြီး သွေးဖိအားတွေ တိုးလာတယ်။ အဲဒီကနေ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ- လေဖြတ်ရောဂါတွေ ဖြစ်စေပါတယ်။

၃။ ကိုယ်အလေးချိန် တိုးလာခြင်း=ညဘက် တီဗွီဖွင့်အိပ်တတ်တဲ့ အမျိုးသမီး ၄၃၀၀၀ ကို စစ်တမ်းကောက်တဲ့အခါ ကိုယ်အလေးချိန် တိုးလာကြောင်း တွေ့ရပါတယ်။ ညဘက်မှာ ထွန်းတဲ့အလင်းရောင်တွေကြောင့် အိပ်စက်ရတာလည်း အနှောင့်အယှက် ဖြစ်လာပါတယ်။

၄။ ဟော်မုန်း ပြောင်းလဲလာခြင်း=ဖုန်းတွေ-တီဗွီတွေ-ကွန်ပျူတာတွေက ထွက်တဲ့ အလင်းရောင်တွေက melatonin ချို့တဲ့မှု ဖြစ်စေပါတယ်။

Melatonin ချို့တဲ့တာကနေ အိပ်ရေးပျက်လာတဲ့အခါ ရှိရင်းစွဲ အသက်ထက် ရုပ်ရင့်စေတဲ့ ဟော်မုန်းတွေ တိုးလာပြီး နုပျိုစေတဲ့ ဟော်မုန်းတွေ နည်းသွားစေပါတယ်။

၅။ စိတ်ဓါတ်ကျခြင်း=စိတ်ဓါတ်ကျတာက ကုရလွယ်မလိုနဲ့ ခက်တဲ့အရာ တစ်ခုပါ။ ညဘက် မီးဖွင့်အိပ်တဲ့အခါ မျက်စိကျယ်ပြီး တော်တော်နဲ့ အိပ်မပျော်တော့ပါဘူး။

အဲဒီအခါ အတွေးတွေများပြီး ရှိရင်းစွဲ စိတ်ဓါတ်ကျခြင်းကပိုဆိုးလာပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာကတော့ ညအိပ်မီးဖွင့်မယ် ဆိုရင် အနီရောင် ညအိပ်မီးက အန္တရာယ် ပိုနည်းတယ်လို့ ဆိုပါတယ်။ စိတ်ဓါတ်ကျတဲ့အခါ အနီရောင်ကို သုံးပြီး ကုသလေ့ ရှိကြပါတယ်။

credit

Be the first to comment

Leave a Reply

Your email address will not be published.


*