အထင္ နဲ႔ အျမင္

အထင္ နဲ႔ အျမင္
အထင္ နဲ႔ အျမင္

အထင္ နဲ႔ အျမင္

တေန႔ ဆင္းရဲသားရပ္ကြက္ထဲကို အပ်ိဳႀကီးတစ္ေဟာက္ အိမ္ေျပာင္းလာတယ္။ သူေျပာင္းလာတဲ့ အိမ္ေဘးကပ္ရက္မွာ ဆင္းရဲ ႏုံခ်ာတဲ့ မိသားစုေလးတစ္စုရွိပါတယ္။ မုဆိုးမတစ္ေယာက္နဲ႔ သူ႔ကေလးႏွစ္ေယာက္ေပါ့။

အပ်ိဳႀကီးက ” မတတ္ႏိုင္ဘူးေလ.. ဒီေနရာ ေရာက္လာမွေတာ့ ဒီလို လူမ်ိဳးေတြနဲ႔ ပတ္သက္ရ ဦးမွာေပါ့ ” သူ႔ဘာသာ ေတြးၿပီး စိတ္ပ်က္ သြားမိ တယ္။

အဲဒီညမွာပဲ ထုံးစံအတိုင္း ရပ္ကြက္မီးက ႐ုတ္တရက္ ပ်က္သြားခဲ့တယ္။ မီးပ်က္ေတာ့ အမ်ိဳးသမီးက ဖေယာင္းတိုင္ထြန္းဖို႔ သူ႔ ဖေယာင္းတိုင္ထုပ္ကို လိုက္ရွာ တာေပါ့။ ခဏေနေတာ့ သူ ရွာေတြ႕ သြားတယ္။

ေတြ႕ၿပီးေတာ့ သိပ္မၾကာလိုက္ဘူး။ တစ္စုံတစ္ေယာက္ သူ႔အိမ္တံခါး လာေခါက္တာကို ၾကားလိုက္မိတယ္။ တံခါးဖြင့္ၾကည့္ေတာ့ ေဘးအိမ္က ကေလးငယ္တစ္ေယာက္က စိတ္လႈပ္ရွားေနတဲ့အသံနဲ႔ ” အန္တီ.. အန္တီတို႔အိမ္မွာ ဖေယာင္းတိုင္ရွိလား ” လို႔ ေမးလိုက္တယ္။

အမ်ိဳးသမီးက ”အင္း ဆင္းရဲလြန္းလို႔ ဖေယာင္းတိုင္ေတာင္ မဝယ္ႏိုင္ပါလားေနာ္.. ဒါေပမယ့္ ခဏခဏ လာေတာင္းေနမွာစိုးရတယ္၊ ေပးလို႔မျဖစ္ဘူး ”လို႔ ေတြးၿပီး ”မရွိဘူး” လို႔ အသံမာမာနဲ႔ ေအာ္ၿပီး တံခါးပိတ္ဖို႔ျပင္လိုက္တယ္။

အဲဒီအခ်ိန္မွာပဲ ကေလးငယ္က ၿပဳံးၿပီး ”ထင္သားပဲ အန္တီက အခုမွ အိမ္ေျပာင္းလာတာဆိုေတာ့ ဖေယာင္းတိုင္မပါေလာက္ဘူးဆိုၿပီး ေမွာင္မဲထဲမွာ အန္တီေၾကာက္ေနမွာစိုးလို႔ သမီးက ဖေယာင္းတိုင္လာပို႔တာ” လို႔ေျပာၿပီး အဖာေတြထပ္ေနတဲ့ အက်ႌအိတ္ထဲက ဖေယာင္းတိုင္ေလးကို ထုတ္ေပးလိုက္တယ္။

အမ်ိဳးသမီးကေတာ့ ကိုယ့္ကိုယ္ကိုရွက္မိၿပီး ဘာမွျပန္မေျပာႏိုင္ေအာင္ ဆြံ႕အသြားခဲ့ တယ္။ ကိုယ့္ထက္သာမနာလို၊ ကိုယ့္ထက္ႏွိမ့္ပါးသူအား ႏွိမ့္ခ်ဆက္ဆံသူအဖို႔ကေတာ့ အထင္နဲ႔ လက္ေတြ႕ အျမင္ဟာ လြဲေခ်ာ္ေနမွာပါ။

လူပီသဖို႔ ႐ုပ္လွဖို႔ဆိုတာထက္ စိတ္လွဖို႔အေရးႀကီး တယ္။ ေငြခ်မ္းသာဖို႔ထက္ စိတ္ေစတနာ ခ်မ္းသာဖို႔ အေရးႀကီး တယ္။ ခ်မ္းသာေပမယ့္ ယူေသာလက္ ျဖစ္ေနတတ္တယ္။ ဆင္းရဲေပမယ့္ ေပးေသာလက္ ျဖစ္ေနတတ္တယ္။ ေပးေသာလက္ျဖစ္ဖို႔ ေငြခ်မ္းသာဖို႔မလိုဘူး၊ ျမင့္ျမတ္တဲ့ စိတ္ထားရွိဖို႔သာလိုတယ္။

ျမင့္ျမတ္ေသာစိတ္ အသိဉာဏ္ပညာ မပါပဲ ပိုင္ဆိုင္မႈေတြ မ်ားသထက္မ်ားလာသူအခ်ိဳ႕မွာ ကိုယ္ခ်င္းစာတရားေတြ ေခါင္းပါး လာၾကတယ္။ ဂ႐ုဏာတရားေတြ ေပ်ာက္ကြယ္လာၾကတယ္။ သံသယမ်က္လုံးေတြနဲ႔ ၾကည့္တတ္လာၾကတယ္။ လူသားအခ်င္းခ်င္း ပုံမွန္ဆက္ဆံေရးေတြ ကြယ္ေပ်ာက္လာတတ္ၾကတယ္။

Sainee Naeen (crd)

Unicode

အထင် နဲ့ အမြင်

တနေ့ ဆင်းရဲသားရပ်ကွက်ထဲကို အပျိုကြီးတစ်ဟောက် အိမ်ပြောင်းလာတယ်။ သူပြောင်းလာတဲ့ အိမ်ဘေးကပ်ရက်မှာ ဆင်းရဲ နုံချာတဲ့ မိသားစုလေးတစ်စုရှိပါတယ်။ မုဆိုးမတစ်ယောက်နဲ့ သူ့ကလေးနှစ်ယောက်ပေါ့။

အပျိုကြီးက ” မတတ်နိုင်ဘူးလေ.. ဒီနေရာ ရောက်လာမှတော့ ဒီလို လူမျိုးတွေနဲ့ ပတ်သက်ရ ဦးမှာပေါ့ ” သူ့ဘာသာ တွေးပြီး စိတ်ပျက် သွားမိ တယ်။

အဲဒီညမှာပဲ ထုံးစံအတိုင်း ရပ်ကွက်မီးက ရုတ်တရက် ပျက်သွားခဲ့တယ်။ မီးပျက်တော့ အမျိုးသမီးက ဖယောင်းတိုင်ထွန်းဖို့ သူ့ ဖယောင်းတိုင်ထုပ်ကို လိုက်ရှာ တာပေါ့။ ခဏနေတော့ သူ ရှာတွေ့ သွားတယ်။

တွေ့ပြီးတော့ သိပ်မကြာလိုက်ဘူး။ တစ်စုံတစ်ယောက် သူ့အိမ်တံခါး လာခေါက်တာကို ကြားလိုက်မိတယ်။ တံခါးဖွင့်ကြည့်တော့ ဘေးအိမ်က ကလေးငယ်တစ်ယောက်က စိတ်လှုပ်ရှားနေတဲ့အသံနဲ့ ” အန်တီ.. အန်တီတို့အိမ်မှာ ဖယောင်းတိုင်ရှိလား ” လို့ မေးလိုက်တယ်။

အမျိုးသမီးက ”အင်း ဆင်းရဲလွန်းလို့ ဖယောင်းတိုင်တောင် မဝယ်နိုင်ပါလားနော်.. ဒါပေမယ့် ခဏခဏ လာတောင်းနေမှာစိုးရတယ်၊ ပေးလို့မဖြစ်ဘူး ”လို့ တွေးပြီး ”မရှိဘူး” လို့ အသံမာမာနဲ့ အော်ပြီး တံခါးပိတ်ဖို့ပြင်လိုက်တယ်။

အဲဒီအချိန်မှာပဲ ကလေးငယ်က ပြုံးပြီး ”ထင်သားပဲ အန်တီက အခုမှ အိမ်ပြောင်းလာတာဆိုတော့ ဖယောင်းတိုင်မပါလောက်ဘူးဆိုပြီး မှောင်မဲထဲမှာ အန်တီကြောက်နေမှာစိုးလို့ သမီးက ဖယောင်းတိုင်လာပို့တာ” လို့ပြောပြီး အဖာတွေထပ်နေတဲ့ အင်္ကျီအိတ်ထဲက ဖယောင်းတိုင်လေးကို ထုတ်ပေးလိုက်တယ်။

အမျိုးသမီးကတော့ ကိုယ့်ကိုယ်ကိုရှက်မိပြီး ဘာမှပြန်မပြောနိုင်အောင် ဆွံ့အသွားခဲ့ တယ်။ ကိုယ့်ထက်သာမနာလို၊ ကိုယ့်ထက်နှိမ့်ပါးသူအား နှိမ့်ချဆက်ဆံသူအဖို့ကတော့ အထင်နဲ့ လက်တွေ့ အမြင်ဟာ လွဲချော်နေမှာပါ။

လူပီသဖို့ ရုပ်လှဖို့ဆိုတာထက် စိတ်လှဖို့အရေးကြီး တယ်။ ငွေချမ်းသာဖို့ထက် စိတ်စေတနာ ချမ်းသာဖို့ အရေးကြီး တယ်။ ချမ်းသာပေမယ့် ယူသောလက် ဖြစ်နေတတ်တယ်။ ဆင်းရဲပေမယ့် ပေးသောလက် ဖြစ်နေတတ်တယ်။ ပေးသောလက်ဖြစ်ဖို့ ငွေချမ်းသာဖို့မလိုဘူး၊ မြင့်မြတ်တဲ့ စိတ်ထားရှိဖို့သာလိုတယ်။

မြင့်မြတ်သောစိတ် အသိဉာဏ်ပညာ မပါပဲ ပိုင်ဆိုင်မှုတွေ များသထက်များလာသူအချို့မှာ ကိုယ်ချင်းစာတရားတွေ ခေါင်းပါး လာကြတယ်။ ဂရုဏာတရားတွေ ပျောက်ကွယ်လာကြတယ်။ သံသယမျက်လုံးတွေနဲ့ ကြည့်တတ်လာကြတယ်။ လူသားအချင်းချင်း ပုံမှန်ဆက်ဆံရေးတွေ ကွယ်ပျောက်လာတတ်ကြတယ်။

Sainee Naeen (crd)

Be the first to comment

Leave a Reply

Your email address will not be published.


*