ငယ္စဥ္က မိခင္ေမတၱာ ငတ္ခဲ့သူေတြမွာ ေတြ႕ရေလ့ရွိတဲ့ စိတ္ဒါဏ္ရာေတြ

ငယ္စဥ္က မိခင္ေမတၱာ ငတ္ခဲ့သူေတြမွာ ေတြ႕ရေလ့ရွိတဲ့ စိတ္ဒါဏ္ရာေတြ
ငယ္စဥ္က မိခင္ေမတၱာ ငတ္ခဲ့သူေတြမွာ ေတြ႕ရေလ့ရွိတဲ့ စိတ္ဒါဏ္ရာေတြ

ငယ္စဥ္က မိခင္ေမတၱာ ငတ္ခဲ့သူေတြမွာ ေတြ႕ရေလ့ရွိတဲ့ စိတ္ဒါဏ္ရာေတြ

ငယ္႐ြယ္စဥ္ကေလးဘဝမွာ မိခင္တစ္ေယာက္ရဲ႕ေမတၱာနဲ႔ ထိန္းကြပ္မႈေကာင္းေကာင္းရဖို႔အေရးႀကီးပါတယ္ ။ သမီးတစ္ေယာက္ရဲ႕ စိတ္ေနစိတ္ထားနဲ႔ ဘဝေနထိုင္မႈပုံစံမွာ မိခင္ရဲ႕လႊမ္းမိုးမႈေတြအမ်ားႀကီးပါပါတယ္ ။

ကေလးဘဝမွာတည္းက မိခင္ရဲ႕ ခ်စ္ခင္ ဂ႐ုစိုက္မႈေတြ ကို မရခဲ့တဲ့ သမီးမိန္းကေလးေတြကေတာ့ ႀကီးလာတဲ့အခါ ဒီလိုစိတ္ဒါဏ္ရာေတြ ရရွိၾကပါတယ္ …

(၁) ဘယ္သူ႔ကိုမွ မယုံေတာ့ဘူး

ငယ္စဥ္တည္းက အၿမဲလိုလိုဆူပူေအာ္ေငါက္ေနတတ္တဲ့ အေမနဲ႔ ေနထိုင္ခဲ့ရတဲ့ ကေလးေတြက ႀကီးလာတဲ့အခါ ဘယ္သူ႔ကိုမွ မယုံၾကည္တတ္ေတာ့ပါဘူး ။ သူတို႔ကိုမွီခိုအားထားရတဲ့ မိခင္ရဲ႕ သစၥာေဖာက္မႈ ၊ အႏိုင္က်င့္မႈေတြကို ခံစားခဲ့ရတာေၾကာ့္ တစ္ျခားလူေတြကိုလည္း မယုံရဲေတာ့တာပါ ။

(၂) အေၾကာက္လြန္ ၊အေတြးလြန္တတ္တယ္

ဘယ္ကိစၥမ်ိဳးမဆို အဆိုးဆုံးေတြကို အရင္ေတြးတတ္ၿပီး ငါလုပ္ရင္ေရာ ျဖစ္ႏိုင္ပါ့မလားဆိုတဲ့ သံသယစိတ္ေတြနဲ႔ အၿမဲလိုလို ေၾကာက္စိတ္ဝင္ေနတတ္ပါတယ္ ။ အမွားေလးတစ္ခုျဖစ္တာနဲ႔ လူေတြ သူတို႔ကိုမုန္းသြားမလားဆိုၿပီး ေၾကာက္စိတ္နဲ႔ အၿမဲလိုလို ခ်ီတုံခ်တုံျဖစ္တတ္ၾကပါတယ္။

(၃) လူေတာ မတိုးေတာ့ဘူး

ကေလးဘဝတည္းက မိခင္ရဲ႕ ေဝဖန္မႈေတြ လ်စ္လ်ဴရႈမႈေတြကို ခံခဲ့ရတဲ့အတြက္ သူတို႔ကိုယ္သူတို႔ ယုံၾကည္မႈလည္း မရွိၾကေတာ့ပါဘူး ။ ကိုယ့္မွာရွိတဲ့ အစြမ္းအစေတြကိုလည္း မထုတ္ေဖာ္တတ္ေတာ့ပဲ လူေတြေရွ႕ထြက္ရမွာလည္း မဝံ့မရဲျဖစ္တတ္ၾကပါတယ္။

(၄) အခ်စ္ကို အယုံအၾကည္ မရွိေတာ့ဘူး

ေမြးထုတ္ခဲ့တဲ့အေမရဲ႕ အခ်စ္ေတြကိုေတာင္ မရခဲ့တဲ့အတြက္ တစ္ျခားဘယ္သူ႔ဆီက အခ်စ္ကိုမွလဲ မယုံၾကည္ေတာ့ပါဘူး ။ ကိုယ့္ကိုယ္ကို လည္း အခ်စ္ခံထိုက္တဲ့လူမဟုတ္ဘူးလို႔ ယူဆၿပီး ဘယ္သူ႔ကိုမွလည္း ခ်စ္ဖို႔မႀကိဳးစားေတာ့ပါဘူး

(၅) မျငင္းတတ္ေတာ့ဘူး

အႏိုင္က်င့္ခံရတဲ့ ကေလးဘဝကိုျဖတ္သန္းခဲ့ရတဲ့သူတစ္ေယာက္က သူတို႔အတြက္ အဆင္မေျပတဲ့အေျခအေနေတြ ၊ ေတာင္းဆိုခ်က္ေတြကိုေတာင္ ျငင္းဆန္ဖို႔သတၱိမရွိေတာ့ပါဘူး ။

(၆) သူမ်ားေတြမေကာင္းတာ ကိုယ့္ေၾကာင့္ပဲလို႔ထင္ၾကတယ္

အၿမဲလိုလို အျပစ္တင္ခံခဲ့ရတာေၾကာင့္ တစ္ျခားလူေတြ ကိုယ့္အေပၚမေကာင္းလည္း ကိုယ္မွားေနလို႔လို႔ပဲ ေတြးမိတတ္ၾကပါတယ္ ။ အမွားအမွန္ကို ေသခ်ာမေဝဖန္တတ္ေတာ့ပဲ အားလုံးကိုယ့္အမွားလို႔ ေတြးမိၿပီး အၿမဲလိုလို အႏိုင္က်င့္ခံရတတ္ပါတယ္ ။

Kay Khine

Unicode

ငယ်စဉ်က မိခင်မေတ္တာ ငတ်ခဲ့သူတွေမှာ တွေ့ရလေ့ရှိတဲ့ စိတ်ဒါဏ်ရာတွေ

ငယ်ရွယ်စဉ်ကလေးဘဝမှာ မိခင်တစ်ယောက်ရဲ့မေတ္တာနဲ့ ထိန်းကွပ်မှုကောင်းကောင်းရဖို့အရေးကြီးပါတယ် ။ သမီးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ ဘဝနေထိုင်မှုပုံစံမှာ မိခင်ရဲ့လွှမ်းမိုးမှုတွေအများကြီးပါပါတယ် ။

ကလေးဘဝမှာတည်းက မိခင်ရဲ့ ချစ်ခင် ဂရုစိုက်မှုတွေ ကို မရခဲ့တဲ့ သမီးမိန်းကလေးတွေကတော့ ကြီးလာတဲ့အခါ ဒီလိုစိတ်ဒါဏ်ရာတွေ ရရှိကြပါတယ် …

(၁) ဘယ်သူ့ကိုမှ မယုံတော့ဘူး

ငယ်စဉ်တည်းက အမြဲလိုလိုဆူပူအော်ငေါက်နေတတ်တဲ့ အမေနဲ့ နေထိုင်ခဲ့ရတဲ့ ကလေးတွေက ကြီးလာတဲ့အခါ ဘယ်သူ့ကိုမှ မယုံကြည်တတ်တော့ပါဘူး ။ သူတို့ကိုမှီခိုအားထားရတဲ့ မိခင်ရဲ့ သစ္စာဖောက်မှု ၊ အနိုင်ကျင့်မှုတွေကို ခံစားခဲ့ရတာကြော့် တစ်ခြားလူတွေကိုလည်း မယုံရဲတော့တာပါ ။

(၂) အကြောက်လွန် ၊အတွေးလွန်တတ်တယ်

ဘယ်ကိစ္စမျိုးမဆို အဆိုးဆုံးတွေကို အရင်တွေးတတ်ပြီး ငါလုပ်ရင်ရော ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယစိတ်တွေနဲ့ အမြဲလိုလို ကြောက်စိတ်ဝင်နေတတ်ပါတယ် ။ အမှားလေးတစ်ခုဖြစ်တာနဲ့ လူတွေ သူတို့ကိုမုန်းသွားမလားဆိုပြီး ကြောက်စိတ်နဲ့ အမြဲလိုလို ချီတုံချတုံဖြစ်တတ်ကြပါတယ်။

(၃) လူတော မတိုးတော့ဘူး

ကလေးဘဝတည်းက မိခင်ရဲ့ ဝေဖန်မှုတွေ လျစ်လျူရှုမှုတွေကို ခံခဲ့ရတဲ့အတွက် သူတို့ကိုယ်သူတို့ ယုံကြည်မှုလည်း မရှိကြတော့ပါဘူး ။ ကိုယ့်မှာရှိတဲ့ အစွမ်းအစတွေကိုလည်း မထုတ်ဖော်တတ်တော့ပဲ လူတွေရှေ့ထွက်ရမှာလည်း မဝံ့မရဲဖြစ်တတ်ကြပါတယ်။

(၄) အချစ်ကို အယုံအကြည် မရှိတော့ဘူး

မွေးထုတ်ခဲ့တဲ့အမေရဲ့ အချစ်တွေကိုတောင် မရခဲ့တဲ့အတွက် တစ်ခြားဘယ်သူ့ဆီက အချစ်ကိုမှလဲ မယုံကြည်တော့ပါဘူး ။ ကိုယ့်ကိုယ်ကို လည်း အချစ်ခံထိုက်တဲ့လူမဟုတ်ဘူးလို့ ယူဆပြီး ဘယ်သူ့ကိုမှလည်း ချစ်ဖို့မကြိုးစားတော့ပါဘူး

(၅) မငြင်းတတ်တော့ဘူး

အနိုင်ကျင့်ခံရတဲ့ ကလေးဘဝကိုဖြတ်သန်းခဲ့ရတဲ့သူတစ်ယောက်က သူတို့အတွက် အဆင်မပြေတဲ့အခြေအနေတွေ ၊ တောင်းဆိုချက်တွေကိုတောင် ငြင်းဆန်ဖို့သတ္တိမရှိတော့ပါဘူး ။

(၆) သူများတွေမကောင်းတာ ကိုယ့်ကြောင့်ပဲလို့ထင်ကြတယ်

အမြဲလိုလို အပြစ်တင်ခံခဲ့ရတာကြောင့် တစ်ခြားလူတွေ ကိုယ့်အပေါ်မကောင်းလည်း ကိုယ်မှားနေလို့လို့ပဲ တွေးမိတတ်ကြပါတယ် ။ အမှားအမှန်ကို သေချာမဝေဖန်တတ်တော့ပဲ အားလုံးကိုယ့်အမှားလို့ တွေးမိပြီး အမြဲလိုလို အနိုင်ကျင့်ခံရတတ်ပါတယ် ။

Kay Khine

Be the first to comment

Leave a Reply

Your email address will not be published.


*