အသက္ကြာသူကို ခ်စ္မိတဲ့အခါ ရလာႏိုင္တဲ့အက်ိဳးဆက္မ်ား…

အသက္ကြာသူကို ခ်စ္မိတဲ့အခါ ရလာႏိုင္တဲ့အက်ိဳးဆက္မ်ား…
အသက္ကြာသူကို ခ်စ္မိတဲ့အခါ ရလာႏိုင္တဲ့အက်ိဳးဆက္မ်ား…

အသက္ကြာသူကို ခ်စ္မိတဲ့အခါ ရလာႏိုင္တဲ့အက်ိဳးဆက္မ်ား…

အခ်စ္မွာ အသက္အ႐ြယ္ ဆိုတာမရွိဘူး ။ ႏွစ္ဦးႏွစ္ဘက္ ခ်စ္ရင္ ၿပီးတာပဲ လို႔ ဆိုၾကတယ္ ။
တကယ္တမ္း ခ်စ္လို႔ တြဲၿပီ ဆိုေတာ့မွ ျပႆနာက စတာ။ တစ္ခုၿပီး တစ္ခု နဲ႔ မဆုံးႏိုင္ေတာ့ဘူး။ ဘာလို႔လဲ ဆိုေတာ့ အသက္ျခင္း တအား ကြာေနၿပီ ဆို ဘဝျဖတ္သန္းတာျခင္းလည္း မတူေတာ့ပါဘူး။

အျမင္နဲ႔ ခံယူခ်က္ ေတြကလည္း ကြာ ၾကတယ္ ။ ဒီဒုကၡ ေတြ ကေတာ့ အသက္ ကြာလြန္းသူကို ခ်စ္မိ သူတိုင္း ႀကဳံရတဲ့ ဒုကၡေတြပဲ ျဖစ္ ပါတယ္ ။

လႊမ္းမိုးျခင္း

အသက္ႀကီးတဲ့ သူကလည္း သူက အႀကီးမို႔ သူေျပာတာ နားေထာင္ ေစခ်င္တယ္။ အႏိုင္ လိုခ်င္တယ္။ ငယ္တဲ့ သူကလည္း အငယ္မို႔ ဆိုးႏြဲ႕ၿပီး အႏိုင္ ရခ်င္တယ္ ။ အေလွ်ာ့ ေပးေစခ်င္တယ္ ။

အႀကိဳက္မတူျခင္း

ဒါကလည္း သိပ္မဆန္းတဲ့ အရာ တစ္ခုပဲ ။ အသက္ႀကီးတဲ့ လူက တည္တည္ၿငိမ္ၿငိမ္ ေအးေအးေဆးေဆး ေနခ်င္တယ္။ ဆိုင္ေကာင္းေကာင္းေလး မွာ ထိုင္ၿပီး စကား ေျပာခ်င္တယ္။ ငယ္တဲ့ လူကေတာ့ ေလွ်ာက္သြား၊ ေလွ်ာက္စား ေနခ်င္ၿပီး ပြဲလမ္းေတြ ဆိုလည္း သြားခ်င္ ပါေသးတယ္ ။

အသုံးအျဖဳန္းႀကီးျခင္း

အသက္ႀကီးသူ ကေတာ့ ပိုက္ဆံ ကို မျဖဳန္း ေတာ့ဘူး။ ငယ္တဲ့ လူက်ေတာ့ သုံးခ်င္တာ ဆို သုံး လိုက္ရမွပါ ။ အဲ့ဒီကိစၥ နဲ႔ လည္း ခဏခဏ စကားမ်ား ရပါတယ္။ ‘

ႏွစ္ဦး သေဘာတူ ညႇိရ ခက္ျခင္း

မတူတာေတြ မ်ားေပမဲ့ ခ်စ္တဲ့ စိတ္နဲ႔ ညႇိႏႈိင္းလို႔ မရဘူးလားလို႔ ေမးစရာ ရွိတယ္ ။ တကယ္တမ္း က်ေတာ့ မျဖစ္ႏိုင္ဘူး။ အျမင္နဲ႔ ခံယူခ်က္ေတြက ကြဲျပားေနတာ ဆိုေတာ့ ညႇိလို႔ကိုမရပါဘူး ။

ပတ္ဝန္းက်င္ မေကာင္းျခင္း ေဘးပတ္ဝန္းက်င္ ကလည္း အသက္ႀကီးတဲ့ လူကို တြဲတာ ပိုက္ဆံေၾကာင့္ လို႔ ထင္ေၾကး ေပးတာလည္း ခံရ ပါေသးတယ္။

Unicode

အသက်ကွာသူကို ချစ်မိတဲ့အခါ ရလာနိုင်တဲ့အကျိုးဆက်များ…

အချစ်မှာ အသက်အရွယ် ဆိုတာမရှိဘူး ။ နှစ်ဦးနှစ်ဘက် ချစ်ရင် ပြီးတာပဲ လို့ ဆိုကြတယ် ။
တကယ်တမ်း ချစ်လို့ တွဲပြီ ဆိုတော့မှ ပြဿနာက စတာ။ တစ်ခုပြီး တစ်ခု နဲ့ မဆုံးနိုင်တော့ဘူး။ ဘာလို့လဲ ဆိုတော့ အသက်ခြင်း တအား ကွာနေပြီ ဆို ဘဝဖြတ်သန်းတာခြင်းလည်း မတူတော့ပါဘူး။

အမြင်နဲ့ ခံယူချက် တွေကလည်း ကွာ ကြတယ် ။ ဒီဒုက္ခ တွေ ကတော့ အသက် ကွာလွန်းသူကို ချစ်မိ သူတိုင်း ကြုံရတဲ့ ဒုက္ခတွေပဲ ဖြစ် ပါတယ် ။

လွှမ်းမိုးခြင်း

အသက်ကြီးတဲ့ သူကလည်း သူက အကြီးမို့ သူပြောတာ နားထောင် စေချင်တယ်။ အနိုင် လိုချင်တယ်။ ငယ်တဲ့ သူကလည်း အငယ်မို့ ဆိုးနွဲ့ပြီး အနိုင် ရချင်တယ် ။ အလျှော့ ပေးစေချင်တယ် ။

အကြိုက်မတူခြင်း

ဒါကလည်း သိပ်မဆန်းတဲ့ အရာ တစ်ခုပဲ ။ အသက်ကြီးတဲ့ လူက တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး နေချင်တယ်။ ဆိုင်ကောင်းကောင်းလေး မှာ ထိုင်ပြီး စကား ပြောချင်တယ်။ ငယ်တဲ့ လူကတော့ လျှောက်သွား၊ လျှောက်စား နေချင်ပြီး ပွဲလမ်းတွေ ဆိုလည်း သွားချင် ပါသေးတယ် ။

အသုံးအဖြုန်းကြီးခြင်း

အသက်ကြီးသူ ကတော့ ပိုက်ဆံ ကို မဖြုန်း တော့ဘူး။ ငယ်တဲ့ လူကျတော့ သုံးချင်တာ ဆို သုံး လိုက်ရမှပါ ။ အဲ့ဒီကိစ္စ နဲ့ လည်း ခဏခဏ စကားများ ရပါတယ်။ ‘

နှစ်ဦး သဘောတူ ညှိရ ခက်ခြင်း

မတူတာတွေ များပေမဲ့ ချစ်တဲ့ စိတ်နဲ့ ညှိနှိုင်းလို့ မရဘူးလားလို့ မေးစရာ ရှိတယ် ။ တကယ်တမ်း ကျတော့ မဖြစ်နိုင်ဘူး။ အမြင်နဲ့ ခံယူချက်တွေက ကွဲပြားနေတာ ဆိုတော့ ညှိလို့ကိုမရပါဘူး ။

ပတ်ဝန်းကျင် မကောင်းခြင်း ဘေးပတ်ဝန်းကျင် ကလည်း အသက်ကြီးတဲ့ လူကို တွဲတာ ပိုက်ဆံကြောင့် လို့ ထင်ကြေး ပေးတာလည်း ခံရ ပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*