သင့္အိပ္မက္ေတြကေန တစ္ဆင့္ သိႏိုင္မယ့္ သင့္ရဲ႕အေၾကာင္း…

သင့္အိပ္မက္ေတြကေန တစ္ဆင့္ သိႏိုင္မယ့္ သင့္ရဲ႕အေၾကာင္း…
သင့္အိပ္မက္ေတြကေန တစ္ဆင့္ သိႏိုင္မယ့္ သင့္ရဲ႕အေၾကာင္း…

သင့္အိပ္မက္ေတြကေန တစ္ဆင့္ သိႏိုင္မယ့္ သင့္ရဲ႕အေၾကာင္း…

အိပ္မက္အမ်ားစုဟာ မသိစိတ္က တစုံတခုကို စြဲလမ္းမႈေၾကာင့္ မက္တာလို႔ ယူဆႏိုင္ေပမယ့္ မၾကာခဏဆိုသလို မက္တတ္တဲ့ အိပ္မက္ေတြကေတာ့ သင္ကိုယ္တိုင္ေတာင္ သတိမထားမိတဲ့ သင့္အေၾကာင္းေတြကို ေျပာျပႏိုင္တယ္လို႔ ေလ့လာသူေတြ ဆိုပါတယ္။

သင္ဟာ ဘယ္လို အိပ္မက္မ်ိဳးေတြကို မက္တတ္သူလဲဆိုတာကို အခုေဖာ္ျပေပးမယ့္ အိပ္မက္အမ်ိဳးအစားေတြနဲ႔ ဆန္းစစ္ၾကည့္ႏိုင္ပါတယ္။

(၁) ပုံမွန္မဟုတ္တဲ့ ထူးထူးျခားျခား အိပ္မက္ေတြ(ဥပမာ အားျဖင့္ အိပ္မက္ထဲမွာ ေလေပၚပ်ံေနတာနဲ႔ ကိုယ္ေယာင္ေဖ်ာက္တာမ်ိဳး)ကို မက္တတ္သူေတြဟာ သာမန္လူေတြထက္ ဖန္တီးႏိုင္စြမ္းျမင့္မားၿပီး ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိသူေတြ ျဖစ္တယ္လို႔ ေလ့လာသူေတြက ဆိုပါတယ္။

(၂) အျပင္ေလာကနဲ႔ နီးစပ္တဲ့ သမား႐ိုးက် အိပ္မက္ေတြကိုပဲ မက္တတ္သူေတြကေတာ့ ေရွး႐ိုးစြဲဆန္ၿပီး သေဘာထားႀကီး တတ္သူေတြ ျဖစ္ပါတယ္။

(၃) ေခြၽးေစးေတြျပန္ၿပီး လန႔္ႏိုးေစတဲ့အထိျဖစ္ေစတဲ့ အိပ္မက္ဆိုးေတြ မၾကာခဏမက္တတ္တယ္ဆိုရင္ေတာ့ ႏွလုံးနဲ႔ ပက္သက္ၿပီး က်န္းမာေရး ျပႆနာတခုခုေၾကာင့္ပဲ ျဖစ္ပါတယ္။ စိတ္စြဲလို႔ တခါတရံ မက္တာမ်ိဳးက ျပႆနာ မရွိေပမယ့္ မၾကာခဏ မက္တတ္တယ္ဆိုရင္ေတာ့ ႏွလုံးေရာဂါျဖစ္ဖို႔ အလားအလာ မ်ားလွပါတယ္။

(၄) အျပင္မွာ တခါမွမေတြ႕ဖူးတဲ့သူေတြနဲ႔ မေကာင္းဆိုးဝါးေတြကို မၾကာခဏဆိုသလို အိပ္မက္ မက္တတ္သူေတြဟာ လက္ေတြ႕ဘဝမွာ သူတို႔ရင္မဆိုင္ခ်င္တဲ့ ျပႆနာေတြနဲ႔ ႀကဳံေတြ႕ေနရတဲ့သူေတြပဲ ျဖစ္ပါတယ္။

(၅) ေလ့လာသူေတြရဲ႕ အဆိုအရ အိပ္ေပ်ာ္ေနတဲ့ အိပ္စက္ခ်ိန္ တခ်ိန္လုံးမွာ မတူညီတဲ့ အိပ္မက္ေတြကို တခုၿပီးတခု ဆက္တိုက္ဆိုသလို အိပ္မက္မက္တတ္တဲ့ သူေတြဟာ စိတ္ဓာတ္က်ေနတာ ဒါမွမဟုတ္ စိတ္က်ေရာဂါ ျဖစ္ႏိုင္ေျခမ်ား သူေတြမွာ ျဖစ္ေပၚေလ့ရွိတယ္လို႔ဆိုပါတယ္။

အိပ္ေပ်ာ္ၿပီးၿပီးခ်င္း ၄၅ မိနစ္ေလာက္ကေနစလို႔ ဆက္တိုက္ဆိုသလို အိပ္မက္ေတြ မက္ေနတာေၾကာင့္ အိပ္ေရးဝသလို မခံစားရဘဲ ေလးလံထိုင္းမႈိင္း ေနတတ္ပါတယ္။ ဒီလိုေတြျဖစ္ေနၿပီဆိုရင္ေတာ့ သင့္မွာ စိတ္ဓာတ္က်စရာ အေျခအေနတခုခု ရွိေနေၾကာင္းကို သိရွိႏိုင္မွာျဖစ္ပါတယ္။

(၆) အိပ္မက္ထဲမွာ စာေမးပြဲေျဖေနတယ္လို႔ မၾကခဏ အိပ္မက္တတ္သူေတြကေတာ့ ျပႆနာေတြကို ေကာင္းမြန္စြာ ေျဖရွင္းႏိုင္တဲ့စြမ္းရည္နဲ႔ သင္ယူေလ့လာမႈ စြမ္းရည္ေတြကို ဦးေႏွာက္ရဲ႕လုပ္ေဆာင္မႈေတြက ပံ့ပိုးေပးေနတာေၾကာင့္ပဲ ျဖစ္ပါတယ္။

(၇) ေရနစ္တာမ်ိဳးနဲ႔ တိုက္ခိုက္ခံေနရလို႔ ထြက္ေျပးတဲ့ အိပ္မက္မ်ိဳးေတြ မၾကာခဏ မက္တတ္သူေတြကေတာ့ အာ႐ုံေၾကာ ပိုင္းဆိုင္ရာ က်န္းမာေရး ျပႆနာတခုခုေၾကာင့္လည္း ျဖစ္ႏိုင္ၿပီး ဆုံးျဖတ္ရခက္တဲ့ ကိစၥမ်ိဳးေတြနဲ႔ စိတ္ရႈပ္ေထြးေနတဲ့ အေျခအေနမ်ိဳးေတြမွာလည္း မက္တတ္ပါတယ္။

Credit to original uploader

Unicode

သင့်အိပ်မက်တွေကနေ တစ်ဆင့် သိနိုင်မယ့် သင့်ရဲ့အကြောင်း…

အိပ်မက်အများစုဟာ မသိစိတ်က တစုံတခုကို စွဲလမ်းမှုကြောင့် မက်တာလို့ ယူဆနိုင်ပေမယ့် မကြာခဏဆိုသလို မက်တတ်တဲ့ အိပ်မက်တွေကတော့ သင်ကိုယ်တိုင်တောင် သတိမထားမိတဲ့ သင့်အကြောင်းတွေကို ပြောပြနိုင်တယ်လို့ လေ့လာသူတွေ ဆိုပါတယ်။

သင်ဟာ ဘယ်လို အိပ်မက်မျိုးတွေကို မက်တတ်သူလဲဆိုတာကို အခုဖော်ပြပေးမယ့် အိပ်မက်အမျိုးအစားတွေနဲ့ ဆန်းစစ်ကြည့်နိုင်ပါတယ်။

(၁) ပုံမှန်မဟုတ်တဲ့ ထူးထူးခြားခြား အိပ်မက်တွေ(ဥပမာ အားဖြင့် အိပ်မက်ထဲမှာ လေပေါ်ပျံနေတာနဲ့ ကိုယ်ယောင်ဖျောက်တာမျိုး)ကို မက်တတ်သူတွေဟာ သာမန်လူတွေထက် ဖန်တီးနိုင်စွမ်းမြင့်မားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတွေ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

(၂) အပြင်လောကနဲ့ နီးစပ်တဲ့ သမားရိုးကျ အိပ်မက်တွေကိုပဲ မက်တတ်သူတွေကတော့ ရှေးရိုးစွဲဆန်ပြီး သဘောထားကြီး တတ်သူတွေ ဖြစ်ပါတယ်။

(၃) ချွေးစေးတွေပြန်ပြီး လန့်နိုးစေတဲ့အထိဖြစ်စေတဲ့ အိပ်မက်ဆိုးတွေ မကြာခဏမက်တတ်တယ်ဆိုရင်တော့ နှလုံးနဲ့ ပက်သက်ပြီး ကျန်းမာရေး ပြဿနာတခုခုကြောင့်ပဲ ဖြစ်ပါတယ်။ စိတ်စွဲလို့ တခါတရံ မက်တာမျိုးက ပြဿနာ မရှိပေမယ့် မကြာခဏ မက်တတ်တယ်ဆိုရင်တော့ နှလုံးရောဂါဖြစ်ဖို့ အလားအလာ များလှပါတယ်။

(၄) အပြင်မှာ တခါမှမတွေ့ဖူးတဲ့သူတွေနဲ့ မကောင်းဆိုးဝါးတွေကို မကြာခဏဆိုသလို အိပ်မက် မက်တတ်သူတွေဟာ လက်တွေ့ဘဝမှာ သူတို့ရင်မဆိုင်ချင်တဲ့ ပြဿနာတွေနဲ့ ကြုံတွေ့နေရတဲ့သူတွေပဲ ဖြစ်ပါတယ်။

(၅) လေ့လာသူတွေရဲ့ အဆိုအရ အိပ်ပျော်နေတဲ့ အိပ်စက်ချိန် တချိန်လုံးမှာ မတူညီတဲ့ အိပ်မက်တွေကို တခုပြီးတခု ဆက်တိုက်ဆိုသလို အိပ်မက်မက်တတ်တဲ့ သူတွေဟာ စိတ်ဓာတ်ကျနေတာ ဒါမှမဟုတ် စိတ်ကျရောဂါ ဖြစ်နိုင်ခြေများ သူတွေမှာ ဖြစ်ပေါ်လေ့ရှိတယ်လို့ဆိုပါတယ်။

အိပ်ပျော်ပြီးပြီးချင်း ၄၅ မိနစ်လောက်ကနေစလို့ ဆက်တိုက်ဆိုသလို အိပ်မက်တွေ မက်နေတာကြောင့် အိပ်ရေးဝသလို မခံစားရဘဲ လေးလံထိုင်းမှိုင်း နေတတ်ပါတယ်။ ဒီလိုတွေဖြစ်နေပြီဆိုရင်တော့ သင့်မှာ စိတ်ဓာတ်ကျစရာ အခြေအနေတခုခု ရှိနေကြောင်းကို သိရှိနိုင်မှာဖြစ်ပါတယ်။

(၆) အိပ်မက်ထဲမှာ စာမေးပွဲဖြေနေတယ်လို့ မကြခဏ အိပ်မက်တတ်သူတွေကတော့ ပြဿနာတွေကို ကောင်းမွန်စွာ ဖြေရှင်းနိုင်တဲ့စွမ်းရည်နဲ့ သင်ယူလေ့လာမှု စွမ်းရည်တွေကို ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေက ပံ့ပိုးပေးနေတာကြောင့်ပဲ ဖြစ်ပါတယ်။

(၇) ရေနစ်တာမျိုးနဲ့ တိုက်ခိုက်ခံနေရလို့ ထွက်ပြေးတဲ့ အိပ်မက်မျိုးတွေ မကြာခဏ မက်တတ်သူတွေကတော့ အာရုံကြော ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတခုခုကြောင့်လည်း ဖြစ်နိုင်ပြီး ဆုံးဖြတ်ရခက်တဲ့ ကိစ္စမျိုးတွေနဲ့ စိတ်ရှုပ်ထွေးနေတဲ့ အခြေအနေမျိုးတွေမှာလည်း မက်တတ်ပါတယ်။

Credit to original uploader

Be the first to comment

Leave a Reply

Your email address will not be published.


*