Unicode
တရုတ်ပြည်ရှိမဟာတံတိုင်းကြီး၏ လူသိပ်မသိသေးတဲ့စိတ်ဝင်စားဖွယ်အချက်များ
မဟာတံတိုင်း (Great Wall) ဟာတရုတ်နိုင်ငံရဲ့အထိမ်းအမှတ် သင်္ကေတတစ်ခုဖြစ်ပါတယ်။
ကောင်းကင်ပေါ်ကကြည့်လိုက်ရင် နဂါးကြီးတစ်ကောင် တွန့်ကွေးနေတဲ့ ပုံသဏ္ဍာန်ရှိပြီး သက်တမ်းအားဖြင့် နှစ် ၂၀၀၀ ကျော် ပြီလည်းဖြစ်ပါတယ်။
ယူနက်စကိုရဲ့ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ်လည်း သတ်မှတ်ခံထားရတဲ့ မဟာတံတိုင်းကြီးနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်တစ်ချို့ကို လေ့လာကြည့်လိုက်ရအောင်နော် ..
၁။မဟာတံတိုင်းကြီးဟာ တရုတ်နိုင်ငံရဲ့ မြောက်ဘက်စွန်းပိုင်း နယ်စပ်ကိုကာကွယ်ဖို့ ဆောက်လုပ်ထားတာဖြစ်ပါတယ်။မြို့တော် ဘေဂျင်းကနေသွားလို့လွယ်ကူပါတယ်။
Liaoning ပြည်နယ်၊ Hushan မြို့ကနေ ရှေ့ကိုတောက်လျှောက် ဆောက်လုပ်ထားလိုက်တာဆိုရင်နိုင်ငံရဲ့အနောက်မြောက်ပိုင်းရှိ Jiayuguan အထိ ရောက်သွားပါတယ်။ မြောက်ကိုရီးယားနဲ့တရုတ်နယ်စပ်အထိဆိုရင်လည်းမမှားပါဘူး။
၂။တရုတ်ပြည်ကမဟာတံတိုင်းကြီးကို ောကျလုပျခဲ့ရာမှာတော့ အလုပ်သမာအင်အားစုစုပေါင်း(၈၀၀,၀၀၀) လောက်ထိအသုံးပြုခဲ့ရတယ်လို့သိရပါတယ်။
၃။မဟာတံတိုင်းကြီးကို စတင်ဆောက်ကတည်းကအပိုင်းတွေအားလုံးကိုပါထည့်တွက်ပြီး တိုင်းတာမယ်ဆိုရင်တော့အလျား (၁၃၁၇၀.၇ ) မိုင်ထိရှိပါသတဲ့။
အလှဆုံးအပိုင်းတွေကိုတော့ မင်မင်းဆက်လက်ထက်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာ့အရှည်လျားဆုံးနံရံအဖြစ်လည်း စံချိန်တင်ထားပါတယ်။အဓိကလိုင်းရဲ့ နံရံအလျားတင် ၂၁၅၀ မိုင် ရှိတယ်။
၄။မဟာတံတိုင်းကြီးကို ဆောက်လုပ်ရတဲ့ မူလရည်မှန်းချက်တော့ နိုင်ငံတော်ကိုကာကွယ်ဖို့ဖြစ်ပါတယ်။ဧကရာဇ်မင်း Qin Shi Huang က ရှည်လျားတဲ့နံရံတစ်ခုဆောက်ဖို့ ဦးဆုံးကြံရွယ်ခဲ့တယ်။
ဟန်မင်းဆက်အတွင်း(ဘီစီ ၂၀၆ နဲ့ အေဒီ ၂၂၀)မှာတော့ ပိုးလမ်းမကြီးကို ကာကွယ်ဖို့ထပ်မံတိုးချဲ့ခဲ့တယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။
၅။မဟာတံတိုင်းကြီးဟာအစပိုင်းမှာ ကျောက်ကိုထွင်းထုပြီး ဆောက်လုပ်ရေးမှာအသုံးပြုခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ အုတ်တွေကို သုံးခဲ့ပါတယ်။ဒါကြောင့်တံတိုင်းကြီးရဲ့ ပုံစံဟာတစ်သမတ်တည်းဖြစ်မနေတာပါ။
၆။လာမည့် နှစ်ပေါင်း(၂၀)အတွင်းမှာတော့ မဟာတံတိုင်းရဲ့ အစိတ်အပိုင်းအချို့ဟာ ရေ၊လေတိုက်စားမှုတို့ကြောင့် ပျောက်ကွယ်သွားတော့မှာဖြစ်ပါတယ်။
၇။၂၀၀၄ ခုနှစ်အတွင်းမှာတော့ မဟာတံတိုင်းကိုလာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားအရေအတွက်ဟာ (၄၁.၈) သန်းအထိရှိခဲ့ပါတယ်။ဒါဟာနှစ်တစ်နှစ်အတွင်းအများဆုံးလာရောက်မှု အဖြစ်စံချိန်တင်ခဲ့တာလည်းဖြစ်ပါတယ်။
၈။တစ်ချို့ ဒဏ္ဍာရီတွေမှာတော့ လကမ္ဘာကလှမ်းကြည့်ရင်တောင် မဟာတံတိုင်းကိုမြင်ရတယ်လို့ အချို့ကဆိုကြပါတယ်။
ဒါပေမယ့် သာမာန်မျက်စိနဲ့ အာကသထဲကနေကြည့်ရင်တောင် မမြင်ရဘူးလို့ နာဆာက (NASA)သတင်းထုတ်ပြန်ဖူးပါတယ်။ ရေဒီရိုပုံရိပ်ဖမ်းစနစ်အသုံးပြုပြီးကြည့်မှသာ မြင်ရတာပါတယ်။
၉။မဟာတံတိုင်းကြီးရဲ့အမြင့်ဆုံးနေရာကတော့ Heita တောင်ပေါ်မှာရှိတဲ့ တံတိုင်းကြီးရဲ့အစိတ်အပိုင်းပဲဖြစ်ပါတယ်။
၁၀။ Laolongtou လို့ခေါ်တဲ့နေရာကတော့ မဟာတံတိုင်းကြီးရဲ့ အနိမ့်ဆုံးအစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ Laolongtou ဆိုတာက တရုတ်လို နှစ်ချို့နဂါးကြီးရဲ့ ဦးခေါင်းလို့ အဓိပ်ပါယျရကြောင်းသိရပါတယ်။
အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။
နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာဆက်လက်အားပေးကြပါဦးနော် crd
Be the first to comment
Leave a Reply
Your email address will not be published.
*